
citric acid နဲ့ ဗီတာမင်စီ တို့ ပါဝင်တဲ့ သံပုရာရည်ရဲ့ ကောင်းကျိုးဆိုးပြစ်များ
သံပုရာရည်ရဲ့ ကောင်းကျိုးဆိုးပြစ်များ
သံပုရာရည်ဟာ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေဖြစ်တဲ့ ဗီတာမင် စီနဲ့ citric acid တို့ကို ထောက်ပံ့ပေးနိုင်တဲ့ ရင်းမြစ် တခု ဖြစ်ပြီး ပမာဏ အများကြီး သောက်သုံး စရာလည်း မလိုပါဘူး။ ချဉ်တဲ့ အသီးတွေ ကနေ flavanones ဓာတ်ကိုလည်း ရရှိနိုင်တဲ့ အတွက် သံပုရာရည်ရဲ့ ဓာတ်တိုး ဆန့်ကျင် အာနိသင်ကို ပိုလာစေပါတယ်။
ဘယ်အရာ မဆို တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်းပဲ သံပုရာရည်ဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ သောက်သုံးရင်တော့ သွားတွေ ပျက်စီးတာ၊ အစာချေ လမ်းကြောင်း ထိခိုက်တာ အစရှိတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။
ဗီတာမင် စီရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ
အခြားသော ချဉ်တဲ့ အသီးတွေနည်းတူ သံပုရာသီးကနေလည်း ဗီတာမင် စီ ကို ရရှိနိုင်ပါတယ်။ ဗီတာမင် စီ ၁၉ မီလီဂရမ်လောက်ကို သံပုရာသီး တလုံးတည်း ကနေ ရရှိနိုင်ပါတယ်။
ဒီပမာဏက အတိအကျတော့ မဟုတ်ဘဲ သင်အသုံးပြုတဲ့ သံပုရာသီးပေါ် မူတည်ပြီး အနည်းငယ် တိုးတာလျော့တာ ရှိကောင်း ရှိနိုင်ပေမယ့် သင့်အတွက် အင်မတန် အကျိုးရှိစေမယ် ဆိုတာကတော့ သေချာပါတယ်။ အမျိုးသမီးတွေဟာ တနေ့ကို ဗီတာမင် စီ ၇၅ မီလီဂရမ်လောက် လိုအပ်ပြီး အမျိုးသားတွေ ကတော့ ၉၀ မီလီဂရမ်လောက် လိုအပ်ပါတယ်။
ခန္ဓာကိုယ် တစ်ရှူးတွေကို free radicals လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေက မဖျက်ဆီးခင် ဗီတာမင် စီ က တားဆီး ပေးနိုင်တဲ့အတွက် သူတို့ဟာ အလွန်အရေးပါပြီး ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေလို့ ခေါ်ပါတယ်။
ဒါ့အပြင် free radicals တွေကြောင့် ပရိုတင်း၊ အဆီဓာတ်၊ ကာဘိုဟိုက်ဒရိတ် နဲ့ DNA အစရှိတဲ့ မော်လီကျူးတွေ ထိခိုက်မှာကိုလည်း ဗီတာမင် စီက ကာကွယ်ပေးပါသေးတယ်။ ဗီတာမင် စီကို များများစားပေးရင် နှလုံးနဲ့ သွေးကြောဆိုင်ရာ ပြဿနာတွေ ဖြစ်ပွါးနိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။
