မိန္းကေလးေတြ ကိုယ့္ရည္းစားကုိယ္ သည္းေနေအာင္ မခ်စ္ျပသင့္တဲ့ အေၾကာင္းအရင္း (၅)ခ်က္
- By : Lin htet
- Category : Life Style
- Tags: Lifestyle
မိန္းကေလးေတြ ကိုယ့္ရည္းစားကုိယ္ သည္းေနေအာင္ မခ်စ္ျပသင့္တဲ့ အေၾကာင္းအရင္း (၅)ခ်က္
မိန္းကေလးတစ္ေယာက္အေနနဲ႔ သူတစ္ပါးကို မလိမ္ညာဘဲ တကယ္အခ်စ္စစ္နဲ႔ခ်စ္တာက အရမး္ေကာင္းပါတယ္။ ဒါေပမယ့္ လိုတာထက္ပိုျပီး ကိုယ္ခ်စ္ေနတာကို သည္းသည္းလႈပ္မေဖာ္ျပသင့္ပါဘူး။ ဒီလိုမေဖာ္ျပသင့္ရတဲ့ အေၾကာင္းအရင္း (၅) ခ်က္ကေတာ့ ဒီလိုပါ။ လူတိုင္းဒီလိုျဖစ္မယ္ရယ္လို႔ေတာ့ မဟုတ္ေပမယ့္ ျဖစ္ႏိုင္ေျခအမ်ားဆံုး အရာေတြကို ေဖာ္ျပေပးထားတာပါေနာ္ …. ။
(၁) အႏိုင္ယူလာမယ္
ေယာက်္ားေတြဟာ ပင္ကိုဗီဇကိုက အႏိုင္ယူခ်င္စိတ္ရွိတဲ့သူေတြျဖစ္ပါတယ္။ တကယ္လို႔ သင္သာ သူ႔ကို သည္းသည္းလႈပ္ခ်စ္ျပလိုက္မယ္၊ ဒါမွမဟုတ္ သူ႔ကိုသင္ အရမး္ခ်စ္ေနတာကို သိသြားမယ္ဆိုရင္ေတာ့ သင့္ကို အႏိုင္ယူလာေတာ့မွာပါ။ ဒါေၾကာင့္မို႔လို႔ ေယာက်္ားတစ္ေယာက္ကုိ ဘယ္ေလာက္ပဲခ်စ္ခ်စ္ ထုတ္မျပတာ အေကာင္းဆံုးပါပဲ. …. ။
(၂) တန္ဖိုးမထားေတာ့ဘူး
သင့္ခ်စ္သူကို သူမရွိပဲမေနႏိုင္တဲ့ ပံုစံလံုးဝမလုပ္ျပပါနဲ႔။ ဒီပံုစံကိုျမင္သြားရင္ ဒါမွမဟုတ္ သင္ဒီလုိျဖစ္ေနတာကို သိသြားရင္ သင့္ကို အရင္လို တန္ဖိုးထားေတာ့မွာ မဟုတ္ပါဘူး။ ကိုယ့္ဘဝနဲ႔ကိုယ္ ေနႏိုင္တဲ့၊ ခ်စ္သူမရွိလညး္ ကိယ့္ဘာသာကို ေကာင္းေကာင္းေနတတ္တဲ့ သူမ်ိဳးကိုမွ ေယာက်္ားေလးေတြက တန္ဖိုးထားတာပါ။ ဒါေၾကာင့္ သူူ႕ကို သညး္သည္းလႈပ္ခ်စ္မျပသင့္သလို သူ မရွိဘဲမေနႏိုင္တဲ့ပံုစံလည္း မျဖစ္ေစပါနဲ႔ ….. ။
(၃) ဂရုစိုက္တာေတြေလ်ာ႔လာမယ္
သင့္ခ်စ္သူကို သင္သညး္သည္းလႈပ္ခ်စ္ျပျပီး အျမဲတမ္း သူ႔ကို တြယ္ကပ္ေနမယ္ဆိုရင္ေတာ့ သင့္ကို ဂရုစိုက္ေတာ့မွာ မဟုတ္ပါဘူး။ သင္ဟာ သူ ဂရုမစိုက္ရင္ေတာင္ သူ႕ကိုဂရုစိုက္ေနမယ့္သူမ်ိဳးျဖစ္တယ္ဆုိတာ သူသိလိုက္တာနဲ႔ သင့္ကို အခ်ိန္ေတြေပး၊ စိတ္ရွည္ရွည္နဲ႔ ဂရုစိုက္ေပးေတာ့မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္မို႔လို႔ လိုတာထက္ပိုၿပီး အရမ္းဂရုစိုက္မျပတာ အေကာင္းဆံုးပါပဲ …. ။
