
မိန္းက ေလး ေတြမွာ ျဖစ္ တတ္ တဲ့ ေဟာ္မုန္းဓာတ္ မညီမွ်ျခင္းရဲ့ လကၡဏာရပ္မ်ား
စိတ္မတည္မျငိမ္ ျဖစ္လို့ ေနလား ။ ေနထိုင္မေကာင္း ျဖစ္ ေန လား ။ အဲဒါဆိုရင္ေတာ့ စဉ္းစား စရာ အ ေၾကာင္း အရင္း တစ္ခုပဲ ရွိ ပါ တယ္ ။ အဲဒါ က ေတာ့ ခနၶာကိုယ္ မွာ ရွိ တဲ့ ေဟာ္မုန္းဓာတ္ ပါပဲ ။ ေဟာ္မုန္းဓာတ္ ကို ကြ်န္မတို့ ခနၶာကိုယ္ အတြင္းမွာ ရွိတဲ့ အန္တို ခရင္း ( endocrine ) ဆိုတဲ့ ေဟာ္မုန္း စနစ္ နဲ့ ဖန္တီး ထား ပါ တယ္ ။ ဆာေလာင္ျခင္း နဲ့ ဇီဝျဖစ္စဉ္ေတြလို အေျခခံကိစၥေတြက စျပီး စိတ္ခံစားခ်က္ ၊ စိတ္အေျခအေနလို ပိုျပီး ရႈပ္ေထြး လွတဲ့ ျဖစ္စဉ္ေတြ အထိ ခနၶာကိုယ္ လုပ္ေဆာင္ခ်က္ အမ်ားစုကို ထိန္း ေပး ပါတယ္။
ေရႊ ေစ်း လိုပဲ ေဟာ္မုန္း ဓာတ္ ေတြက မတည္ မျငိမ္ ၊ တက္လိုက္ က်လိုက္ ျဖစ္ တတ္ ပါ တယ္ ။ ေဟာ္မုန္း ဓာတ္ေတြ တတ္ လိုက္ က် လိုက္ နဲ့ မတည္မျငိမ္ ျဖစ္ျခင္းက ကိုယ္အေလးခ်ိန္ တက္ျခင္း ၊ က်ျခင္း ၊ စိတ္ အေျခအေန မတည္ျငိမ္ျခင္းေတြရဲ့ အ ေၾကာင္း အရင္း ျဖစ္ နိုင္ ပါ တယ္ ။
ခနၶာကိုယ္မွာ ေဟာ္မုန္း အမ်ိုးအစား အမ်ားျကီး ရွိ ပါ တယ္ ။ တခ်ို့ ေဟာ္မုန္းဓာတ္ ေတြက အမ်ိုးသမီးေတြ ရဲ့ ေန့စဉ္ က်န္းမာေရးမွာ အဓိ က က႑ဍ အေနနဲ့ ပါဝင္ ပါ တယ္ ။ ေဟာ္မုန္းဓာတ္ေတြ ညီမွ် မွသာ ကြ်န္မတို့ရဲ့ ခနၶာကိုယ္က ေနလို့ ထိုင္လို့ ေကာင္း မွာ ပါ ။ ကၽြန္မတို့ ခနၶာကိုယ္မွာ ရွိတဲ့ ေဟာ္မုန္း ဓာတ္ေတြ မညီမွ် မႈေတြ ျဖစ္လာတဲ့ အခါ အျဖစ္ မ်ားဆံုး လကၡဏာရပ္ တခ်ို့ကို စာဖတ္ ပရိသတ္ေတြ သိရွိ ေစဖို့ မွ် ေ၀ ေပး လိုက္ ရ ပါ တယ္ ။
ရာသီလာခ်ိန္ မမွန္ျခင္း၊
အိပ္မ ေပ်ာ္ျဖစ္ျခင္း၊
ဝက္ျခံ ခဏ ခဏ ေပါက္ျခင္း၊
ေခါင္းမၾကည္ျခင္း၊
ပင္ပန္းနြမ္းလ်ျခင္း၊
အစာေျခ ျပႆနာေတြ ရွိလာျခင္း၊
စိုးရိမ္ပူပန္ျခင္း၊ စိတ္ဓာတ္က်ျခင္းေတြ ခံစားရျခင္း၊
စိတ္ ဂနာမျငိမ္ျဖစ္ျခင္း၊
ခဏ ခဏ ဆာေလာင္ျခင္း၊
ကိုယ္ အ ေလးခ်ိန္ တက္ျခင္း၊
ရာသီလာခါနီး (သို့) ရာသီလာခ်ိန္အတြင္း ေခါင္းကိုက္ျခင္း၊
သားအိမ္လမ္းေၾကာင္း က်ိန္းစပ္ျခင္း၊
အရိုးပြ ေရာဂါရွိလာျခင္း၊
ဆံပင္ေတြပါးလာျခင္း၊
က ေလး မရနိုင္ျခင္း၊
ရင္တုန္ပန္းတုန္ျဖစ္ျခင္း၊
တခ်ဳိ႕ ေဟာ္မုန္းဓာတ္ မညီမွ်ျခင္းက ေဆးေသာက္ဖို႕ လိုအပ္နိုင္ေပမဲ့ ေနထိုင္မႈပံုစံ ေျပာင္းလဲျခင္းနဲ့လည္း ေဟာ္မုန္းဓာတ္ ညီမွ် ေအာင္ လုပ္လို့ ရ ပါ တယ္ ။ က်န္းမာေရးနဲ့ ညီညွြတ္ေအာင္ စားေသာက္တာ ၊ ပံုမွန္ ကိုယ္လက္လႈပ္ရွားမႈ ေလ့က်င့္ခန္း ျပုလုပ္ ေပးတာ ၊ အိပ္ေရး ဝဝ အိပ္စက္တာေတြက ေဟာ္မုန္းဓာတ္ မညီမွ်မႈ ေတြ ျဖစ္မလာ ေအာင္ ထိန္းေပးနိုင္မွာပဲ ျဖစ္ ပါ တယ္ ။
Credit : Signs of a Hormonal Imbalance
Unicode
မိန်းက လေး တွေမှာ ဖြစ် တတ် တဲ့ ဟော်မုန်းဓာတ် မညီမျှခြင်းရဲ့ လက္ခဏာရပ်များ
