"လူတချို့က အမြဲတမ်းမြင်နေရရင် မမြင်တတ်တော့ဘူး" - Amawpyay

“လူတချို့က အမြဲတမ်းမြင်နေရရင် မမြင်တတ်တော့ဘူး”

Knowledge

“လူတချို့က အမြဲတမ်းမြင်နေရရင် မမြင်တတ်တော့ဘူး”

ငယ်ငယ်က မြန်မာဗီဒီယိုဇာတ်ကားတွေကြည့်ရင်

ကျွန်တော်သဘောမကျတဲ့ ဇာတ်ဝင်ခန်းတခုရှိတယ်။အဲဒါကဘာလဲဆိုတော့သူဌေးအိမ်က ခြံစောင့်တို့၊သန့်ရှင်းရေးတို့ လုပ်တဲ့သူတွေကို သူဌေးကတော် (အိမ်ရှင်မ)က ခြံဝန်းထဲက ပန်းအိုးတွေကိုဒီနေ့မှာ ဟိုနေရာရွှေ့ခိုင်းလိုက်၊နောက်နေ့ရောက်ရင်ဟိုနေရာရွှေ့ခိုင်းလိုက် လုပ်ခိုင်းတဲ့ဇာတ်ဝင်ခန်းမျိုး။

အဲဒီတုန်းက “ဪ သူဌေးက‌တော် တွေကလဲ အလုပ်မရှိ ကြောင်ရေချိုး ချင်ကြတယ် ၊ အလုပ်သမားတွေကိုသက်သက်မဲ့ ညှဉ်းပန်းတယ်၊သူ့ဟာသူနေတဲ့ပန်းအိုးတွေကို ဒီအတိုင်းထားလိုက်ပါလား၊

အခုတော့ ဟိုရွှေ့ဒီရွှေ့နဲ့ဘာမှ ထူးသွားတာလဲမဟုတ်၊ဒီကြားထဲ ပန်းအိုးတွေကွဲရင် လုပ်ပေးရတဲ့သူ‌တွေကို ဆူပူသေးတဆိုပြီး သူဌေးမတွေကို အပြစ်တင်မိတယ်။

အခု သေသေချာချာပြန်စဉ်းစားကြည့်မှအဲဒါဟာ ကျွန်တော်တို့ရဲ့မျက်လုံးတွေကို ကုစားတာပါလားလို့ သဘောပေါက်လာတကျွန်တော်တို့ရဲ့ မျက်လုံးတွေဟာတစုံတခုကို မမြင်ဖူးမှ မမြင်တာမဟုတ်ဘူး။အမြဲတမ်းမြင်နေရရင်လဲ မမြင်တော့ဘူး။

ဥပမာအနေနဲ့ပြောရင် ကျွန်တော်တို့သူငယ်ချင်းအဖွဲ့မှာ ရုပ်ချောတဲ့သူတယောက်ရှိတယ်။ဘေးကလူတယောက်က ကျွန်တော့်ကို” နင်တို့အဖွဲ့ထဲက ဟိုတယောက်က သိပ်ချောတာပဲနော်”လို့ပြောရင် နင်က ဘာတွေကြည့်ပြီး ချောတယ်မြင်တာလဲ၊ငါတော့ သူ့တကိုယ်လုံးမှာ ချောတာဆိုလို့ ဘာမှကိုမမြင်တာ”ဆိုပြီး တအံ့တဩနဲ့ဖြေလိုက်တာ

အဲဒါဘာလဲဆိုတော့ ကျွန်တော့်သူငယ်ချင်းက မချောတာမဟုတ်ဘူး။အမြဲတမ်းမြင်နေရလို့ကျွန်တော်က မမြင်တော့တဲ့သဘော။နောက်တခုအနေနဲ့ ရှပ်ပွနေတဲ့ ကျွန်တော်တို့ရဲ့အခန်းကို သန့်ရှင်းရေးလုပ်၊ပစ္စည်လေးတွေကို သူ့နေရာသူအစီအစဉ်တကျထားပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ရဲ့မျက်လုံး‌ထဲမှာသိပ်ကိုသပ်ရပ်ပြီးနေချင်စရာကောင်းတဲ့အခန်းလေးအဖြစ်မြင်ကြတယ်မဟုတ်လား။

