
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ
မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။
ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။
(1) အချိန်ပြည့်စိတ်ပူပေးတယ်
မိခင်တစ်ယောက် နီးပါး ချစ်နိုင်တဲ့ မိန်းကလေး ဆိုတာ သင့်ကို ခဏခဏ ဖုန်းဆက်တယ်၊ အဆက်အသွယ် လုံးဝအပြတ်မခံဘူး၊ အမြဲတမ်း စိတ်ပူပေးတယ်၊ အဝေးရောက်နေ တာတောင် သင့်ကို အမြဲတမ်း ဆက်သွယ်ပြီး ခဏခဏ သတင်းမေးတတ် တဲ့သူပါ ။
သင်ဖုန်းမကိုင် ဖြစ်တဲ့အချိန်တွေ၊ သတင်းမပို့တဲ့ အချိန်တွေ ကျရင် အရူးတစ်ယောက်လို စိတ်သောကရောက်နေတတ်တဲ့ သူပါ။ အကြောင်းကတော့ သင့် တစ်ခုခုများဖြစ်သွားမလား၊ ဒဏ်ရာအနာတရများ ဖြစ်သွားမလား ဆိုပြီး အမြဲတမ်း စိတ်ပူပေးတတ်တဲ့ မိခင်စိတ်ရှိတဲ့ ချစ်သူမျိုး ဖြစ်နေလို့ပါ။
(2) နွေးထွေးမှုပေးတယ်
သင့်ချစ်သူနားမှာ ရှိနေတဲ့ အချိန်တိုင်းမှာ သင်ဟာ နွေးထွေးမှုကို ခံစားရမှာပါ။ သင့်ကို ပွစိပွစိပြောပြီး ဆုံးမတတ်တယ်၊ တစ်ခါတလေ သင့်ရဲ့ ဝေယျာဝိစ္စတွေ ကိုတောင် ကူလုပ်ပေးတယ်၊ သင့်အတွက် အပင်ပန်းခံပြီး ချက်ပြုတ်ပေးတယ် … ။
စေတနာနဲ့ အရာရာကို လုပ်ပေးတတ်တဲ့ ချစ်သူမျိုးဟာ သင့်ကို မိခင်တစ်ယောက်နီးပါး ချစ်နိုင်တဲ့ချစ်သူဖြစ်ပါတယ်။ သင့်ကို လုပ်ပေးနေတာတွေ ကလည်း သူအားနေလို့ မဟုတ်ဘဲ သင့်ကိုအရမ်းချစ်လို့ဖြစ်ပါတယ်။
(3) ဂရုစိုက်ပေးတယ်
သင်နေမကောင်းဖြစ်တဲ့အချိန်၊ ဝမ်းနည်းတဲ့ အချိန်တွေနဲ့ စိတ်ထိခိုက်စရာ တစ်ခုခုရှိတဲ့ အချိန်တွေမှာ သင့်ကို ဂရုစိုက်ပေးတဲ့ မိန်းကလေး မျိုးပါ။ သင့်ရဲ့ အစားအသောက်၊ အနေအထိုင်၊ အဝတ်အစားကအစ အမြဲတမ်းဂရုတစိုက်နဲ့ အသေးစိတ် နိုင်လွန်းတဲ့ မိန်းကလေးမျိုးပါ ။
သင့်မွေးနေ့၊ နှစ်ပတ်လည်နေ့လို နေ့ထူးနေ့မြတ်မျိုးကို မမေ့မလျော့နဲ့ ဂရုတစိုက် အစီအစဉ်ဆွဲထားတတ်သူလည်းဖြစ်ပါတယ်။ ဒါဟာ သင့်ကို အရမ်းချစ်လို့ဖြစ်ပါတယ်။
(4) သင့်ရဲ့အကျင့်ကိုကောင်းကောင်းသိတယ်
လူတိုင်းမှာမကောင်းတဲ့ အကျင့်တွေ ရှိကြပါတယ်။ ဒီလို အကျင့်တွေကို သည်းမခံနိုင်လို့ စုံတွဲတော်တော်များများက ပြတ်စဲကြရတာဖြစ်ပါတယ် ။
