
ပင်စိမ်း နဲ့ နံနံပင်၊ ပူစီနံ ဆိုတာ နဲ့ နှာခေါင်းရှုံသွားတဲ့သူတွေ ဒီစာလေး ဖတ်ကြည့်ပါ
မင်္ဂလာပါ စာဖတ်ပရိတ်သတ်ကြီးရေ ယခုတစ်ခါမှာတော့ အစားအစာတွေမှာ ဟင်းခာတ်အမွှေးအကြိုင်အဖြစ် အမြဲလိုလိုတွဲပါတတ်တဲ့ နံနံပင် ပင်စိမ်း ပူစီနံတို့ရဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။
နံနံပင် ပင်စိမ်း ပူစီနံသုံးမျိုးလုံး မစားတဲ့သူတွေရှိကြလား။ သုံးမျိုးလုံးစားတဲ့သူကတော့ ရှားမယ်ထင်ပါတယ်။ အနည်းဆုံး တစ်မျိုးကိုတော့ စားသင့်ပါတယ် ကျန်းမာရေးအတွက်အရမ်းအကျိုးပြုတဲ့ အရွက်လေးတွေဖြစ်နေလို့ပါ ကောင်းကျိုးလေးတွေ အောက်မှာဖော်ပြထားပါတယ်။
နံနံပင်
နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်နဲ့ မဂ္ဂနိစ်ဓာတ်တွေနံနံပင်မှာ အံ့သြသင့်လောက်အောင် ပါဝင်နေပါတယ်။ အစာခြေအားကောင်းအောင် အကောင်းဆုံး ပံ့ပိုးပေးနိုင်သလို အသည်း လုပ်ဆောင်ချက်တွေကိုပါ ထောက်ပံ့ပေး ပါတယ်။ နံနံပင်က ဆီးချိုသမားတွေ လက်စွဲထားသင့်တဲ့ အရွက်ပဲဖြစ်ပါတယ်။
ကိုယ်တွင်း အင်ဆူလင်ဓာတ်ထွက်အောင် လှုံ့ဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကို လျော့ချပေးပါတယ်။ နံနံပင်မှာ ပါဝင်တဲ့ ဗီတာမင်ကေက အယ်လ်ဇိုင်းမားရောဂါ မဖြစ်အာင် ကာကွယ်ပေးပါတယ်။ နံနံပင်က မျက်စိအတွက်လည်း အထူးကောင်းမွန်စေတဲ့ အရွက်ပါ။ နံနံပင်မှာပါတဲ့ Antioxidants တွေကမျက်စိနဲ့ ပတ်သက်တဲ့ ရောဂါတွေမဖြစ်အောင်
အထူးသဖြင့် မျက်ခွံအတွင်းသား ရောင်ရမ်းနာ တမျိုးဖြစ်တဲ့ မျက်စိနာခြင်းကို သက်သာစေပါတယ်။ နံနံပင်မှာ အမျိုးသမီးတွေ အထူးလိုအပ်တဲ့ သံဓာတ်တွေ ကြွယ်ဝစွာပါဝင်လို့ သွေးအားနည်းခြင်းရောဂါ မဖြစ်စေနိုင်ပါဘူး။ ဒါ့အပြင့် အာရုံကြောစနစ်ကို ထောက်ပံ့ပေးလို့ မှတ်ဉာဏ်တိုးပွားစေပါတယ်။
ပူစီနံ (ပူဒီနာ)ပူစီနံရွက်မှာ