ကြွက်သား၊ အရွတ်၊ အရေပြား နဲ့ ကိုယ်တွင်း အင်္ဂါတွေ သန်စွမ်းဖို့ အားဖြည့်ပေးနိုင်တဲ့ တွယ်ဆက် တစ်ရှူး တမျိုး ဖြစ်တဲ့ collagen ဓာတ်ကိုလည်း ဗီတာမင် စီက ပေးစွမ်းနိုင်ပါသေးတယ်။
သံပုရာရည္မွာ ပါဝင္တဲ့ Citric Acid
၂၀၀၉ ခုနှစ်က ထုတ်ဝေတဲ့ Endourology ဂျာနယ်ရဲ့ အလိုအရ သံပုရာရည်ဟာ အခြားသော ချဉ်တဲ့ အသီးတွေ ထက် citric acid ပါဝင်နှုန်း ပိုမိုမြင့်မားတယ်လို့ ဆိုပါတယ်။
citric acid ဟာ စွမ်းအင် ထုတ်လုပ်မှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတခု ဖြစ်ပေမယ့် ပုံမှန်အားဖြင့်
လိုအပ်တဲ့ ပမာဏ အတိုင်း ခန္ဓာကိုယ်က ထုတ်လုပ်ပေးနိုင်တဲ့ အတွက် ၎င်းဟာ အရေးကြီးတဲ့ အာဟာရဓာတ် တခုတော့ မဟုတ်ပါဘူး။
ဒါပေမယ့် သံပုရာရည်ကို သောက်ခြင်း အားဖြင့် ရရှိလာတဲ့ citric acid ဟာ ကျန်းမာရေး အတွက် အထောက်အကူပြု ကောင်းကျိုး ဖြစ်စေတာတော့ ငြင်းလို့ မရပါဘူး။
သံပုရာရည် သောက်လိုက်တဲ့အခါ သင့်ဆီးထဲမှာရှိတဲ့ citric acid ပမာဏဟာ မြင့်တက်လာပြီး ဒီလို မြင့်တက် လာခြင်းဟာ
ဆီးကျောက် တည်ခြင်းကို ကာကွယ်ပေးတဲ့ အပြင် ရှိပြီးသား ကျောက် အသေးလေးတွေ ကိုလည်း ကြေသွား စေနိုင်ပါတယ်။
ဆီးထဲမှာ citric acid ပမာဏ နည်းပါးခြင်းဟာ ဆီးကျောက် တည်ခြင်းကို အားပေးပြီး ရှိပြီးသား ကျောက်တွေ ကိုလည်း အရွယ်အစား ကြီးလာစေပါတယ်။
ဒါတင်မက flavanones လို့ခေါ်တဲ့ အပင်ကရရှိတဲ့ flavonoids ဓာတ်တမျိုး ကိုလည်း သံပုရာရည်က ပေးစွမ်းနိုင်ပါ သေးတယ်။
အခြားသော သစ်သီးနဲ့ အသီးအရွက်တွေမှာ ပါဝင်တဲ့ flavonoids တွေနည်းတူ flavanonesတွေ (hesperetin, naringenin နဲ့eriodictyol လို့ ခေါ်ပါတယ်) ဟာလည်း
ဓာတ်တိုး ဆန့်ကျင် ပစ္စည်း အဖြစ် ဆောင်ရွက်ပေးပြီး ဆဲလ်တွေ ထိခိုက်ခြင်းကို ကာကွယ် ပေးနိုင်ပါတယ်။
Hesperetin ဟာ ကင်ဆာကျိတ် ကြီးလာခြင်းကိုတောင် တားဆီး ပေးနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် flavanones တွေဟာ သွေးပေါင်ချိန် နဲ့ သွေးတွင်း အဆီ ပမာဏကို လျှော့ချပေးနိုင်တာမို့ နှလုံးရောဂါ ဖြစ်ပွါးနှုန်းကို ကျဆင်းစေပြီး ဆီးချို ကိုလည်း ကုသပေးနိုင်ပါတယ်။
သံပုရာရည် အလွန်အကျွံသောက်ရင်
သံပုရာရည်မှာ ပါဝင်တဲ့ အက်ဆစ်တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ဒုက္ခပေးနိုင်ပါတယ်။