သင့်ချစ်သူဟာ သင့်ရဲ့ မကောင်းတဲ့ အကျင့်တွေကိုလည်း သိတယ်၊ အားနည်းချက်တွေ ကိုလည်း သိတယ်၊ ဒါတောင် သင့်လက်ကို မလွှတ်ဘဲ ဆုပ်ကိုင်ထားတယ် ဆိုတာက သင့်ကို မိခင်တစ်ယောက်နီးပါးချစ်နိုင်တဲ့သူ ဖြစ်လို့ပါ။
(5) သင်ရှိရင်ပြည့်စုံတယ်
သင့်ကို မိခင်တစ်ယောက်နီးပါး ချစ်တဲ့ မိန်းကလေးဆိုတာ သူ့ဘဝမှာ ဘယ်အရာကို အလိုချင်ဆုံးလဲလို့မေးရင် သင်နဲ့ အတူတူ ပျော်စရာကောင်းတဲ့ ဘဝလေးကို တောင်းမယ့်မိန်းကလေးမျိုးပါ … ။
သူ့ရဲ့ဘဝမှာ အခြားအရာတွေ အားလုံးထက် သင့်ကို ပိုလိုချင်တယ်၊ တစ်လောကလုံးနဲ့သင်တစ်ယောက်တည်းကိုတောင် လဲနိုင်တဲ့ မိန်းကလေးမျိုးပါ။ ဒီလို မိန်းကလေးမျိုးဟာ တော်တော်ကို ရှားပါးတဲ့အတွက် သင့်ချစ်သူသာ ဒီလို မိန်းကလေးမျိုး ဖြစ်ခဲ့ရင် သူ့ကို တန်ဖိုးထားပါ ။
Crd
Zawgyi
မိန္းကေလးေတြက အရမ္းခ်စ္သြားမိရင္ ကိုယ့္ေသြးသားရင္းလိုပဲခံစားရတာ
မိန္းကေလးေတြဟာ ေမြးရာပါ မိခင္စိတ္ ရွိသူေတြ ျဖစ္ၾက ပါတယ္။ စိတ္ႏွလုံးႏူးညံ့တယ္၊ သနားလြယ္တယ္၊ အနစ္နာခံ တတ္တယ္။ ဒီလို မိန္းကေလးေတြဟာ ခ်စ္မိၿပီ ဆိုရင္ သူမတူေအာင္ကို ခ်စ္ႏိုင္ၾကပါတယ္ …. ။
ခ်စ္သူအတြက္ ခ်စ္သူ အျဖစ္သာမက မိခင္တစ္ေယာက္ နီးပါးကို ဂ႐ုစိုက္ ႏိုင္တဲ့၊ ခ်စ္ႏိုင္တဲ့ မိန္းကေလးေတြဆိုတာ ဒီအခ်က္ေတြနဲ႔ ကိုက္ညီေန သူပါ။ ဒါေၾကာင့္ သင့္ခ်စ္သူသာ ဒီလို မိန္းကေလးျဖစ္ေနခဲ့ရင္ သင္ဟာ ကမာၻေပၚမွာ ကံအေကာင္းဆုံး လူတစ္ေယာက္ ျဖစ္တယ္ ဆိုတာ သိထား လိုက္ပါေနာ္ ။
(1) အခ်ိန္ျပည့္စိတ္ပူေပးတယ္
မိခင္တစ္ေယာက္ နီးပါး ခ်စ္ႏိုင္တဲ့ မိန္းကေလး ဆိုတာ သင့္ကို ခဏခဏ ဖုန္းဆက္တယ္၊ အဆက္အသြယ္ လုံးဝအျပတ္မခံဘူး၊ အၿမဲတမ္း စိတ္ပူေပးတယ္၊ အေဝးေရာက္ေန တာေတာင္ သင့္ကို အၿမဲတမ္း ဆက္သြယ္ၿပီး ခဏခဏ သတင္းေမးတတ္ တဲ့သူပါ ။
သင္ဖုန္းမကိုင္ ျဖစ္တဲ့အခ်ိန္ေတြ၊ သတင္းမပို႔တဲ့ အခ်ိန္ေတြ က်ရင္ အ႐ူးတစ္ေယာက္လို စိတ္ေသာကေရာက္ေနတတ္တဲ့ သူပါ။ အေၾကာင္းကေတာ့ သင့္ တစ္ခုခုမ်ားျဖစ္သြားမလား၊ ဒဏ္ရာအနာတရမ်ား ျဖစ္သြားမလား ဆိုၿပီး အၿမဲတမ္း စိတ္ပူေပးတတ္တဲ့ မိခင္စိတ္ရွိတဲ့ ခ်စ္သူမ်ိဳး ျဖစ္ေနလို႔ပါ။
