
ကြယ္လြန္ၿပီးေနာက္ သရဏဂုံ တင္တဲ့ ရည္႐ြယ္ခ်က္
သရဏဂုံ
ကြယ္လြန္ ၿပီးေနာက္ အေလာင္းကို သရဏဂုံ တင္မႈဟာ ဗုဒၶ ဘာသာဝင္ေတြ ရဲ႕ ထုံးစံ တစ္ခုျဖစ္ ေန ပါ ၿပီ ။ ဘယ္ ေလာက္ ပဲ ဆင္းရဲ နိမ့္ပါး ပါေစ
က်န္ရစ္သူ မိသားစု ေတြက သရဏဂုံ တင္ ျဖစ္ ေအာင္ ႀကိဳးစား တတ္ ၾက ပါ တယ္ ။
အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ အ ေလာင္းကို သရဏဂုံ တင္ခြင့္ မရ လိုက္ တဲ့ အခါ မ်ိဳး မွာ အင္မတန္ ဝမ္းနည္း ပက္လက္ ျဖစ္ တတ္ ၾကပါ တယ္ ။
တကယ္ ေတာ့ တစ္ဦး တစ္ေယာက္ ကြယ္လြန္ တဲ့ အခါ အသက္ ရွင္ စဥ္ က သရဏဂုံ ယူ ထား ခဲ့ ရင္ လည္း ပ်က္ ျပယ္ သြား ပါ ၿပီ ။
အ ေလာင္းေကာင္က ဘာမွ မသိႏိုင္ မဆိုႏိုင္တဲ့အတြက္
သရဏဂုံ တင္ေပး ေပမယ့္ သရဏဂုံ မ& ႏိုင္ ေတာ့ပါဘူး ။ ဒါေပမဲ့ ကြယ္လြန္သူဟာ ၿပိတၱာ အုပ္စုမွာ ပါ ဝင္ တဲ့ တေစၦ ၊ သရဲ ၊ မင္စာ ၊ နတ္စိမ္း စတဲ့
ဘဝ မ်ိဳး ကို ေရာက္ေန ခဲ့ ရင္ သရဏဂုံ ယူႏိုင္ ေဆာက္တည္ ႏိုင္ပါတယ္ ။
ဒါေၾကာင့္ တကယ္ လို႔ မ်ား ဒီလို ဘဝ မ်ိဳး ကို ေရာက္ ေနခဲ့ရင္ သရဏဂုံ ေဆာက္ တည္ႏိုင္ ပါ ေစ ၊ သရဏဂုံ ႏွင့္ စပ္တဲ့ အက်ိဳး ေတြကို ခံစား
ႏိုင္ပါ ေစ ဆို တဲ့ ရည္ ႐ြယ္ ခ်က္ ၊ အနီး အနား မွာ ရွိတဲ့ အျခား တေစၦ ၊
သရဲ စတဲ့ သရဏဂုံ ယူ ႏိုင္ သူ ေတြ လည္း သရဏဂုံ ခံ ယူ ေဆာက္ တည္ ၿပီး သရဏဂုံ ႏွင့္ စပ္တဲ့အက်ိဳး ေတြကို ရရွိ ခံစား ႏိုင္ ၾကပါ ေစ ဆိုတဲ့ ရည္ ႐ြယ္ ခ်က္ ၊
လက္ရွိ ဘ၀ က်န္ရစ္သူ မိသားစု ေဆြမ်ိဳး ၊ မိတ္ေဆြ အေပါင္းအသင္းမ်ား လည္း သရဏဂုံ ေဆာက္ တည္ ၿပီး သရဏဂုံ ႏွင့္ စပ္တဲ့ အက်ိဳး ထူး ေတြကို ရ ရွိ ႏိုင္မယ္ ဆို တဲ့ ရည္႐ြယ္ခ်က္ ၊
ဒီလို မြန္ျမတ္ သန႔္စင္ တဲ့ ရည္ ႐ြယ္ ခ်က္ ေတြ နဲ႔ ကြယ္လြန္ ၿပီးေနာက္ အေလာင္းကို သရဏဂုံ တင္ ၾက ျခင္း ျဖစ္ ပါ တယ္ ။
{အရွင္နႏၵေသနာလကၤာရ(မဟာဓမၼစရိယ၊ M,A)၏ ဓမၼဗိမာန္-ဓမၼစာေပ ပထမဆုရ “ဘာသာေရး အႏွစ္သာရမ်ား” မွ ေကာက္ႏုတ္ေရးသားပူေဇာ္ပါသည္။}
Credit: အရွင္နႏၵေသနာလကၤာရ
Unicode
