ကိုးကြယ္ျခင္းႏွင့္ ဘာသာတရား - Amawpyay

ကိုးကြယ္ျခင္းႏွင့္ ဘာသာတရား

ကိုးကြယ္ျခင္းႏွင့္ ဘာသာတရား
Religious

ကိုးကြယ္ျခင္းႏွင့္ ဘာသာတရား

ဆရာေတာ္ ဘုရားႀကီး၏ အလြန္မွတ္သားစရာ ေကာင္းလွေသာ တရားတစ္ပုဒ္ျဖစ္ပါသည္။ ျမတ္ဗုဒၶသည္ ဘုရား ျဖစ္ေတာ္ မူၿပီးသည့္ ေနာက္ (၄၅) ႏွစ္လုံးလုံး ေဟာၾကားေတာ္မူခဲ့ေသာ တရားေတာ္ မ်ားကို ဓမၼဟု ေခၚဆိုပါတယ္။

ဓမၼသည္ ( Religion) မဟုတ္ပါဘူး။ ထို႔ေၾကာင့္ ဘယ္ဘာသာဝင္မ်ိဳးမဆို၊ အသားအေရာင္၊ အမ်ိဳး၊ ဇာတ္ ကိုးကြယ္သည့္ ဘာသာ၊ ဘယ္လူမ်ိဳး၊ ဘယ္သူမဆို ျမတ္ဗုဒၶရဲ႕ ဓမၼကို နားေထာင္ ႏိုင္ပါတယ္။ လိုက္နာ က်င့္သုံးလို႔ ရပါတယ္။ ျမတ္ဗုဒၶ ေဟာေတာ္မူ ခဲ့ေသာ တရားေတာ္မ်ားသည္ ဓမၼသာျဖစ္၍ ( Religion) မဟုတ္ပါဘူး။

Religion ဆိုတာ (Believe in worship of a “God “or supernatural rolling Power ) ကို ကိုးကြယ္ ယုံၾကည္ တဲ့ သေဘာ (God ကို ယုံၾကည္ ကိုးကြယ္ျခင္း၊ သို႔မဟုတ္ ကမာၻႀကီးကိုလြမ္းမိုး အုပ္ခ်ဳပ္တဲ့ တန္ခိုးတစ္မ်ိဳးမ်ိဳးကို ယုံၾကည္ကိုးကြယ္ ျခင္းကို) Religion လို႔ေခၚပါတယ္။

ယုံၾကည္ျခင္းရယ္၊ ကိုးကြယ္ျခင္းရယ္၊ ဆုေတာင္းျခင္းရယ္ (၃)မ်ိဳး ျပဳလုပ္ၾကျခင္းကို (Religion) လို႔ေခၚပါတယ္လို႔ သီတဂူဆရာေတာ္ ဘုရားႀကီးက ရွင္းလင္းစြာ ေဟာၾကား ထားပါတယ္။

ျမတ္ဗုဒၶ ေဟာတဲ့ ဓမၼက သင္ယူဘို႔၊ က်င့္ဘို႔၊ ထိုးထြင္းသိျမင္ဘို႔ (For learning, For Practice , For penetration ) ကို ရည္႐ြယ္ပါတယ္။ အဘယ္ေၾကာင့္ဆိုေသာ္-

* ဗုဒၶ ဝါဒအရ ကိုးကြယ္ျခင္းသည္ စရဏ ျပဌန္းတဲ့ အက်င့္တရား ျဖစ္ေသာေၾကာင့္ပင္ ျဖစ္ပါတယ္။ ဗုဒၶဝါဒမွာ စရဏ (အက်င့္)က ပဓာန ျဖစ္ျခင္းေၾကာင့္ (ကိုယ္တိုင္ က်င့္သုံးျခင္း) ကိုယ့္ကိုယ္ကို အားကိုးရေသာ ဝါဒ ျဖစ္ပါသည္။

အၾကင္သူသည္ ဓမၼကိုျမင္မွ ဗုဒၶကိုျမင္သည္။ တရားကိုျမင္သူသည္ ဘုရားကို ျမင္ပါသည္။ ထိုေၾကာင့္ ဓမၼကို ျမင္ေအာင္ က်င့္သုံးဘို႔သည္ အဓိကအက်ဆုံးပင္ ျဖစ္ပါသည္။

