သင့်ကိုချစ်သူမရစေတဲ့ ဒီ (၆)ချက်ကတော့ အကြောင်းအရင်းပဲ…..
တစ်ခါ တစ်လေ ဘဝကြီးကနေ ရတာ အရမ်းကို အထီး ကျန်ငြီးငွေ့ စရာကောင်း လွန်းလို့ ချစ်သူလေးတစ်ယောက်လောက်တော့ ထားချင်ပေမယ့် သင့်ကို လာကြိုက် တဲ့ကောင်လေးတွေ မရှိလို့ အခက်တွေ့နေပြီလား။
ကောင်လေးတွေ သင့်ကို ဘာကြောင့် ဖွင့်မပြောကြ တာလဲဆိုတဲ့ ပြဿနာရဲ့အရင်း အမြစ်ကို ဒီအချက် (၆) ချက်ကနေ ရှာဖွေကြည့်ရအောင်။
သင် အခုချိန်အထိ ရည်းစားမရခြင်းရဲ့ အဓိကအကြောင်းအရင်း (၆) ခု
(၁) မပြင်မဆင်နေလို့
ဓာတ်ပုံလေး ကြည့်ပြီးတော့ပဲဖြစ်ဖြစ် အပြင်မှာတွေ့လို့ပဲဖြစ်ဖြစ် များသောအားဖြင့် ကြိုက်ကြတယ်ဆိုတာ ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်ထဲက တစ်ခုခုဟာ သူ့အတွက် ဆွဲဆောင်စေ တဲ့အတွက် စိတ်ဝင်စားကြ တာများပါတယ်။
နောက် ကိုယ်က မိန်းကလေးဖြစ် တဲ့အတွက် ဆန့်ကျင်ဖက် အမျိုးသားရဲ့ စိတ်ဝင်စားခြင်းကို ခံချင်တယ် ဆိုရင်တော့ အနည်းဆုံး ပြင်ပြင်ဆင် ဆင်လေးတော့ နေမှရပါတယ် ။

(၂) အသိမိတ်ဆွေစက်ဝိုင်းကျဉ်းလို့
အသိမိတ်ဆွေစက်ဝိုင်းကျယ်ပြန့်လေ၊ ကိုယ့်ကိုသိတဲ့လူလည်းများလေ ကြိုက်မယ့်လူ ပိုများလေပါပဲ။ ဒါကြောင့် အများစုသော တစ်ယောက်တည်းနေချင်တတ်ကြတဲ့ introvert တွေဟာ ရည်းစားလည်းမရတတ်ကြတာပါ။
(၃) အရမ်းချေနေတဲ့ပုံပေါက်လို့
ကိုယ်ရဲ့ ခက်ထန်တဲ့ မျက်နှာထား၊ စကားခပ်ရင့်ရင့်ပြော တာမျိုးတွေကြောင့်ပေါ့။ အများစုသော အမျိုးသားတွေဟာ အရမ်းတော်ပြီး အမှီအခိုကင်းတဲ့ အမျိုးသမီးတွေအနား တော်ရုံမကပ်ရဲဘဲ ရှိန်တတ်ကြပါတယ်။

(၄) Single မှန်းမသိလို့
Social media မှာ အမြဲတမ်း အသည်းကွဲနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ post တွေတင်တာမျိုး၊ ဒါမှမဟုတ် ယောက်ျားလေး သူငယ်ချင်းတွေ များတဲ့ အတွက် single မှန်းမသိ တာတွေကြောင့်လည်း သင့်အနားကို လာမကပ် တတ်ကြတာပါ ။
(၅) ရေလာမြောင်းပေးမလုပ်တတ်လို့
ဒီအချက် အကြောင်းပြောရမယ်ဆိုရင် တချို့လူတွေက နှာခေါင်းရှုံ့ချင် ရှုံ့ပါလိမ့်မယ်။ ကောင်လေးတစ်ယောက် ကိုယ့်ကို လာကြိုက်တယ်၊ ကိုယ်ကလည်း ပြန်ကြိုက်ပြီဆိုရင် အဆင့်တွေ တက်အောင် အနည်းဆုံးတော့ ရေလာမြောင်းပေး လုပ်ရမှာပါပဲ ။
ဒါမှလည်း သူ့ဖက်က မီးစိမ်းပြနေ တာကို မြင်ပြီး အဆင့်တက် ရဲမှာပါ။ မဟုတ်ရင် သူ့ဖက်က ကိုယ်သူ့ကို စိတ်ဝင်စားဘူးလို့ ထင်ပြီး အဆက်သွယ်ပါ ဖြတ်သွားနိုင် ပါတယ်။
(၆) သင်ကိုယ်တိုင်စိတ်မပါသေးလို့
တစ်ယောက်တည်းနေရမှာ ပျင်းလို့သာ ရည်းစားလို ချင်တယ်လို့ပြောနေတာ တကယ်တမ်းတော့ ကိုယ့်စိတ်ထဲ ရည်းစားထား ချင်စိတ် တစ်စက်မှ မရှိတာကြောင့် ကိုယ့်ကိုယ်ကို Single ဘဝထဲ ပိတ်လှောင်ထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်နော်။
penny
Crd
Zawgyi

No Comments