ကလေး မွေးတဲ့အိုး - Amawpyay

ကလေး မွေးတဲ့အိုး

Knowledge

ကလေး မွေးတဲ့အိုး

တခါက အဖိုးအို တစ်ယောက်ဟာ သူ့ရဲ့ အိမ်နီးချင်းတစ်ယောက်ဆီက အိုးကြီး တစ်လုံးကို ခဏ ငှားလိုက်တယ်လေ။ ဆယ်ရက်လောက် ကြာတဲ့အခါ အိုးကြီးထဲ အိုးအငယ်လေး ထည့်ထားတာကို မေ့ပီး ပြန်မဆယ်မိပဲ အိမ်နီးချင်းကို ပြန်ပေး လိုက်မိတယ် ။

ဒါကို အိမ်နီးချင်းက တွေ့တော့..

” ဒီအိုးလေးက ဘာလို့ ပါလာတာလဲ ” လို့ မေးလိုက်တယ်။

ဒီတော့ အဖိုးအိုကလည်း..

” ကျနော် အိုးကို ငှားခဲ့တုန်းက ခင်များအိုးက ကိုယ်ဝန်ကြီးနဲ့ ထင်ပါရဲ့.. ဒါကြောင့် ဒီအိုးကလေးလေး မွေးတာ ဖြစ်မယ် ” လို့ ပြောလိုက်တယ်။ အိုးပိုင်ရှင်ကလည်း ဒီအဖိုးကြီး အတော်ကို တုံးတာပဲ လို့ တွေးပြီး..

” ကောင်းပါပြီဗျာ.. နောက်ကို အိုး အသုံးလိုရင်လည်း လာငှားလှည့်ပါ ” လို့ ပြောပြီး အိုးငယ်လေးပါ သိမ်းထားလိုက် သတဲ့ ။ ရက်အနည်းငယ် ကြာတဲ့အခါ အဖိုးအိုလည်း အိုးရှင်ထံမှ အိုးကို နောက်ထပ် လာရောက် ငှားရမ်းပြန်တယ် ။

၁၀ ရက် ၊ ရက် ၂၀ ၊ တလ ကြာတဲ့အထိ အဖိုးအိုက အိုးကို ပြန်မပေးပဲ နေတဲ့အခါမှာ အိုးရှင်လည်း စိတ်ပူပြီး အဖိုးအိုထံ ရောက်လာကာ အိုးကို လာတောင်းတော့တယ် ။ ဒီတော့မှ အဖိုးအိုလည်း..

”ကံ အကြောင်းတရားပဲ ထင်ပါရဲ့ဗျာ.. ခင်များရဲ့အိုးဟာ မနေ့ကပဲ ကွယ်လွန် အနိစ္စ ရောက်သွားရှာပြီ” လို့လည်း ပြောလိုက်တော့..

”ဟာ.. ဒီအဖိုးကြီး ၊ ကျုပ်ကို အရူးများ ထင်နေလား.. အိုး ဆိုတာမျိုးက ကွယ်လွန် အနိစ္စ ရောက်တယ်ဆိုတာ ရှိလို့လား ၊ ကျုပ်အိုး ပြန်ပေး” လို့ ပြောတော့တာပေါ့ ။ ဒီတော့မှ အဖိုးအိုက..

”သြော်.. ခင်များလည်း အတော် မတရားစကား ပြောတတ်တာပဲ။ အရင်တစ်ခါ ခင်များအိုးကြီးက အိုးကလေး မွေးတယ် ဆိုတော့ ခင်များက ယုံတယ်။ အခု အိုးကြီး ကွယ်လွန် အနိစ္စ ရောက်တယ် ဆိုတော့ မယုံတော့ဘူး ဖြစ်သွားတယ် ခင်များရဲ့ စကားဟာ တရားရဲ့လား ဗျာ” လို့လည်း ပြောရော.. အိုးရှင် ခင်မျာ မျက်နှာငယ်လေးနဲ့ ပြန်သွား ရရှာတယ် ။