အက်ဆစ်ဓာတ် ကဲတဲ့ အစားအစာတွေဟာ အစာချေရည် ဆန်တက်တဲ့ ရောဂါ တမျိုးဖြစ်တဲ့ GERD ရဲ့ လက္ခဏာတွေကို ပိုဆိုးစေပြီး
အချို့ လူတွေဟာ ascorbic acid ပါတဲ့ အစားအသောက်တွေကို အလွန်အမင်း စားသုံးပြီးတဲ့ အခါ ဗိုက်နာ၊ ဗိုက်အောင့်တဲ့ ဝေဒနာတွေ ခံစားလာရ တတ်ပါတယ်။
Citric acid နဲ့ ascorbic acid နှစ်မျိုး ရောနှောထားတဲ့ သံပုရာရည်ဟာ pH တန်ဖိုး ၂ – ၂.၆ လောက် ရှိပါတယ်။
(pH တန်ဖိုး သုညဟာ အက်ဆစ်ဓာတ် အပြင်းဆုံး ပမာဏဖြစ်ပြီး ဘက်ထရီထဲမှာ ထည့်ထားတဲ့ အက်ဆစ်ဟာ pH တန်ဖိုး ၁ ရှိပါတယ်)
pH ပမာဏ ၄ လောက်ရှိတဲ့ အစားအစာတွေဟာ သွားကြွေလွှာကို ဖျက်ဆီးနိုင်တယ်လို့ “မန်နီဆိုးတား သွား ဆရာဝန်များ အဖွဲ့အစည်း” က ဆိုတဲ့အတွက် သံပုရာရည်ဟာ သင့်သွားတွေကို ထင်ခိုက်စေမှာ အသေအချာပါပဲ။
ဒါကြောင့် သံပုရာရည် သောက်ပြီးတိုင်း အာလုပ် ကျင်းပေးခြင်းဖြင့် သွား ကြွေလွှာတွေ ပျက်စီးမှုကို ကာကွယ် ရပါလိမ့်မယ်။
ဒါ့အပြင် သံပုရာရည် သောက်ပြီး တနာရီလောက် အတွင်းမှာ သွား တိုက်တာကိုလည်း ရှောင်ကျဉ် ရပါမယ်။
ဒီလိုမှ မဟုတ်ရင် သင့်သွားတွေကို အက်ဆစ်နဲ့ လိုက်ပွတ်တိုက်နေသလို ဖြစ်မှာစိုးတာကြောင့်ပါ။ Credit
Zawgyi
citric acid နဲ႔ ဗီတာမင္စီ တို႔ ပါဝင္တဲ့ သံပုရာရည္ရဲ႕ ေကာင္းက်ိဳးဆိုးျပစ္မ်ား
သံပုရာရည္ရဲ႕ ေကာင္းက်ိဳးဆိုးျပစ္မ်ား
သံပုရာရည္ဟာ ဓာတ္တိုး ဆန႔္က်င္ ပစၥည္းေတြျဖစ္တဲ့ ဗီတာမင္ စီနဲ႔ citric acid တို႔ကို ေထာက္ပံ့ေပးႏိုင္တဲ့ ရင္းျမစ္ တခု ျဖစ္ၿပီး ပမာဏ အမ်ားႀကီး ေသာက္သုံး စရာလည္း မလိုပါဘူး။ ခ်ဥ္တဲ့ အသီးေတြ ကေန flavanones ဓာတ္ကိုလည္း ရရွိႏိုင္တဲ့ အတြက္ သံပုရာရည္ရဲ႕ ဓာတ္တိုး ဆန႔္က်င္ အာနိသင္ကို ပိုလာေစပါတယ္။
ဘယ္အရာ မဆို တန္ေဆး လြန္ေဘးဆိုတဲ့ အတိုင္းပဲ သံပုရာရည္ဟာ က်န္းမာေရးအတြက္ ေကာင္းတယ္ဆိုေပမယ့္ အလြန္အကြၽံ ေသာက္သုံးရင္ေတာ့ သြားေတြ ပ်က္စီးတာ၊ အစာေခ် လမ္းေၾကာင္း ထိခိုက္တာ အစရွိတဲ့ ျပႆနာေတြကို ျဖစ္ေပၚေစပါလိမ့္မယ္။
ဗီတာမင္ စီရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူးေတြ
အျခားေသာ ခ်ဥ္တဲ့ အသီးေတြနည္းတူ သံပုရာသီးကေနလည္း ဗီတာမင္ စီ ကို ရရွိႏိုင္ပါတယ္။ ဗီတာမင္ စီ ၁၉ မီလီဂရမ္ေလာက္ကို သံပုရာသီး တလုံးတည္း ကေန ရရွိႏိုင္ပါတယ္။