* ယုံၾကည္ျခင္း၊ ကိုးကြယ္ျခင္း၊ ဆုေတာင္းျခင္း ဆိုတာနဲ႔ေတာ့ ဝိမုတၱိ ဆိုတဲ့ လြတ္ေျမာက္ျခင္းကို မရႏိုင္ပါဘူး။ ဓမၼဆိုတာကေတာ့ ယုံၾကည္ေနယုံနဲ႔ မၿပီးေသးပါဘူး၊ သစ္သီးစားခ်င္သူသည္ သစ္ပင္ ေပၚမတက္ဘဲ သစ္ပင္ေအာက္ ထိုင္၍ သစ္ပင္ကို ရွိခိုးဆုေတာင္းျခင္းျဖင့္ သစ္သီး မစားရေပ။ သစ္ပင္ေပၚတက္မွ သစ္သီးစားရမည္ ျဖစ္၏။ ထို႔အတူ

* ဆရာဝန္တစ္ေယာက္သည္ ေရာဂါသည္ တစ္ေယာက္ကို၊ ေဆးကုေသာအခါ ေရာဂါရဲ႕အေနအထား၊ ေရာဂါရဲ႕ စတင္ပုံကိုအရင္ ရွာေဖြ ၾကည့္႐ူပါတယ္။ ၿပီးမွ အဲဒီေရာဂါ ဘာေၾကာင့္ျဖစ္သလဲဆိုတာ ကိုသိၿပီး ဘာေဆး ေပးရမလဲဆိုတာကို ၾကည့္ၿပီးေတာ့ ေဆးၫြန္း (prescription) ေရးေပးလိုက္တယ္။ ၿပီးေတာ့ ေဆးေပးလိုက္ပါတယ္။

* ေရာဂါသည္က ေဆးၫြန္းကို ဖတ္တယ္၊ ဒီေဆးၫြန္းအတိုင္း ဒီေဆးေသာက္ရင္ ေရာဂါေပ်ာက္ လိမ့္မယ္လို႔ ယုံၾကည္သလို ဆရာဝန္ကိုလည္း ယုံၾကည္တယ္။ ၿပီးေတာ့ ေဆးမေသာက္ပဲ ေနမယ္ဆို ရင္ေရာဂါ မေပ်ာက္ႏိုင္ပါဘူး။

ဆရာဝန္ႀကီး ေတာ္တယ္၊ တတ္တယ္၊ ဆိုၿပီး ဆရာဝန္ႀကီးကို ယုံၾကည္ပါ၏ ဆိုၿပီး ရွိခိုးေန ယုံနဲ႔ ရာဂါ မေပ်ာက္သလို။ ေဆးၫြန္း ေကာင္းလြန္းလို႔ အၫြန္းႀကီး ဖတ္ေနေသာ္လည္း လူနာေရာဂါ မေပ်ာက္ ကင္းႏိုင္ပါ ဘူး။

* ဆရာဝန္ကိုလည္း ယုံတယ္။ ေဆးၫြန္းကိုလည္း ေသခ်ာစနစ္တက် ဖတ္တယ္။ ေဆးၫြန္း အားေလ်ာ္စြာ ေဆးကိုလည္း ေသာက္တယ္ဆိုရင္ ဒီလူနာဟာ ေရာဂါေပ်ာက္ပါတယ္။

* ထို႔ေၾကာင့္ျမတ္ဗုဒၶဟာ အလြန္ကြၽမ္းက်င္တဲ့ သမားေတာ္ ႀကီးနဲ႔တူပါတယ္။ ျမတ္ဗုဒၶ ေဟာၾကားတဲ့ ပိဋိကတ္သုံးပုံသည္ အလြန္ေကာင္းတဲ့ ေဆးၫြန္းက်မ္းေတြနဲ႔ တူပါတယ္။ ျမတ္ဗုဒၶ ေဟာတဲ့၊ သီလ၊ သမာဓိ ၊ ပညာ ဆိုတဲ့အက်င့္ ေတြကေတာ့ ေရာဂါေပ်ာက္ဖို႔ အေကာင္းဆုံး ေဆးေတြပါပဲ။

* ထို႔ေၾကာင့္ ကိုးကြယ္ျခင္းဟူသည္ က်င့္သုံးျခင္းပင္ ျဖစ္၏။ က်င့္သုံးရာ၌လည္း ယုံၾကည္မႈႏွင့္ အသိဉာဏ္ (သဒၶါႏွင့္ပညာ) ညီၫြတ္စြာ ေပါင္းစပ္၍ သတိျဖင့္ က်င့္သုံးရပါသည္။

