
မိန်းမတွေဆိုတာ ……
ညတစ်ညရဲ့ အဖြစ်အပျက်လေးတစ်ခုပါ ကျွန်တော် ကုတင်ပေါ်မှာ မအိပ်ချင်သေးပဲ လှဲလိုက် မိတယ် …..။
အသင့် အိပ်ပျော်နေရှာတဲ့ ကျွန်တော့ရဲ့ အားနွဲ့နွဲ့ ချစ်ဇနီးလေးရဲ့ နူးညံ့ လှပတဲ့ မျက်နှာလေးကို ကျွန်တော် သေချာ ကြည့်နေရင်းကနေ အတွေး တစ်ချို့ ဝင်လာပြီး ကျွန်တော့ဟာ ကျွန်တော် တွေးနေမိတယ်
မိန်းကလေးဆိုတာ ဘယ်လိုပါလိမ့် ? ကျွန်တော်နဲ့ မင်္ဂလာ မဆောင်ခင်က မိဘအသိုင်းအဝိုင်းရဲ့အချစ်တွေနဲ့ ထိန်းသိမ်းမှု့အောက်မှာနေပြီး ကြီးပြင်းလာခဲ့တယ် ….. ။
အခုကျတစ်ချက်ထဲရုတ်တစ်ရက်မှာပဲသိတောင်မသိထားတဲ့လူတစ်ယောက်ရဲ့ဘေးမှာအမိန့်နာခံရင်းနဲ့အိပ်စက်နေရပြန်တယ်ကျွန်တော့ကြောင့် တစ်သက်လုံးအတူနေခဲ့တဲ့မိဘတွေကိုစွန့်ခွာလာခဲ့ပြန်တယ် ….. ။ ကျွန်တော့ကိုပင်ပင်ပန်းပန်းပြုစုရင်းကျွန်တော့ရဲ့ မပြောပလောက်တဲ့ စကားလေးတွေနဲ့ သူ ပျော်နေပြန်တယ် …. ။
ပြီးတော့ ကျွန်တော့ကိုယ် ကျွန်တော် မေးခွန်းတစ်ချို့ မေးနေမိတယ် ▪ ဒါလဲပဲ ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက မိမိရဲ့ ဇနီးမိန်းမကို ရိုက်နှက်နေ နိုင်ကြတာလဲဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက နှစ်ဘဝအတွက် ရည်စူးပြီး လာခဲ့သူကို တစ်ဘဝတောင် မကုန်သေးဘူး စိတ်ကုန်သွားကြတာလဲ ?
ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက မိန်းမနဲ့သားသမီးကို အိမ်မှာ ထားပြီး သူငယ်ချင်းတွေနဲ့ Hotel တွေမှာ အစားအသောက်ကောင်းတွေ စားသောက်နေနိုင်ကြတာလဲ ?
တစ်နေ့လုံး ယောက်ျားလာမှ အတူတူ စားမယ်ဆိုပြီး ထမင်းဝိုင်းလေး အသင့်နဲ့ ကလေးတွေကို လက်ဆေးပေးပြီး ထိုင်စောင့်နေတဲ့ မိန်းမကို ဘာလို့ မေ့နေရပြန်တာလဲ ?
ဘယ်လိုဖြစ်လို့ တစ်ချို့ တစ်ချို့တွေက မိန်းမအတွက်တော့ အိမ်ကိုထောင်လိုလုပ်ထားလိုက်ကြပြီးကိုယ်တိုင်ကျတော့အများသုံးအိမ်သာလို လာချင်တဲ့ အချိန် လာ သွားချင်တဲ့ အချိန် သွားဖြစ်နေကြတာလဲ ?
ဘယ်လိုဖြစ်လို့ တစ်ချို့ တစ်ချို့ တွေက မိမိဇနီးကို မျက်ရည်စက်နဲ့ ညတွေကို ဖြတ်သန်းစေ နေတာလဲ ?
တစ်ချို့ တစ်ချို့က မိန်းမ မိသားစုကို အချိန် မပေးပဲ လမ်းပေါ်မှာပဲ အချိန်တွေကို ကုန်ဆုံး လိုက်နေကြတယ် မိသားစုမှာ ဖခင်ရဲ့ နွေးထွေးမှု့ ဆိုတာ သားသမီးတွေ သိခွင့် မရတော့တာ ဘာ့ကြောင့်လဲ ?
ဘယ်လိုဖြစ်လို့ ယောက်ျားတွေ တာဝန် ခံပြီး တာဝန် မယူကြတော့တာလဲ ? ပြေးမယ် ဆိုလဲ ပြေး ဘယ်အထိ ပြေးကြမလဲ ?
