
နဂါးရုံဘုရားမ်ား တည္ထားကုိးကြယ္လာခဲ့ၾကျခင္း အေၾကာင္း
မုစလိႏၵ သတၱာဟ(ေျခာက္ခုေျမာက္)
ကြ်န္ုပ္တို ့၏ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ၾကီးသည္ ငါးခုေျမာက္ျဖစ္ေသာ အဇပါလ ဆိတ္ေက်ာင္း ေညာင္ပင္ရင္းမွ ဖယ္ခြာျပီးလွ်င္ ေျခာက္ခုေျမာက္ျဖစ္ေသာ မဟာေဗာဓိပင္၏ အေရွ့ေတာင္ေထာင့္အရပ္ျဖစ္ေသာ ေနရာ၌ ရွ္ိသည့္ မုစလိႏၵာေရအိုင္ၾကီးအနီး၌ ရွိေသာ က်ည္းပင္ရင္းသို ့ၾကြေရာက္သီတင္းသုံးေတာ္မူေလသည္။
ထိုအခါ၌ အခ်ိန္ခါမဟုတ္ေသာ္လည္း မိုးၾကီးက အားပါးတရ မည္သူ ့ကိုမွ မင့ဲကြက္ မညွာတာပါပဲလွ်က္ ခုနစ္ရက္ တိုင္တိုင္ ရြာသြန္းျဖိဳးေလသည္။
ဤ ကဲ့သို ့ အခ်ိန္ခါမဟုတ္ပဲ ရြာသြန္းျဖိဳးေသာ မိုးတို ့သည္ကား အတိတ္နိမိတ္ကို ေဖၚေဆာင္ေသာအခါ၎ ၊ လူ သာမန္တို့ထက္ျမတ္သည့္ လူသားျဖစ္ေသာ စၾကၤာမင္းေလာင္း ေပၚထြန္းလာေသာအခါ ၎ ၊ ဘုရားအေလာင္းေတာ္သည္ က်င့္ၾကံအားထုပ္ျပီးေနာက္ ဘုရားျဖစ္ေသာ အခါ၌ ၎ စသည္ျဖင့္ ဤ အခါနွစ္ပါး၌ သာ ရြာသြန္းျဖိဳးေသာ မိုးျဖစ္သည္။
ထိုကဲ့သို ့ အခ်ိန္ခါမဟုတ္ပဲ ရြားသြန္းျဖိဳးေသာ မိုးေၾကာင့္ ထိုအနီးနား၌ ေနထိုင္ေသာ မုစလိႏၵာနဂါးမင္းၾကီးသည္ ျမတ္စြာဘုရားရွင္အား မိမိ၏ အေခြျဖင့္ ရစ္ပတ္ အုပ္မိုးကာျဖင့္ ခုနစ္ရက္ ပတ္လုံး ကာေပးထားျခင္းမ်ားျဖင့္ ျပင္းထန္စြာရြာသြန္းေနေသာ မိုးသီးေပါက္မ်ားကို အေပၚမွ ပါးပ်ဥ္းျဖင့္ အုပ္မိုး၍ ပူေဇာ္ေလသည္။
ခုနစ္ရက္ျပည့္ေသာအခါ မိုးေလကင္းစင္၍ နဂါးမင္းသည္ လူေယာင္ဖန္ဆင္းလ်က္ ျမတ္စြာဘုရား၏ ေရွေတာ္၌ လက္အုပ္ခ်ီမိုး ရွိခိုးျပီးေနေလသည္။ ထိုအခါ ျမတ္စြာဘုရားရွင္သည္ မိမိအေပၚ၌ ေက်းဇူးျပဳဖူးေလေသာ နဂါးမင္းၾကီးအား ေက်းဇူးဆပ္သည့္အေနျဖင့္ သုေခါဝိေဝကာ တု႒သ စေသာ ဥဒါန္းစကားမ်ားျဖင့္ ေဟာၾကားခ်ီျမွင့္ခဲ့ေလသည္။
(ေက်းဇူးရွိဖူးသူကို ေက်းဇူးျပနဆပ္ရျခင္းသည္ မဂၤလာျဖစ္သည္)
နဂါးမင္းၾကီးသည္လည္း ျမတ္စြာဘုရားရွင္၏ တရားစကားေတာ္ကို နာၾကားရျပီး ဝမ္းေျမာက္ဝမ္းသာစြာျဖင့္ ျပန္သြားေလေတာ့သည္။