* ဆင္းရဲမွ လြတ္လိုလွ်င္ မေကာင္းေသာ အက်င့္ကို ေရွာင္ရမည္။ ခ်မ္းသာရလိုလွ်င္ ေကာင္းေသာ အက်င့္ ကိုက်င့္ရမည္ ျဖစ္၏။ သို႔ျဖစ္၍ ခ်မ္းသာရလိုလွ်င္ သုစ႐ိုက္ကို က်င့္သုံးရမည္သာ ျဖစ္၏။ ဆင္းရဲကင္းလိုလွ်င္ ဒုစ႐ိုက္ကို ေရွာင္ရွားရမည္ျဖစ္သည္။

ဤသို႔ က်င့္သုံးျခင္းျဖင့္ ဒုကၡႏွင့္ ဒုကၡျဖစ္ျခင္း အေၾကာင္းရင္းကိုလည္း သိရမည္။
သုခႏွင့္ သုခ၏ အေၾကာင္းရင္းကိုလည္း သိရမည္။ဗုဒၶ ဝါဒသည္ တစုံတေယာက္ေသာ တန္ခိုးရွင္ကို ယုံၾကည္ၿပီး မွီခိုေနရတဲ့ ဝါဒမ်ိဳးလည္း မဟုတ္ပါဘူး။

* ျမတ္ဗုဒၶ ၏ ဝါဒမွာ (ဝိဘဇၨဝါဒီ- ေဝဖန္ပိုင္းျခားႏိုင္မွ ဗုဒၶဝါဒ ) ျဖစ္ပါတယ္။ ဗုဒၶဘာသာ တရားေတာ္သည္ ေဝဖန္ စီစစ္ခြင့္ရွိေသာ ဘာသာတရားမ်ိဳး ျဖစ္ပါတယ္။

ျမတ္စြာဘုရားသည္ အရာရာ ေဝဖန္ စီစစ္ေလ့ ရွိေသာ ပုဂၢိဳလ္ထူးတစ္ဆူ ျဖစ္ပါတယ္။ ေဝဖန္စီစစ္ခြင့္ မရွိေသာဘာသာ တရားမ်ိဳး မဟုတ္ပါဘူး။

ကိုးကြယ္မိၿပီဆိုရင္ ကိုးကြယ္ခံတဲ့ ဘုရားကိုျဖစ္ေစ၊ ရဟန္းကိုျဖစ္ေစ၊ ဘာမွ ေဝဖန္ခြင့္မရွိဘူး ဆိုတဲ့ ဘာသာတရားမ်ိဳး မဟုတ္ပါဘူး၊ အလြန္တရာလြတ္လပ္ပါတယ္။

လူေတြအားလုံး ေဝဖန္စီစစ္တဲ့ဥဏ္ ရွိမွသာ ကိုးကြယ္ရာဟာ မြန္ျမတ္တဲ့ ကိုးကြယ္ရာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ေဝဖန္ စီစစ္တဲ့ဥဏ္ မရွိဘဲနဲ႔ ကိုးကြယ္ရာသည္ မြန္ျမတ္တဲ့ ကိုးကြယ္မူ႔မ်ိဳး မျဖစ္ႏိုင္ပါ။

အရာရာ၌ အေကာင္း အဆိုး အေၾကာင္း အက်ိဳး အရာဟူ သမွ်ကို ခြဲျခမ္းစိတ္ျဖာ ေဝဖန္ေလ့ ရွိေလေသာ ၊အတိုင္းမသိ ယုတ္မာေသာ တရားေတြ ကိုေအာင္ျမင္ေတာ္ မူေသာျမတ္စြာ ဘုရား အားရွိခိုးျခင္းသည္ မြန္ျမတ္ေသာ ကိုးကြယ္ ျခင္းမ်ိဳးသာ ျဖစ္ပါတယ္။

ေက်းဇူးေတာ္ရွင္ သီတဂူဆရာေတာ္ ဘုရားႀကီး

(8,06,1984 တြင္ေဟာၾကားခဲ့ေသာ ဗုဒၶဘာသာအေျခခံတရားေတာ္မွ ေကာက္ႏႈတ္ခ်က္) ဓမၼမိတ္ေဆြမ်ား က်န္းမားခ်မ္းသာၾကပါေစဗ်ာ