ဒီအဖြစ်လေးလိုပါပဲ ။ လောကမှာ ကိုယ်နှစ်သက်တာလေး ၊ ကိုယ့်အကြိုက်လေးများ ပြောလိုက်ရင် မှားတာ ၊ မှန်တာ မစဉ်းစားတော့ဘူး ။ သိပ်ကို သဘောကျနေ တတ်ကြတယ် ။ ပီတိတွေ ဖြစ်နေတတ် ကြတယ် ။

အဲ.. ကိုယ် မကြိုက်တာလေးများ ကြားရပီ ဆိုရင်တော့ မည်မျှပင် အမှန် စကား ဖြစ်နေပါစေ ၊ လက်မခံနိုင်ကြဘူး ဆိုတာကိုတော့ သတိပြုမိ နိုင်ကြပါစေ ။

Crd

Zawgyi

ကေလး ေမြးတဲ့အိုး

တခါက အဖိုးအို တစ္ေယာက္ဟာ သူ႔ရဲ႕ အိမ္နီးခ်င္းတစ္ေယာက္ဆီက အိုးႀကီး တစ္လုံးကို ခဏ ငွားလိုက္တယ္ေလ။ ဆယ္ရက္ေလာက္ ၾကာတဲ့အခါ အိုးႀကီးထဲ အိုးအငယ္ေလး ထည့္ထားတာကို ေမ့ပီး ျပန္မဆယ္မိပဲ အိမ္နီးခ်င္းကို ျပန္ေပး လိုက္မိတယ္ ။

ဒါကို အိမ္နီးခ်င္းက ေတြ႕ေတာ့..

” ဒီအိုးေလးက ဘာလို႔ ပါလာတာလဲ ” လို႔ ေမးလိုက္တယ္။

ဒီေတာ့ အဖိုးအိုကလည္း..

” က်ေနာ္ အိုးကို ငွားခဲ့တုန္းက ခင္မ်ားအိုးက ကိုယ္ဝန္ႀကီးနဲ႔ ထင္ပါရဲ႕.. ဒါေၾကာင့္ ဒီအိုးကေလးေလး ေမြးတာ ျဖစ္မယ္ ” လို႔ ေျပာလိုက္တယ္။ အိုးပိုင္ရွင္ကလည္း ဒီအဖိုးႀကီး အေတာ္ကို တုံးတာပဲ လို႔ ေတြးၿပီး..

” ေကာင္းပါၿပီဗ်ာ.. ေနာက္ကို အိုး အသုံးလိုရင္လည္း လာငွားလွည့္ပါ ” လို႔ ေျပာၿပီး အိုးငယ္ေလးပါ သိမ္းထားလိုက္ သတဲ့ ။ ရက္အနည္းငယ္ ၾကာတဲ့အခါ အဖိုးအိုလည္း အိုးရွင္ထံမွ အိုးကို ေနာက္ထပ္ လာေရာက္ ငွားရမ္းျပန္တယ္ ။

၁၀ ရက္ ၊ ရက္ ၂၀ ၊ တလ ၾကာတဲ့အထိ အဖိုးအိုက အိုးကို ျပန္မေပးပဲ ေနတဲ့အခါမွာ အိုးရွင္လည္း စိတ္ပူၿပီး အဖိုးအိုထံ ေရာက္လာကာ အိုးကို လာေတာင္းေတာ့တယ္ ။ ဒီေတာ့မွ အဖိုးအိုလည္း..

”ကံ အေၾကာင္းတရားပဲ ထင္ပါရဲ႕ဗ်ာ.. ခင္မ်ားရဲ႕အိုးဟာ မေန႔ကပဲ ကြယ္လြန္ အနိစၥ ေရာက္သြားရွာၿပီ” လို႔လည္း ေျပာလိုက္ေတာ့..

”ဟာ.. ဒီအဖိုးႀကီး ၊ က်ဳပ္ကို အ႐ူးမ်ား ထင္ေနလား.. အိုး ဆိုတာမ်ိဳးက ကြယ္လြန္ အနိစၥ ေရာက္တယ္ဆိုတာ ရွိလို႔လား ၊ က်ဳပ္အိုး ျပန္ေပး” လို႔ ေျပာေတာ့တာေပါ့ ။ ဒီေတာ့မွ အဖိုးအိုက..