ယခုအခါမွာ မုစလိႏၵာ သတၱာဟ အထိမ္းအမွတ္အျဖစ္ျဖင့္ ေရအိုင္ၾကီးကို ေတြ ့ျမင္ၾကရေပသည္။ နိုင္ငံတစ္ကာက ေရာက္လာၾကေသာ ဘုရားဖူးသူမ်ားတို့သည္ ထိုေရအိုင္၌ ရွိေနေသာ ငါးမ်ားအား အစာေကြ်း၍ ကုသိုလ္ျပဳလုပ္ၾကေလသည္။
နွစ္ေတြအလီလီ ၾကာေညာင္းေလျပီျဖစ္သျဖင့္ သမိုင္းဝင္ က်ည္းပင္ၾကီးသည္လည္း ေပ်ာက္ပ်က္ ဆုံးရွဳံးသြားခဲ့ေလျပီ။ ထို ေရအိုင္ၾကီးသည္လည္း မပ်က္စီးရေလေအာင္ ေလးဘက္ ေလးတန္မွေန၍ ကြန္ကရစ္ ကန္ေဘာင္ မ်ားျဖင့္ ကာရံထားေလသည္။
ေရအိုင္ၾကီးအလယ္တြင္မူ ျမန္မာနိုင္ငံမွ ဗုဒၶဂါယာ သာသနာျပဳအဖဲြ ့့မ်ားက ဦးေဆာင္ျပီး ယခုျမင္ေတြ ့ေနရေသာ နဂါးရုံဘုရားၾကီးအား တည္ထား ပူေဇာ္ထားသည္ကို ဖူးေတြ ့ရေနျခင္းျဖစ္ပါေတာ့သည္။
မုစလိႏၵာနဂါးမင္းၾကီးသည္ ျမတ္စြာဘုရားရွင္အား မိမိ၏ အေခြျဖင့္ ရစ္ပတ္ အုပ္မိုးကာျဖင့္ ခုနစ္ရက္ ပတ္လုံး ကာေပးထားျခင္းကို အေၾကာင္းျပဳ၍ ေႏွာင္းလူတုိ႔က အစဥ္အဆက္ နဂါးရုံဘုရားမ်ားကို ထုလုပ္ပူေဇာ္ခဲ့ၾကေလသည္။
Credit
Unicode
နဂါးရုံဘုရားများ တည်ထားကိုးကွယ်လာခဲ့ကြခြင်း အကြောင်း
မုစလိန္ဒ သတ္တာဟ(ခြောက်ခုမြောက်)
ကျွန်ုပ်တို့၏ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ငါးခုမြောက်ဖြစ်သော အဇပါလ ဆိတ်ကျောင်း ညောင်ပင်ရင်းမှ ဖယ်ခွာပြီးလျှင် ခြောက်ခုမြောက်ဖြစ်သော မဟာဗောဓိပင်၏ အရှေ့တောင်ထောင့်အရပ်ဖြစ်သော နေရာ၌ ရှိသည့် မုစလိန္ဒာရေအိုင်ကြီးအနီး၌ ရှိသော ကျည်းပင်ရင်းသို့ကြွရောက်သီတင်းသုံးတော်မူလေသည်။
ထိုအခါ၌ အချိန်ခါမဟုတ်သော်လည်း မိုးကြီးက အားပါးတရ မည်သူ့ကိုမှ မငဲ့ကွက် မညှာတာပါပဲလျှက် ခုနစ်ရက် တိုင်တိုင် ရွာသွန်းဖြိုးလေသည်။
ဤ ကဲ့သို့ အချိန်ခါမဟုတ်ပဲ ရွာသွန်းဖြိုးသော မိုးတို့သည်ကား အတိတ်နိမိတ်ကို ဖေါ်ဆောင်သောအခါ၎င်း ၊ လူ သာမန်တို့ထက်မြတ်သည့် လူသားဖြစ်သော စင်္ကြာမင်းလောင်း ပေါ်ထွန်းလာသောအခါ ၎င်း ၊ ဘုရားအလောင်းတော်သည် ကျင့်ကြံအားထုပ်ပြီးနောက် ဘုရားဖြစ်သော အခါ၌ ၎င်း စသည်ဖြင့် ဤ အခါနှစ်ပါး၌ သာ ရွာသွန်းဖြိုးသော မိုးဖြစ်သည်။