Credit original uploader

Unicode

ကိုးကွယ်ခြင်းနှင့် ဘာသာတရား

ဆရာတော် ဘုရားကြီး၏ အလွန်မှတ်သားစရာ ကောင်းလှသော တရားတစ်ပုဒ်ဖြစ်ပါသည်။ မြတ်ဗုဒ္ဓသည် ဘုရား ဖြစ်တော် မူပြီးသည့် နောက် (၄၅) နှစ်လုံးလုံး ဟောကြားတော်မူခဲ့သော တရားတော် များကို ဓမ္မဟု ခေါ်ဆိုပါတယ်။

ဓမ္မသည် ( Religion) မဟုတ်ပါဘူး။ ထို့ကြောင့် ဘယ်ဘာသာဝင်မျိုးမဆို၊ အသားအရောင်၊ အမျိုး၊ ဇာတ် ကိုးကွယ်သည့် ဘာသာ၊ ဘယ်လူမျိုး၊ ဘယ်သူမဆို မြတ်ဗုဒ္ဓရဲ့ ဓမ္မကို နားထောင် နိုင်ပါတယ်။ လိုက်နာ ကျင့်သုံးလို့ ရပါတယ်။ မြတ်ဗုဒ္ဓ ဟောတော်မူ ခဲ့သော တရားတော်များသည် ဓမ္မသာဖြစ်၍ ( Religion) မဟုတ်ပါဘူး။

Religion ဆိုတာ (Believe in worship of a “God “or supernatural rolling Power ) ကို ကိုးကွယ် ယုံကြည် တဲ့ သဘော (God ကို ယုံကြည် ကိုးကွယ်ခြင်း၊ သို့မဟုတ် ကမ္ဘာကြီးကိုလွမ်းမိုး အုပ်ချုပ်တဲ့ တန်ခိုးတစ်မျိုးမျိုးကို ယုံကြည်ကိုးကွယ် ခြင်းကို) Religion လို့ခေါ်ပါတယ်။

ယုံကြည်ခြင်းရယ်၊ ကိုးကွယ်ခြင်းရယ်၊ ဆုတောင်းခြင်းရယ် (၃)မျိုး ပြုလုပ်ကြခြင်းကို (Religion) လို့ခေါ်ပါတယ်လို့ သီတဂူဆရာတော် ဘုရားကြီးက ရှင်းလင်းစွာ ဟောကြား ထားပါတယ်။

မြတ်ဗုဒ္ဓ ဟောတဲ့ ဓမ္မက သင်ယူဘို့၊ ကျင့်ဘို့၊ ထိုးထွင်းသိမြင်ဘို့ (For learning, For Practice , For penetration ) ကို ရည်ရွယ်ပါတယ်။ အဘယ်ကြောင့်ဆိုသော်-

* ဗုဒ္ဓ ဝါဒအရ ကိုးကွယ်ခြင်းသည် စရဏ ပြဌန်းတဲ့ အကျင့်တရား ဖြစ်သောကြောင့်ပင် ဖြစ်ပါတယ်။ ဗုဒ္ဓဝါဒမှာ စရဏ (အကျင့်)က ပဓာန ဖြစ်ခြင်းကြောင့် (ကိုယ်တိုင် ကျင့်သုံးခြင်း) ကိုယ့်ကိုယ်ကို အားကိုးရသော ဝါဒ ဖြစ်ပါသည်။

အကြင်သူသည် ဓမ္မကိုမြင်မှ ဗုဒ္ဓကိုမြင်သည်။ တရားကိုမြင်သူသည် ဘုရားကို မြင်ပါသည်။ ထိုကြောင့် ဓမ္မကို မြင်အောင် ကျင့်သုံးဘို့သည် အဓိကအကျဆုံးပင် ဖြစ်ပါသည်။

* ယုံကြည်ခြင်း၊ ကိုးကွယ်ခြင်း၊ ဆုတောင်းခြင်း ဆိုတာနဲ့တော့ ဝိမုတ္တိ ဆိုတဲ့ လွတ်မြောက်ခြင်းကို မရနိုင်ပါဘူး။ ဓမ္မဆိုတာကတော့ ယုံကြည်နေယုံနဲ့ မပြီးသေးပါဘူး၊ သစ်သီးစားချင်သူသည် သစ်ပင် ပေါ်မတက်ဘဲ သစ်ပင်အောက် ထိုင်၍ သစ်ပင်ကို ရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီး မစားရပေ။ သစ်ပင်ပေါ်တက်မှ သစ်သီးစားရမည် ဖြစ်၏။ ထို့အတူ