ဒီပမာဏက အတိအက်ေတာ့ မဟုတ္ဘဲ သင္အသုံးျပဳတဲ့ သံပုရာသီးေပၚ မူတည္ၿပီး အနည္းငယ္ တိုးတာေလ်ာ့တာ ရွိေကာင္း ရွိႏိုင္ေပမယ့္ သင့္အတြက္ အင္မတန္ အက်ိဳးရွိေစမယ္ ဆိုတာကေတာ့ ေသခ်ာပါတယ္။ အမ်ိဳးသမီးေတြဟာ တေန႔ကို ဗီတာမင္ စီ ၇၅ မီလီဂရမ္ေလာက္ လိုအပ္ၿပီး အမ်ိဳးသားေတြ ကေတာ့ ၉၀ မီလီဂရမ္ေလာက္ လိုအပ္ပါတယ္။
ခႏၶာကိုယ္ တစ္ရႉးေတြကို free radicals လို႔ေခၚတဲ့ ဓာတ္ပစၥည္းေတြက မဖ်က္ဆီးခင္ ဗီတာမင္ စီ က တားဆီး ေပးႏိုင္တဲ့အတြက္ သူတို႔ဟာ အလြန္အေရးပါၿပီး ဓာတ္တိုး ဆန႔္က်င္ ပစၥည္းေတြလို႔ ေခၚပါတယ္။
ဒါ့အျပင္ free radicals ေတြေၾကာင့္ ပ႐ိုတင္း၊ အဆီဓာတ္၊ ကာဘိုဟိုက္ဒရိတ္ နဲ႔ DNA အစရွိတဲ့ ေမာ္လီက်ဴးေတြ ထိခိုက္မွာကိုလည္း ဗီတာမင္ စီက ကာကြယ္ေပးပါေသးတယ္။ ဗီတာမင္ စီကို မ်ားမ်ားစားေပးရင္ ႏွလုံးနဲ႔ ေသြးေၾကာဆိုင္ရာ ျပႆနာေတြ ျဖစ္ပြါးႏိုင္ေခ်ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။
ႂကြက္သား၊ အ႐ြတ္၊ အေရျပား နဲ႔ ကိုယ္တြင္း အဂၤါေတြ သန္စြမ္းဖို႔ အားျဖည့္ေပးႏိုင္တဲ့ တြယ္ဆက္ တစ္ရႉး တမ်ိဳး ျဖစ္တဲ့ collagen ဓာတ္ကိုလည္း ဗီတာမင္ စီက ေပးစြမ္းႏိုင္ပါေသးတယ္။
သံပုရာရၫၼြာ ပါဝငၱဲ့ Citric Acid
၂၀၀၉ ခုႏွစ္က ထုတ္ေဝတဲ့ Endourology ဂ်ာနယ္ရဲ႕ အလိုအရ သံပုရာရည္ဟာ အျခားေသာ ခ်ဥ္တဲ့ အသီးေတြ ထက္ citric acid ပါဝင္ႏႈန္း ပိုမိုျမင့္မားတယ္လို႔ ဆိုပါတယ္။
citric acid ဟာ စြမ္းအင္ ထုတ္လုပ္မႈအတြက္ မရွိမျဖစ္ လိုအပ္တဲ့ အရာတခု ျဖစ္ေပမယ့္ ပုံမွန္အားျဖင့္
လိုအပ္တဲ့ ပမာဏ အတိုင္း ခႏၶာကိုယ္က ထုတ္လုပ္ေပးႏိုင္တဲ့ အတြက္ ၎ဟာ အေရးႀကီးတဲ့ အာဟာရဓာတ္ တခုေတာ့ မဟုတ္ပါဘူး။
ဒါေပမယ့္ သံပုရာရည္ကို ေသာက္ျခင္း အားျဖင့္ ရရွိလာတဲ့ citric acid ဟာ က်န္းမာေရး အတြက္ အေထာက္အကူျပဳ ေကာင္းက်ိဳး ျဖစ္ေစတာေတာ့ ျငင္းလို႔ မရပါဘူး။
သံပုရာရည္ ေသာက္လိုက္တဲ့အခါ သင့္ဆီးထဲမွာရွိတဲ့ citric acid ပမာဏဟာ ျမင့္တက္လာၿပီး ဒီလို ျမင့္တက္ လာျခင္းဟာ
ဆီးေက်ာက္ တည္ျခင္းကို ကာကြယ္ေပးတဲ့ အျပင္ ရွိၿပီးသား ေက်ာက္ အေသးေလးေတြ ကိုလည္း ေၾကသြား ေစႏိုင္ပါတယ္။
ဆီးထဲမွာ citric acid ပမာဏ နည္းပါးျခင္းဟာ ဆီးေက်ာက္ တည္ျခင္းကို အားေပးၿပီး ရွိၿပီးသား ေက်ာက္ေတြ ကိုလည္း အ႐ြယ္အစား ႀကီးလာေစပါတယ္။
ဒါတင္မက flavanones လို႔ေခၚတဲ့ အပင္ကရရွိတဲ့ flavonoids ဓာတ္တမ်ိဳး ကိုလည္း သံပုရာရည္က ေပးစြမ္းႏိုင္ပါ ေသးတယ္။
အျခားေသာ သစ္သီးနဲ႔ အသီးအ႐ြက္ေတြမွာ ပါဝင္တဲ့ flavonoids ေတြနည္းတူ flavanonesေတြ (hesperetin, naringenin နဲ႔eriodictyol လို႔ ေခၚပါတယ္) ဟာလည္း
ဓာတ္တိုး ဆန႔္က်င္ ပစၥည္း အျဖစ္ ေဆာင္႐ြက္ေပးၿပီး ဆဲလ္ေတြ ထိခိုက္ျခင္းကို ကာကြယ္ ေပးႏိုင္ပါတယ္။
Hesperetin ဟာ ကင္ဆာက်ိတ္ ႀကီးလာျခင္းကိုေတာင္ တားဆီး ေပးႏိုင္တယ္လို႔ ဆိုပါတယ္။
ဒါ့အျပင္ flavanones ေတြဟာ ေသြးေပါင္ခ်ိန္ နဲ႔ ေသြးတြင္း အဆီ ပမာဏကို ေလွ်ာ့ခ်ေပးႏိုင္တာမို႔ ႏွလုံးေရာဂါ ျဖစ္ပြါးႏႈန္းကို က်ဆင္းေစၿပီး ဆီးခ်ိဳ ကိုလည္း ကုသေပးႏိုင္ပါတယ္။
သံပုရာရည္ အလြန္အကြၽံေသာက္ရင္
သံပုရာရည္မွာ ပါဝင္တဲ့ အက္ဆစ္ေတြဟာ အစာအိမ္နဲ႔ အူလမ္းေၾကာင္းကို ဒုကၡေပးႏိုင္ပါတယ္။
အက္ဆစ္ဓာတ္ ကဲတဲ့ အစားအစာေတြဟာ အစာေခ်ရည္ ဆန္တက္တဲ့ ေရာဂါ တမ်ိဳးျဖစ္တဲ့ GERD ရဲ႕ လကၡဏာေတြကို ပိုဆိုးေစၿပီး
အခ်ိဳ႕ လူေတြဟာ ascorbic acid ပါတဲ့ အစားအေသာက္ေတြကို အလြန္အမင္း စားသုံးၿပီးတဲ့ အခါ ဗိုက္နာ၊ ဗိုက္ေအာင့္တဲ့ ေဝဒနာေတြ ခံစားလာရ တတ္ပါတယ္။
Citric acid နဲ႔ ascorbic acid ႏွစ္မ်ိဳး ေရာေႏွာထားတဲ့ သံပုရာရည္ဟာ pH တန္ဖိုး ၂ – ၂.၆ ေလာက္ ရွိပါတယ္။
(pH တန္ဖိုး သုညဟာ အက္ဆစ္ဓာတ္ အျပင္းဆုံး ပမာဏျဖစ္ၿပီး ဘက္ထရီထဲမွာ ထည့္ထားတဲ့ အက္ဆစ္ဟာ pH တန္ဖိုး ၁ ရွိပါတယ္)
pH ပမာဏ ၄ ေလာက္ရွိတဲ့ အစားအစာေတြဟာ သြားေႂကြလႊာကို ဖ်က္ဆီးႏိုင္တယ္လို႔ “မန္နီဆိုးတား သြား ဆရာဝန္မ်ား အဖြဲ႕အစည္း” က ဆိုတဲ့အတြက္ သံပုရာရည္ဟာ သင့္သြားေတြကို ထင္ခိုက္ေစမွာ အေသအခ်ာပါပဲ။
ဒါေၾကာင့္ သံပုရာရည္ ေသာက္ၿပီးတိုင္း အာလုပ္ က်င္းေပးျခင္းျဖင့္ သြား ေႂကြလႊာေတြ ပ်က္စီးမႈကို ကာကြယ္ ရပါလိမ့္မယ္။
ဒါ့အျပင္ သံပုရာရည္ ေသာက္ၿပီး တနာရီေလာက္ အတြင္းမွာ သြား တိုက္တာကိုလည္း ေရွာင္က်ဥ္ ရပါမယ္။
ဒီလိုမွ မဟုတ္ရင္ သင့္သြားေတြကို အက္ဆစ္နဲ႔ လိုက္ပြတ္တိုက္ေနသလို ျဖစ္မွာစိုးတာေၾကာင့္ပါ။ Credit
No Comments