စိတ်မနှံပေမယ့် သူ့ရဲ့အမေအိုကြီးကို လုပ်ကျွေးနေတဲ့ သားကြီး - Amawpyay

စိတ်မနှံပေမယ့် သူ့ရဲ့အမေအိုကြီးကို လုပ်ကျွေးနေတဲ့ သားကြီး

Knowledge

စိတ်မနှံပေမယ့် သူ့ရဲ့အမေအိုကြီးကို လုပ်ကျွေးနေတဲ့ သားကြီး

စိတ်မနှံပေမယ့် သူ့ရဲ့အမေအိုကြီးကို လုပ်ကျွေးနေတဲ့ သားကြီးကို “မင်းဘာလို့ မင်းအမေအိုကြီးကို လုပ်ကျွေးနေရတာလဲ့” မေးလိုက်တဲ့အခါမှာ

သားဆိုးသမီးဆိုး ပစ်ရိုးထုံးစံမရှိဘူးဆိုသလို၊ မိခင်ဆိုးဖခင်ဆိုးဆိုရင်လည်း သားသမီးတွေနဲ့ ဆိုင်ပါတယ်။ မိဘနဲ့သားသမီးတွေဆိုတာတစ်ဦးနဲ့တစ်ဦး ပစ်ပယ်ဖို့မသင့်တဲ့ အရင်းနီးဆုံးသော လူသားတွေဖြစ်ကြပါတယ်။ အခုလည်း အသက်(၅၀)အရွယ်သားကြီးတစ်ယောက် မိခင်ကို တစ်ဦးတည်း လုပ်ကျွေးနေရပါတယ်။

သူကိုယ်တိုင်က ဇရာဘက်ကို ခြေတစ်လှမ်း လှမ်းလာနေပြီဖြစ်တဲ့ သားကြီးဟာ သူ့ရဲ့အသက်(၉၀)အရွယ် မိခင်ကြီးကို ပြုစုလုပ်ကျွေးနေရတာပါ။ သားဖြစ်သူဟာ စိတ်လည်း သိပ်မနှံ့ပေမယ့် သူ့မှာ မိဘကို ပြုစုလုပ်ကျွေးမယ်ဆိုပြီး အသိစိတ်ဓာတ်ရှိနေတာ အလွန် ချီးကျူးစရာပါ။

“ဘာလို့ မိခင်ကြီးကို လုပ်ကျွေးနေတာလဲ ” အမေးခံရတိုင်း ” ကျုပ်အမေမို့ပေါ့ … ကျုပ်က သူ့သားမို့ သူ့ကို လုပ်ကျွေးဖို့ ဝတ္တရားအပြည့်ရှိတယ် “လို့ ပြောခဲ့ပါတယ်။

ဒီစကားဟာ စိတ်မနှံ့ဘူးဆိုတဲ့လူတစ်ယောက်ဆီက စကားဆိုပေမယ့် မိဘတွေ ကိုယ့်အပေါ်တာဝန်ကျေခဲ့သလောက် ကိုယ်က တာဝန်မကျေနိုင်ရင်တောင် မိဘတွေ အိုမင်းမစွမ်းဖြစ်လာခဲ့အခါ ကိုယ်က ပြုစုလုပ်ကျွေးရမယ့်ဝတ္တရားကိုတော့ သားသမီးတိုင်း ယူသင့်တယ်လို့ ထောက်ပြခဲ့တဲ့ စကားပါ။

သူက ” ငွေဝင်ကတော့ မကောင်းဘူး … ဒါပေမယ့် ကျုပ်အမေ ထမင်းဝမှ ကျုပ်က စားမှာ “လို့ ပြောပါတယ်။အသက်(၉၀)အရွယ် မိခင်အိုကြီးမှာ သားသမီး(၅)ယောက် ရှိခဲ့ပါတယ်။ (၂)ယောက်က သေသွားပြီ ဖြစ်ပြီး၊ အခြားနှစ်ယောက်က သူတို့နဲ့အဝေးတစ်နေရာမှာ ကိုယ်ပိုင်မိသားစုတွေနဲပါ။

မိခင်ကြီးကတော့ စိတ်သိပ်မနှံ့တဲ့ အငယ်ဆုံးသားနဲ့သာ ကျန်နေရစ်ရှာပါတယ်။ စိတ်မနှံ့သူဆိုတော့ ဘယ်သူမှ အလုပ်မပေးချင်ကြပါဘူး။ ဒါကြောင့် သူဟာ စွန့်ပစ်ပစ္စည်းတွေ လိုက်ကောက်ပြီး၊ ငွေရှာရပါတယ်။