(၄) မေခ်ာ႔ေတာ့ဘူး
သင့္ခ်စ္သူကို သည္းသည္းလႈပ္ခ်စ္ျပျပီး စိတ္ေကာက္တဲ့ အခ်ိန္ေတြမွာလည္း ၾကာၾကာမေခ်ာ႔လိုက္ရပဲ ခ်က္ခ်င္းစိတ္ျပန္ေျပတာမ်ိဳး မလုပ္ပါနဲ႔။ အေၾကာင္းကေတာ့ သင့္ခ်စ္သူက သင့္ကိုသူ မေခ်ာ႔လည္း သင့္ဘာသာသင္စိတ္ေျပတယ္ ဆိုတာကို သိသြားရင္ သင့္ကို စိတ္ရွည္ရွည္နဲ႔ေခ်ာ႔ေတာ့မွာ မဟုတ္သလို သင္ဘယ္ေလာက္ပဲ စိတ္တို၊ ေဒါသထြက္ထြက္ အေရးစိုက္ေတာ့မွာ မဟုတ္ပါဘူးေနာ္ …. ။
(၅) ပင္ပနး္မယ္
သင့္ခ်စ္သူကုိ သင္ သညး္သည္းလႈပ္ခ်စ္ျပလိုက္ရင္ သူ႔ရဲ႕ ေျပာင္းလဲလာတဲ့ အခ်ိဳးေတြေၾကာင့္ လူပင္ပန္းစိတ္ပင္ပန္းရမွာ သင္ပါပဲ။ သင္ခ်စ္သေလာက္ သူက ျပန္မခ်စ္တဲ့အခါ၊ သင္ခ်စ္ျပသလို သူက ခ်စ္မျပတဲ့အခါ သင့္ရဲ႕ မာနေတြကို ထိခိုက္ရံုသာမက သင္ကုိယ္တိုင္လည္း အျမဲတမး္ စိတ္တိုေဒါသထြက္ျပီး အလိုမက်ျဖစ္ေနရမွာပါ။ ဒါေၾကာင့္ အစကတည္း သူ႔ကို အရမ္းခ်စ္မျပပဲ ခပ္တင္းတင္းေလးေနတာ အေကာင္းဆံုးပါပဲ ….. ။
Em Em(Auntymay)
Unicode
မိန်းကလေးတွေ ကိုယ့်ရည်းစားကိုယ် သည်းနေအောင် မချစ်ပြသင့်တဲ့ အကြောင်းအရင်း (၅)ချက်
မိန်းကလေးတစ်ယောက်အနေနဲ့ သူတစ်ပါးကို မလိမ်ညာဘဲ တကယ်အချစ်စစ်နဲ့ချစ်တာက အရမ်းကောင်းပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး ကိုယ်ချစ်နေတာကို သည်းသည်းလှုပ်မဖော်ပြသင့်ပါဘူး။ ဒီလိုမဖော်ပြသင့်ရတဲ့ အကြောင်းအရင်း (၅) ချက်ကတော့ ဒီလိုပါ။ လူတိုင်းဒီလိုဖြစ်မယ်ရယ်လို့တော့ မဟုတ်ပေမယ့် ဖြစ်နိုင်ခြေအများဆုံး အရာတွေကို ဖော်ပြပေးထားတာပါနော် …. ။
(၁) အနိုင်ယူလာမယ်
ယောကျ်ားတွေဟာ ပင်ကိုဗီဇကိုက အနိုင်ယူချင်စိတ်ရှိတဲ့သူတွေဖြစ်ပါတယ်။ တကယ်လို့ သင်သာ သူ့ကို သည်းသည်းလှုပ်ချစ်ပြလိုက်မယ်၊ ဒါမှမဟုတ် သူ့ကိုသင် အရမ်းချစ်နေတာကို သိသွားမယ်ဆိုရင်တော့ သင့်ကို အနိုင်ယူလာတော့မှာပါ။ ဒါကြောင့်မို့လို့ ယောကျ်ားတစ်ယောက်ကို ဘယ်လောက်ပဲချစ်ချစ် ထုတ်မပြတာ အကောင်းဆုံးပါပဲ. …. ။