စိတ်မတည်မငြိမ် ဖြစ်လို့ နေလား ။ နေထိုင်မကောင်း ဖြစ် နေ လား ။ အဲဒါဆိုရင်တော့ စဉ်းစား စရာ အ ကြောင်း အရင်း တစ်ခုပဲ ရှိ ပါ တယ် ။ အဲဒါ က တော့ ခန္ဓာကိုယ် မှာ ရှိ တဲ့ ဟော်မုန်းဓာတ် ပါပဲ ။ ဟော်မုန်းဓာတ် ကို ကျွန်မတို့ ခန္ဓာကိုယ် အတွင်းမှာ ရှိတဲ့ အန်တို ခရင်း ( endocrine ) ဆိုတဲ့ ဟော်မုန်း စနစ် နဲ့ ဖန်တီး ထား ပါ တယ် ။ ဆာလောင်ခြင်း နဲ့ ဇီဝဖြစ်စဉ်တွေလို အခြေခံကိစ္စတွေက စပြီး စိတ်ခံစားချက် ၊ စိတ်အခြေအနေလို ပိုပြီး ရှုပ်ထွေး လှတဲ့ ဖြစ်စဉ်တွေ အထိ ခန္ဓာကိုယ် လုပ်ဆောင်ချက် အများစုကို ထိန်း ပေး ပါတယ်။
ရွှေ ဈေး လိုပဲ ဟော်မုန်း ဓာတ် တွေက မတည် မငြိမ် ၊ တက်လိုက် ကျလိုက် ဖြစ် တတ် ပါ တယ် ။ ဟော်မုန်း ဓာတ်တွေ တတ် လိုက် ကျ လိုက် နဲ့ မတည်မငြိမ် ဖြစ်ခြင်းက ကိုယ်အလေးချိန် တက်ခြင်း ၊ ကျခြင်း ၊ စိတ် အခြေအနေ မတည်ငြိမ်ခြင်းတွေရဲ့ အ ကြောင်း အရင်း ဖြစ် နိုင် ပါ တယ် ။
ခန္ဓာကိုယ်မှာ ဟော်မုန်း အမျိုးအစား အများကြီး ရှိ ပါ တယ် ။ တချို့ ဟော်မုန်းဓာတ် တွေက အမျိုးသမီးတွေ ရဲ့ နေ့စဉ် ကျန်းမာရေးမှာ အဓိ က ကဏ္ဍဍ အနေနဲ့ ပါဝင် ပါ တယ် ။ ဟော်မုန်းဓာတ်တွေ ညီမျှ မှသာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က နေလို့ ထိုင်လို့ ကောင်း မှာ ပါ ။ ကျွန်မတို့ ခန္ဓာကိုယ်မှာ ရှိတဲ့ ဟော်မုန်း ဓာတ်တွေ မညီမျှ မှုတွေ ဖြစ်လာတဲ့ အခါ အဖြစ် များဆုံး လက္ခဏာရပ် တချို့ကို စာဖတ် ပရိသတ်တွေ သိရှိ စေဖို့ မျှ ေ၀ ပေး လိုက် ရ ပါ တယ် ။
ရာသီလာချိန် မမှန်ခြင်း၊
အိပ်မ ပျော်ဖြစ်ခြင်း၊
ဝက်ခြံ ခဏ ခဏ ပေါက်ခြင်း၊
ခေါင်းမကြည်ခြင်း၊
ပင်ပန်းနွမ်းလျခြင်း၊
အစာခြေ ပြဿနာတွေ ရှိလာခြင်း၊
စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေ ခံစားရခြင်း၊
စိတ် ဂနာမငြိမ်ဖြစ်ခြင်း၊
ခဏ ခဏ ဆာလောင်ခြင်း၊
ကိုယ် အ လေးချိန် တက်ခြင်း၊
ရာသီလာခါနီး (သို့) ရာသီလာချိန်အတွင်း ခေါင်းကိုက်ခြင်း၊
သားအိမ်လမ်းကြောင်း ကျိန်းစပ်ခြင်း၊
အရိုးပွ ရောဂါရှိလာခြင်း၊
ဆံပင်တွေပါးလာခြင်း၊
က လေး မရနိုင်ခြင်း၊
ရင်တုန်ပန်းတုန်ဖြစ်ခြင်း၊
တချို့ ဟော်မုန်းဓာတ် မညီမျှခြင်းက ဆေးသောက်ဖို့ လိုအပ်နိုင်ပေမဲ့ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနဲ့လည်း ဟော်မုန်းဓာတ် ညီမျှ အောင် လုပ်လို့ ရ ပါ တယ် ။ ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသောက်တာ ၊ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပြုလုပ် ပေးတာ ၊ အိပ်ရေး ဝဝ အိပ်စက်တာတွေက ဟော်မုန်းဓာတ် မညီမျှမှု တွေ ဖြစ်မလာ အောင် ထိန်းပေးနိုင်မှာပဲ ဖြစ် ပါ တယ် ။
Credit : Signs of a Hormonal Imbalance
No Comments