
သင့်ဘဝကိုတည်ဆောက် တဲ့အခါ ဝင်ငွေတစ်ခုတည်းပေါ်မှာ ဘယ်တော့မှ မရပ်တည်ပါနဲ့
အခြားဒုတိယဝင်ငွေဝင်နိုင်အောင် ရင်းနှီးထားပါ။လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုထဲကို ခြေစုံပစ်ရပ်တည်နေရင် အဲ့ဒိဝင်ငွေရပ်တန့်သွားတဲ့နေ့ ခြေမကိုင်မိလက်မကိုင်မိဖြစ်ရတတ်ပါတယ်။
ဘဝမှာလည်းအားလုံး ဗြောင်းဆန်သွားတတ်ပါတယ်။ဒါ့ကြောင့်ဒုတိယဝင်ငွေရနိုင်မယ့် နည်းလမ်းကို အမြဲရှာထားပါ။ ပိုက်ဆံသုံးရာတွင် သင့်မှာမလိုအပ်တဲ့ပစ္စည်းတွေဝယ်ပါများရင် သင့်မှာလိုအပ်တဲ့ ပစ္စည်းတွေစွန့်လွှတ်ရတတ်တယ်။
တစ်ချို့တွေက လူသာမချမ်းသာတာပါ။ ကိုင်တဲ့အသုံးအဆောင်တွေကတော့ အပျံစားတွေပါချည်းပဲ။ရေရှည်ကိုမကြည့်ပဲ ရေ တိုပဲ ကြည့်တတ်တဲ့သူမျိုးတွေပါ။
သူများလုပ်တာ လိုက်လုပ်ချင်တယ်။ဒါပေမယ့် သူ များလို သူမချမ်းသာသေးဘူးဆိုတာကိုမေ့နေတတ်ကြပါတယ်။ ကိုယ်ကမချမ်းသသေးချိန်မှာ ချမ်းသာတဲ့သူတွေနဲ့iPhone ပြိုင်ကိုင်တန်း သွားမကစားပါနဲ့။သင်ပဲရှုံးသွားပါလိမ့်မယ်။
မလိုတာတွေ ဝယ်နေတဲ့အတွက် လိုတဲ့အခါ သုံးစရာမရှိဖြစ်တတ်ပါတယ်။ပိုက်ဆံစုရာတွင်သုံးပြီးလို့ပိုတာကိုမစုပါနဲ့။ စုပြီးလို့ ပိုတာကို သုံးပါ။သုံးပြီးလို့ပိုမှ စုမယ်ဆိုရင်တော့ ဒီတစ်သက် သင်စုဖြစ်ဖို့မလွယ်လောက်ပါဘူး။
ပိုက်ဆံဝင်လာရင် အရင်ဆုံးသင်စဉ်းစားရမှာက ဘယ်လောက်စုမလဲ ဆိုတာပါပဲ။ပြီးမှ ပိုတာကိုသုံးပါ။ စုဆိုတာကလည်း တစ်သက်လုံးစုဘူးထဲမှာ အဲ့ဒိပိုက်ဆံကို ထားဖို့ပြောတာမဟုတ်ပါဘူးသင့်ဘဝအတွက် လိုအပ်တဲ့ နေရာမှာ အသုံးချဖို့ပါ။
သင့်ရဲ့တန်ဖိုးမြင့်ဖို့ သင့်အရည်အ ချင်းတွေကိုမြှင့်တင်ရပါမယ်။အဲ့ဒိလိုလုပ်ဖို့သင်တန်းတွေတက်ရပါမယ်။စာအုပ်တွေဖတ်ရပါမယ်။ အဲ့ဒိအတွက် သင့်မှာပိုက်ဆံလိုပါတယ်။အဲ့ဒိစုငွေတွေကို သုံးနိုင်ပါတယ်။
စွန့်စားရာတွင် ရေအတိမ်အနက်ကို ခြေ၂ချောင်းလုံးချပြီးမစမ်းပါနဲ့။မစွန့်စားနဲ့လိုပြောတ မဟုတ်ပါဘူး။မစွန့်စားပဲနဲ့လည်းမအောင်မြင်နိုင်ပါဘူး။ ဒါပေမယ့် စွန့်စားရာမှာတော့ပါးနပ်ဖို့လိုပါတယ်။အန္တာရယ်ရှိတဲ့ ကိစ္စမျိုးကိုရှိသမျှပိုက်ဆံတွေ ပုံအောလိုက်တာမျိုးမလုပ်ပါနဲ့။