* ဆရာဝန်တစ်ယောက်သည် ရောဂါသည် တစ်ယောက်ကို၊ ဆေးကုသောအခါ ရောဂါရဲ့အနေအထား၊ ရောဂါရဲ့ စတင်ပုံကိုအရင် ရှာဖွေ ကြည့်ရူပါတယ်။ ပြီးမှ အဲဒီရောဂါ ဘာကြောင့်ဖြစ်သလဲဆိုတာ ကိုသိပြီး ဘာဆေး ပေးရမလဲဆိုတာကို ကြည့်ပြီးတော့ ဆေးညွန်း (prescription) ရေးပေးလိုက်တယ်။ ပြီးတော့ ဆေးပေးလိုက်ပါတယ်။

* ရောဂါသည်က ဆေးညွန်းကို ဖတ်တယ်၊ ဒီဆေးညွန်းအတိုင်း ဒီဆေးသောက်ရင် ရောဂါပျောက် လိမ့်မယ်လို့ ယုံကြည်သလို ဆရာဝန်ကိုလည်း ယုံကြည်တယ်။ ပြီးတော့ ဆေးမသောက်ပဲ နေမယ်ဆို ရင်ရောဂါ မပျောက်နိုင်ပါဘူး။

ဆရာဝန်ကြီး တော်တယ်၊ တတ်တယ်၊ ဆိုပြီး ဆရာဝန်ကြီးကို ယုံကြည်ပါ၏ ဆိုပြီး ရှိခိုးနေ ယုံနဲ့ ရာဂါ မပျောက်သလို။ ဆေးညွန်း ကောင်းလွန်းလို့ အညွန်းကြီး ဖတ်နေသော်လည်း လူနာရောဂါ မပျောက် ကင်းနိုင်ပါ ဘူး။

* ဆရာဝန်ကိုလည်း ယုံတယ်။ ဆေးညွန်းကိုလည်း သေချာစနစ်တကျ ဖတ်တယ်။ ဆေးညွန်း အားလျော်စွာ ဆေးကိုလည်း သောက်တယ်ဆိုရင် ဒီလူနာဟာ ရောဂါပျောက်ပါတယ်။

* ထို့ကြောင့်မြတ်ဗုဒ္ဓဟာ အလွန်ကျွမ်းကျင်တဲ့ သမားတော် ကြီးနဲ့တူပါတယ်။ မြတ်ဗုဒ္ဓ ဟောကြားတဲ့ ပိဋိကတ်သုံးပုံသည် အလွန်ကောင်းတဲ့ ဆေးညွန်းကျမ်းတွေနဲ့ တူပါတယ်။ မြတ်ဗုဒ္ဓ ဟောတဲ့၊ သီလ၊ သမာဓိ ၊ ပညာ ဆိုတဲ့အကျင့် တွေကတော့ ရောဂါပျောက်ဖို့ အကောင်းဆုံး ဆေးတွေပါပဲ။

* ထို့ကြောင့် ကိုးကွယ်ခြင်းဟူသည် ကျင့်သုံးခြင်းပင် ဖြစ်၏။ ကျင့်သုံးရာ၌လည်း ယုံကြည်မှုနှင့် အသိဉာဏ် (သဒ္ဓါနှင့်ပညာ) ညီညွတ်စွာ ပေါင်းစပ်၍ သတိဖြင့် ကျင့်သုံးရပါသည်။

* ဆင်းရဲမှ လွတ်လိုလျှင် မကောင်းသော အကျင့်ကို ရှောင်ရမည်။ ချမ်းသာရလိုလျှင် ကောင်းသော အကျင့် ကိုကျင့်ရမည် ဖြစ်၏။ သို့ဖြစ်၍ ချမ်းသာရလိုလျှင် သုစရိုက်ကို ကျင့်သုံးရမည်သာ ဖြစ်၏။ ဆင်းရဲကင်းလိုလျှင် ဒုစရိုက်ကို ရှောင်ရှားရမည်ဖြစ်သည်။