”ေၾသာ္.. ခင္မ်ားလည္း အေတာ္ မတရားစကား ေျပာတတ္တာပဲ။ အရင္တစ္ခါ ခင္မ်ားအိုးႀကီးက အိုးကေလး ေမြးတယ္ ဆိုေတာ့ ခင္မ်ားက ယုံတယ္။ အခု အိုးႀကီး ကြယ္လြန္ အနိစၥ ေရာက္တယ္ ဆိုေတာ့ မယုံေတာ့ဘူး ျဖစ္သြားတယ္ ခင္မ်ားရဲ႕ စကားဟာ တရားရဲ႕လား ဗ်ာ” လို႔လည္း ေျပာေရာ.. အိုးရွင္ ခင္မ်ာ မ်က္ႏွာငယ္ေလးနဲ႔ ျပန္သြား ရရွာတယ္ ။

ဒီအျဖစ္ေလးလိုပါပဲ ။ ေလာကမွာ ကိုယ္ႏွစ္သက္တာေလး ၊ ကိုယ့္အႀကိဳက္ေလးမ်ား ေျပာလိုက္ရင္ မွားတာ ၊ မွန္တာ မစဥ္းစားေတာ့ဘူး ။ သိပ္ကို သေဘာက်ေန တတ္ၾကတယ္ ။ ပီတိေတြ ျဖစ္ေနတတ္ ၾကတယ္ ။

အဲ.. ကိုယ္ မႀကိဳက္တာေလးမ်ား ၾကားရပီ ဆိုရင္ေတာ့ မည္မွ်ပင္ အမွန္ စကား ျဖစ္ေနပါေစ ၊ လက္မခံႏိုင္ၾကဘူး ဆိုတာကိုေတာ့ သတိျပဳမိ ႏိုင္ၾကပါေစ ။

Crd

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

Knowledge
သစ္စာဖောက်သော ခိုလေး

သစ္စာဖောက်သော ခိုလေး တခါတုန်းက အမဲလိုက်ဖို့ အတွက် သိမ်းငှက်တွေကို လေ့ကျင့်ပေးနေတဲ့ သိမ်းငှက်ဆရာ တဦး ရှိတယ် ။ တနေ့သောအခါ သိမ်းငှက်ဆရာရဲ့ ပိုက်ကွန်ထဲမှာ ခါငှက်တကောင် ဖမ်းမိပါတယ်။ အဖမ်းခံရတဲ့ ခါငှက်ဟာ သူ့ကို လွှတ်ပေးဖို့ တောင်းပန်တယ် ။ ” အကယ်၍ ကျွန်ုပ်ကိုသာ လွှတ်ပေးမည် သွားခွင့်ပေးမည် ဆိုပါက အခြားသော ခါငှက် အပေါင်းတို့ကို ဤပိုက်ကွန်ထဲသို့ ရောက်ရှိ ကျရောက်လာအောင် ကျွန်ုပ်ဟာ တည်ကြက် အဖြစ် အသုံးချခံပြီး လုပ်ဆောင်ပေးပါမည်” ဟု ခါငှက်က သိမ်းငှက်ဆရာကို ပြောလိုက်တယ် ။ ထိုအခါ သိမ်းငှက်ဆရာက.. ” မလွှတ်ပေးဘူး ၊ သင့်ကို …