ဒီလိုတွေ တွေးပြီး နောက်ဆုံး အဲ့ဒီ့ညမှာ ကျွန်တော် တွေးလိုက်တယ် ကျွန်တော့မှာ အမေရှိတယ်ကျွန်တော့မှာမိန်းမလဲရှိတယ်ကျွန်တော် သူတို့ နှစ်ယောက်စလုံးကို ဂုဏ်ယူ လေးစားသင့်တယ် မိန်းမကို ကြင်နာရင်း မိဘကို ရိုသေရင်း ပေါ့
ဘာကြောင့်လဲ ဆိုရင်
သူတို့ နှစ်ယောက်ထဲက တစ်ယောက်က ကျွန်တော့ကို အသက်နဲ့ ရင်းပြီး လောကထဲကို ခေါ်ဆောင် လာခဲ့တယ်
နောက်တစ်ယောက်က တစ်လောကလုံးကို စွန့်ခွာပြီး ကျွန်တော့ အနားကို လာခဲ့တဲ့ သူပါ
အမေဆိုတာလဲ တစ်ချိန်က မိန်းမ ဖြစ်ခဲ့တယ်
လက်ရှိ ဘေးနားမှာ ရှိနေတဲ့ မိန်းမ ဆိုတာ ကလည်း တစ်ချိန်မှာ အမေ ဖြစ်အုံး မှာမို့
အမေ့ကို တန်ဖိုး ထားသလို မိန်းမကိုလဲ တန်ဖိုး ထားကြပါ
နားလည် နိုင်ကြပါစေ
မိသားစုတိုင်း မိသားစုတိုင်း တစ်ဦးနဲ့ တစ်ဦး ချစ်ချစ် ခင်ခင် တစ်သက်တာ ပျော်ရွှင်စွာ နေသွားကြရ ပါစေ
မူရင်း စာရေးသူအား credit ပေးပါသည် ▪
Zawgyi
မိန္းမေတြဆိုတာ ……
ညတစ္ညရဲ႕ အျဖစ္အပ်က္ေလးတစ္ခုပါ ကြၽန္ေတာ္ ကုတင္ေပၚမွာ မအိပ္ခ်င္ေသးပဲ လွဲလိုက္ မိတယ္ …..။
အသင့္ အိပ္ေပ်ာ္ေနရွာတဲ့ ကြၽန္ေတာ့ရဲ႕ အားႏြဲ႕ႏြဲ႕ ခ်စ္ဇနီးေလးရဲ႕ ႏူးညံ့ လွပတဲ့ မ်က္ႏွာေလးကို ကြၽန္ေတာ္ ေသခ်ာ ၾကည့္ေနရင္းကေန အေတြး တစ္ခ်ိဳ႕ ဝင္လာၿပီး ကြၽန္ေတာ့ဟာ ကြၽန္ေတာ္ ေတြးေနမိတယ္
မိန္းကေလးဆိုတာ ဘယ္လိုပါလိမ့္ ? ကြၽန္ေတာ္နဲ႔ မဂၤလာ မေဆာင္ခင္က မိဘအသိုင္းအဝိုင္းရဲ႕အခ်စ္ေတြနဲ႔ ထိန္းသိမ္းမႈ႕ေအာက္မွာေနၿပီး ႀကီးျပင္းလာခဲ့တယ္ ….. ။
အခုက်တစ္ခ်က္ထဲ႐ုတ္တစ္ရက္မွာပဲသိေတာင္မသိထားတဲ့လူတစ္ေယာက္ရဲ႕ေဘးမွာအမိန္႔နာခံရင္းနဲ႔အိပ္စက္ေနရျပန္တယ္ကြၽန္ေတာ့ေၾကာင့္ တစ္သက္လုံးအတူေနခဲ့တဲ့မိဘေတြကိုစြန္႔ခြာလာခဲ့ျပန္တယ္ ….. ။ ကြၽန္ေတာ့ကိုပင္ပင္ပန္းပန္းျပဳစုရင္းကြၽန္ေတာ့ရဲ႕ မေျပာပေလာက္တဲ့ စကားေလးေတြနဲ႔ သူ ေပ်ာ္ေနျပန္တယ္ …. ။
ၿပီးေတာ့ ကြၽန္ေတာ့ကိုယ္ ကြၽန္ေတာ္ ေမးခြန္းတစ္ခ်ိဳ႕ ေမးေနမိတယ္ ▪ ဒါလဲပဲ ဘယ္လိုျဖစ္လို႔ တစ္ခ်ိဳ႕လူေတြက မိမိရဲ႕ ဇနီးမိန္းမကို ႐ိုက္ႏွက္ေန ႏိုင္ၾကတာလဲဘယ္လိုျဖစ္လို႔ တစ္ခ်ိဳ႕လူေတြက ႏွစ္ဘဝအတြက္ ရည္စူးၿပီး လာခဲ့သူကို တစ္ဘဝေတာင္ မကုန္ေသးဘူး စိတ္ကုန္သြားၾကတာလဲ ?