ဤသို့ ကျင့်သုံးခြင်းဖြင့် ဒုက္ခနှင့် ဒုက္ခဖြစ်ခြင်း အကြောင်းရင်းကိုလည်း သိရမည်။
သုခနှင့် သုခ၏ အကြောင်းရင်းကိုလည်း သိရမည်။ဗုဒ္ဓ ဝါဒသည် တစုံတယောက်သော တန်ခိုးရှင်ကို ယုံကြည်ပြီး မှီခိုနေရတဲ့ ဝါဒမျိုးလည်း မဟုတ်ပါဘူး။

* မြတ်ဗုဒ္ဓ ၏ ဝါဒမှာ (ဝိဘဇ္ဇဝါဒီ- ဝေဖန်ပိုင်းခြားနိုင်မှ ဗုဒ္ဓဝါဒ ) ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ တရားတော်သည် ဝေဖန် စီစစ်ခွင့်ရှိသော ဘာသာတရားမျိုး ဖြစ်ပါတယ်။

မြတ်စွာဘုရားသည် အရာရာ ဝေဖန် စီစစ်လေ့ ရှိသော ပုဂ္ဂိုလ်ထူးတစ်ဆူ ဖြစ်ပါတယ်။ ဝေဖန်စီစစ်ခွင့် မရှိသောဘာသာ တရားမျိုး မဟုတ်ပါဘူး။

ကိုးကွယ်မိပြီဆိုရင် ကိုးကွယ်ခံတဲ့ ဘုရားကိုဖြစ်စေ၊ ရဟန်းကိုဖြစ်စေ၊ ဘာမှ ဝေဖန်ခွင့်မရှိဘူး ဆိုတဲ့ ဘာသာတရားမျိုး မဟုတ်ပါဘူး၊ အလွန်တရာလွတ်လပ်ပါတယ်။

လူတွေအားလုံး ဝေဖန်စီစစ်တဲ့ဥဏ် ရှိမှသာ ကိုးကွယ်ရာဟာ မွန်မြတ်တဲ့ ကိုးကွယ်ရာမျိုး ဖြစ်နိုင်ပါတယ်။ ဝေဖန် စီစစ်တဲ့ဥဏ် မရှိဘဲနဲ့ ကိုးကွယ်ရာသည် မွန်မြတ်တဲ့ ကိုးကွယ်မူ့မျိုး မဖြစ်နိုင်ပါ။

အရာရာ၌ အကောင်း အဆိုး အကြောင်း အကျိုး အရာဟူ သမျှကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်လေ့ ရှိလေသော ၊အတိုင်းမသိ ယုတ်မာသော တရားတွေ ကိုအောင်မြင်တော် မူသောမြတ်စွာ ဘုရား အားရှိခိုးခြင်းသည် မွန်မြတ်သော ကိုးကွယ် ခြင်းမျိုးသာ ဖြစ်ပါတယ်။

ကျေးဇူးတော်ရှင် သီတဂူဆရာတော် ဘုရားကြီး

(8,06,1984 တွင်ဟောကြားခဲ့သော ဗုဒ္ဓဘာသာအခြေခံတရားတော်မှ ကောက်နှုတ်ချက်)

ဓမ္မမိတ်ဆွေများ ကျန်းမားချမ်းသာကြပါစေဗျာ

Credit original uploader

No Comments

Leave a Reply

Your email address will not be published.

ဝဋ်‌ကြွေး ၁၉ ချက်အ‌ကြောင်း သိကောင်းစရာများ
Religious
ဝဋ်‌ကြွေး ၁၉ ချက်အ‌ကြောင်း သိကောင်းစရာများ

ဝဋ်‌ကြွေး ၁၉ ချက်အ‌ကြောင်း သိကောင်းစရာများ ၁. ဒီဘဝမှာ လက်ဝတ်ရတနာများ နှင့် အဝတ်ကောင်းများ ဝတ်ဆင်နိုင်ခြင်းဟာ အရင်ဘဝက သင်ဟာ ဘုန်းတော်ကြီးများကို သင်္ကန်းကပ်လှုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ၂. ဘာလို့ ဒီဘဝမှာ အစားအသောက်ကောင်းများဖြင့်‌ နေရပါသလဲ ဆိုတော့ အရင်ဘဝက မရှိဆင်းရဲသားတွေကို ပေးကမ်းလှုဒါန်းခြင်းကြောင့် ဖြစ်သည်။ ၃. ဘာဖြစ်လို့ ဒီဘဝမှာ ဆင်းရဲပြီး အဝတ်ကောင်းတွေ မဝတ်နိုင်ရသလဲဆိုတော့ အရင်ဘဝက သင်ဟာ ကပ်စေးနှဲ ကော်တရာဖြစ်ပြီး အလှုမလုပ်ခြင်းကြောင့် ဖြစ်သည်။ ၄. ဒီဘဝမှာ ကိုယ်ပိုင်တိုက်ကြီး ခြံကြီးများနှင့် နေနိုင်ခြင်းဟာ အရင်ဘဝက ဘုန်းကြီးကျောင်းတွေမှာ ဆန်အလှုပေးခြင်းကြောင့် ဖြစ်သည်။ ၅. ဘာလို့ ဒီဘဝမှာ တိုးတက်အောင်မြင်ပြီး‌ …

