ချစ်ရသူချင်းစိတ်ချင်းဆက်သွယ်တယ်ဆိုတာ - Amawpyay

ချစ်ရသူချင်းစိတ်ချင်းဆက်သွယ်တယ်ဆိုတာ

အခ်စ္ေရး

ချစ်ရသူချင်းစိတ်ချင်းဆက်သွယ်တယ်ဆိုတာ

စိတ်ချင်းဆက်သွယ်တယ် ဆိုတာ တစ်ဦးနဲ့တစ်ဦး စိတ်ခံစားချက်တူညီတာကို ဖော်ပြနေခြင်းဖြစ်ပြီး စိတ်ခံစားမှုနီးစပ်တဲ့ ချစ်သူတွေဟာ ပေါင်းဖက်ရတတ်ပါတယ်။

လူဦးရေသန်းထောင်ပေါင်းများစွာ ရှိတဲ့ထဲကမှ အချစ်ရဆုံးသူတစ်ယောက်နဲ့ အတူတူ ချစ်ရကံကြုံတာကို တမင်တကာ တိုက်ဆိုင်တယ်လို့ယုံပါသလား။ လူတစ်ယောက်ကို မုန်းမေ့ဖို့လွယ်ပေမယ့် ချစ်ရတာခက်ခဲပါတယ်။

ဒါဆို ကျွန်တော်တို့လက်ရှိချစ်နေတဲ့ ချစ်သူတွေဟာ တမင်တစ်ကာ တိုက်ဆိုင်မှုမျိုးနဲ့တော့ ချစ်နေကြရတာမဟုတ်ပါဘူး။ မမြင်နိုင်တဲ့စိတ်က နှောင်တွယ်မှုတွေနဲ့သာ အချစ်ပိုနေကြတာပါ။

စိတ်ချင်းဆက်သွယ်တယ် ဆိုတာဘာကိုပြောတာပါလဲ?

တစ်ခါတစ်လေ သင်ပြောလိုက်၊ သင် တွေးနေ၊ သင်ဖြစ်ချင်တဲ့ တစ်စုံတစ်ရာ အကြောင်းဟာ တစ်စုံတစ်ဦးနဲ့ တူညီနေတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ စိတ်ချင်းဆက်သွယ်နေတာပါ။ ကျွန်တော်တို့ ချစ်ရသူ နဲ့လည်း ကျွန်တော်တို့ စိတ်ချင်းဆက်သွယ်ဖူးပါတယ်။ ဒါဟာ တစ်ဦးနဲ့တစ်ဦး စိတ်ခံစားချက်တူညီတာကို ဖော်ပြနေခြင်းဖြစ်ပြီး စိတ်ခံစားမှုနီးစပ်တဲ့ ချစ်သူတွေဟာ ပေါင်းဖက်ရတတ်ပါတယ်။

သတိရချိန်တူခြင်း

တစ်ခါတစ်လေ ကျွန်တော်တို့တွေဟာ ချစ်ရသူနဲ့ ဝေးလို့(ခဏလေးဖြစ်ဖြစ်၊ အကြာကြီးဖြစ်ဖြစ်ပါ) ကိုယ်စီအလုပ်တွေ လုပ်နေရချိန်ရှိတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ချစ်ရသူဆီကို မအားတဲ့ကြားက သတိရတာမျိုးရှိတတ်ပါတယ်။ သတိရကြောင်းပြောပြချင်တဲ့အခါ ဖုန်းဆက်လိုက်တာမျိုး၊ စာတိုပို့လိုက်တာမျိုး လုပ်တဲ့အခါ တစ်ခါတစ်ရံ တူညီစွာ ချစ်ရသူထံမှ တစ်ချိန်ထဲ ပြန်လာတတ်တာမျိုးရှိပါတယ်။ ဒါဟာ သတိရချိန် တူညီနေတာပါ။ ဒီလိုမျိုး ချစ်သူတွေဟာ အရမ်းကို ပျော်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားရတတ်ပါတယ်။

