လက်တွဲဖော် အချင်းချင်း စိတ်ပိုင်းဆိုင်ရာ အားပေးနည်းများ
လက်တွဲဖော်အချင်းချင်းဆိုတာက အမြဲကောင်းမွန်တဲ့အချိန်တွေကိုပဲ ပိုင်ဆိုင်ရမယ်လို့ တရားသေ သတ် မှတ်လို့ မရနိုင်ပါဘူး။ ကောင်းအတူ ဆိုးအတူဆိုတဲ့အတိုင်း ပျော်စရာတွေဆိုရင် ဆတိုး ခံစား တတ်ဖို့ စိတ်မကောင်းစရာဆို တစ်ဦးဦးနဲ့ တစ်ဦး ပြန်လှန် အားပေး ဖြေသိမ့်ပြီး ဝေမျှ တတ်ရ မှာပါ။ လက်တွဲဖော် အချင်းချင်း စိတ်ပိုင်းဆိုင်ရာ အားပေးနည်းများက ဘာတွေ ဖြစ်မလဲဆို တာကို Marry ကနေ ပြောပြပေးချင်တယ်နော်။
အောင်မြင်ခြင်းကို ခံစားရတဲ့အချိန်တွေမှာ အောင်မြင်ခြင်း အသီးအပွင့်တွေကို ဝေမျှပါ။
အောင်မြင်မှုတွေကို အတူတကွ ချီးမြှောက်ပါ။ ခက်ခဲချိန်တွေကို အားပေးပါ။ အောင်မြင်ခြင်းကို ခံစားရတဲ့အချိန်တွေမှာ အောင်မြင်ခြင်း အသီးအပွင့်တွေကို ဝေမျှပါ။ ခက်ခဲတဲ့အချိန်တွေမှာလည်း တစ်ယောက်ကို တစ်ယောက်အားပေးရင်း ခက်ခဲချိန်တွေကို ဖြတ်သန်းတတ်ပါစေ။
တစ်ယောက်ရဲ့ ကောင်းကွက်တွေကို ရှာဖွေပြီး မြင်တတ်ပါစေ
တစ်ယောက်ရဲ့ ကောင်းကွက်တွေကို ရှာဖွေပြီး မြင်တတ်အောင် ကြည့်ပြီး ချီးမွမ်းစကား ဆိုပေးဖို့ လိုအပ်ပါတယ်။ မိမိရဲ့ လက်တွဲဖော်ဆိုတာထက် သူငယ်ချင်းလို အရင်းနှီးဆုံး မိတ်ဆွေတွေလို မိဘလို သဘောထားပြီး ပွင့်လင်းတဲ့ဆက်ဆံရေး တစ်ခုကို တည် ဆောက်ပါ။ ကောင်းတဲ့အရာတွေကိုပဲ အသားပေး မြင်ကြည့်ပေးပါ။
ချစ်စကားလေးတွေကို ရေးပေးဖို့လည်း အရေးကြီးတယ်နော်
ချစ်စကားလေးတွေကို ရေးပေးဖို့လည်း အရေးကြီးတယ်နော်။ ရင်ဘတ်ချင်း ရင်းနှီးပြီးသား ဆိုပြီး ခပ်ပေါ့ပေါ့ မနေပါနဲ့။ အချစ်သစ်ပင်လေး ရှင်သန်နေဖို့ ဆိုရင်တော့ အချစ်စကား လေးတွေဆိုတဲ့ တီတီတာတာလေးတွေလည်း လိုအပ်ပါတယ်။ လက်တွဲဖော်ချင်း ချစ်စရာ စကားချိုလေးတွေ၊ နှစ်ယောက်ကြားက အချစ်ဆိုတာ မရှိမဖြစ်ဆိုတာလေးတွေကို အမြဲ လတ်ဆတ်နေစေရန် ချစ်စကားလေးတွေကို ရေးပေးဖို့ မမေ့ပါနဲ့။
Marry ပြောပြထားတဲ့နည်းလေးတွေကိုသာ လိုက်နာကြည့်ပေးပါ။ လက်တွဲဖော် အချင်းချင်း တစ်ယောက် စိတ်မပျေ်ာဖြစ်တဲ့အချိန်တိုင်း ကျန်တစ်ယောက်က ဘေးနားက အရေးအကြီးဆုံးလူသားအနေနဲ့ နေ့ရက်တိုင်းက သာယာနေမှာ အသေအချာပါ။
Credit:
Zawgyi
Credit:
No Comments