(2) ေႏြးေထြးမႈေပးတယ္
သင့္ခ်စ္သူနားမွာ ရွိေနတဲ့ အခ်ိန္တိုင္းမွာ သင္ဟာ ေႏြးေထြးမႈကို ခံစားရမွာပါ။ သင့္ကို ပြစိပြစိေျပာၿပီး ဆုံးမတတ္တယ္၊ တစ္ခါတေလ သင့္ရဲ႕ ေဝယ်ာဝိစၥေတြ ကိုေတာင္ ကူလုပ္ေပးတယ္၊ သင့္အတြက္ အပင္ပန္းခံၿပီး ခ်က္ျပဳတ္ေပးတယ္ … ။
ေစတနာနဲ႔ အရာရာကို လုပ္ေပးတတ္တဲ့ ခ်စ္သူမ်ိဳးဟာ သင့္ကို မိခင္တစ္ေယာက္နီးပါး ခ်စ္ႏိုင္တဲ့ခ်စ္သူျဖစ္ပါတယ္။ သင့္ကို လုပ္ေပးေနတာေတြ ကလည္း သူအားေနလို႔ မဟုတ္ဘဲ သင့္ကိုအရမ္းခ်စ္လို႔ျဖစ္ပါတယ္။
(3) ဂ႐ုစိုက္ေပးတယ္
သင္ေနမေကာင္းျဖစ္တဲ့အခ်ိန္၊ ဝမ္းနည္းတဲ့ အခ်ိန္ေတြနဲ႔ စိတ္ထိခိုက္စရာ တစ္ခုခုရွိတဲ့ အခ်ိန္ေတြမွာ သင့္ကို ဂ႐ုစိုက္ေပးတဲ့ မိန္းကေလး မ်ိဳးပါ။ သင့္ရဲ႕ အစားအေသာက္၊ အေနအထိုင္၊ အဝတ္အစားကအစ အၿမဲတမ္းဂ႐ုတစိုက္နဲ႔ အေသးစိတ္ ႏိုင္လြန္းတဲ့ မိန္းကေလးမ်ိဳးပါ ။
သင့္ေမြးေန႔၊ ႏွစ္ပတ္လည္ေန႔လို ေန႔ထူးေန႔ျမတ္မ်ိဳးကို မေမ့မေလ်ာ့နဲ႔ ဂ႐ုတစိုက္ အစီအစဥ္ဆြဲထားတတ္သူလည္းျဖစ္ပါတယ္။ ဒါဟာ သင့္ကို အရမ္းခ်စ္လို႔ျဖစ္ပါတယ္။
(4) သင့္ရဲ႕အက်င့္ကိုေကာင္းေကာင္းသိတယ္
လူတိုင္းမွာမေကာင္းတဲ့ အက်င့္ေတြ ရွိၾကပါတယ္။ ဒီလို အက်င့္ေတြကို သည္းမခံႏိုင္လို႔ စုံတြဲေတာ္ေတာ္မ်ားမ်ားက ျပတ္စဲၾကရတာျဖစ္ပါတယ္ ။
သင့္ခ်စ္သူဟာ သင့္ရဲ႕ မေကာင္းတဲ့ အက်င့္ေတြကိုလည္း သိတယ္၊ အားနည္းခ်က္ေတြ ကိုလည္း သိတယ္၊ ဒါေတာင္ သင့္လက္ကို မလႊတ္ဘဲ ဆုပ္ကိုင္ထားတယ္ ဆိုတာက သင့္ကို မိခင္တစ္ေယာက္နီးပါးခ်စ္ႏိုင္တဲ့သူ ျဖစ္လို႔ပါ။
(5) သင္ရွိရင္ျပည့္စုံတယ္
သင့္ကို မိခင္တစ္ေယာက္နီးပါး ခ်စ္တဲ့ မိန္းကေလးဆိုတာ သူ႔ဘဝမွာ ဘယ္အရာကို အလိုခ်င္ဆုံးလဲလို႔ေမးရင္ သင္နဲ႔ အတူတူ ေပ်ာ္စရာေကာင္းတဲ့ ဘဝေလးကို ေတာင္းမယ့္မိန္းကေလးမ်ိဳးပါ … ။
သူ႔ရဲ႕ဘဝမွာ အျခားအရာေတြ အားလုံးထက္ သင့္ကို ပိုလိုခ်င္တယ္၊ တစ္ေလာကလုံးနဲ႔သင္တစ္ေယာက္တည္းကိုေတာင္ လဲႏိုင္တဲ့ မိန္းကေလးမ်ိဳးပါ။ ဒီလို မိန္းကေလးမ်ိဳးဟာ ေတာ္ေတာ္ကို ရွားပါးတဲ့အတြက္ သင့္ခ်စ္သူသာ ဒီလို မိန္းကေလးမ်ိဳး ျဖစ္ခဲ့ရင္ သူ႔ကို တန္ဖိုးထားပါ ။
Crd
No Comments