
ပုဂံ ေရႊစည္းခံုေစတီေတာ္ ဘုရားသမိုင္းနွင့္ အတြင္းအ့ံဖြယ္ အျပင္အ့ံဖြယ္ (၉) ပါး
ပုဂံျပည့္ရွင္ အေနာ္ရထာမင္းလက္ထက္တြင္ သီဟုိဠ္ကၽြန္း၏ဘုရင္ ပထမ၀ိဇယဗာဟု မင္းၾကီး၏ အကူအညီေတာင္းျခင္းေၾကာင့္ ရဟန္းသံဃာေတာ္မ်ား၊ ပိဋကတ္သုံးပုံ က်မ္းစာမ်ားႏွင့္ ဆင္ျဖဴေတာ္တစ္စီးတုိ႔ကုိ အကူအညီေပးခဲ့သည္။
ပထမ ၀ိဇယဗာဟုမင္းကလည္း အေနာ္ရထာမင္း၏ ေက်းဇူးကုိတုံ႔ျပန္ေသာ္အားျဖင့္ ျမတ္စြာဘုရား၏ စြယ္ေတာ္ပြားကုိ အေနာ္ရထာမင္းထံ ဓမၼလက္ေဆာင္ျပန္လည္ ေပးပုိ႔ခဲ့သည္။ အေနာ္ရထာမင္းၾကီး သည္ စြယ္ေတာ္ျမတ္ကုိ နန္းေတာ္ေရွ ႔ ရတနာျပႆ ဒ္တြင္ ကိန္း၀ပ္ေစၿပီး ပူေဇာ္ ၀တ္ျပဳခဲ့သည္။ ထုိအခါ မင္းဆရာျဖစ္ေသာ ရွင္အရဟံမေထရ္က သတၱ၀ါအားလုံး ကုိးကြယ္ႏုိင္ေစရန္ ေစတီတည္ပါဟု မင္းၾကီးအား အၾကံဥာဏ္ေပးခဲ့သည္။
အေနာ္ရထာမင္းလည္း ရွင္အရဟံမေထရ္၏ အၾကံဥာဏ္မွာ အလြန္ေလ်ာ္ကန္ သင့္ျမတ္သည့္အတြက္ ေစတီတည္၍ တည္ထားကုိးကြယ္ရန္ ေဆာင္ရြက္ခဲ့သည္။ မင္းၾကီးသည္ စြယ္ေတာ္ ကိန္း၀ပ္လုိေသာအရပ္တြင္ ဆင္ျဖဴေတာ္ ရပ္ေစသတည္း ဟု အဓိဌာန္၍ ဆင္ျဖဴေတာ္၏ကုိယ္ေပၚတြင္ စြယ္ေတာ္ၾကဳတ္တင္၍ လႊတ္လုိက္ေလသည္။
ဆင္ျဖဴေတာ္သည္ ပုဂံ၏ အေရွ ႔ေျမာက္အရပ္ (ေဇယ်ဘံုဟု ေခၚတြင္ေသာ ေအာင္ေျမအရပ္၌) သဲစည္းခုံတြင္ ၀ပ္ေလသည္။ ဆင္ျဖဴေတာ္ ၀ပ္ရာ သဲစည္းခုံတြင္ စြယ္ေတာ္ ျမတ္ကုိ ဌာပနာထားျပီ ေစတီတည္ေတာ္မူသည္။ ေကာဇာသကၠရာဇ္ ၄၂၁-ခု၊ တပို႔တြဲလဆန္း(၁၀)ရက္၊ ၾကာသပေတးေန႔တြင္ စတင္တည္ေဆာက္ခဲ့ၿပီး တရုတ္ျပည္မွ ရေသာ ျမဆင္းတုေတာ္တစ္ဆူ ႏွင့္ သေရေခတၱရာျပည္ရွိ ဒြတၱေပါင္မင္းၾကီး တည္ထားကုိးကြယ္ခဲ့ေသာ နဖူးသင္းက်စ္ေတာ္ တစ္ဆူကုိလည္း ဌာပနာထားသည္။
ဘုရားတည္ေနတုန္း ပစၥယာ ၃ ဆင့္အေရာက္ တြင္ပင္ အေနာ္ရထားမင္း နတ္ရြာစံ ခဲ့သည္။ အေနာ္ရထာမင္း နတ္ရြာစံျပီးေနာက္ က်န္စစ္သားမင္းက ေကာဇာသကၠရာဇ္ ၄၅၁-ခု၊ တန္ေဆာင္မုန္းလဆန္း(၁၃)ရက္၊ ဗုဒၶဟူးေန႔တြင္ ဆက္လက္တည္ေဆာက္ခဲ့ရာ ေကာဇာသကၠရာဇ္ ၄၅၂-ခု၊ ကဆုန္လျပည့္ေန႔တြင္ ၿပီးေျမာက္ေအာင္ျမင္ခဲ့သည္။ ေစတီေတာ္ႀကီး တည္ေဆာက္ခဲ့သည့္ႏွစ္မွ ၿပီးစီးသည့္ႏွစ္အထိ ႏွစ္ေပါင္း ၃၁-ႏွစ္ၾကာခဲ့ေလသည္။