မဂ္ဂနီစီယမ်ဓာတ်လည်းပါရှိတဲ့အတွက် နှလုံးခုန်နှုန်းကို ပုံမှန်ထိန်းသိမ်းပေးပါတယ်။ ပြီးတော့သူ့မှာ ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်တို့ အလုံအလောက်ပါရှိတဲ့အတွက် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေကာ အရိုးကို သန်စွမ်းစေပါတယ်။ ပူစီနံထဲမှာ Phytonutrient(ခေါ်) Perillyl Alchol ပါရှိလို့၊ ကင်ဆာအဖုအကျိတ် ကြီးထွားလာမှုကို နှေးကွေးစေကာ၊ အထူးသဖြင့် အဆုတ်၊ အူမကြီးနှင့် အရေပြားကင်ဆာတို့ကို
ကာကွယ်ပေးနိုင်တယ်လို့ ဆေးသုတေသီတွေက ဆိုထားပါတယ်။ ပူစီနံရွက်ဟာ ခန္ဓာကိုယ်က အဆိပ်အတောက် တွေကို ဆီးအဖြစ်ဖယ်ရှားသုတ်သင်ပေးလို့ ဆီးရွှင်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အသည်းနှင့် သည်းခြေအိတ်တို့ကိုလည်း ကောင်းကျိုးပြုပါတယ်။ အချို့ Detox Juice အနေနဲ့ သောက်သုံး ကြပါတယ်။ အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေကာ အစာအိမ်နာအမျိုးမျိုးမှ ကာကွယ်ပေးပါတယ်။
လည်ချောင်းနာရောဂါများနှင့် အသံဝင်၊ အသံကွဲ၊ အသံပြာခြင်းတို့အတွက်လည်းကောင်းပါတယ်။ သူ့ရဲ့ထူးခြား ကောင်းမွန်သော ရနံ့နှင့် အရသာတို့ကြောင့် သတ္တုရည်ကိုအသုံးပြုပြီး ပျားရည်၊ သကြားလုံး၊ ဂျယ်လီ၊ ပီကေ၊ သွားတိုက်ဆေး၊ အလှအပဆိုင်ရာ၊ အချိုရည်နှင့် ရေခဲမုန့်တို့ ပြုလုပ်ကြပါတယ်။ ပူစီနံရွက်ဖြင့်ဖော်စပ်ထားတဲ့ သွားတိုက်ဆေးနှင့် ခံတွင်းသန့်စင် ဆေးရည်ဟာ လူကြိုက်များထင်ရှားပါတယ်။
ပင်စိမ်း
ပင်စိမ်းအရွက်ကို နေတိုင်းစားပေးခြင်း အားဖြင့် အူလမ်းကြောင်း ဝမ်းဗိုက်နှင့်ပါးစပ်တွင်ဖြစ် တက်သောရောဂါများ ကင်းဝေးပီး အစာခြေစနစ်ကို ကောင်းမွန်စေပါသည်။ ပင်စိမ်း အရွက်ကို ရေထဲတွင် စိမ်ပြီး နေတိုင်း သောက်လာပါက
ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးသညပင်စိမ်း သတ္တုရည်ကို သံပုရာရည်ရောပြီ တစ်ပတ်တကြိမ် ခေါင်းလျှော်ပေးပါက သန်းဗောက်ဖက်များ ကင်းဝေးမည်။ တစ်ရက်တွင် နာရီပေါင်း20 Oxygen ထုတ်လွတ်ပေးသောကြောင့် အိမ်တွင် စိုက်ရန် အကောင်းဆုံး အပင်တစ်ပင် ဖြစ်ပါသည်။ စာဖတ်ပရိတ်သတ်ကြီး ကျန်းမာသုခပြည့်ဝကြပါစေ။အဆုံးထိဖတ်ရှုပေးတဲ့ စာဖတ်ပရိတ်သတ်ကြီးကို ကျေးဇူးအထူး တင်ပါတယ်။