Knowledge
သန်းကြွယ်သူဌေးကြီး၏ လွယ်ကူသော စီးပွားရှာနည်း

သန်းကြွယ်သူဌေးကြီး၏ လွယ်ကူသော စီးပွားရှာနည်း ဟိုတယ်တွင် လခစား လုပ်ကိုင်နေသော လူငယ်တစ်ယောက်သည် စီးပွားရေးစာအုပ်များ သူငှေးဖြစ်နည်းစာအုပ်များကို အမြဲဖတ်နေသော်လည်း တကယ်ကြီးပွားအောင် မည်သို့ စပြီးလုပ်ရမှန်းမသိ ဖြစ်နေသည်။ တစ်နေ့၌ ခရီးသွားလုပ်ငန်း ဦးဆောင်နေသော သန်းကြွယ် သူငှေးကြီးသည် အမှတ်မထင် သူငှေးဖြစ်နည်းစာအုပ်ဖတ်နေသော လူငယ်အား ‘ကောင်လေး’ မင်း တစ်ရက် တစ်သိန်းစုရင် နှစ်ပေါင်း သုံးဆယ်ဆိုရင် မင်းဘယ်လောက်ပိုင်ပြီလဲ? လူငယ်က အတန်ကြာ တွက်ချက်နေခိုက်သူးငှေးကြီး က တစ်ရက် တစ်သိန်း နှစ်ပေါင်း သုံးဆယ်ဆိုရင် သိန်းတစ်သောင်းကျော် ဆိုတော့ မင်း အသက် အခု နှစ်ဆယ်ပဲဆိုရင် နောက်အသက် ငါးဆယ်လောက်မှ ဒီပိုက်ဆံ ပိုင်ဆိုင်ရမှာ။ဒါတောင် သန်းကြွယ်သူငှေး မဖြစ်နိုင်သေးဘူး။ကောင်လေးက ဒါဆိုကျနော် …

Knowledge
စံပယ်(၉)ရွက် ဝမ်းကိုက်ပြတ်ဆေး

စံပယ်(၉)ရွက် ဝမ်းကိုက်ပြတ်ဆေး ဝမ်​းကိုက်​​ရောဂါဖြစ်​ရသည်​့ အ​ကြောင်​းအရင်​း ဝမ်​းကိုက်​​ရောဂါသည်​ များ​သောအားဖြင်​့ ပတ်​ဝန်​းကျင်​မသန်​့ရှင်​းမှု​ကြောင်​့ဖြစ်​ရပါသည်​။ထို့​ကြောင်​့ ပတ်​ဝန်​းကို တတ်​နိုင်​သမျှ သန်​့ရှင်​း​အောင်​ ထားရပါမည်​။မသန်​့ရှင်​း​သော​ရေကို ​သောက်​သုံးမိလျှင်​လည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ ​ရေကိုကျိုချက်​ပြီးမှ ​သောက်​သုံးသင်​့ပါသည်။မသန်​့ရှင်​း​သော ဟင်​းသီးဟင်​းရွက်​များ ချက်​ပြုတ်​စား​သောက်​မိလျှင်​လည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ ဟင်​းသီးဟင်​းရွက်​များကို စင်​ကြယ်​​အောင်​​ဆေးပြီးမှ ချက်​ပြုတ်​ စား​သောက်​သင်​့ပါသည်​။ မသန်​့ရှင်​း​သော အစားအစာများမှလည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ သန်​့ရှင်​းလတ်​ဆတ်​​သော အစားအစာများသာ စားသုံးသင်​့ပါသည်​။တိရစ္ဆာန်​မှရရှိ​သော နို့​ကြောင်​့လည်​း ဖြစ်​တတ်​ပါသည်​။ထို့​ကြောင်​့ ကြိုချက်​ပြီးမှ ​သောက်​သုံးသင်​့ပါသည်​။ တစ်ကိုယ်ရေမသန့်ရှင်းမှုကြောင့်လဲဖြစ်တတ်ပါသည်။ထို့​ကြောင်​့ လက်​ကိုစင်​ကြယ်​​ကောင်​​ဆေးခြင်​း ​ခြေသည်​း လက်​သည်​းများညှပ်​ခြင်​းဖြင်​့ တစ်​ကိုယ်​​ရေသန်​့ရှင်​းမှု ပြုလုပ်​သင်​့ပါသည်​။ ဝမ်​းကိုက်​​ရောဂါ လက္ခဏများ ဝမ်​းသွားရာတွင်​ ဝမ်​းများများမသွားရပဲ ဝမ်​းနဲနဲမျှသာသွားပြီး တစ်​​နေ့လျှင်​ ​ခြောက်​ကြိမ်​မှ ဆယ်​ကြိမ်​အထိ အကျိအချွဲများသွားတတ်​ပါသည်​။ဝမ်​းသွားလျှင်​ ဝမ်​းဗိုက်​ရစ်​ဆွဲပြီးမှ သွားတတ်​ပါသည်​။ တစ်​ခါတစ်​ရံမှာ …