တ၀ဂူဇာတ္လမ္း ဆုိသည္မွာ - Amawpyay

တ၀ဂူဇာတ္လမ္း ဆုိသည္မွာ

Knowledge

တ၀ဂူဇာတ္လမ္း ဆုိသည္မွာ

ျမန္မာႏုိင္ငံတြင္ တ၀ဂူဘုရားမ်ား မ်ားစြာရွိသည့္အနက္ ပုဂံ တ၀ဂူ ဘုရားမွာ တမူထူးသည္။ သူ၏ေနာက္ခံဇာတ္လမ္းေၾကာင့္ လူအမ်ားစု စိတ္၀င္စားေလ့ရွိေသာ ေနရာလည္းျဖစ္သည္။

ေစာင္းအုိရွင္ ႏွင့္ ဘုရင့္သမီးေတာ္ေလး တုိ႔ ခ်စ္ႀကဳိက္မိသျဖင့္ ဘုရင္ႀကီး အမ်က္ရွကာ ထုိတ၀ဂူဘုရားအတြင္း အုတ္ျဖင့္ပိတ္သတ္ခဲ့သည္ ဟူေသာ ဇာတ္လမ္းသည္ ယေန႔ေခတ္တုိင္အမ်ားစု ေျပာေနၾကေသာ ဇာတ္လမ္းလည္း ျဖစ္သည္။
ဇာတ္လမ္းအစမွာ ဤသုိ႔တည္း.။

ၿမဳိ႕စားေလးမွာ အလြန္လွပၿပီး ခ်စ္ဖုိ႔ေကာင္းတဲ့ ေစာကလ်ာ ဆုိတဲ့ ညီမတစ္ေယာက္ရွိပါတယ္။ ဒီညီမဟာ နယ္ပုိင္ေစာ္ဘြားႀကီး နဲ႔ ခ်စ္ႀကဳိက္ေနပါတယ္။

ဒါကုိ ၿမဳိ႕စားပါဘူး။ ေစာ္ဘြားႀကီးဟာ သူ႔ညီမငယ္ကုိတစ္ကယ္ မခ်စ္မွန္းသိတဲ့အတြက္ေၾကာင့္ပါ။ ညီမငယ္ကုိလည္း တားမရ ေစာ္ဘြားႀကီးကလည္း ရာထူးပိုႀကီးတာေၾကာင့္ ဘာမွမေျပာပဲ ေနရပါတယ္။

တစ္ေန႔မွာေတာ့ ၿမဳိ႕စားေလးဟာ သူ႔ညီမငယ္ နဲ႔ ေစာ္ဘြားႀကီးတုိ႔ကုိ အၿပီးတုိင္ခြဲဖုိ႔ ညီမငယ္ကုိ ေခၚကာ ျမင္းနဲ႔ အတင္းထြက္ေျပးခဲ့ပါတယ္။

သူ႔လက္စြဲေတာ္ေစာင္း ကုိပါစြဲလုိ႔ေပါ့။ ေစာကလ်ာကေတာ့ တစ္လမ္းလုံးငုိလုိ႔ေပါ့။ ဒါနဲ႔ပင္းတယေတာင္ ေရႊဥမင္လႈိဏ္ေခါင္း ထိပ္ေရာက္ေတာ့ ညီမျဖစ္သူဟာ ျမင္းေပၚကခုန္ခ်ခဲ့ပါတယ္။

အသက္ေငြ႔ေငြ႔သာက်န္တဲ့ အခ်ိန္မွာ သူတုိ႔ခ်စ္ျခင္းကုိခြဲတဲ့သူဟာ သူမတုိ႔လုိပဲ ခ်စ္ရသူနဲ႔ခြဲကာ အခုိင္အမာအုတ္ဂူထဲမွာ သြတ္သြင္းျခင္းခံရပါေစ လို႔ က်ိန္စာတုိက္ခဲ့ပါသတဲ့။

