
လ်င္ျမန္ေကာင္းမြန္စြာ အိပ္ေပ်ာ္ေစႏိုင္ဖို႔ ဒီနည္းအတိုင္း (၂)မိနစ္ခန႔္ ေျခဖဝါးကုိ ႏွိပ္ေပးပါ
ေကာင္းေကာင္း အိပ္မေပ်ာ္တဲ့ လူေတြဖို႔ မွန္ကန္တဲ့ နည္း လမ္း နဲ႔ ေျခဖဝါး သို႔ ႏွိပ္ နယ္ ေပး ျခင္း ဟာ ႏွစ္ႏွစ္ ၿခိဳက္ၿခိဳက္ အိပ္ စက္ ႏိုင္ဖို႔ အတြက္ ကူညီေပး ေၾကာင္း ေလ့လာခ်က္ ေတြအရ သိရ ပါတယ္ ။
ခႏၶာကိုယ္မွာ လိုအပ္ ေနတဲ့ natural balance ကို ျပန္လုပ္ယူတဲ့ အေနနဲ႔ ေျခဖဝါးေလး ေတြကို ဖြဖြေလး ႏွိပ္နယ္ ေပး ရ မွာ ပါ ။ ဒီလို ႏွိပ္ နယ္တဲ့ နည္းလမ္း ေတြကို reflexology ပညာရပ္လို႔ ေခၚ ပါ တယ္ ။
အိပ္ေဆးေတြ ၊ တရားထိုင္တာေတြ မပါဝင္ဘဲ အပမ္းလည္း မႀကီး ကိုယ္တိုင္လည္း လိုက္လုပ္ႏိုင္တဲ့ နည္းလမ္းေလး မို႔ စမ္းၾကည့္ သင့္တဲ့ နည္းလမ္းေလးပါ ။
ကြၽမ္းက်င္သူ reflexologist Michele Stevens ဟာ ဒီ နည္းလမ္းနဲ႔ ပတ္သက္ၿပီး မွန္ကန္တိက် စြာ လိုက္ လုပ္ ႏိုင္ဖို႔ အတြက္ နည္းလမ္း ေလးေတြ မွ်ေဝ ထား ပါ တယ္ ။
ေျခေထာက္မွာ အ႐ိုး အဆစ္ေပါင္း ( ၂၆ ) ခု ပါၿပီး နာဗ့္ေၾကာေပါင္း ( ၇ ) ေထာင္ ေလာက္စုစည္း ေန ပါ တယ္ ။
နာဗ့္ေၾကာေတြကို reflexes လို႔ ေခၚၿပီး ေျခဖဝါး မွ နာဗမ့္ေၾကာ ေတြဟာ ခႏၶာကိုယ္ရဲ႕ ရွိသမွ် အတြင္းကလီစာ အဂၤါေတြ နဲ႔ ခ်ိတ္ဆက္လို႔ ေန ပါ တယ္ ။
နာဗ့္ေၾကာ ေပါင္းမ်ားစြာ ရွိေနတဲ့ ေျခေထာက္ ႏွစ္ေခ်ာင္း ေပၚမွာ ေန႔စဥ္ တိုင္း ခႏၶာကိုယ္ ရဲ႕အေလးခ်ိန္ ကို သယ္ပိုး ထားတဲ့ အတြက္ ညဘက္ ေရာက္တဲ့ အခါမွာေတာ့ အေၾကာေတြကို ေျဖေလွ်ာ့ ေပး သင့္ ပါ တယ္ ။ အဆင့္ ( ၅ ) ဆင့္ ရွိပါတယ္ ။
နမူနာဗီဒီယိုပါ။
ပထမဆင့္ အ ေန နဲ႔ ေျခမထိပ္ရဲ႕ အလယ္နားကို လက္မနဲ႔ လက္ညႇိဳး နဲ႔ ဖိ ထား ရ ပါ မယ္ ။ စကၠန႔္ပိုင္း ေလာက္ ဖိ ထား ၿပီး ခ်ိန္ မွာ ေတာ့ စက္ဝိုင္း ပုံသ႑ာန္ ဖိႏွိပ္ ေပးရ ပါမယ္ ။
ေနာက္မွာေတာ့ ေျခမရဲ႕ ေအာက္ေျခ မွ စကာ အေပၚဖက္သို႔ ေျဖးေျဖးခ်င္းဖိႏွိပ္ေပးပါ။
ေနာက္မွာေတာ့ ေျခဖဝါးသို႔ ေျပာင္းကာ အလယ္ပိုင္းမွ အထက္သို႔ ႏွိပ္နယ္ေပးပါ။ ၿပီးရင္ေတာ့ ေျခဖဝါးအလယ္ေလာက္မွာပဲ အျပင္ဖက္မွ အတြင္း၊ အတြင္းမွ အျပင္၊ ဘယ္ညာအေနအထားျဖင့္ စက္ဝိုင္းပုံသ႑ာန္ ႏွိပ္နယ္ေပးပါ။
ေနာက္ဆုံးအေနနဲ႔ ေျခဖဝါးရဲ႕ အလယ္ တည့္ တည့္ကို စက္ဝိုင္းပုံသ႑ာန္နယ္ေပးပါ။ အၿပီးသတ္အေနနဲ႔ အဲဒီေနရာကိုပဲ ( ၃ ) စကၠန႔္ေလာက္ ဖိထားေပး ျခင္းျဖင့္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်္ာ ႏိုင္ ပါ တယ္ ။
Credit : Unilad
Unicode