ရင်းနီးရာတွင် ကြက်ဥတွေအားလုံးကို ဘယ်တော့မှခြင်းတစ်ခုထဲစုပြုံမထည့်ထားပါနဲ့။အရင်းအနှီးလုပ်ပြီဆိုရင်လည်း ရှိသမျှပိုက်ဆံတွေအားလုံးကို တစ်နေရာထဲ စုပြုံ မရင်းနှီးပါနဲ့။ လုပ်ငန်းဆိုတာ မြတ်နိုင်သလို ရှုံးလည်း ရှုံးနိုင်ပါတယ်။အားလုံးကိုတစ်နေရာတည်း စု ပြုံရင်းနှီးထားရင်ရှုံးတဲ့အခါ တစ်ပြားမှမကျန်ဖြစ်သွားပါလိမ့်မယ်။
မျှော်လင့်ရာတွင် ရိုးသားခြင်းဆို တာ ရှားပါးဈေးကြီးတဲ့ လက်ဆောင်မွန်တစ်ခုပါ။ဒါ့ကြောင့် ခပ်ပေါပေါလူတွေဆီက မမျှော်လင့်ပါနဲ့။ သင်ရိုးသားသလို လူတိုင်းရိုသားမယ်လို့ဘယ်တော့မှအသေအချာ တွက်မထားပါနဲ့။ ရိုးသားမှုဆိုတာ ဒီခေတ်ထဲမှာတော်တော်ကိုရှားပါးတဲ့ အရာပါ။
ဒါ့ကြောင့် ရူးရူးမိုက် မိုက်နဲ့ဒီတန်ဖိုးကြီးပစ္စည်းကို လူတိုင်းဆီက မမျှော်လင့်မိပါစေနဲ့။
Credit
Zawgyi
သင့္ဘဝကိုတည္ေဆာက္ တဲ့အခါ ဝင္ေငြတစ္ခုတည္းေပၚမွာ ဘယ္ေတာ့မွ မရပ္တည္ပါနဲ႔
အျခားဒုတိယဝင္ေငြဝင္ႏိုင္ေအာင္ ရင္းႏွီးထားပါ။လူတစ္ေယာက္ဟာ ဝင္ေငြတစ္ခုထဲကို ေျခစုံပစ္ရပ္တည္ေနရင္ အဲ့ဒိဝင္ေငြရပ္တန႔္သြားတဲ့ေန႔ ေျခမကိုင္မိလက္မကိုင္မိျဖစ္ရတတ္ပါတယ္။
ဘဝမွာလည္းအားလုံး ေျဗာင္းဆန္သြားတတ္ပါတယ္။ဒါ့ေၾကာင့္ဒုတိယဝင္ေငြရႏိုင္မယ့္ နည္းလမ္းကို အၿမဲရွာထားပါ။ ပိုက္ဆံသုံးရာတြင္ သင့္မွာမလိုအပ္တဲ့ပစၥည္းေတြဝယ္ပါမ်ားရင္ သင့္မွာလိုအပ္တဲ့ ပစၥည္းေတြစြန႔္လႊတ္ရတတ္တယ္။
တစ္ခ်ိဳ႕ေတြက လူသာမခ်မ္းသာတာပါ။ ကိုင္တဲ့အသုံးအေဆာင္ေတြကေတာ့ အပ်ံစားေတြပါခ်ည္းပဲ။ေရရွည္ကိုမၾကည့္ပဲ ေရ တိုပဲ ၾကည့္တတ္တဲ့သူမ်ိဳးေတြပါ။
သူမ်ားလုပ္တာ လိုက္လုပ္ခ်င္တယ္။ဒါေပမယ့္ သူ မ်ားလို သူမခ်မ္းသာေသးဘူးဆိုတာကိုေမ့ေနတတ္ၾကပါတယ္။ ကိုယ္ကမခ်မ္းသေသးခ်ိန္မွာ ခ်မ္းသာတဲ့သူေတြနဲ႔iPhone ၿပိဳင္ကိုင္တန္း သြားမကစားပါနဲ႔။သင္ပဲရႈံးသြားပါလိမ့္မယ္။