အဲ တပတ်လောက်လဲကြာလာရော ကျွန်တော်တို့အခန်းကိုမြင်တဲ့အမြင်တွေကပြောင်းလာတယ်။ပစ္စည်းတွေကအရင်အတိုင်းပဲ၊ဒါပေမဲ့မြင်ကွင်းက အခန်းသန့်ရှင်းရေးလုပ်တဲ့နေ့ကလောက် သိပ်မျက်စိမတိုးတော့ဘူး။သပ်ရပ်တယ်လို့မမြင်တော့ဘူး။အဲဒါလဲ မြင်ပါများလို့ မမြင်တော့တဲ့သဘောပဲ။

ကျွန်တော်တို့ သတိမထားမိတဲ့အဲဒီလိုအဖြစ်အပျက်မျိုးတွေအများကြီးပဲ။ကျွန်တော်တို့ကိုအမြဲဂရုစိုက်ပေးတဲ့သူတွေ၊ကျွန်တော်တို့ကိုအမြဲကူညီဖေးမတဲ့သူတွေ၊ကျွန်တော်တို့ကိုအမြဲချစ်ပေးတဲ့သူတွေ စသဖြင့် အမြဲ အမြဲ ဆိုတာတွေပါလာရင် ကျွန်တော်တို့ဟာအဲဒါတွေကို မမြင်ကြတော့ဘူး။အသိအမှတ်မပြုကြတော့ဘူး။ရှိတယ်မထင်တော့ဘူး။

စကားတခုရှိတယ်။လူတွေရဲ့မျက်လုံးတွေဟာ ထမင်းအမြဲကျွေးနေတဲ့သူထက်တခါလောက် ခေါက်ဆွဲကြော်လေးဝယ်ကျွေးတဲ့သူကိုပိုပြီး မြင်တတ်တယ်တဲ့။ကျွန်တော်တို့ရဲ့မျက်လုံးတွေဟာ မာယာများတယ်။သူတို့ကို လုံးလုံးပုံအပ်ပြီး မယုံသင့်ဘူး။သူတို့ဟာ မမြင်ဖူးမှ မမြင်တာမဟုတ်ဘူး။အမြဲတမ်းမြင်နေရရင်လဲ မမြင်ကြတော့ဘူး။အဲဒါကို ကျွန်တော်တို့က မြင်အောင်ကြည့်ဖို့ဂရုပြုရမယ်။

စဉ်းစားကြည့်ပါ။အမြဲတမ်းမြင်နေရလို့ မမြင်ခဲ့တာတွေဘယ်လောက်တောင်ရှိနေပြီလဲလို့။ပြီးရင် မျက်လုံးတွေကို ကုစားကြပါ။

Credit

Zawgyi

“လူတခ်ိဳ႕က အၿမဲတမ္းျမင္ေနရရင္ မျမင္တတ္ေတာ့ဘူး”

ငယ္ငယ္က ျမန္မာဗီဒီယိုဇာတ္ကားေတြၾကည့္ရင္

ကြၽန္ေတာ္သေဘာမက်တဲ့ ဇာတ္ဝင္ခန္းတခုရွိတယ္။အဲဒါကဘာလဲဆိုေတာ့သူေဌးအိမ္က ၿခံေစာင့္တို႔၊သန႔္ရွင္းေရးတို႔ လုပ္တဲ့သူေတြကို သူေဌးကေတာ္ (အိမ္ရွင္မ)က ၿခံဝန္းထဲက ပန္းအိုးေတြကိုဒီေန႔မွာ ဟိုေနရာေ႐ႊ႕ခိုင္းလိုက္၊ေနာက္ေန႔ေရာက္ရင္ဟိုေနရာေ႐ႊ႕ခိုင္းလိုက္ လုပ္ခိုင္းတဲ့ဇာတ္ဝင္ခန္းမ်ိဳး။

အဲဒီတုန္းက “ဪ သူေဌးက‌ေတာ္ ေတြကလဲ အလုပ္မရွိ ေၾကာင္ေရခ်ိဳး ခ်င္ၾကတယ္ ၊ အလုပ္သမားေတြကိုသက္သက္မဲ့ ညႇဥ္းပန္းတယ္၊သူ႔ဟာသူေနတဲ့ပန္းအိုးေတြကို ဒီအတိုင္းထားလိုက္ပါလား၊