လျင်မြန်ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ဖို့ ဒီနည်းအတိုင်း (၂)မိနစ်ခန့် ခြေဖဝါးကို နှိပ်ပေးပါ
ကောင်းကောင်း အိပ်မပျော်တဲ့ လူတွေဖို့ မှန်ကန်တဲ့ နည်း လမ်း နဲ့ ခြေဖဝါး သို့ နှိပ် နယ် ပေး ခြင်း ဟာ နှစ်နှစ် ခြိုက်ခြိုက် အိပ် စက် နိုင်ဖို့ အတွက် ကူညီပေး ကြောင်း လေ့လာချက် တွေအရ သိရ ပါတယ် ။
ခန္ဓာကိုယ်မှာ လိုအပ် နေတဲ့ natural balance ကို ပြန်လုပ်ယူတဲ့ အနေနဲ့ ခြေဖဝါးလေး တွေကို ဖွဖွလေး နှိပ်နယ် ပေး ရ မှာ ပါ ။
ဒီလို နှိပ် နယ်တဲ့ နည်းလမ်း တွေကို reflexology ပညာရပ်လို့ ခေါ် ပါ တယ် ။
အိပ်ဆေးတွေ ၊ တရားထိုင်တာတွေ မပါဝင်ဘဲ အပမ်းလည်း မကြီး ကိုယ်တိုင်လည်း လိုက်လုပ်နိုင်တဲ့ နည်းလမ်းလေး မို့ စမ်းကြည့် သင့်တဲ့ နည်းလမ်းလေးပါ ။
ကျွမ်းကျင်သူ reflexologist Michele Stevens ဟာ ဒီ နည်းလမ်းနဲ့ ပတ်သက်ပြီး မှန်ကန်တိကျ စွာ လိုက် လုပ် နိုင်ဖို့ အတွက် နည်းလမ်း လေးတွေ မျှဝေ ထား ပါ တယ် ။
ခြေထောက်မှာ အရိုး အဆစ်ပေါင်း ( ၂၆ ) ခု ပါပြီး နာဗ့်ကြောပေါင်း ( ၇ ) ထောင် လောက်စုစည်း နေ ပါ တယ် ။
နာဗ့်ကြောတွေကို reflexes လို့ ခေါ်ပြီး ခြေဖဝါး မှ နာဗမ့်ကြော တွေဟာ ခန္ဓာကိုယ်ရဲ့ ရှိသမျှ အတွင်းကလီစာ အင်္ဂါတွေ နဲ့ ချိတ်ဆက်လို့ နေ ပါ တယ် ။
နာဗ့်ကြော ပေါင်းများစွာ ရှိနေတဲ့ ခြေထောက် နှစ်ချောင်း ပေါ်မှာ နေ့စဉ် တိုင်း ခန္ဓာကိုယ် ရဲ့အလေးချိန် ကို သယ်ပိုး ထားတဲ့ အတွက် ညဘက် ရောက်တဲ့ အခါမှာတော့
အကြောတွေကို ဖြေလျှော့ ပေး သင့် ပါ တယ် ။ အဆင့် ( ၅ ) ဆင့် ရှိပါတယ် ။
နမူနာဗီဒီယိုပါ။
ပထမဆင့် အ နေ နဲ့ ခြေမထိပ်ရဲ့ အလယ်နားကို လက်မနဲ့ လက်ညှိုး နဲ့ ဖိ ထား ရ ပါ မယ် ။ စက္ကန့်ပိုင်း လောက် ဖိ ထား ပြီး ချိန် မှာ တော့ စက်ဝိုင်း ပုံသဏ္ဍာန် ဖိနှိပ် ပေးရ ပါမယ် ။
နောက်မှာတော့ ခြေမရဲ့ အောက်ခြေ မှ စကာ အပေါ်ဖက်သို့ ဖြေးဖြေးချင်းဖိနှိပ်ပေးပါ။
နောက်မှာတော့ ခြေဖဝါးသို့ ပြောင်းကာ အလယ်ပိုင်းမှ အထက်သို့ နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ခြေဖဝါးအလယ်လောက်မှာပဲ အပြင်ဖက်မှ အတွင်း၊
အတွင်းမှ အပြင်၊ ဘယ်ညာအနေအထားဖြင့် စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ပေးပါ။
နောက်ဆုံးအနေနဲ့ ခြေဖဝါးရဲ့ အလယ် တည့် တည့်ကို စက်ဝိုင်းပုံသဏ္ဍာန်နယ်ပေးပါ။ အပြီးသတ်အနေနဲ့ အဲဒီနေရာကိုပဲ ( ၃ ) စက္ကန့်လောက် ဖိထားပေး ခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျေ်ာ နိုင် ပါ တယ် ။
Credit : Unilad
No Comments