အမှိုက်ကောက်တဲ့သူဆိုတော့ သူများတွေလောက် ပိုက်ဆံရဖို့ ဘယ်လွယ်မလဲ။ ဒီလိုပဲ အမှိုက်ကို ပြန်ဝယ်တဲ့လူတွေကလည်း သူ့ကိုလူအမို့ ဈေးနှိမ်ကြပါတယ်။

ဒါပေမယ့် အမေ့ကို ထမင်း အငတ်မခံပါဘူး။မိခင်က အစာအမာ စားဖို့မလွယ်တဲ့အရွယ်မို့ နွားနို့ဆန်ပြုတ်တို့၊ သစ်သီးဖျော်ရည်တို့ကို ရှာကြံလုပ်ကျွေးရှာပါတယ်။

မိခင်ကြီးကိုမကြာခဏ သန့်ရှင်းရေးလုပ်ပေးပါတယ်။ သူတို့သားအမိဟာ ဗီယက်နမ်က လူဆင်းရဲရပ်ကွက်မှာ နေရပါတယ်။ သားဖြစ်သူရဲ့လုပ်ရပ်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ငွေရေးကြေးရေးအရ အကူအညီတွေရနိုင်မယ်လို့ မှန်းဆနေရပါတယ်။

Crd

Zawgyi

စိတ္မႏွံေပမယ့္ သူ႔ရဲ႕အေမအိုႀကီးကို လုပ္ေကြၽးေနတဲ့ သားႀကီး

စိတ္မႏွံေပမယ့္ သူ႔ရဲ႕အေမအိုႀကီးကို လုပ္ေကြၽးေနတဲ့ သားႀကီးကို “မင္းဘာလို႔ မင္းအေမအိုႀကီးကို လုပ္ေကြၽးေနရတာလဲ့” ေမးလိုက္တဲ့အခါမွာ

သားဆိုးသမီးဆိုး ပစ္႐ိုးထုံးစံမရွိဘူးဆိုသလို၊ မိခင္ဆိုးဖခင္ဆိုးဆိုရင္လည္း သားသမီးေတြနဲ႔ ဆိုင္ပါတယ္။ မိဘနဲ႔သားသမီးေတြဆိုတာတစ္ဦးနဲ႔တစ္ဦး ပစ္ပယ္ဖို႔မသင့္တဲ့ အရင္းနီးဆုံးေသာ လူသားေတြျဖစ္ၾကပါတယ္။ အခုလည္း အသက္(၅၀)အ႐ြယ္သားႀကီးတစ္ေယာက္ မိခင္ကို တစ္ဦးတည္း လုပ္ေကြၽးေနရပါတယ္။

သူကိုယ္တိုင္က ဇရာဘက္ကို ေျခတစ္လွမ္း လွမ္းလာေနၿပီျဖစ္တဲ့ သားႀကီးဟာ သူ႔ရဲ႕အသက္(၉၀)အ႐ြယ္ မိခင္ႀကီးကို ျပဳစုလုပ္ေကြၽးေနရတာပါ။ သားျဖစ္သူဟာ စိတ္လည္း သိပ္မႏွံ႔ေပမယ့္ သူ႔မွာ မိဘကို ျပဳစုလုပ္ေကြၽးမယ္ဆိုၿပီး အသိစိတ္ဓာတ္ရွိေနတာ အလြန္ ခ်ီးက်ဴးစရာပါ။

“ဘာလို႔ မိခင္ႀကီးကို လုပ္ေကြၽးေနတာလဲ ” အေမးခံရတိုင္း ” က်ဳပ္အေမမို႔ေပါ့ … က်ဳပ္က သူ႔သားမို႔ သူ႔ကို လုပ္ေကြၽးဖို႔ ဝတၱရားအျပည့္ရွိတယ္ “လို႔ ေျပာခဲ့ပါတယ္။

ဒီစကားဟာ စိတ္မႏွံ႔ဘူးဆိုတဲ့လူတစ္ေယာက္ဆီက စကားဆိုေပမယ့္ မိဘေတြ ကိုယ့္အေပၚတာဝန္ေက်ခဲ့သေလာက္ ကိုယ္က တာဝန္မေက်ႏိုင္ရင္ေတာင္ မိဘေတြ အိုမင္းမစြမ္းျဖစ္လာခဲ့အခါ ကိုယ္က ျပဳစုလုပ္ေကြၽးရမယ့္ဝတၱရားကိုေတာ့ သားသမီးတိုင္း ယူသင့္တယ္လို႔ ေထာက္ျပခဲ့တဲ့ စကားပါ။