ၿမဳိ႕စားေလးဟာလည္း ပုဂံၿမဳိ႕ကုိေရာက္ကာ ေစာင္းအုိလုလင္အသြင္ေျပာင္းကာ ေနထုိင္ခဲ့ပါသတဲ့။ တစ္ေန႔ေစာင္းအုိလုလင္ရဲ႕ ေစာင္းသံကုိၾကားသြားတဲ့ ဘုရင့္သမီးေတာ္ဟာ ေစာင္းအုိလုလင္နဲ႔ေတြ႔တာက စလုိ႔ သူတုိ႔ႏွစ္ဦး ခ်စ္ႀကဳိက္သြားပါေတာ့တယ္။ သူတုိ႔ႏွစ္ဦးေတြ႔ေနက် ေနရာက တ၀ဂူ ဘုရားမွာပါ။

တစ္ေန႔ ဒီအေၾကာင္းကုိ သိသြားတဲ့ ဘုရင္ႀကီးဟာ အလြန္စိတ္ဆုိးၿပီး ခ်စ္သူႏွစ္ဦးေတြ႔ဆုံစဥ္မွာ တ၀ဂူဘုရားရဲ႕ မုခ္၀ကုိအုတ္နဲ႔ အၿပီးပိတ္ခုိင္းလုိက္ပါေတာ့တယ္။ ဒီလုိပိတ္ခုိင္းစဥ္မွာ သမီးေတာ္က ပန္းရံေတာ္ႀကီးကုိ အုတ္ႏွစ္ခ်ပ္ကုိခ်န္ခဲ့ဖုိ႔ ေတာင္းဆုိခဲ့ပါသတဲ့။

ခ်စ္သူႏွစ္ဦးကေတာ့ တ၀ဂူဘုရားထဲမွာ ပိတ္ၿပီးေသဆုံးသြားခဲ့ရတယ္။ လျပည့္ညတုိင္းမွာ တ၀ဂူဘုရားဆီကေန ေၾကကြဲဖြယ္ေစာင္းသံကုိ ၾကားရေလ့ရွိတယ္လုိ႔ ဆုိၾကပါတယ္။

ဒီျဖစ္ရပ္ကုိ ၾကားမိသူတုိင္းက စုတ္တသပ္သပ္ျဖစ္ကာ ပုဂံေရာက္တုိင္း တ၀ဂူဘုရားကုိ ရွာေဖြေလ့ရွိၾကပါတယ္။ သုိ႔ေသာ္ တကယ္တမ္းတြင္ေတာ့ ဒီအျဖစ္ဟာ တကယ္မရွိခဲ့ပါ။

သတင္းစာဆရာႀကီး ေၾကးမုံဦးေသာင္း၏ ၀ထၳဳသာျဖစ္ပါတယ္။ လြန္ခဲ့ေသာအႏွစ္ ေလးဆယ္ေလာက္က ရန္ကုန္တြင္ ANAKALI ဆုိေသာအိႏၵိယရုပ္ရွင္ ကားတစ္ကား ျပခဲ့ဖူးပါတယ္။

ဒီဇာတ္လမ္းထဲမွာ မင္းသမီးေလးအား ဖခင္ဘုရင္ကအုတ္ရုိးပတ္လည္စီကာ အေသသတ္ခဲ့ပါတယ္။ အုတ္ရုိးစီေနစဥ္ အတြင္း ဇာတ္ေၾကာင္းတစ္ခုလုံးကုိ မင္းသမီးေလးက သူတုိ႔အျဖစ္အပ်က္ကုိ သီခ်င္းရွည္ႀကီး ဆုိျပသြားပါတယ္ ။ေနာက္ဆုံးအုတ္တစ္လုံး စီလုိက္တဲ့အခ်ိန္မွာေတာ့ မင္းသမီးေလးရဲ႕ အသံရပ္သြားပါေတာ့တယ္။

ဒီရုပ္ရွင္ေက်ာရုိးကုိ ယူကာ ေစာင္းအုိလုလင္ ဇာတ္လမ္းျဖစ္ လာျခင္းပါ။ ထုိ၀ထၳဳကုိ အသံဇာတ္လမ္း ထုတ္ခဲ့သလုိ ၊ အဆုိေတာ္ တင္တင္ျမကလည္း သီခ်င္းအျဖစ္ သီဆုိခဲ့ၿပီး ဇာတ္ပြဲမ်ားတြင္လည္း ကျပၾကရာက တစ္ျပည္လုံးျပန္႔သြား ပါေတာ့တယ္။ ၾကားဖန္မ်ားေတာ့ လူအမ်ားစုကလည္း ဒီအေၾကာင္းကုိ တကယ့္အျဖစ္အပ်က္လုိ႔ ထင္သြားၾကၿပီး ပုဂံေရာက္တုိင္း တ၀ဂူကို ရွာေလ့ရွိၾကပါေတာ့တယ္။