အခုေတာ့ ဟိုေ႐ႊ႕ဒီေ႐ႊ႕နဲ႔ဘာမွ ထူးသြားတာလဲမဟုတ္၊ဒီၾကားထဲ ပန္းအိုးေတြကြဲရင္ လုပ္ေပးရတဲ့သူ‌ေတြကို ဆူပူေသးတဆိုၿပီး သူေဌးမေတြကို အျပစ္တင္မိတယ္။

အခု ေသေသခ်ာခ်ာျပန္စဥ္းစားၾကည့္မွအဲဒါဟာ ကြၽန္ေတာ္တို႔ရဲ႕မ်က္လုံးေတြကို ကုစားတာပါလားလို႔ သေဘာေပါက္လာတကြၽန္ေတာ္တို႔ရဲ႕ မ်က္လုံးေတြဟာတစုံတခုကို မျမင္ဖူးမွ မျမင္တာမဟုတ္ဘူး။အၿမဲတမ္းျမင္ေနရရင္လဲ မျမင္ေတာ့ဘူး။

ဥပမာအေနနဲ႔ေျပာရင္ ကြၽန္ေတာ္တို႔သူငယ္ခ်င္းအဖြဲ႕မွာ ႐ုပ္ေခ်ာတဲ့သူတေယာက္ရွိတယ္။ေဘးကလူတေယာက္က ကြၽန္ေတာ့္ကို” နင္တို႔အဖြဲ႕ထဲက ဟိုတေယာက္က သိပ္ေခ်ာတာပဲေနာ္”လို႔ေျပာရင္ နင္က ဘာေတြၾကည့္ၿပီး ေခ်ာတယ္ျမင္တာလဲ၊ငါေတာ့ သူ႔တကိုယ္လုံးမွာ ေခ်ာတာဆိုလို႔ ဘာမွကိုမျမင္တာ”ဆိုၿပီး တအံ့တဩနဲ႔ေျဖလိုက္တာ

အဲဒါဘာလဲဆိုေတာ့ ကြၽန္ေတာ့္သူငယ္ခ်င္းက မေခ်ာတာမဟုတ္ဘူး။အၿမဲတမ္းျမင္ေနရလို႔ကြၽန္ေတာ္က မျမင္ေတာ့တဲ့သေဘာ။ေနာက္တခုအေနနဲ႔ ရွပ္ပြေနတဲ့ ကြၽန္ေတာ္တို႔ရဲ႕အခန္းကို သန႔္ရွင္းေရးလုပ္၊ပစၥည္ေလးေတြကို သူ႔ေနရာသူအစီအစဥ္တက်ထားၿပီးသြားတဲ့အခ်ိန္မွာကြၽန္ေတာ္တို႔ရဲ႕မ်က္လုံး‌ထဲမွာသိပ္ကိုသပ္ရပ္ၿပီးေနခ်င္စရာေကာင္းတဲ့အခန္းေလးအျဖစ္ျမင္ၾကတယ္မဟုတ္လား။

အဲ တပတ္ေလာက္လဲၾကာလာေရာ ကြၽန္ေတာ္တို႔အခန္းကိုျမင္တဲ့အျမင္ေတြကေျပာင္းလာတယ္။ပစၥည္းေတြကအရင္အတိုင္းပဲ၊ဒါေပမဲ့ျမင္ကြင္းက အခန္းသန႔္ရွင္းေရးလုပ္တဲ့ေန႔ကေလာက္ သိပ္မ်က္စိမတိုးေတာ့ဘူး။သပ္ရပ္တယ္လို႔မျမင္ေတာ့ဘူး။အဲဒါလဲ ျမင္ပါမ်ားလို႔ မျမင္ေတာ့တဲ့သေဘာပဲ။