ကွယ်လွန်ပြီးနောက် သရဏဂုံ တင်တဲ့ ရည်ရွယ်ချက်
သရဏဂုံ
ကွယ်လွန် ပြီးနောက် အလောင်းကို သရဏဂုံ တင်မှုဟာ ဗုဒ္ဓ ဘာသာဝင်တွေ ရဲ့ ထုံးစံ တစ်ခုဖြစ် နေ ပါ ပြီ ။ ဘယ် လောက် ပဲ ဆင်းရဲ နိမ့်ပါး
ပါစေ ကျန်ရစ်သူ မိသားစု တွေက သရဏဂုံ တင် ဖြစ် အောင် ကြိုးစား တတ် ကြ ပါ တယ် ။
အကြောင်း အမျိုးမျိုးကြောင့် အ လောင်းကို သရဏဂုံ တင်ခွင့် မရ လိုက် တဲ့ အခါ မျိုး မှာ အင်မတန် ဝမ်းနည်း ပက်လက် ဖြစ် တတ် ကြပါ တယ် ။
တကယ် တော့ တစ်ဦး တစ်ယောက် ကွယ်လွန် တဲ့ အခါ အသက် ရှင် စဉ် က သရဏဂုံ ယူ ထား ခဲ့ ရင် လည်း ပျက် ပြယ် သွား ပါ ပြီ ။
အ လောင်းကောင်က ဘာမှ မသိနိုင် မဆိုနိုင်တဲ့အတွက် သရဏဂုံ တင်ပေး ပေမယ့်
သရဏဂုံ မရ နိုင် တော့ ပါ ဘူး ။ ဒါပေမဲ့ ကွယ်လွန်သူဟာ ပြိတ္တာ အုပ်စုမှာ ပါ ဝင် တဲ့ တစ္ဆေ ၊
သရဲ ၊ မင်စာ ၊ နတ်စိမ်း စတဲ့ ဘဝ မျိုး ကို
ရောက်နေ ခဲ့ ရင် သရဏဂုံ ယူနိုင် ဆောက်တည် နိုင် ပါ တယ် ။
ဒါကြောင့် တကယ် လို့ များ ဒီလို ဘဝ မျိုး ကို ရောက် နေ ခဲ့ ရင် သရဏဂုံ ဆောက် တည်နိုင် ပါ စေ ၊ သရဏဂုံ နှင့် စပ်တဲ့ အကျိုး တွေကို
ခံစား နိုင် ပါ စေ ဆို တဲ့ ရည် ရွယ် ချက် ၊ အနီး အနား မှာ ရှိတဲ့ အခြား တစ္ဆေ ၊
သရဲ စတဲ့ သရဏဂုံ ယူ နိုင် သူ တွေ လည်း သရဏဂုံ ခံ ယူ ဆောက် တည် ပြီး သရဏဂုံ နှင့် စပ်တဲ့ အကျိုး တွေကို ရရှိ ခံစား နိုင် ကြ ပါ စေ
ဆို တဲ့ ရည် ရွယ် ချက် ၊
လက်ရှိ ဘ၀ ကျန်ရစ်သူ မိသားစု ဆွေမျိုး ၊ မိတ်ဆွေ အပေါင်းအသင်းများ လည်း သရဏဂုံ ဆောက် တည် ပြီး သရဏဂုံ နှင့်
စပ်တဲ့ အကျိုး ထူး တွေကို ရ ရှိ နိုင်မယ် ဆို တဲ့
ရည်ရွယ်ချက် ၊ ဒီလို မွန်မြတ် သန့်စင် တဲ့ ရည် ရွယ် ချက် တွေ နဲ့ ကွယ်လွန် ပြီးနောက် အလောင်းကို သရဏဂုံ တင် ကြ ခြင်း ဖြစ် ပါ တယ် ။
{အရှင်နန္ဒသေနာလင်္ကာရ(မဟာဓမ္မစရိယ၊ M,A)၏ ဓမ္မဗိမာန်-ဓမ္မစာပေ ပထမဆုရ “ဘာသာရေး အနှစ်သာရများ” မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
Credit: အရှင်နန္ဒသေနာလင်္ကာရ
No Comments