Ref;
တ၀ဂူမွဂီတ – မာမာေအး (မုိးမခမဂၢဇင္း)
အျငင္းပြား အမွတ္လြဲ လူသိနည္း ျမန္မာ့ျဖစ္ရပ္ ၁၀၀ – ေမာင္ၾကည္သန္႔

Unicode

တဝဂူဇာတ်လမ်း ဆိုသည်မှာ

မြန်မာနိုင်ငံတွင် တဝဂူဘုရားများ များစွာရှိသည့်အနက် ပုဂံ တဝဂူ ဘုရားမှာ တမူထူးသည်။ သူ၏နောက်ခံဇာတ်လမ်းကြောင့် လူအများစု စိတ်ဝင်စားလေ့ရှိသော နေရာလည်းဖြစ်သည်။

စောင်းအိုရှင် နှင့် ဘုရင့်သမီးတော်လေး တို့ ချစ်ကြိုက်မိသဖြင့် ဘုရင်ကြီး အမျက်ရှကာ ထိုတဝဂူဘုရားအတွင်း အုတ်ဖြင့်ပိတ်သတ်ခဲ့သည် ဟူသော ဇာတ်လမ်းသည် ယနေ့ခေတ်တိုင်အများစု ပြောနေကြသော ဇာတ်လမ်းလည်း ဖြစ်သည်။
ဇာတ်လမ်းအစမှာ ဤသို့တည်း.။

မြို့စားလေးမှာ အလွန်လှပပြီး ချစ်ဖို့ကောင်းတဲ့ စောကလျာ ဆိုတဲ့ ညီမတစ်ယောက်ရှိပါတယ်။ ဒီညီမဟာ နယ်ပိုင်စော်ဘွားကြီး နဲ့ ချစ်ကြိုက်နေပါတယ်။

ဒါကို မြို့စားပါဘူး။ စော်ဘွားကြီးဟာ သူ့ညီမငယ်ကိုတစ်ကယ် မချစ်မှန်းသိတဲ့အတွက်ကြောင့်ပါ။ ညီမငယ်ကိုလည်း တားမရ စော်ဘွားကြီးကလည်း ရာထူးပိုကြီးတာကြောင့် ဘာမှမပြောပဲ နေရပါတယ်။

တစ်နေ့မှာတော့ မြို့စားလေးဟာ သူ့ညီမငယ် နဲ့ စော်ဘွားကြီးတို့ကို အပြီးတိုင်ခွဲဖို့ ညီမငယ်ကို ခေါ်ကာ မြင်းနဲ့ အတင်းထွက်ပြေးခဲ့ပါတယ်။

သူ့လက်စွဲတော်စောင်း ကိုပါစွဲလို့ပေါ့။ စောကလျာကတော့ တစ်လမ်းလုံးငိုလို့ပေါ့။ ဒါနဲ့ပင်းတယတောင် ရွှေဥမင်လှိုဏ်ခေါင်း ထိပ်ရောက်တော့ ညီမဖြစ်သူဟာ မြင်းပေါ်ကခုန်ချခဲ့ပါတယ်။

အသက်ငွေ့ငွေ့သာကျန်တဲ့ အချိန်မှာ သူတို့ချစ်ခြင်းကိုခွဲတဲ့သူဟာ သူမတို့လိုပဲ ချစ်ရသူနဲ့ခွဲကာ အခိုင်အမာအုတ်ဂူထဲမှာ သွတ်သွင်းခြင်းခံရပါစေ လို့ ကျိန်စာတိုက်ခဲ့ပါသတဲ့။

မြို့စားလေးဟာလည်း ပုဂံမြို့ကိုရောက်ကာ စောင်းအိုလုလင်အသွင်ပြောင်းကာ နေထိုင်ခဲ့ပါသတဲ့။ တစ်နေ့စောင်းအိုလုလင်ရဲ့ စောင်းသံကိုကြားသွားတဲ့ ဘုရင့်သမီးတော်ဟာ စောင်းအိုလုလင်နဲ့တွေ့တာက စလို့ သူတို့နှစ်ဦး ချစ်ကြိုက်သွားပါတော့တယ်။ သူတို့နှစ်ဦးတွေ့နေကျ နေရာက တဝဂူ ဘုရားမှာပါ။

