- By : Admin
- Category : Knowledge
- Tags:ုGeneral knowledge

( ၁ ) ပါစတာခြောက်
( ၂ ) ဗင်နီကာ
( ၃ ) ဆား
( ၄ ) ငရုတ် ပွ သီး
( ၅ ) မုန်လာဥနီ/ခါချက်ဥ
( ၇ ) ဗင်နီလာ
( ၈ ) ဥအမျိုးမျိုး
( ၉ ) ချဉ်သော အသီးများ
Credit : Elite Readers
Unicode
သင် ထားတာထက်တောင် ပိုပြီး ကြာရှည်ခံ ၊ အထားခံတဲ့ အစားအစာ (၉) မျိုး
ဘယ်ပစ္စည်း၊ အစားအသောက်မှာ မဆို သူ့ဟာနဲ့ သူ expiry date ဆို တာ ရှိ တတ် ကြ ပါတယ် ။ အစားအသောက် တွေ မှာ တော့ ရက်လွန် ကုန်တာတွေ ၊ မလတ်တော့တာတွေ ၊ အချိန် ဘယ်လောက် ကြာရင် မစားသင့်တော့တာတွေ ပို ရှိတတ်ပါတယ် ။
ဥပမာ တစ်မနက်တည်း နဲ့ သိုးသွား တတ် တဲ့ အစားအသောက်တွေ ရှိသလို နှစ်ချို့သည့်တိုင်အောင် စားသုံးလို့ ရနိုင် သေးတဲ့ အစားအသောက်တွေ လည်း အများကြီး ရှိ ပါ တယ် ။
အောက်မှာ တော့ မထင်မှတ်ထား လောက်အောင် သက်တမ်း ကြာမြင့်စွာ ထား နိုင် မယ့် အစားအသောက် ( ၉ ) မျိုး အ ကြောင်းကို ဖော်ပြ သွားမှာ ဖြစ် ပါ တယ် ။
( ၁ ) ပါစတာခြောက်
ဥ ရောပ အစားအစာတွေ မှာ အမြဲလို တွေ့နေကျ ဖြစ်တဲ့ ပါစတာခြောက်တွေ က တော့ ဆယ်စုနှစ် တစ်ခုအထိ ထားခံတယ်လို့ သိရပါ တယ် ။ သူတို့တွေရဲ့ အ ပေါ်မှာ ဖြူးထားတဲ့ ဂျုံမှုန့်တွေသာ မရှိတော့ရင် မရှိမယ် ၊ ပါစတာတွေကိုတော့ စားဖို့ အန္တရာယ်ကင်းသေးတယ်လို့ သိရပါတယ်။
( ၂ ) ဗင်နီကာ
အက်ဆစ်ဓာတ်ခပ်များများပါဝင်တဲ့ ဗင်နီကာဟာ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ ကြားဖူးကြမယ်ထင်ပါတယ်။ ကြာကြာထားတဲ့အတွက် အရောင်ပြောင်းတာတို့ အနည်းဖြစ်တာ တို့ ဖြစ်တတ်ပေမယ့် ဘယ်လောက် ကြာကြာ ဗင်နီကာ ရဲ့ ကွာလတီ နဲ့ အရသာက တော့ ဘယ်တော့မှပြောင်းလဲမှာမဟုတ်ပါဘူး။
( ၃ ) ဆား
ဆားကတော့ ရေမစိုသ၍ ဘယ်လောက်ထားထား အထားခံပါတယ်နော်။
( ၄ ) ငရုတ် ပွ သီး
ငရုတ်ပွသီးတွေကတော့ ရေခဲသေတ္တာထဲမှာ ထည့်ထားရင် တစ်ပတ်လောက် ကောင်းကောင်းခံနိုင်ကြပြီး ငရုတ် ပွ တွေ ထဲ က မှ အစိမ်း ရောင်ရှိတဲ့ ကောင်တွေ က တော့ သကြားဓာတ်ပါဝင်မှုနှုန်း
အရမ်းနည်းတဲ့အတွက် ( ၂ ) ပတ် မှ ( ၃ ) ပတ်အထိ ထားနိုင်တယ် လို့ ဆို ပါ တယ်။ အသီးတွေ ရှုံ့တွ နေပြီ ဆိုရင် တော့ မစားတော့ဘဲ ပစ်လိုက်ပါလို့ အကြံပေး ချင်ပါတယ် ။
( ၅ ) မုန်လာဥနီ/ခါချက်ဥ
အ အေး ခန်းထဲမှာ မုန်လာဥနီကို သိုလှောင် ထားမယ် ဆိုရင်တော့ ( ၂ ) ပတ် ၊ ( ၃ ) ပတ် လောက် အထိ အထား ခံ ပါ တယ် ။ ပို ပြီး ကြာ ကြာခံဖို့ကိုတော့ မုန်လာဥနီရဲ့အ ပေါ်မှာ ပါတဲ့ အစိမ်းရောင်အရွက်တွေကို လှီးဖြတ် သင့်ပါတယ်။
( ၆ ) အ ခြောက် ခံ ထားသော သို့မဟုတ် စီသွတ်ဗူးထဲမှ ပဲများ
စီသွတ်ဗူးပဲတွေကတော့ အခန်းအပူချိန်မှာ ထား ထားပါက ( ၁ ) နှစ် နီးပါးလောက် အထိ ခံပြီး အခြောက်ခံ ထားတဲ့ ပဲတွေကိုတော့ စားခံနီး ရေနိုင်နိုင်ဆေးကာ ရေစိမ်ထားပေးသင့်ပါတယ် ။
( ၇ ) ဗင်နီလာ
ဗူးဖွင့်ပြီး ( ၅ ) နှစ် လောက် အထိ အထားခံပါတယ်။ ရေခဲသေတ္တာထဲမှာလည်း မသိမ်း ၊ နေ ရောင် နဲ့ အပူနဲ့လည်း မထိစေပါနဲ့ ။
( ၈ ) ဥအမျိုးမျိုး
ဥ ဥတဲ့နေ့မှ (၃) ပတ်လောက် အထိ အထားခံပါတယ်။ ဆိုင်မှာဝယ်တဲ့ဥတွေကိုတော့ ကြာကြာခံပြီး ဘတ်တီးရီးယားရန်မှ ကာကွယ်ဖို့ အတွက် ဆီလေးဖျန်းပေးနိုင်ပါတယ်။
( ၉ ) ချဉ်သော အသီးများ
လိမ္မော်သီး၊ သံပုရာသီး၊ ဂရိတ်ဖရုနဲ့ အခြားသော အချဉ်ဓာတ်ရှိပြီး အခွံထူတဲ့အသီးတွေဟာ မှိုတက်ခြင်းမှ ကာကွယ် ပေးနိုင် တာ မို့ ( ၂ ) ပတ်မှ (၆) ပတ်အထိ အပူချိန်ပေါ် လိုက်ပြီး သက်တမ်း ရှည်တတ် ပါတယ် ။
Credit : Elite Readers
No Comments