====================
#အ့ံဖြယ္ (၉) ပါး
ေရႊစည္းခံုေစတီသည္
အတြင္းအံ့ကုိးပါး၊ အျပင္အံ့ကုိးပါး ႏွင့္ျပည့္စံုသည္ဟု ယံုၾကည္ၾကသည္။
#အတြင္းအံ့ဘြယ္ကုိးပါး မွာ
၁။ ထီးေတာ္အလြန္ၾကီးေသာ္လည္း သံၾကိဳးမဆုိင္းရျခင္း၊
၂။ ေစတီ၏အရိပ္သည္ တံတုိင္းအျပင္သုိ႔ မေရာက္ျခင္း။
၃။ ေစတီ၏ထိပ္မွ ေရႊစကၠဴ ပစ္ခ်လွ်င္ အျပင္သုိ႔မေရာက္ျခင္း။
၄။ ေစတီ၏ မဟာရံတံတုိင္းအတြင္း လူမည္မွ်မ်ားမ်ား ျပည့္က်ပ္မေနျခင္း။
၅။ တန္ေဆာင္မုန္းလျပည့္ပြဲေတာ္တြင္ ပထမသပိတ္ေတာ္၌ မည္သူမွ် ဆြမ္းဦးမတင္ႏုိင္ျခင္း။
၆။ အေ၀းကၾကည့္လွ်င္ကုန္း၊ အတြင္းမွၾကည့္လွ်င္ က်င္းသဖြယ္ထင္ရျခင္း။
၇။ ေစတီ၏တစ္ဖက္မွ တီးေသာစည္သံကုိ အျခားတစ္ဖက္မွ မၾကားရျခင္း။
၈။ မုိးသည္းထန္စြာရြာေသာ္လည္း ေစတီရင္ျပင္၌ ေရမတင္ျခင္း။
၉။ ေစတီေတာ္ အေရွ ႔ေတာင္ေထာင့္ရွိ ခေရပင္သည္ ၁၂ ရာသီ ပြင့္ျခင္းတုိ႔ျဖစ္သည္။
ေရွးယခင္မွယေန႔တုိင္ အစဥ္အဆက္ မွတ္ခဲ့ၾကသည္မွာ –
တန္ခုိးမွာ ေရႊစည္းခုံ၊
အႏုမွာ အာနႏၵာ၊
ထုမွာ ဓမၼရံ၊
အျမင့္မွာ သေဗၺညဳ ဟူ၍ ျဖစ္သည္။
======================
#အျပင္အံ့ဘြယ္ကုိးပါး
၁။ ဧရာ၀တီျမစ္ကမ္းစပ္ေရစီးအတြင္း စြယ္ေတာ္တင္လာသည့္ ဆင္ျဖဴ ေတာ္၀ပ္သည့္ေနရာတြင္ ေသာင္ျဖစ္လာျခင္း။
၂။ ထုိသဲေသာင္တို႔သည္ ေက်ာက္ျဖစ္လာျခင္း။
၃။ ဧရာ၀တီျမစ္ေရသည္ ေစတီေတာ္ကုိ ဦးခုိက္ရစ္၀ဲစီးဆင္းျခင္း။
၄။ မဟာရံတံတုိင္းသည္ ရွစ္ပယ္ (၁၄.၁၆)ဧက က်ယ္၀န္းျခင္း။
၅။ ေစတီတည္ရာတြင္ တုရင္းေတာင္မွ ေက်ာက္မ်ားကုိ ပုဂံျပည္သူတုိ႔ လက္ဆင့္ကမ္းသယ္ျခင္း။
၆။ ေက်ာက္သယ္ယူသူမ်ား အရိပ္ရရန္ မန္က်ည္းပင္မ်ား ခ်က္ျခင္းေပါက္ျခင္း။
၇။ ေက်ာက္သယ္အၿပီး မန္က်ည္းပင္မ်ား ေပ်ာက္ျခင္း။
၈။ ေရႊစည္းခံုေစတီ အေရွ႕မ်က္ႏွာစာ ေလွကားအနီးရွိ ေရမွန္အတြင္း၌ ေစတီအရိပ္ထင္ျခင္း။
၉။ ေစတီကုိ အေ၀းမွၾကည့္ပါက ကုန္းျမင့္ေပၚတြင္ တည္ထားသည္ဟု ထင္ရျခင္းတုိ႔ ျဖစ္သည္။
#ဓမၼအလင္းေရာင္
credit
Unicode
ပုဂံ ရွှေစည်းခုံစေတီတော် ဘုရားသမိုင်းနှင့် အတွင်းအံ့ဖွယ် အပြင်အံ့ဖွယ် (၉) ပါး