ဘယ္လိုျဖစ္လို႔ တစ္ခ်ိဳ႕လူေတြက မိန္းမနဲ႔သားသမီးကို အိမ္မွာ ထားၿပီး သူငယ္ခ်င္းေတြနဲ႔ Hotel ေတြမွာ အစားအေသာက္ေကာင္းေတြ စားေသာက္ေနႏိုင္ၾကတာလဲ ?
တစ္ေန႔လုံး ေယာက္်ားလာမွ အတူတူ စားမယ္ဆိုၿပီး ထမင္းဝိုင္းေလး အသင့္နဲ႔ ကေလးေတြကို လက္ေဆးေပးၿပီး ထိုင္ေစာင့္ေနတဲ့ မိန္းမကို ဘာလို႔ ေမ့ေနရျပန္တာလဲ ?
ဘယ္လိုျဖစ္လို႔ တစ္ခ်ိဳ႕ တစ္ခ်ိဳ႕ေတြက မိန္းမအတြက္ေတာ့ အိမ္ကိုေထာင္လိုလုပ္ထားလိုက္ၾကၿပီးကိုယ္တိုင္က်ေတာ့အမ်ားသုံးအိမ္သာလို လာခ်င္တဲ့ အခ်ိန္ လာ သြားခ်င္တဲ့ အခ်ိန္ သြားျဖစ္ေနၾကတာလဲ ?
ဘယ္လိုျဖစ္လို႔ တစ္ခ်ိဳ႕ တစ္ခ်ိဳ႕ ေတြက မိမိဇနီးကို မ်က္ရည္စက္နဲ႔ ညေတြကို ျဖတ္သန္းေစ ေနတာလဲ ?
တစ္ခ်ိဳ႕ တစ္ခ်ိဳ႕က မိန္းမ မိသားစုကို အခ်ိန္ မေပးပဲ လမ္းေပၚမွာပဲ အခ်ိန္ေတြကို ကုန္ဆုံး လိုက္ေနၾကတယ္ မိသားစုမွာ ဖခင္ရဲ႕ ေႏြးေထြးမႈ႕ ဆိုတာ သားသမီးေတြ သိခြင့္ မရေတာ့တာ ဘာ့ေၾကာင့္လဲ ?
ဘယ္လိုျဖစ္လို႔ ေယာက္်ားေတြ တာဝန္ ခံၿပီး တာဝန္ မယူၾကေတာ့တာလဲ ? ေျပးမယ္ ဆိုလဲ ေျပး ဘယ္အထိ ေျပးၾကမလဲ ?
ဒီလိုေတြ ေတြးၿပီး ေနာက္ဆုံး အဲ့ဒီ့ညမွာ ကြၽန္ေတာ္ ေတြးလိုက္တယ္ ကြၽန္ေတာ့မွာ အေမရွိတယ္ကြၽန္ေတာ့မွာမိန္းမလဲရွိတယ္ကြၽန္ေတာ္ သူတို႔ ႏွစ္ေယာက္စလုံးကို ဂုဏ္ယူ ေလးစားသင့္တယ္ မိန္းမကို ၾကင္နာရင္း မိဘကို ႐ိုေသရင္း ေပါ့
ဘာေၾကာင့္လဲ ဆိုရင္
သူတို႔ ႏွစ္ေယာက္ထဲက တစ္ေယာက္က ကြၽန္ေတာ့ကို အသက္နဲ႔ ရင္းၿပီး ေလာကထဲကို ေခၚေဆာင္ လာခဲ့တယ္
ေနာက္တစ္ေယာက္က တစ္ေလာကလုံးကို စြန္႔ခြာၿပီး ကြၽန္ေတာ့ အနားကို လာခဲ့တဲ့ သူပါ
အေမဆိုတာလဲ တစ္ခ်ိန္က မိန္းမ ျဖစ္ခဲ့တယ္
လက္ရွိ ေဘးနားမွာ ရွိေနတဲ့ မိန္းမ ဆိုတာ ကလည္း တစ္ခ်ိန္မွာ အေမ ျဖစ္အုံး မွာမို႔
အေမ့ကို တန္ဖိုး ထားသလို မိန္းမကိုလဲ တန္ဖိုး ထားၾကပါ
နားလည္ ႏိုင္ၾကပါေစ
မိသားစုတိုင္း မိသားစုတိုင္း တစ္ဦးနဲ႔ တစ္ဦး ခ်စ္ခ်စ္ ခင္ခင္ တစ္သက္တာ ေပ်ာ္႐ႊင္စြာ ေနသြားၾကရ ပါေစ
မူရင္း စာေရးသူအား credit ေပးပါသည္ ▪
No Comments