သူက ” ေငြဝင္ကေတာ့ မေကာင္းဘူး … ဒါေပမယ့္ က်ဳပ္အေမ ထမင္းဝမွ က်ဳပ္က စားမွာ “လို႔ ေျပာပါတယ္။အသက္(၉၀)အ႐ြယ္ မိခင္အိုႀကီးမွာ သားသမီး(၅)ေယာက္ ရွိခဲ့ပါတယ္။ (၂)ေယာက္က ေသသြားၿပီ ျဖစ္ၿပီး၊ အျခားႏွစ္ေယာက္က သူတို႔နဲ႔အေဝးတစ္ေနရာမွာ ကိုယ္ပိုင္မိသားစုေတြနဲပါ။

မိခင္ႀကီးကေတာ့ စိတ္သိပ္မႏွံ႔တဲ့ အငယ္ဆုံးသားနဲ႔သာ က်န္ေနရစ္ရွာပါတယ္။ စိတ္မႏွံ႔သူဆိုေတာ့ ဘယ္သူမွ အလုပ္မေပးခ်င္ၾကပါဘူး။ ဒါေၾကာင့္ သူဟာ စြန႔္ပစ္ပစၥည္းေတြ လိုက္ေကာက္ၿပီး၊ ေငြရွာရပါတယ္။

အမႈိက္ေကာက္တဲ့သူဆိုေတာ့ သူမ်ားေတြေလာက္ ပိုက္ဆံရဖို႔ ဘယ္လြယ္မလဲ။ ဒီလိုပဲ အမႈိက္ကို ျပန္ဝယ္တဲ့လူေတြကလည္း သူ႔ကိုလူအမို႔ ေဈးႏွိမ္ၾကပါတယ္။

ဒါေပမယ့္ အေမ့ကို ထမင္း အငတ္မခံပါဘူး။မိခင္က အစာအမာ စားဖို႔မလြယ္တဲ့အ႐ြယ္မို႔ ႏြားႏို႔ဆန္ျပဳတ္တို႔၊ သစ္သီးေဖ်ာ္ရည္တို႔ကို ရွာႀကံလုပ္ေကြၽးရွာပါတယ္။

မိခင္ႀကီးကိုမၾကာခဏ သန႔္ရွင္းေရးလုပ္ေပးပါတယ္။ သူတို႔သားအမိဟာ ဗီယက္နမ္က လူဆင္းရဲရပ္ကြက္မွာ ေနရပါတယ္။ သားျဖစ္သူရဲ႕လုပ္ရပ္ဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ေနၿပီး ေငြေရးေၾကးေရးအရ အကူအညီေတြရႏိုင္မယ္လို႔ မွန္းဆေနရပါတယ္။

Crd

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

Knowledge
သစ္စာဖောက်သော ခိုလေး

သစ္စာဖောက်သော ခိုလေး တခါတုန်းက အမဲလိုက်ဖို့ အတွက် သိမ်းငှက်တွေကို လေ့ကျင့်ပေးနေတဲ့ သိမ်းငှက်ဆရာ တဦး ရှိတယ် ။ တနေ့သောအခါ သိမ်းငှက်ဆရာရဲ့ ပိုက်ကွန်ထဲမှာ ခါငှက်တကောင် ဖမ်းမိပါတယ်။ အဖမ်းခံရတဲ့ ခါငှက်ဟာ သူ့ကို လွှတ်ပေးဖို့ တောင်းပန်တယ် ။ ” အကယ်၍ ကျွန်ုပ်ကိုသာ လွှတ်ပေးမည် သွားခွင့်ပေးမည် ဆိုပါက အခြားသော ခါငှက် အပေါင်းတို့ကို ဤပိုက်ကွန်ထဲသို့ ရောက်ရှိ ကျရောက်လာအောင် ကျွန်ုပ်ဟာ တည်ကြက် အဖြစ် အသုံးချခံပြီး လုပ်ဆောင်ပေးပါမည်” ဟု ခါငှက်က သိမ်းငှက်ဆရာကို ပြောလိုက်တယ် ။ ထိုအခါ သိမ်းငှက်ဆရာက.. ” မလွှတ်ပေးဘူး ၊ သင့်ကို …