စိတ်ကူးနဲ့အမူအရာတူခြင်း

လူတွေဟာမတူညီကွဲပြားတဲ့ ပုံပန်းတွေနဲ့ဖွဲ့စည်းထားတာကြောင့် ပုံပန်းသဏ္ဍာန်တင်မကဘဲ စိတ်ကူးတွေ၊ အယူအဆတွေ အမူအရာတွေပါ ကွဲပြားပါတယ်။ ဒီထဲကမှ သင်နဲ့သင့်ချစ်သူဟာ ဆယ်ပုံတစ်ပုံလောက် အတွေးအဆတွေ၊ အမူအရာတွေ စိတ်ကူးတွေပါတူနေပြီဆိုရင်တော့ သင်ဟာတစ်ကယ်ကို ဖူးစာဖက်ကောင်းကို ပိုင်ဆိုင်ထားတာပါ။ စိတ်တူကိုယ်တူဆိုတာ တယ်ရှားသကိုး။

အသွင်မတူရင် အိမ်သူမဖြစ်နိုင်သလို စိတ်အကြံအဆချင်း မတူညီ ကွဲပြားရင်လည်း အိမ်ထောင်ရေး ပြသာနာတွေ ရှိနိုင်ပါတယ်။ ချစ်သူရည်းစား ဘဝကနေ အကြင်လင်မယားအဖြစ်သို့ကူးပြောင်းတဲ့ အခါ စိတ်တူကိုယ်တူဖြစ်ဖို့ အလွန်ပင် အရေးပါပါတယ်။

စိတ်ချင်းနီးနေဖို့၊ စိတ်ချင်းဆက်သွယ်နေဖို့က ချစ်နေသူတိုင်းအတွက်လိုပါတယ်။ စိတ်ချင်းဆက်သွယ်စေဖို့ နားလည်မှုထားပါ။ ချစ်သူကို နားလည်ပေးနိုင်မှုက ချစ်သူနဲ့ စိတ်ချင်းနီးစပ်နိုင်စေဖို့ တိုက်ရိုက်အချိုးကြပါတယ်။

Credit:

Zawgyi

ခ်စ္ရသူခ်င္းစိတ္ခ်င္းဆက္သြယ္တယ္ဆိုတာ

စိတ္ခ်င္းဆက္သြယ္တယ္ ဆိုတာ တစ္ဦးနဲ႔တစ္ဦး စိတ္ခံစားခ်က္တူညီတာကို ေဖာ္ျပေနျခင္းျဖစ္ၿပီး စိတ္ခံစားမႈနီးစပ္တဲ့ ခ်စ္သူေတြဟာ ေပါင္းဖက္ရတတ္ပါတယ္။

လူဦးေရသန္းေထာင္ေပါင္းမ်ားစြာ ရွိတဲ့ထဲကမွ အခ်စ္ရဆုံးသူတစ္ေယာက္နဲ႔ အတူတူ ခ်စ္ရကံႀကဳံတာကို တမင္တကာ တိုက္ဆိုင္တယ္လို႔ယုံပါသလား။ လူတစ္ေယာက္ကို မုန္းေမ့ဖို႔လြယ္ေပမယ့္ ခ်စ္ရတာခက္ခဲပါတယ္။

ဒါဆို ကြၽန္ေတာ္တို႔လက္ရွိခ်စ္ေနတဲ့ ခ်စ္သူေတြဟာ တမင္တစ္ကာ တိုက္ဆိုင္မႈမ်ိဳးနဲ႔ေတာ့ ခ်စ္ေနၾကရတာမဟုတ္ပါဘူး။ မျမင္ႏိုင္တဲ့စိတ္က ေႏွာင္တြယ္မႈေတြနဲ႔သာ အခ်စ္ပိုေနၾကတာပါ။

စိတ္ခ်င္းဆက္သြယ္တယ္ ဆိုတာဘာကိုေျပာတာပါလဲ?