Crd
Zawgyi
ပင္စိမ္း နဲ႔ နံနံပင္၊ ပူစီနံ ဆိုတာ နဲ႔ ႏွာေခါင္းရႈံသြားတဲ့သူေတြ ဒီစာေလး ဖတ္ၾကည့္ပါ
မဂၤလာပါ စာဖတ္ပရိတ္သတ္ႀကီးေရ ယခုတစ္ခါမွာေတာ့ အစားအစာေတြမွာ ဟင္းခာတ္အေမႊးအႀကိဳင္အျဖစ္ အၿမဲလိုလိုတြဲပါတတ္တဲ့ နံနံပင္ ပင္စိမ္း ပူစီနံတို႔ရဲ႕ ေကာင္းက်ိဳးေတြကို ေဖာ္ျပေပးမွာျဖစ္ပါတယ္။
နံနံပင္ ပင္စိမ္း ပူစီနံသုံးမ်ိဳးလုံး မစားတဲ့သူေတြရွိၾကလား။ သုံးမ်ိဳးလုံးစားတဲ့သူကေတာ့ ရွားမယ္ထင္ပါတယ္။ အနည္းဆုံး တစ္မ်ိဳးကိုေတာ့ စားသင့္ပါတယ္ က်န္းမာေရးအတြက္အရမ္းအက်ိဳးျပဳတဲ့ အ႐ြက္ေလးေတြျဖစ္ေနလို႔ပါ ေကာင္းက်ိဳးေလးေတြ ေအာက္မွာေဖာ္ျပထားပါတယ္။
နံနံပင္
ေန႔စဥ္လိုအပ္တဲ့ အမွ်င္ဓာတ္၊ မဂၢနီဆီယမ္၊ သံဓာတ္နဲ႔ မဂၢနိစ္ဓာတ္ေတြနံနံပင္မွာ အံ့ၾသသင့္ေလာက္ေအာင္ ပါဝင္ေနပါတယ္။ အစာေျခအားေကာင္းေအာင္ အေကာင္းဆုံး ပံ့ပိုးေပးႏိုင္သလို အသည္း လုပ္ေဆာင္ခ်က္ေတြကိုပါ ေထာက္ပံ့ေပး ပါတယ္။ နံနံပင္က ဆီးခ်ိဳသမားေတြ လက္စြဲထားသင့္တဲ့ အ႐ြက္ပဲျဖစ္ပါတယ္။
ကိုယ္တြင္း အင္ဆူလင္ဓာတ္ထြက္ေအာင္ လႈံ႕ေဆာ္ေပးၿပီး ေသြးတြင္းသၾကားဓာတ္ကို ေလ်ာ့ခ်ေပးပါတယ္။ နံနံပင္မွာ ပါဝင္တဲ့ ဗီတာမင္ေကက အယ္လ္ဇိုင္းမားေရာဂါ မျဖစ္အာင္ ကာကြယ္ေပးပါတယ္။ နံနံပင္က မ်က္စိအတြက္လည္း အထူးေကာင္းမြန္ေစတဲ့ အ႐ြက္ပါ။ နံနံပင္မွာပါတဲ့ Antioxidants ေတြကမ်က္စိနဲ႔ ပတ္သက္တဲ့ ေရာဂါေတြမျဖစ္ေအာင္
အထူးသျဖင့္ မ်က္ခြံအတြင္းသား ေရာင္ရမ္းနာ တမ်ိဳးျဖစ္တဲ့ မ်က္စိနာျခင္းကို သက္သာေစပါတယ္။ နံနံပင္မွာ အမ်ိဳးသမီးေတြ အထူးလိုအပ္တဲ့ သံဓာတ္ေတြ ႂကြယ္ဝစြာပါဝင္လို႔ ေသြးအားနည္းျခင္းေရာဂါ မျဖစ္ေစႏိုင္ပါဘူး။ ဒါ့အျပင့္ အာ႐ုံေၾကာစနစ္ကို ေထာက္ပံ့ေပးလို႔ မွတ္ဉာဏ္တိုးပြားေစပါတယ္။
ပူစီနံ (ပူဒီနာ)ပူစီနံ႐ြက္မွာ