မလိုတာေတြ ဝယ္ေနတဲ့အတြက္ လိုတဲ့အခါ သုံးစရာမရွိျဖစ္တတ္ပါတယ္။ပိုက္ဆံစုရာတြင္သုံးၿပီးလို႔ပိုတာကိုမစုပါနဲ႔။ စုၿပီးလို႔ ပိုတာကို သုံးပါ။သုံးၿပီးလို႔ပိုမွ စုမယ္ဆိုရင္ေတာ့ ဒီတစ္သက္ သင္စုျဖစ္ဖို႔မလြယ္ေလာက္ပါဘူး။
ပိုက္ဆံဝင္လာရင္ အရင္ဆုံးသင္စဥ္းစားရမွာက ဘယ္ေလာက္စုမလဲ ဆိုတာပါပဲ။ၿပီးမွ ပိုတာကိုသုံးပါ။ စုဆိုတာကလည္း တစ္သက္လုံးစုဘူးထဲမွာ အဲ့ဒိပိုက္ဆံကို ထားဖို႔ေျပာတာမဟုတ္ပါဘူးသင့္ဘဝအတြက္ လိုအပ္တဲ့ ေနရာမွာ အသုံးခ်ဖို႔ပါ။
သင့္ရဲ႕တန္ဖိုးျမင့္ဖို႔ သင့္အရည္အ ခ်င္းေတြကိုျမႇင့္တင္ရပါမယ္။အဲ့ဒိလိုလုပ္ဖို႔သင္တန္းေတြတက္ရပါမယ္။စာအုပ္ေတြဖတ္ရပါမယ္။ အဲ့ဒိအတြက္ သင့္မွာပိုက္ဆံလိုပါတယ္။အဲ့ဒိစုေငြေတြကို သုံးႏိုင္ပါတယ္။
စြန႔္စားရာတြင္ ေရအတိမ္အနက္ကို ေျခ၂ေခ်ာင္းလုံးခ်ၿပီးမစမ္းပါနဲ႔။မစြန႔္စားနဲ႔လိုေျပာတ မဟုတ္ပါဘူး။မစြန႔္စားပဲနဲ႔လည္းမေအာင္ျမင္ႏိုင္ပါဘူး။ ဒါေပမယ့္ စြန႔္စားရာမွာေတာ့ပါးနပ္ဖို႔လိုပါတယ္။အႏၲာရယ္ရွိတဲ့ ကိစၥမ်ိဳးကိုရွိသမွ်ပိုက္ဆံေတြ ပုံေအာလိုက္တာမ်ိဳးမလုပ္ပါနဲ႔။
ရင္းနီးရာတြင္ ၾကက္ဥေတြအားလုံးကို ဘယ္ေတာ့မွျခင္းတစ္ခုထဲစုၿပဳံမထည့္ထားပါနဲ႔။အရင္းအႏွီးလုပ္ၿပီဆိုရင္လည္း ရွိသမွ်ပိုက္ဆံေတြအားလုံးကို တစ္ေနရာထဲ စုၿပဳံ မရင္းႏွီးပါနဲ႔။ လုပ္ငန္းဆိုတာ ျမတ္ႏိုင္သလို ရႈံးလည္း ရႈံးႏိုင္ပါတယ္။အားလုံးကိုတစ္ေနရာတည္း စု ၿပဳံရင္းႏွီးထားရင္ရႈံးတဲ့အခါ တစ္ျပားမွမက်န္ျဖစ္သြားပါလိမ့္မယ္။
ေမွ်ာ္လင့္ရာတြင္ ႐ိုးသားျခင္းဆို တာ ရွားပါးေဈးႀကီးတဲ့ လက္ေဆာင္မြန္တစ္ခုပါ။ဒါ့ေၾကာင့္ ခပ္ေပါေပါလူေတြဆီက မေမွ်ာ္လင့္ပါနဲ႔။ သင္႐ိုးသားသလို လူတိုင္း႐ိုသားမယ္လို႔ဘယ္ေတာ့မွအေသအခ်ာ တြက္မထားပါနဲ႔။ ႐ိုးသားမႈဆိုတာ ဒီေခတ္ထဲမွာေတာ္ေတာ္ကိုရွားပါးတဲ့ အရာပါ။
ဒါ့ေၾကာင့္ ႐ူး႐ူးမိုက္ မိုက္နဲ႔ဒီတန္ဖိုးႀကီးပစၥည္းကို လူတိုင္းဆီက မေမွ်ာ္လင့္မိပါေစနဲ႔။
Credit
No Comments