စိတ်ညစ်စရာ ပြဿနာဒုက္ခတွေကြုံတွေ့ လာတိုင်းကုသိုလ် တစ်ခုခုအမြဲပြုပါ ထူးခြားပါလိမ့်မည်
Religious
စိတ်ညစ်စရာ ပြဿနာဒုက္ခတွေကြုံတွေ့ လာတိုင်းကုသိုလ် တစ်ခုခုအမြဲပြုပါ ထူးခြားပါလိမ့်မည်

စိတ်ညစ်စရာ ပြဿနာဒုက္ခတွေကြုံတွေ့ လာတိုင်းကုသိုလ် တစ်ခုခုအမြဲပြုပါ ထူးခြားပါလိမ့်မည် ဒီနေ့တော့စမယ့် ဒုက္ခကြုံတိုင်း ကုသိုလ်တစ်ခု လုပ်ပါဆိုတဲ့ ဒီ Post လေးကို စာပေချစ်သူတွေ အကျိုးရှိမယ် ထင်လို့ အရှင်ဇဝန account မှ ပေးပို့လာတဲ့ ဒီစာလေးကို ပြန်လည်မျှဝေပေးလိုက် ပါတယ်နော်… တစ်နေ့ သောအခါ ဆရာတော် ဦးဗုဓ်၏ မယ်တော်ကြီးသည် မိမိ နေအိမ် မီးလောင်သွားသော ကြောင့်သာ ဦးဇင်းထံသို့ ပြေးလာပါတယ်။ သူ့ခဗျာ မုဆိုးမကြီး ဆိုတော့ အားကိုးလဲ မရှိရှာပါဘူး။ အဲဒိအတွက် သားဦးဇင်း ထံ အားကိုး တကြီး နဲ့ ပြေး လာတာ ပါ ။ အဲဒိ အချိန်မှာ …

ဗုဒၶဘာသာဝင္ သိိသင့္သိထိုက္ေသာ အေျခခံံ၊အတိုခ်ဳပ္
Religious
ဗုဒၶဘာသာဝင္ သိိသင့္သိထိုက္ေသာ အေျခခံံ၊အတိုခ်ဳပ္

ဗုဒၶဘာသာဝင္ သိိသင့္သိထိုက္ေသာ အေျခခံံ၊အတိုခ်ဳပ္ ကေလးငယ္ေတြက ပဲေမးေမး ၊ဘာသာျခားေတြ က ပဲေမးေမး ၊ ဘယ္သူေမးေမးဗုဒၶဘာသာ အေျခခံ ၊အတိုခ်ဳပ္ ေလာက္ေတာ့ေျဖနိုင္ ရမယ္၊ သိထား သင့္တယ္။ အဲဒီလို ေျဖနိုင္ေအာင္္ သိရေအာင္လို႔ ေဖာ္ျပေပးလိုက္ ပါတယ္။ ဗုဒၶဘာသာဝင္တိုင္း သိသင့္ေသာ သိမွတ္ ဖြြယ္ရာမ်ား ဗုဒၶဘာသာ ဗုဒၶ = ျမတ္စြာဘုရား ၊ဘာသာ = အယူ သာသနာေတာ္ အဆုံးအမကို လိုက္နာက်င့္သုံး လကၡဏာေရးသုံးပါး အနိစၥ = မျမဲျခင္း ၊ ဒုကၡ = ဆင္းရဲျခင္း ၊အနတၱ = အစိုးမရျခင္း ဘဒၵကမၻာတြင္ ပြင့္ေတာ္မူေသာ ဘုရားငါးဆူ ၁။ …