ပုဂံပြည့်ရှင် အနော်ရထာမင်းလက်ထက်တွင် သီဟိုဠ်ကျွန်း၏ဘုရင် ပထမဝိဇယဗာဟု မင်းကြီး၏ အကူအညီတောင်းခြင်းကြောင့် ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံ ကျမ်းစာများနှင့် ဆင်ဖြူတော်တစ်စီးတို့ကို အကူအညီပေးခဲ့သည်။
ပထမ ဝိဇယဗာဟုမင်းကလည်း အနော်ရထာမင်း၏ ကျေးဇူးကိုတုံ့ပြန်သော်အားဖြင့် မြတ်စွာဘုရား၏ စွယ်တော်ပွားကို အနော်ရထာမင်းထံ ဓမ္မလက်ဆောင်ပြန်လည် ပေးပို့ခဲ့သည်။ အနော်ရထာမင်းကြီး သည် စွယ်တော်မြတ်ကို နန်းတော်ရှေ့ ရတနာပြဿ ဒ်တွင် ကိန်းဝပ်စေပြီး ပူဇော် ဝတ်ပြုခဲ့သည်။ ထိုအခါ မင်းဆရာဖြစ်သော ရှင်အရဟံမထေရ်က သတ္တဝါအားလုံး ကိုးကွယ်နိုင်စေရန် စေတီတည်ပါဟု မင်းကြီးအား အကြံဉာဏ်ပေးခဲ့သည်။
အနော်ရထာမင်းလည်း ရှင်အရဟံမထေရ်၏ အကြံဉာဏ်မှာ အလွန်လျော်ကန် သင့်မြတ်သည့်အတွက် စေတီတည်၍ တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့သည်။ မင်းကြီးသည် စွယ်တော် ကိန်းဝပ်လိုသောအရပ်တွင် ဆင်ဖြူတော် ရပ်စေသတည်း ဟု အဓိဌာန်၍ ဆင်ဖြူတော်၏ကိုယ်ပေါ်တွင် စွယ်တော်ကြုတ်တင်၍ လွှတ်လိုက်လေသည်။
ဆင်ဖြူတော်သည် ပုဂံ၏ အရှေ့မြောက်အရပ် (ဇေယျဘုံဟု ခေါ်တွင်သော အောင်မြေအရပ်၌) သဲစည်းခုံတွင် ဝပ်လေသည်။ ဆင်ဖြူတော် ဝပ်ရာ သဲစည်းခုံတွင် စွယ်တော် မြတ်ကို ဌာပနာထားပြီ စေတီတည်တော်မူသည်။ ကောဇာသက္ကရာဇ် ၄၂၁-ခု၊ တပို့တွဲလဆန်း(၁၀)ရက်၊ ကြာသပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တရုတ်ပြည်မှ ရသော မြဆင်းတုတော်တစ်ဆူ နှင့် သရေခေတ္တရာပြည်ရှိ ဒွတ္တပေါင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော နဖူးသင်းကျစ်တော် တစ်ဆူကိုလည်း ဌာပနာထားသည်။
ဘုရားတည်နေတုန်း ပစ္စယာ ၃ ဆင့်အရောက် တွင်ပင် အနော်ရထားမင်း နတ်ရွာစံ ခဲ့သည်။ အနော်ရထာမင်း နတ်ရွာစံပြီးနောက် ကျန်စစ်သားမင်းက ကောဇာသက္ကရာဇ် ၄၅၁-ခု၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆက်လက်တည်ဆောက်ခဲ့ရာ ကောဇာသက္ကရာဇ် ၄၅၂-ခု၊ ကဆုန်လပြည့်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့သည်။ စေတီတော်ကြီး တည်ဆောက်ခဲ့သည့်နှစ်မှ ပြီးစီးသည့်နှစ်အထိ နှစ်ပေါင်း ၃၁-နှစ်ကြာခဲ့လေသည်။