တစ္ခါတစ္ေလ သင္ေျပာလိုက္၊ သင္ ေတြးေန၊ သင္ျဖစ္ခ်င္တဲ့ တစ္စုံတစ္ရာ အေၾကာင္းဟာ တစ္စုံတစ္ဦးနဲ႔ တူညီေနတာကို ေတြ႕ရပါလိမ့္မယ္။ ဒါဟာ စိတ္ခ်င္းဆက္သြယ္ေနတာပါ။ ကြၽန္ေတာ္တို႔ ခ်စ္ရသူ နဲ႔လည္း ကြၽန္ေတာ္တို႔ စိတ္ခ်င္းဆက္သြယ္ဖူးပါတယ္။ ဒါဟာ တစ္ဦးနဲ႔တစ္ဦး စိတ္ခံစားခ်က္တူညီတာကို ေဖာ္ျပေနျခင္းျဖစ္ၿပီး စိတ္ခံစားမႈနီးစပ္တဲ့ ခ်စ္သူေတြဟာ ေပါင္းဖက္ရတတ္ပါတယ္။

သတိရခ်ိန္တူျခင္း

တစ္ခါတစ္ေလ ကြၽန္ေတာ္တို႔ေတြဟာ ခ်စ္ရသူနဲ႔ ေဝးလို႔(ခဏေလးျဖစ္ျဖစ္၊ အၾကာႀကီးျဖစ္ျဖစ္ပါ) ကိုယ္စီအလုပ္ေတြ လုပ္ေနရခ်ိန္ရွိတတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ ခ်စ္ရသူဆီကို မအားတဲ့ၾကားက သတိရတာမ်ိဳးရွိတတ္ပါတယ္။ သတိရေၾကာင္းေျပာျပခ်င္တဲ့အခါ ဖုန္းဆက္လိုက္တာမ်ိဳး၊ စာတိုပို႔လိုက္တာမ်ိဳး လုပ္တဲ့အခါ တစ္ခါတစ္ရံ တူညီစြာ ခ်စ္ရသူထံမွ တစ္ခ်ိန္ထဲ ျပန္လာတတ္တာမ်ိဳးရွိပါတယ္။ ဒါဟာ သတိရခ်ိန္ တူညီေနတာပါ။ ဒီလိုမ်ိဳး ခ်စ္သူေတြဟာ အရမ္းကို ေပ်ာ္စရာေကာင္းတဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ထားရတတ္ပါတယ္။

စိတ္ကူးနဲ႔အမူအရာတူျခင္း

လူေတြဟာမတူညီကြဲျပားတဲ့ ပုံပန္းေတြနဲ႔ဖြဲ႕စည္းထားတာေၾကာင့္ ပုံပန္းသ႑ာန္တင္မကဘဲ စိတ္ကူးေတြ၊ အယူအဆေတြ အမူအရာေတြပါ ကြဲျပားပါတယ္။ ဒီထဲကမွ သင္နဲ႔သင့္ခ်စ္သူဟာ ဆယ္ပုံတစ္ပုံေလာက္ အေတြးအဆေတြ၊ အမူအရာေတြ စိတ္ကူးေတြပါတူေနၿပီဆိုရင္ေတာ့ သင္ဟာတစ္ကယ္ကို ဖူးစာဖက္ေကာင္းကို ပိုင္ဆိုင္ထားတာပါ။ စိတ္တူကိုယ္တူဆိုတာ တယ္ရွားသကိုး။

အသြင္မတူရင္ အိမ္သူမျဖစ္ႏိုင္သလို စိတ္အႀကံအဆခ်င္း မတူညီ ကြဲျပားရင္လည္း အိမ္ေထာင္ေရး ျပသာနာေတြ ရွိႏိုင္ပါတယ္။ ခ်စ္သူရည္းစား ဘဝကေန အၾကင္လင္မယားအျဖစ္သို႔ကူးေျပာင္းတဲ့ အခါ စိတ္တူကိုယ္တူျဖစ္ဖို႔ အလြန္ပင္ အေရးပါပါတယ္။

စိတ္ခ်င္းနီးေနဖို႔၊ စိတ္ခ်င္းဆက္သြယ္ေနဖို႔က ခ်စ္ေနသူတိုင္းအတြက္လိုပါတယ္။ စိတ္ခ်င္းဆက္သြယ္ေစဖို႔ နားလည္မႈထားပါ။ ခ်စ္သူကို နားလည္ေပးႏိုင္မႈက ခ်စ္သူနဲ႔ စိတ္ခ်င္းနီးစပ္ႏိုင္ေစဖို႔ တိုက္႐ိုက္အခ်ိဳးၾကပါတယ္။

Credit:

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …