ကပ္ပတိန် ဂျက်စပဲရိုး ခေါင်းပေါ်က မြန်မာ့ငါးပြားစေ့အကြောင်း - Amawpyay

ကပ္ပတိန် ဂျက်စပဲရိုး ခေါင်းပေါ်က မြန်မာ့ငါးပြားစေ့အကြောင်း

Knowledge

ကပ္ပတိန် ဂျက်စပဲရိုး ခေါင်းပေါ်က မြန်မာ့ငါးပြားစေ့အကြောင်း

Pirate of the Carribean ဇာတ်ကားတွေထဲက ဇာတ်လိုက်ကျော် ပင်လယ်ဓားပြကြီး ကပ္ပတိန်ဂျက်စပဲရိုးCaptain Jack Sparrow (Jonny Deep) နဖူးပေါ်မှာ တွဲလောင်းဆွဲထားတဲ့ သူ့ရဲ့အဆောင်လေးကို မိတ်ဆွေတို့ သတိထားမိမှာပါ။

အဲ့သည့်အဆောင်လေးမှာ ပစ္စည်း ၈ မျိုးပါတဲ့အတွက် Jack Sparrow’s piece of eight လို့ခေါ်ပါတယ်။ ဒင်္ဂါးလေးတစ်ပြားပါပြီး ပုတီးစိလေးတွေ သီထားပါတယ်။
Jack ပထမဆုံး ဓါးမြတိုက်ခဲ့တဲ့ ပြင်သစ်သင်္ဘောက ရရှိတာဖြစ်ပြီးဒင်္ဂါးလေးကို ကံကောင်းစေတဲ့အဆောင်အဖြစ်Jack က သူ့နဖူးခေါင်းစီးမှာ အမြတ်တနိုး ဆွဲထားပါသတဲ့။

ဒါမရှိရင် Jack Sparrow ဘုန်းနိမ့်မယ်ဆိုတာ သိတဲ့ သူ့ရန်သူတွေဟာ အဲ့ဒီအဆောင်လေးကို မရမက လိုက်လုပါတယ်။ Captain Jolly Roger ဆိုရင် လောင်းကစားလုပ်ပြီး လုဖူးပါတယ်။

ဒါပေမယ့် သူမရခဲ့ပါဘူး။ နောက်ဆုံးတော့ At World’s End ထဲမှာ Jack ရဲ့ အဆောင်လေးကို Hector Barbossa ဖြတ်ထုတ်လိုက်တာကြောင့်Jack ကံဆိုးသွားပြီးရေဘဝဲကြီး ခံတွင်းထဲကို သက်ဆင်းသွားရပါတော့တယ်။ ဒါက piece of eight အကြောင်းပါ။

စကားမစပ်!!! မိတ်ဆွေတို့ သတိထားမိပါသလား

သေချာကြည့်ကြည့်ပါအဲ့သည့် ဒင်္ဂါးလေးဟာ ၁၉၆၂ ခုနှစ်ထုတ် မြန်မာငွေ ငါးပြား ဖြစ်နေပါတယ်ခင်ဗျာ

ကျွန်တော်လည်း တလောက HD ကြည့်မိမှ သတိထားမိတာပါဒါနဲ့ internet မှာရှာကြည့်ပါတယ်။ Disney က ဘာပြောထားသလဲဆိုတော့ဒင်္ဂါးလေးက ထိုင်းက ရှေးဟောင်း ဒင်္ဂါးလေးဖြစ်ပြီး ပုတီးစိလေးတွေကတော့ မော်ရိုကိုကဖြစ်ပါတယ်တဲ့။

ကျွန်တော်လည်း တတ်စွမ်းသမျှ ယိုးဒယားဒင်္ဂါးတွေ ရှာကြည့်ပါတယ်ပုံစံတူလုံးဝ မရှိပါခင်ဗျာ။ သူတို့ ပိုက်ဆံတွေမှာ ထိုင်းဘုရင်ပုံနဲ့ စေတီပုထိုးပုံတွေသာ သွန်းလောင်းပါတယ်ကေသရာဇာ ခြင်္သေ့ပုံ မရှိပါဘူးသေချာတိုက်ကြည့်ပါ။ ဒါ ၁၉၆၂ ထုတ် မြန်မာ့ပိုက်ဆံ ငါးပြားသာဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာကျော် Captain Jack Sparrow ဟာမြန်မာ့ငါးပြားကို တရိုတသေ ချိတ်ဆွဲ တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီးမြန်မာ့ငါးပြားမရှိတော့တဲ့အတွက် သူကံဆိုးသွားရတာဖြစ်ကြောင်း ပြောပြရင်း ငါးပြားရှင် မြန်မာလူမျိုးတစ်ယောက် အနေနဲ့သင်လည်း ဂုဏ်ယူနိုင်ကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာ။

Crd

Zawgyi

ကပၸတိန္ ဂ်က္စပဲ႐ိုး ေခါင္းေပၚက ျမန္မာ့ငါးျပားေစ့အေၾကာင္း

Pirate of the Carribean ဇာတ္ကားေတြထဲက ဇာတ္လိုက္ေက်ာ္ ပင္လယ္ဓားျပႀကီး ကပၸတိန္ဂ်က္စပဲ႐ိုးCaptain Jack Sparrow (Jonny Deep) နဖူးေပၚမွာ တြဲေလာင္းဆြဲထားတဲ့ သူ႔ရဲ႕အေဆာင္ေလးကို မိတ္ေဆြတို႔ သတိထားမိမွာပါ။

အဲ့သည့္အေဆာင္ေလးမွာ ပစၥည္း ၈ မ်ိဳးပါတဲ့အတြက္ Jack Sparrow’s piece of eight လို႔ေခၚပါတယ္။ ဒဂၤါးေလးတစ္ျပားပါၿပီး ပုတီးစိေလးေတြ သီထားပါတယ္။
Jack ပထမဆုံး ဓါးျမတိုက္ခဲ့တဲ့ ျပင္သစ္သေဘၤာက ရရွိတာျဖစ္ၿပီးဒဂၤါးေလးကို ကံေကာင္းေစတဲ့အေဆာင္အျဖစ္Jack က သူ႔နဖူးေခါင္းစီးမွာ အျမတ္တႏိုး ဆြဲထားပါသတဲ့။

ဒါမရွိရင္ Jack Sparrow ဘုန္းနိမ့္မယ္ဆိုတာ သိတဲ့ သူ႔ရန္သူေတြဟာ အဲ့ဒီအေဆာင္ေလးကို မရမက လိုက္လုပါတယ္။ Captain Jolly Roger ဆိုရင္ ေလာင္းကစားလုပ္ၿပီး လုဖူးပါတယ္။

ဒါေပမယ့္ သူမရခဲ့ပါဘူး။ ေနာက္ဆုံးေတာ့ At World’s End ထဲမွာ Jack ရဲ႕ အေဆာင္ေလးကို Hector Barbossa ျဖတ္ထုတ္လိုက္တာေၾကာင့္Jack ကံဆိုးသြားၿပီးေရဘဝဲႀကီး ခံတြင္းထဲကို သက္ဆင္းသြားရပါေတာ့တယ္။ ဒါက piece of eight အေၾကာင္းပါ။

စကားမစပ္!!! မိတ္ေဆြတို႔ သတိထားမိပါသလား

ေသခ်ာၾကည့္ၾကည့္ပါအဲ့သည့္ ဒဂၤါးေလးဟာ ၁၉၆၂ ခုႏွစ္ထုတ္ ျမန္မာေငြ ငါးျပား ျဖစ္ေနပါတယ္ခင္ဗ်ာ

ကြၽန္ေတာ္လည္း တေလာက HD ၾကည့္မိမွ သတိထားမိတာပါဒါနဲ႔ internet မွာရွာၾကည့္ပါတယ္။ Disney က ဘာေျပာထားသလဲဆိုေတာ့ဒဂၤါးေလးက ထိုင္းက ေရွးေဟာင္း ဒဂၤါးေလးျဖစ္ၿပီး ပုတီးစိေလးေတြကေတာ့ ေမာ္႐ိုကိုကျဖစ္ပါတယ္တဲ့။