တစ်နေ့ ဒီအကြောင်းကို သိသွားတဲ့ ဘုရင်ကြီးဟာ အလွန်စိတ်ဆိုးပြီး ချစ်သူနှစ်ဦးတွေ့ဆုံစဉ်မှာ တဝဂူဘုရားရဲ့ မုခ်ဝကိုအုတ်နဲ့ အပြီးပိတ်ခိုင်းလိုက်ပါတော့တယ်။ ဒီလိုပိတ်ခိုင်းစဉ်မှာ သမီးတော်က ပန်းရံတော်ကြီးကို အုတ်နှစ်ချပ်ကိုချန်ခဲ့ဖို့ တောင်းဆိုခဲ့ပါသတဲ့။

ချစ်သူနှစ်ဦးကတော့ တဝဂူဘုရားထဲမှာ ပိတ်ပြီးသေဆုံးသွားခဲ့ရတယ်။ လပြည့်ညတိုင်းမှာ တဝဂူဘုရားဆီကနေ ကြေကွဲဖွယ်စောင်းသံကို ကြားရလေ့ရှိတယ်လို့ ဆိုကြပါတယ်။

ဒီဖြစ်ရပ်ကို ကြားမိသူတိုင်းက စုတ်တသပ်သပ်ဖြစ်ကာ ပုဂံရောက်တိုင်း တဝဂူဘုရားကို ရှာဖွေလေ့ရှိကြပါတယ်။ သို့သော် တကယ်တမ်းတွင်တော့ ဒီအဖြစ်ဟာ တကယ်မရှိခဲ့ပါ။

သတင်းစာဆရာကြီး ကြေးမုံဦးသောင်း၏ ဝထ္ထုသာဖြစ်ပါတယ်။ လွန်ခဲ့သောအနှစ် လေးဆယ်လောက်က ရန်ကုန်တွင် ANAKALI ဆိုသောအိန္ဒိယရုပ်ရှင် ကားတစ်ကား ပြခဲ့ဖူးပါတယ်။

ဒီဇာတ်လမ်းထဲမှာ မင်းသမီးလေးအား ဖခင်ဘုရင်ကအုတ်ရိုးပတ်လည်စီကာ အသေသတ်ခဲ့ပါတယ်။ အုတ်ရိုးစီနေစဉ် အတွင်း ဇာတ်ကြောင်းတစ်ခုလုံးကို မင်းသမီးလေးက သူတို့အဖြစ်အပျက်ကို သီချင်းရှည်ကြီး ဆိုပြသွားပါတယ် ။နောက်ဆုံးအုတ်တစ်လုံး စီလိုက်တဲ့အချိန်မှာတော့ မင်းသမီးလေးရဲ့ အသံရပ်သွားပါတော့တယ်။

ဒီရုပ်ရှင်ကျောရိုးကို ယူကာ စောင်းအိုလုလင်ဇာတ်လမ်းဖြစ်လာခြင်းပါ။ ထိုဝထ္ထုကို အသံဇာတ်လမ်းထုတ်ခဲ့သလို ၊ အဆိုတော်တင်တင်မြကလည်း သီချင်းအဖြစ် သီဆိုခဲ့ပြီး ဇာတ်ပွဲများတွင်လည်း ကပြကြရာက တစ်ပြည်လုံးပြန့်သွား ပါတော့တယ်။

ကြားဖန်များတော့ လူအများစုကလည်း ဒီအကြောင်းကို တကယ့်အဖြစ်အပျက်လို့ ထင်သွားကြပြီး ပုဂံရောက်တိုင်း တဝဂူကို ရှာလေ့ရှိ ကြပါတော့တယ်။

Ref;
တဝဂူမှဂီတ – မာမာအေး (မိုးမခမဂ္ဂဇင်း)
အငြင်းပွား အမှတ်လွဲ လူသိနည်း မြန်မာ့ဖြစ်ရပ် ၁၀၀ – မောင်ကြည်သန့်

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …