
အားနည်းချက် နဲ့ အားသာချက်
ငှက်ချင်းတူစေဦးတော့ တောင်ပံခတ်သံချင်း ထပ်တူမကျ နိုင်ပါဘူး။ လူချင်းတူစေဦးတော့ အားသာချက် ၊ အားနည်း ချက်ချင်း ထပ်တူမကျနိုင်ပါဘူး။ ဒါကြောင့် တန်ဖိုးရှိတဲ့ ငှက်ငယ်ဟာ တောင်ပံခတ်သံချင်း ပြိုင်ဆိုင်နေမဲ့အစား အဓိပ္ပါယ်ရှိတဲ့ ပျံသန်းခြင်းတွေဖြစ်ဖို့သာ အားစိုက်နေသလို
တန်ဖိုးရှိတဲ့ သင်ဟာလည်း အားသာချက်၊ အားနည်းချက် ချင်း ယှဉ်ပြိုင်နေမဲ့အစား အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခု ဖန်တီး တည်ဆောက်နိုင်ဖို့သာ အားစိုက်ထုတ်နေသင့်ပါတယ်။ လူသားတိုင်းမှာ မတူညီတဲ့ အားသာချက်တွေ ၊ အားနည်း ချက်တွေ အသီးသီးပိုင်ဆိုင်ထားကြပါတယ်။ တစ်ဦးက လုပ်ငန်းစွမ်းဆောင်ရည်မှာ အားသာသလို
တစ်ဦးက စဉ်းစားတွေးခေါ်မှုအ ပိုင်းမှာ အားသာနေတတ်ပြန်ပါတယ်။ သူတို့နှစ်ဦး ပေါင်းစပ် အလုပ်လုပ်ဖြစ်တဲ့အခါ အတွေးမှန်း၊ အလုပ်မှန်ပြီး ရလဒ်ကောင်းတွေ ထွက်ပေါ်လာပါတယ်။
သဘာဝတရားက ဒီလိုမတူညီတဲ့ အရာတွေကို ပေးစွမ်းထား တာဟာ လူသားတွေကို ပေါင်းစပ်လုပ်ဆောင်စေဖို့နဲ့ အပြန် အလှန် ရိုင်းပင်းကူညီကြဖို့ ရည်ရွယ်တယ်လို့ သုံးသပ် မိပါ တယ်။
အလွန်အခြေခိုင်ခံ့ပါတယ်ဆိုတဲ့ အဆောက်အအုံတွေ၊ လမ်း တွေရဲ့ အောက်မှာ အရွယ်အစားမတူညီတဲ့ ကျောက်တုံး၊ ကျောက်ခဲတွေကို ပေါင်းစု အမာခံယူထားတာဖြစ်ပါတယ်။
သို့ဖြင့် မတူညီတာတွေ ပေါင်းစည်းခြင်းဖြင့်သာ ကြီးမြတ် တဲ့ ဖြစ်မြောက်အောင်မြင်မှုတွေကို တည်ဆောက် ယူနိုင် မယ်လို့ မှတ်ယူမိပါတယ်။
တကယ်တော့ ကိုယ့်ရဲ့အားသာချက်ဟာ တစ်ပါးသူရဲ့ အားနည်းချက်ကို ဖြည့်စွက်ကူညီပေးဖို့ ဖြစ်သင့်ပြီး တစ်ပါးသူရဲ့အားသာချက်ဟာလည်း ကိုယ့်ရဲ့အားနည်းချက်ကို ပြန်လည်ဖြည့်စွက် ပေးဖို့ ဖြစ်သင့်ပါတယ်။
ဒါပေမဲ့ စိတ်မ ကောင်းစွာဘဲ တစ်ဦးက သူ့ရဲ့ အားသာချက်နဲ့ တစ်ပါးသူရဲ့ အားနည်းချက်အပေါ် လှောင်ပြောင်အနိုင်ယူတတ်ကြသလို ကိုယ်အခွင့်သာရင် ဘယ်လို ပညာပြလိုက်မယ်၊ ဘယ်လို သင်ခန်းစာပေး လိုက်မယ်လို့ စဉ်းစားဖြစ်သူက ပိုများပါ တယ်။
ဒီလိုနဲ့ တစ်ပါးသူကလည်း ငါ့တုန်းကတော့ သူက ဘယ်လို ပညာပြထားတာပဲဆိုပြီး သူ့အလှည့်အဖြစ် ပြန်အစွမ်းပြ ပြန်ပါတယ်။
ဒီလိုနဲ့ လူတချို့ဟာ သူတစ်ပြန် ကိုယ်တစ်ပြန် ပညာပြရင်း ကရွတ်ကင်းလျှောက် ပြုမူနေတတ်ကြသလို တန်ဖိုးရှိတဲ့ အချိန်တွေလည်း ကုန်လွန်နေပြီး ဘဝရဲ့ အဓိပ္ပါယ် ၊ ဘဝရဲ့ တန်ဖိုးကိုလည်း မေ့လျော့လာခဲ့ကြပါ တယ်။
လူဟာ နယ်ပယ်တိုင်းမှာ ထူးချွန်ထက်မြက်နေသူ မဖြစ်နိုင် ပါဘူး။ ဆိုင်ရာ ဆိုင်ရာ နယ်ပယ်အနည်းငယ်စီမှာသာ ကျွမ်း ကျင်ပိုင်နိုင်ကြတာ ဖြစ်ပါတယ်။
စဉ်းစားတွေးခေါ်မှု ပိုင်းမှာ ပိုင်နိုင်နှံ့စပ်အောင် သိမြင်နိုင်စွမ်းပါတယ်ဆိုတဲ့ ပညာရှိတွေ မှာတောင် သူတို့ရဲ့ လုပ်နိုင်စွမ်းမှာတော့ အကန့် အသတ်နဲ့ သာရှိနိုင်တာဖြစ်ပါတယ်။
ခေါင်းဆောင်တစ်ဦးမှာ ခေါင်း ဆောင်မှုအရည် အသွေးတွေ ရှိနေသည်ဆိုဦးတော့ နောက်လိုက် နောက်ပါများမှာ လက်တွေ့အကောင် အထည်ဖော်ဆောင်နိုင်စွမ်းတွေရှိမှသာ ဖြစ်မြောက်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
ဆိုးလှသည်မှာ တချို့က အရာရာမှာ သူတို့သာ သိရှိနား လည်ထားတယ်။ စွမ်းဆောင်နိုင်တယ်လို့ အထင်ရှိနေပြီး တစ်ပါးသူရဲ့ အားသာချက်တွေကိုလည်း အသိအမှတ်ပြု လက်ခံခြင်းမပြုပြန်ပါဘူး။
ဆရာဝန်ဟာ ဆေးကုသမှုအ ပိုင်း၊ ကျန်းမာရေးအပိုင်းမှာ အားသာပေမဲ့ဘောလုံးပွဲသွား ကြည့်တဲ့အခါ ပရိသတ်ဖြစ်သွားပါတယ်။ ဒီလိုပါပဲ၊ ကွင်း လယ်ဒိုင်ဟာ ဘောလုံးပွဲမှာ အားသာသူ၊ အရေးပါသူ ဖြစ် ပေမဲ့ ဆေးရုံသွားရတဲ့အခါ လူနာစောင့် (သို့မဟုတ် ) လူနာ ဖြစ်သွားပြန်ပါတယ်။
အခြင်းအရာကို ကြည့်ခြင်းဖြင့် အား သာချက် အားနည်းချက်တွေဟာ အချိန်၊ နေရာအခြေ အ နေတွေအပေါ် မှီတည်နေတာကို သတိပြုမိပါလိမ့်မယ်။
ဒါ့အပြင် ကိုယ့်ရဲ့ အနည်းငယ်သော အားသာချက်တွေကြောင့် မာနထောင်လွှား ဂုဏ်မောက်နေဖို့ မလိုသလို တစ်ပါးသူတွေရဲ့ အနည်းငယ်သော အားသာချက်တွေကို လည်း သိမြင်လက်ခံပေးနိုင်ဖို့ လွန်စွာ အရေးကြီးလှပါ တယ်။
ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အဓိကလက် နက်ဟာ အားနည်းချက်တွေကို ရှာဖွေအပြစ်တင်ဖို့မဟုတ်ဘဲ အားသာချက် တွေကို တတ်နိုင်သမျှ ဆွဲ ထုတ်ပြီး ချီးမွမ်း စကားဆိုကာ စိတ်ဓာတ်မြှင့်တင်ပေးရတာပဲ ဖြစ်ပါတယ်။
မဖြစ်မနေ ပြုပြင်သင့်တဲ့ အရာကို ထောက်ပြလိုတဲ့တိုင် အောင် အားသားချက်တစ်ခု ၊ကောင်းကွက်တစ်ခုနဲ့ စတင် စကားဆိုကြရတာ ဖြစ်ပါတယ်။
Credit: Kaung Sam Thar
No Comments