ကြၽန္ေတာ္လည္း တတ္စြမ္းသမွ် ယိုးဒယားဒဂၤါးေတြ ရွာၾကည့္ပါတယ္ပုံစံတူလုံးဝ မရွိပါခင္ဗ်ာ။ သူတို႔ ပိုက္ဆံေတြမွာ ထိုင္းဘုရင္ပုံနဲ႔ ေစတီပုထိုးပုံေတြသာ သြန္းေလာင္းပါတယ္ေကသရာဇာ ျခေသၤ့ပုံ မရွိပါဘူးေသခ်ာတိုက္ၾကည့္ပါ။ ဒါ ၁၉၆၂ ထုတ္ ျမန္မာ့ပိုက္ဆံ ငါးျပားသာျဖစ္ပါတယ္။

ဒါေၾကာင့္ ကမာၻေက်ာ္ Captain Jack Sparrow ဟာျမန္မာ့ငါးျပားကို တ႐ိုတေသ ခ်ိတ္ဆြဲ တိုက္ပြဲဝင္ခဲ့တာျဖစ္ၿပီးျမန္မာ့ငါးျပားမရွိေတာ့တဲ့အတြက္ သူကံဆိုးသြားရတာျဖစ္ေၾကာင္း ေျပာျပရင္း ငါးျပားရွင္ ျမန္မာလူမ်ိဳးတစ္ေယာက္ အေနနဲ႔သင္လည္း ဂုဏ္ယူႏိုင္ေၾကာင္းတင္ဆက္လိုက္ရပါတယ္ခင္ဗ်ာ။

Crd

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

Knowledge
သစ္စာဖောက်သော ခိုလေး

သစ္စာဖောက်သော ခိုလေး တခါတုန်းက အမဲလိုက်ဖို့ အတွက် သိမ်းငှက်တွေကို လေ့ကျင့်ပေးနေတဲ့ သိမ်းငှက်ဆရာ တဦး ရှိတယ် ။ တနေ့သောအခါ သိမ်းငှက်ဆရာရဲ့ ပိုက်ကွန်ထဲမှာ ခါငှက်တကောင် ဖမ်းမိပါတယ်။ အဖမ်းခံရတဲ့ ခါငှက်ဟာ သူ့ကို လွှတ်ပေးဖို့ တောင်းပန်တယ် ။ ” အကယ်၍ ကျွန်ုပ်ကိုသာ လွှတ်ပေးမည် သွားခွင့်ပေးမည် ဆိုပါက အခြားသော ခါငှက် အပေါင်းတို့ကို ဤပိုက်ကွန်ထဲသို့ ရောက်ရှိ ကျရောက်လာအောင် ကျွန်ုပ်ဟာ တည်ကြက် အဖြစ် အသုံးချခံပြီး လုပ်ဆောင်ပေးပါမည်” ဟု ခါငှက်က သိမ်းငှက်ဆရာကို ပြောလိုက်တယ် ။ ထိုအခါ သိမ်းငှက်ဆရာက.. ” မလွှတ်ပေးဘူး ၊ သင့်ကို …

Knowledge
သန်းကြွယ်သူဌေးကြီး၏ လွယ်ကူသော စီးပွားရှာနည်း

သန်းကြွယ်သူဌေးကြီး၏ လွယ်ကူသော စီးပွားရှာနည်း ဟိုတယ်တွင် လခစား လုပ်ကိုင်နေသော လူငယ်တစ်ယောက်သည် စီးပွားရေးစာအုပ်များ သူငှေးဖြစ်နည်းစာအုပ်များကို အမြဲဖတ်နေသော်လည်း တကယ်ကြီးပွားအောင် မည်သို့ စပြီးလုပ်ရမှန်းမသိ ဖြစ်နေသည်။ တစ်နေ့၌ ခရီးသွားလုပ်ငန်း ဦးဆောင်နေသော သန်းကြွယ် သူငှေးကြီးသည် အမှတ်မထင် သူငှေးဖြစ်နည်းစာအုပ်ဖတ်နေသော လူငယ်အား ‘ကောင်လေး’ မင်း တစ်ရက် တစ်သိန်းစုရင် နှစ်ပေါင်း သုံးဆယ်ဆိုရင် မင်းဘယ်လောက်ပိုင်ပြီလဲ? လူငယ်က အတန်ကြာ တွက်ချက်နေခိုက်သူးငှေးကြီး က တစ်ရက် တစ်သိန်း နှစ်ပေါင်း သုံးဆယ်ဆိုရင် သိန်းတစ်သောင်းကျော် ဆိုတော့ မင်း အသက် အခု နှစ်ဆယ်ပဲဆိုရင် နောက်အသက် ငါးဆယ်လောက်မှ ဒီပိုက်ဆံ ပိုင်ဆိုင်ရမှာ။ဒါတောင် သန်းကြွယ်သူငှေး မဖြစ်နိုင်သေးဘူး။ကောင်လေးက ဒါဆိုကျနော် …

Knowledge
စံပယ်(၉)ရွက် ဝမ်းကိုက်ပြတ်ဆေး

စံပယ်(၉)ရွက် ဝမ်းကိုက်ပြတ်ဆေး ဝမ်​းကိုက်​​ရောဂါဖြစ်​ရသည်​့ အ​ကြောင်​းအရင်​း ဝမ်​းကိုက်​​ရောဂါသည်​ များ​သောအားဖြင်​့ ပတ်​ဝန်​းကျင်​မသန်​့ရှင်​းမှု​ကြောင်​့ဖြစ်​ရပါသည်​။ထို့​ကြောင်​့ ပတ်​ဝန်​းကို တတ်​နိုင်​သမျှ သန်​့ရှင်​း​အောင်​ ထားရပါမည်​။မသန်​့ရှင်​း​သော​ရေကို ​သောက်​သုံးမိလျှင်​လည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ ​ရေကိုကျိုချက်​ပြီးမှ ​သောက်​သုံးသင်​့ပါသည်။မသန်​့ရှင်​း​သော ဟင်​းသီးဟင်​းရွက်​များ ချက်​ပြုတ်​စား​သောက်​မိလျှင်​လည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ ဟင်​းသီးဟင်​းရွက်​များကို စင်​ကြယ်​​အောင်​​ဆေးပြီးမှ ချက်​ပြုတ်​ စား​သောက်​သင်​့ပါသည်​။ မသန်​့ရှင်​း​သော အစားအစာများမှလည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ သန်​့ရှင်​းလတ်​ဆတ်​​သော အစားအစာများသာ စားသုံးသင်​့ပါသည်​။တိရစ္ဆာန်​မှရရှိ​သော နို့​ကြောင်​့လည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ ကြိုချက်​ပြီးမှ ​သောက်​သုံးသင်​့ပါသည်​။ တစ်ကိုယ်ရေမသန့်ရှင်းမှုကြောင့်လဲဖြစ်တတ်ပါသည်။ထို့​ကြောင်​့ လက်​ကိုစင်​ကြယ်​​ကောင်​​ဆေးခြင်​း ​ခြေသည်​း လက်​သည်​းများညှပ်​ခြင်​းဖြင်​့ တစ်​ကိုယ်​​ရေသန်​့ရှင်​းမှု ပြုလုပ်​သင်​့ပါသည်​။ ဝမ်​းကိုက်​​ရောဂါ လက္ခဏများ ဝမ်​းသွားရာတွင်​ ဝမ်​းများများမသွားရပဲ ဝမ်​းနဲနဲမျှသာသွားပြီး တစ်​​နေ့လျှင်​ ​ခြောက်​ကြိမ်​မှ ဆယ်​ကြိမ်​အထိ အကျိအချွဲများသွားတတ်​ပါသည်​။ဝမ်​းသွားလျှင်​ ဝမ်​းဗိုက်​ရစ်​ဆွဲပြီးမှ သွားတတ်​ပါသည်​။ တစ်​ခါတစ်​ရံမှာ …