(၂) တန်ဖိုးမထားတော့ဘူး
သင့်ချစ်သူကို သူမရှိပဲမနေနိုင်တဲ့ ပုံစံလုံးဝမလုပ်ပြပါနဲ့။ ဒီပုံစံကိုမြင်သွားရင် ဒါမှမဟုတ် သင်ဒီလိုဖြစ်နေတာကို သိသွားရင် သင့်ကို အရင်လို တန်ဖိုးထားတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ဘဝနဲ့ကိုယ် နေနိုင်တဲ့၊ ချစ်သူမရှိလည်း ကိယ့်ဘာသာကို ကောင်းကောင်းနေတတ်တဲ့ သူမျိုးကိုမှ ယောကျ်ားလေးတွေက တန်ဖိုးထားတာပါ။ ဒါကြောင့် သူူ့ကို သည်းသည်းလှုပ်ချစ်မပြသင့်သလို သူ မရှိဘဲမနေနိုင်တဲ့ပုံစံလည်း မဖြစ်စေပါနဲ့ ….. ။
(၃) ဂရုစိုက်တာတွေလျော့လာမယ်
သင့်ချစ်သူကို သင်သည်းသည်းလှုပ်ချစ်ပြပြီး အမြဲတမ်း သူ့ကို တွယ်ကပ်နေမယ်ဆိုရင်တော့ သင့်ကို ဂရုစိုက်တော့မှာ မဟုတ်ပါဘူး။ သင်ဟာ သူ ဂရုမစိုက်ရင်တောင် သူ့ကိုဂရုစိုက်နေမယ့်သူမျိုးဖြစ်တယ်ဆိုတာ သူသိလိုက်တာနဲ့ သင့်ကို အချိန်တွေပေး၊ စိတ်ရှည်ရှည်နဲ့ ဂရုစိုက်ပေးတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ လိုတာထက်ပိုပြီး အရမ်းဂရုစိုက်မပြတာ အကောင်းဆုံးပါပဲ …. ။
(၄) မချော့တော့ဘူး
သင့်ချစ်သူကို သည်းသည်းလှုပ်ချစ်ပြပြီး စိတ်ကောက်တဲ့ အချိန်တွေမှာလည်း ကြာကြာမချော့လိုက်ရပဲ ချက်ချင်းစိတ်ပြန်ပြေတာမျိုး မလုပ်ပါနဲ့။ အကြောင်းကတော့ သင့်ချစ်သူက သင့်ကိုသူ မချော့လည်း သင့်ဘာသာသင်စိတ်ပြေတယ် ဆိုတာကို သိသွားရင် သင့်ကို စိတ်ရှည်ရှည်နဲ့ချော့တော့မှာ မဟုတ်သလို သင်ဘယ်လောက်ပဲ စိတ်တို၊ ဒေါသထွက်ထွက် အရေးစိုက်တော့မှာ မဟုတ်ပါဘူးနော် …. ။
(၅) ပင်ပန်းမယ်
သင့်ချစ်သူကို သင် သည်းသည်းလှုပ်ချစ်ပြလိုက်ရင် သူ့ရဲ့ ပြောင်းလဲလာတဲ့ အချိုးတွေကြောင့် လူပင်ပန်းစိတ်ပင်ပန်းရမှာ သင်ပါပဲ။ သင်ချစ်သလောက် သူက ပြန်မချစ်တဲ့အခါ၊ သင်ချစ်ပြသလို သူက ချစ်မပြတဲ့အခါ သင့်ရဲ့ မာနတွေကို ထိခိုက်ရုံသာမက သင်ကိုယ်တိုင်လည်း အမြဲတမ်း စိတ်တိုဒေါသထွက်ပြီး အလိုမကျဖြစ်နေရမှာပါ။ ဒါကြောင့် အစကတည်း သူ့ကို အရမ်းချစ်မပြပဲ ခပ်တင်းတင်းလေးနေတာ အကောင်းဆုံးပါပဲ ….. ။
Em Em(Auntymay)
No Comments