မဂၢနီစီယမ္ဓာတ္လည္းပါရွိတဲ့အတြက္ ႏွလုံးခုန္ႏႈန္းကို ပုံမွန္ထိန္းသိမ္းေပးပါတယ္။ ၿပီးေတာ့သူ႔မွာ ကယ္လ္စီယမ္ႏွင့္ မဂၢနီစီယမ္တို႔ အလုံအေလာက္ပါရွိတဲ့အတြက္ ကိုယ္ခံစြမ္းအားကို တိုးတက္ျမင့္မားေစကာ အ႐ိုးကို သန္စြမ္းေစပါတယ္။ ပူစီနံထဲမွာ Phytonutrient(ေခၚ) Perillyl Alchol ပါရွိလို႔၊ ကင္ဆာအဖုအက်ိတ္ ႀကီးထြားလာမႈကို ေႏွးေကြးေစကာ၊ အထူးသျဖင့္ အဆုတ္၊ အူမႀကီးႏွင့္ အေရျပားကင္ဆာတို႔ကို
ကာကြယ္ေပးႏိုင္တယ္လို႔ ေဆးသုေတသီေတြက ဆိုထားပါတယ္။ ပူစီနံ႐ြက္ဟာ ခႏၶာကိုယ္က အဆိပ္အေတာက္ ေတြကို ဆီးအျဖစ္ဖယ္ရွားသုတ္သင္ေပးလို႔ ဆီး႐ႊင္ေဆးအျဖစ္ အသုံးျပဳႏိုင္ပါတယ္။ အသည္းႏွင့္ သည္းေျခအိတ္တို႔ကိုလည္း ေကာင္းက်ိဳးျပဳပါတယ္။ အခ်ိဳ႕ Detox Juice အေနနဲ႔ ေသာက္သုံး ၾကပါတယ္။ အစာေခ်စနစ္ကို တိုးတက္ေကာင္းမြန္ေစကာ အစာအိမ္နာအမ်ိဳးမ်ိဳးမွ ကာကြယ္ေပးပါတယ္။
လည္ေခ်ာင္းနာေရာဂါမ်ားႏွင့္ အသံဝင္၊ အသံကြဲ၊ အသံျပာျခင္းတို႔အတြက္လည္းေကာင္းပါတယ္။ သူ႔ရဲ႕ထူးျခား ေကာင္းမြန္ေသာ ရနံ႔ႏွင့္ အရသာတို႔ေၾကာင့္ သတၱဳရည္ကိုအသုံးျပဳၿပီး ပ်ားရည္၊ သၾကားလုံး၊ ဂ်ယ္လီ၊ ပီေက၊ သြားတိုက္ေဆး၊ အလွအပဆိုင္ရာ၊ အခ်ိဳရည္ႏွင့္ ေရခဲမုန႔္တို႔ ျပဳလုပ္ၾကပါတယ္။ ပူစီနံ႐ြက္ျဖင့္ေဖာ္စပ္ထားတဲ့ သြားတိုက္ေဆးႏွင့္ ခံတြင္းသန႔္စင္ ေဆးရည္ဟာ လူႀကိဳက္မ်ားထင္ရွားပါတယ္။
ပင္စိမ္း
ပင္စိမ္းအ႐ြက္ကို ေနတိုင္းစားေပးျခင္း အားျဖင့္ အူလမ္းေၾကာင္း ဝမ္းဗိုက္ႏွင့္ပါးစပ္တြင္ျဖစ္ တက္ေသာေရာဂါမ်ား ကင္းေဝးပီး အစာေျခစနစ္ကို ေကာင္းမြန္ေစပါသည္။ ပင္စိမ္း အ႐ြက္ကို ေရထဲတြင္ စိမ္ၿပီး ေနတိုင္း ေသာက္လာပါက
ဆီးခ်ိဳေရာဂါ မျဖစ္ေအာင္ ကာကြယ္ေပးသညပင္စိမ္း သတၱဳရည္ကို သံပုရာရည္ေရာၿပီ တစ္ပတ္တႀကိမ္ ေခါင္းေလွ်ာ္ေပးပါက သန္းေဗာက္ဖက္မ်ား ကင္းေဝးမည္။ တစ္ရက္တြင္ နာရီေပါင္း20 Oxygen ထုတ္လြတ္ေပးေသာေၾကာင့္ အိမ္တြင္ စိုက္ရန္ အေကာင္းဆုံး အပင္တစ္ပင္ ျဖစ္ပါသည္။ စာဖတ္ပရိတ္သတ္ႀကီး က်န္းမာသုချပည့္ဝၾကပါေစ။အဆုံးထိဖတ္ရႈေပးတဲ့ စာဖတ္ပရိတ္သတ္ႀကီးကို ေက်းဇူးအထူး တင္ပါတယ္။
Crd
No Comments