ထိုကဲ့သို့ အချိန်ခါမဟုတ်ပဲ ရွားသွန်းဖြိုးသော မိုးကြောင့် ထိုအနီးနား၌ နေထိုင်သော မုစလိန္ဒာနဂါးမင်းကြီးသည် မြတ်စွာဘုရားရှင်အား မိမိ၏ အခွေဖြင့် ရစ်ပတ် အုပ်မိုးကာဖြင့် ခုနစ်ရက် ပတ်လုံး ကာပေးထားခြင်းများဖြင့် ပြင်းထန်စွာရွာသွန်းနေသော မိုးသီးပေါက်များကို အပေါ်မှ ပါးပျဉ်းဖြင့် အုပ်မိုး၍ ပူဇော်လေသည်။
ခုနစ်ရက်ပြည့်သောအခါ မိုးလေကင်းစင်၍ နဂါးမင်းသည် လူယောင်ဖန်ဆင်းလျက် မြတ်စွာဘုရား၏ ရှေတော်၌ လက်အုပ်ချီမိုး ရှိခိုးပြီးနေလေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည် မိမိအပေါ်၌ ကျေးဇူးပြုဖူးလေသော နဂါးမင်းကြီးအား ကျေးဇူးဆပ်သည့်အနေဖြင့် သုခေါဝိဝေကာ တုဋ္ဌသ စသော ဥဒါန်းစကားများဖြင့် ဟောကြားချီမြှင့်ခဲ့လေသည်။
(ကျေးဇူးရှိဖူးသူကို ကျေးဇူးပြနဆပ်ရခြင်းသည် မင်္ဂလာဖြစ်သည်)
နဂါးမင်းကြီးသည်လည်း မြတ်စွာဘုရားရှင်၏ တရားစကားတော်ကို နာကြားရပြီး ဝမ်းမြောက်ဝမ်းသာစွာဖြင့် ပြန်သွားလေတော့သည်။
ယခုအခါမှာ မုစလိန္ဒာ သတ္တာဟ အထိမ်းအမှတ်အဖြစ်ဖြင့် ရေအိုင်ကြီးကို တွေ့မြင်ကြရပေသည်။ နိုင်ငံတစ်ကာက ရောက်လာကြသော ဘုရားဖူးသူများတို့သည် ထိုရေအိုင်၌ ရှိနေသော ငါးများအား အစာကျွေး၍ ကုသိုလ်ပြုလုပ်ကြလေသည်။
နှစ်တွေအလီလီ ကြာညောင်းလေပြီဖြစ်သဖြင့် သမိုင်းဝင် ကျည်းပင်ကြီးသည်လည်း ပျောက်ပျက် ဆုံးရှုံးသွားခဲ့လေပြီ။ ထို ရေအိုင်ကြီးသည်လည်း မပျက်စီးရလေအောင် လေးဘက် လေးတန်မှနေ၍ ကွန်ကရစ် ကန်ဘောင် များဖြင့် ကာရံထားလေသည်။
ရေအိုင်ကြီးအလယ်တွင်မူ မြန်မာနိုင်ငံမှ ဗုဒ္ဓဂါယာ သာသနာပြုအဖွဲ့များက ဦးဆောင်ပြီး ယခုမြင်တွေ့နေရသော နဂါးရုံဘုရားကြီးအား တည်ထား ပူဇော်ထားသည်ကို ဖူးတွေ့ရနေခြင်းဖြစ်ပါတော့သည်။
မုစလိန္ဒာနဂါးမင်းကြီးသည် မြတ်စွာဘုရားရှင်အား မိမိ၏ အခွေဖြင့် ရစ်ပတ် အုပ်မိုးကာဖြင့် ခုနစ်ရက် ပတ်လုံး ကာပေးထားခြင်းကို အကြောင်းပြု၍ နှောင်းလူတို့က အစဉ်အဆက် နဂါးရုံဘုရားများကို ထုလုပ်ပူဇော်ခဲ့ကြလေသည်။
No Comments