ကြၽန္ေတာ္တို႔ သတိမထားမိတဲ့အဲဒီလိုအျဖစ္အပ်က္မ်ိဳးေတြအမ်ားႀကီးပဲ။ကြၽန္ေတာ္တို႔ကိုအၿမဲဂ႐ုစိုက္ေပးတဲ့သူေတြ၊ကြၽန္ေတာ္တို႔ကိုအၿမဲကူညီေဖးမတဲ့သူေတြ၊ကြၽန္ေတာ္တို႔ကိုအၿမဲခ်စ္ေပးတဲ့သူေတြ စသျဖင့္ အၿမဲ အၿမဲ ဆိုတာေတြပါလာရင္ ကြၽန္ေတာ္တို႔ဟာအဲဒါေတြကို မျမင္ၾကေတာ့ဘူး။အသိအမွတ္မျပဳၾကေတာ့ဘူး။ရွိတယ္မထင္ေတာ့ဘူး။

စကားတခုရွိတယ္။လူေတြရဲ႕မ်က္လုံးေတြဟာ ထမင္းအၿမဲေကြၽးေနတဲ့သူထက္တခါေလာက္ ေခါက္ဆြဲေၾကာ္ေလးဝယ္ေကြၽးတဲ့သူကိုပိုၿပီး ျမင္တတ္တယ္တဲ့။ကြၽန္ေတာ္တို႔ရဲ႕မ်က္လုံးေတြဟာ မာယာမ်ားတယ္။သူတို႔ကို လုံးလုံးပုံအပ္ၿပီး မယုံသင့္ဘူး။သူတို႔ဟာ မျမင္ဖူးမွ မျမင္တာမဟုတ္ဘူး။အၿမဲတမ္းျမင္ေနရရင္လဲ မျမင္ၾကေတာ့ဘူး။အဲဒါကို ကြၽန္ေတာ္တို႔က ျမင္ေအာင္ၾကည့္ဖို႔ဂ႐ုျပဳရမယ္။

စဥ္းစားၾကည့္ပါ။အၿမဲတမ္းျမင္ေနရလို႔ မျမင္ခဲ့တာေတြဘယ္ေလာက္ေတာင္ရွိေနၿပီလဲလို႔။ၿပီးရင္ မ်က္လုံးေတြကို ကုစားၾကပါ။

Credit

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

Knowledge
သစ္စာဖောက်သော ခိုလေး

သစ္စာဖောက်သော ခိုလေး တခါတုန်းက အမဲလိုက်ဖို့ အတွက် သိမ်းငှက်တွေကို လေ့ကျင့်ပေးနေတဲ့ သိမ်းငှက်ဆရာ တဦး ရှိတယ် ။ တနေ့သောအခါ သိမ်းငှက်ဆရာရဲ့ ပိုက်ကွန်ထဲမှာ ခါငှက်တကောင် ဖမ်းမိပါတယ်။ အဖမ်းခံရတဲ့ ခါငှက်ဟာ သူ့ကို လွှတ်ပေးဖို့ တောင်းပန်တယ် ။ ” အကယ်၍ ကျွန်ုပ်ကိုသာ လွှတ်ပေးမည် သွားခွင့်ပေးမည် ဆိုပါက အခြားသော ခါငှက် အပေါင်းတို့ကို ဤပိုက်ကွန်ထဲသို့ ရောက်ရှိ ကျရောက်လာအောင် ကျွန်ုပ်ဟာ တည်ကြက် အဖြစ် အသုံးချခံပြီး လုပ်ဆောင်ပေးပါမည်” ဟု ခါငှက်က သိမ်းငှက်ဆရာကို ပြောလိုက်တယ် ။ ထိုအခါ သိမ်းငှက်ဆရာက.. ” မလွှတ်ပေးဘူး ၊ သင့်ကို …