====================
#အံ့ဖွယ် (၉) ပါး
ရွှေစည်းခုံစေတီသည်
အတွင်းအံ့ကိုးပါး၊ အပြင်အံ့ကိုးပါး နှင့်ပြည့်စုံသည်ဟု ယုံကြည်ကြသည်။
#အတွင်းအံ့ဘွယ်ကိုးပါး မှာ
၁။ ထီးတော်အလွန်ကြီးသော်လည်း သံကြိုးမဆိုင်းရခြင်း၊
၂။ စေတီ၏အရိပ်သည် တံတိုင်းအပြင်သို့ မရောက်ခြင်း။
၃။ စေတီ၏ထိပ်မှ ရွှေစက္ကူ ပစ်ချလျှင် အပြင်သို့မရောက်ခြင်း။
၄။ စေတီ၏ မဟာရံတံတိုင်းအတွင်း လူမည်မျှများများ ပြည့်ကျပ်မနေခြင်း။
၅။ တန်ဆောင်မုန်းလပြည့်ပွဲတော်တွင် ပထမသပိတ်တော်၌ မည်သူမျှ ဆွမ်းဦးမတင်နိုင်ခြင်း။
၆။ အဝေးကကြည့်လျှင်ကုန်း၊ အတွင်းမှကြည့်လျှင် ကျင်းသဖွယ်ထင်ရခြင်း။
၇။ စေတီ၏တစ်ဖက်မှ တီးသောစည်သံကို အခြားတစ်ဖက်မှ မကြားရခြင်း။
၈။ မိုးသည်းထန်စွာရွာသော်လည်း စေတီရင်ပြင်၌ ရေမတင်ခြင်း။
၉။ စေတီတော် အရှေ့တောင်ထောင့်ရှိ ခရေပင်သည် ၁၂ ရာသီ ပွင့်ခြင်းတို့ဖြစ်သည်။
ရှေးယခင်မှယနေ့တိုင် အစဉ်အဆက် မှတ်ခဲ့ကြသည်မှာ –
တန်ခိုးမှာ ရွှေစည်းခုံ၊
အနုမှာ အာနန္ဒာ၊
ထုမှာ ဓမ္မရံ၊
အမြင့်မှာ သဗ္ဗေညု ဟူ၍ ဖြစ်သည်။
======================
#အပြင်အံ့ဘွယ်ကိုးပါး
၁။ ဧရာဝတီမြစ်ကမ်းစပ်ရေစီးအတွင်း စွယ်တော်တင်လာသည့် ဆင်ဖြူ တော်ဝပ်သည့်နေရာတွင် သောင်ဖြစ်လာခြင်း။
၂။ ထိုသဲသောင်တို့သည် ကျောက်ဖြစ်လာခြင်း။
၃။ ဧရာဝတီမြစ်ရေသည် စေတီတော်ကို ဦးခိုက်ရစ်ဝဲစီးဆင်းခြင်း။
၄။ မဟာရံတံတိုင်းသည် ရှစ်ပယ် (၁၄.၁၆)ဧက ကျယ်ဝန်းခြင်း။
၅။ စေတီတည်ရာတွင် တုရင်းတောင်မှ ကျောက်များကို ပုဂံပြည်သူတို့ လက်ဆင့်ကမ်းသယ်ခြင်း။
၆။ ကျောက်သယ်ယူသူများ အရိပ်ရရန် မန်ကျည်းပင်များ ချက်ခြင်းပေါက်ခြင်း။
၇။ ကျောက်သယ်အပြီး မန်ကျည်းပင်များ ပျောက်ခြင်း။
၈။ ရွှေစည်းခုံစေတီ အရှေ့မျက်နှာစာ လှေကားအနီးရှိ ရေမှန်အတွင်း၌ စေတီအရိပ်ထင်ခြင်း။
၉။ စေတီကို အဝေးမှကြည့်ပါက ကုန်းမြင့်ပေါ်တွင် တည်ထားသည်ဟု ထင်ရခြင်းတို့ ဖြစ်သည်။
#ဓမ္မအလင်းရောင်
credit
No Comments