Knowledge
သန်းကြွယ်သူဌေးကြီး၏ လွယ်ကူသော စီးပွားရှာနည်း

သန်းကြွယ်သူဌေးကြီး၏ လွယ်ကူသော စီးပွားရှာနည်း ဟိုတယ်တွင် လခစား လုပ်ကိုင်နေသော လူငယ်တစ်ယောက်သည် စီးပွားရေးစာအုပ်များ သူငှေးဖြစ်နည်းစာအုပ်များကို အမြဲဖတ်နေသော်လည်း တကယ်ကြီးပွားအောင် မည်သို့ စပြီးလုပ်ရမှန်းမသိ ဖြစ်နေသည်။ တစ်နေ့၌ ခရီးသွားလုပ်ငန်း ဦးဆောင်နေသော သန်းကြွယ် သူငှေးကြီးသည် အမှတ်မထင် သူငှေးဖြစ်နည်းစာအုပ်ဖတ်နေသော လူငယ်အား ‘ကောင်လေး’ မင်း တစ်ရက် တစ်သိန်းစုရင် နှစ်ပေါင်း သုံးဆယ်ဆိုရင် မင်းဘယ်လောက်ပိုင်ပြီလဲ? လူငယ်က အတန်ကြာ တွက်ချက်နေခိုက်သူးငှေးကြီး က တစ်ရက် တစ်သိန်း နှစ်ပေါင်း သုံးဆယ်ဆိုရင် သိန်းတစ်သောင်းကျော် ဆိုတော့ မင်း အသက် အခု နှစ်ဆယ်ပဲဆိုရင် နောက်အသက် ငါးဆယ်လောက်မှ ဒီပိုက်ဆံ ပိုင်ဆိုင်ရမှာ။ဒါတောင် သန်းကြွယ်သူငှေး မဖြစ်နိုင်သေးဘူး။ကောင်လေးက ဒါဆိုကျနော် …

Knowledge
စံပယ်(၉)ရွက် ဝမ်းကိုက်ပြတ်ဆေး

စံပယ်(၉)ရွက် ဝမ်းကိုက်ပြတ်ဆေး ဝမ်​းကိုက်​​ရောဂါဖြစ်​ရသည်​့ အ​ကြောင်​းအရင်​း ဝမ်​းကိုက်​​ရောဂါသည်​ များ​သောအားဖြင်​့ ပတ်​ဝန်​းကျင်​မသန်​့ရှင်​းမှု​ကြောင်​့ဖြစ်​ရပါသည်​။ထို့​ကြောင်​့ ပတ်​ဝန်​းကို တတ်​နိုင်​သမျှ သန်​့ရှင်​း​အောင်​ ထားရပါမည်​။မသန်​့ရှင်​း​သော​ရေကို ​သောက်​သုံးမိလျှင်​လည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ ​ရေကိုကျိုချက်​ပြီးမှ ​သောက်​သုံးသင်​့ပါသည်။မသန်​့ရှင်​း​သော ဟင်​းသီးဟင်​းရွက်​များ ချက်​ပြုတ်​စား​သောက်​မိလျှင်​လည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ ဟင်​းသီးဟင်​းရွက်​များကို စင်​ကြယ်​​အောင်​​ဆေးပြီးမှ ချက်​ပြုတ်​ စား​သောက်​သင်​့ပါသည်​။ မသန်​့ရှင်​း​သော အစားအစာများမှလည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ သန်​့ရှင်​းလတ်​ဆတ်​​သော အစားအစာများသာ စားသုံးသင်​့ပါသည်​။တိရစ္ဆာန်​မှရရှိ​သော နို့​ကြောင်​့လည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ ကြိုချက်​ပြီးမှ ​သောက်​သုံးသင်​့ပါသည်​။ တစ်ကိုယ်ရေမသန့်ရှင်းမှုကြောင့်လဲဖြစ်တတ်ပါသည်။ထို့​ကြောင်​့ လက်​ကိုစင်​ကြယ်​​ကောင်​​ဆေးခြင်​း ​ခြေသည်​း လက်​သည်​းများညှပ်​ခြင်​းဖြင်​့ တစ်​ကိုယ်​​ရေသန်​့ရှင်​းမှု ပြုလုပ်​သင်​့ပါသည်​။ ဝမ်​းကိုက်​​ရောဂါ လက္ခဏများ ဝမ်​းသွားရာတွင်​ ဝမ်​းများများမသွားရပဲ ဝမ်​းနဲနဲမျှသာသွားပြီး တစ်​​နေ့လျှင်​ ​ခြောက်​ကြိမ်​မှ ဆယ်​ကြိမ်​အထိ အကျိအချွဲများသွားတတ်​ပါသည်​။ဝမ်​းသွားလျှင်​ ဝမ်​းဗိုက်​ရစ်​ဆွဲပြီးမှ သွားတတ်​ပါသည်​။ တစ်​ခါတစ်​ရံမှာ …