Knowledge
သန်းကြွယ်သူဌေးကြီး၏ လွယ်ကူသော စီးပွားရှာနည်း

သန်းကြွယ်သူဌေးကြီး၏ လွယ်ကူသော စီးပွားရှာနည်း ဟိုတယ်တွင် လခစား လုပ်ကိုင်နေသော လူငယ်တစ်ယောက်သည် စီးပွားရေးစာအုပ်များ သူငှေးဖြစ်နည်းစာအုပ်များကို အမြဲဖတ်နေသော်လည်း တကယ်ကြီးပွားအောင် မည်သို့ စပြီးလုပ်ရမှန်းမသိ ဖြစ်နေသည်။ တစ်နေ့၌ ခရီးသွားလုပ်ငန်း ဦးဆောင်နေသော သန်းကြွယ် သူငှေးကြီးသည် အမှတ်မထင် သူငှေးဖြစ်နည်းစာအုပ်ဖတ်နေသော လူငယ်အား ‘ကောင်လေး’ မင်း တစ်ရက် တစ်သိန်းစုရင် နှစ်ပေါင်း သုံးဆယ်ဆိုရင် မင်းဘယ်လောက်ပိုင်ပြီလဲ? လူငယ်က အတန်ကြာ တွက်ချက်နေခိုက်သူးငှေးကြီး က တစ်ရက် တစ်သိန်း နှစ်ပေါင်း သုံးဆယ်ဆိုရင် သိန်းတစ်သောင်းကျော် ဆိုတော့ မင်း အသက် အခု နှစ်ဆယ်ပဲဆိုရင် နောက်အသက် ငါးဆယ်လောက်မှ ဒီပိုက်ဆံ ပိုင်ဆိုင်ရမှာ။ဒါတောင် သန်းကြွယ်သူငှေး မဖြစ်နိုင်သေးဘူး။ကောင်လေးက ဒါဆိုကျနော် …

Knowledge
စံပယ်(၉)ရွက် ဝမ်းကိုက်ပြတ်ဆေး

စံပယ်(၉)ရွက် ဝမ်းကိုက်ပြတ်ဆေး ဝမ်​းကိုက်​​ရောဂါဖြစ်​ရသည်​့ အ​ကြောင်​းအရင်​း ဝမ်​းကိုက်​​ရောဂါသည်​ များ​သောအားဖြင်​့ ပတ်​ဝန်​းကျင်​မသန်​့ရှင်​းမှု​ကြောင်​့ဖြစ်​ရပါသည်​။ထို့​ကြောင်​့ ပတ်​ဝန်​းကို တတ်​နိုင်​သမျှ သန်​့ရှင်​း​အောင်​ ထားရပါမည်​။မသန်​့ရှင်​း​သော​ရေကို ​သောက်​သုံးမိလျှင်​လည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ ​ရေကိုကျိုချက်​ပြီးမှ ​သောက်​သုံးသင်​့ပါသည်။မသန်​့ရှင်​း​သော ဟင်​းသီးဟင်​းရွက်​များ ချက်​ပြုတ်​စား​သောက်​မိလျှင်​လည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ ဟင်​းသီးဟင်​းရွက်​များကို စင်​ကြယ်​​အောင်​​ဆေးပြီးမှ ချက်​ပြုတ်​ စား​သောက်​သင်​့ပါသည်​။ မသန်​့ရှင်​း​သော အစားအစာများမှလည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ သန်​့ရှင်​းလတ်​ဆတ်​​သော အစားအစာများသာ စားသုံးသင်​့ပါသည်​။တိရစ္ဆာန်​မှရရှိ​သော နို့​ကြောင်​့လည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ ကြိုချက်​ပြီးမှ ​သောက်​သုံးသင်​့ပါသည်​။ တစ်ကိုယ်ရေမသန့်ရှင်းမှုကြောင့်လဲဖြစ်တတ်ပါသည်။ထို့​ကြောင်​့ လက်​ကိုစင်​ကြယ်​​ကောင်​​ဆေးခြင်​း ​ခြေသည်​း လက်​သည်​းများညှပ်​ခြင်​းဖြင်​့ တစ်​ကိုယ်​​ရေသန်​့ရှင်​းမှု ပြုလုပ်​သင်​့ပါသည်​။ ဝမ်​းကိုက်​​ရောဂါ လက္ခဏများ ဝမ်​းသွားရာတွင်​ ဝမ်​းများများမသွားရပဲ ဝမ်​းနဲနဲမျှသာသွားပြီး တစ်​​နေ့လျှင်​ ​ခြောက်​ကြိမ်​မှ ဆယ်​ကြိမ်​အထိ အကျိအချွဲများသွားတတ်​ပါသည်​။ဝမ်​းသွားလျှင်​ ဝမ်​းဗိုက်​ရစ်​ဆွဲပြီးမှ သွားတတ်​ပါသည်​။ တစ်​ခါတစ်​ရံမှာ …