ဉီးပဉ္ဇင်းမှာ ကျောင်းမရှိလို့ အဖွားရဲ့ ရတနာတွေကိုရောင်းပြီးလှူမယ် ဆိုတဲ့အဖွာ - Amawpyay
News
Source, realthadin.
Unicode
ဉီးပဉ္ဇင်းမှာ ကျောင်းမရှိလို့ အဖွားရဲ့ ရတနာတွေကိုရောင်းပြီးလှူမယ် ဆိုတဲ့အဖွာ
အင်းစိန်က သိက္ခာထပ် ထားတဲ့ ရဟန်းဒါယိကာ မကြီး ဒေါ်စောနွဲ့က တိုးတိုးလေးကပ်ပြီး ပြောပါတယ် ‘မောင်ပဉ္ဇင်း အဖွားလည်း အသက် ၈၀ကျော်ပြီ အဖွားရဲ့ နောက်ဆုံးအချိန်ကျရင် လာဖြစ်အောင် လာနော်’ ဆိုတော့ လာမှာပေါ့ လို့ပဲ ပြန်ပြောလိုက် ပါတယ်။
အဖွားက ဆက်ပြောတယ် ‘မောင်ပဉ္ဇင်းနေဖို့ ကျောင်းမရှိလို့ အဖွားရဲ့ လက်ဝတ်ရတနာတွေကို မောင်ပဉ္ဇင်းကို လှူဖို့ စာရေးထားခဲ့မှ
အဲဒါဆိုရင်တော့ မလာချင်ဘူး အဖွားမရှိရင် မိဘပစ္စည်း သားသမီးပိုင်ရမှာ သူတို့ စိတ်ထဲတစ်မျိုးဖြစ်နေရင် မကောင်းဘူး အဖွားရဲ့သားသမီးတွေ သဘောအတိုင်း လုပ်ပါစေ လို့ ပြောလိုက်တော့ အေးပါ အေးပါ လို့ပြောပြီး ပြန်သွား ပါတယ်။
နောက်တစ်ပါတ်လောက်ကြာတော့ ပြန်ရောက်လာပြီး မောင်ပဉ္ဇင်း သားသမီးတွေ ပြောပြီးပြီ ပိုတောင် အဆင်ပြေပါတယ် သူတို့က ပြောပါတယ် အမေရယ် သေမှ လှူတာက အမေ့အတွက် မသေချာပါဘူး။
အမေလှူချင်တာကို အခုတည်းက လှူသွားပါလို့ ပြောကြလို့ ခွဲခြမ်း စီစဉ်လိုက်ပါပြီ အဖွားက သိန်း ၁၀၀ အဖွားသူငယ်ချင်း ဒေါ်လွမ်းက သိန်း ၅၀ မြန်မြန်လှူချင် လှပါပြီ လှူရမယ့်ရက်သာ မြန်မြန် သတ်မှတ်ပါ
ခဏခဏလျောက်လို့ ဒီနေ့ အာဇာနည်နေ့မှာ ရေစက်ချဖို့ သတ်မှတ်လိုက်ပါတယ် ရေစက်မချခင်မှာ အဖွားကို တစ်ခုလောက် ပြောချင် ပါသေးတယ်.။
အဖွားက မောင်ပဉ္ဇင်း အတွက် ကျောင်းဆောက်ဖို့ ရည်မှန်းပေမယ့် မောင်ပဉ္ဇင်းအတွက်တော့ မဆောက်ချင်ပါဘူး မုံရွာမှာ ပညာဒါန သုံးထပ်ကျောင်းဆောင် ဆောက်နေတယ်။
မတည်အလှူရှင်က သိန်း ၃၅၀ လှူထားပါတယ် ကျောင်းက လုပ်ရင်းလုပ်ရင်းနဲ့သိန်း ၈၀၀ကျော်ပါမယ် အဲဒီမှာ ထည့်လိုက် ရမလား ဆိုတော့မောင်ပဉ္ဇင်း လိုအပ်တဲ့နေရာ လုပ်ပါလို့ပြောပြီး ဒီနေ့ပဲ ရေစက်ချလိုက်ပါတယ်။
ချမ်းသာလေးမျိုးနဲ့ သူတော်ကောင်းတို့ ဆုတောင်းတရား အကျဉ်းလေး ဟောပေးခဲ့ပါတယ် ချမ်းသာလေးမျိုးက ၁။ အတ္ထိသုခ ရှိသင့်တာရှိရင် ချမ်းသာ တယ်။
၂။ ပရိဘောဂသုခ သုံးဆောင် ခံစားရမှ ချမ်းသာ တယ်။၃။ အာနဏ်သုခ ကြွေးကင်းရင် ချမ်းသာတယ်။၄။အနဝဇ္ဇသုခ ဝါ ဝိမုတ္တိသုခ အပြစ်ကင်းသော ချမ်းသာ စွန့်လွှတ်မှု ချမ်းသာ ဆိုပြီး လေးမျို းရှိပါ တယ်။
အဲဒီလေးမျိုးထဲမှာ ရှေ့သုံးမျိုးက တဏှာမကင်းလို့ ချမ်းသာအတုပါ အပြစ်ကင်းသော စွန့်လွှတ်မှုချမ်းသာသည်သာ နိဗ္ဗာန်ကို ဦးတည်တဲ့ ချမ်းသာ အစစ်ပါ။
ဘုရားလောင်း ကဏှရသေ့ကို သိကြားမင်းက ဖြည့်ဆည်းပေး ပါမယ် ဘာလိုချင်လဲလို့ မေးတော့ ကဏှရသေ့က ဆု ၆မျိုး ပြောဆို လိုက်ပါ တယ်။
၁။ ဘယ်သူ့ကိုမှ စိတ်မဆိုး ပါရစေနဲ့ ၂။ ဘယ်သူ့ကိုမှ မပြစ်မှားပါ ရစေနဲ့ ၃။ မည်သည့်အရာကိုမျှ လိုချင်လောဘ မဖြစ်ပါရစေနဲ့ ၄။ မည်သည့် အရာကိုမျှ ပြင်းစွာ စွဲလန်းခြင်းမဖြစ်ပါရစေနဲ့။
၅။ သူတော်ကောင်းတရား အားထုတ်ခွင့် မရမှာစိုးလို့ အနာရောဂါ ကင်းရပါ လို၏ ၆။ ကိုယ့်ကြောင့် သူတစ်ပါးတို့ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းမဖြစ်ကြ ပါစေနဲ့လို့ ဆု ၆ မျိုး တောင်းဆို လိုက်ပါ တယ်။
ရေစက်ချအပြီးမှာ Hotpop City မှာနေ့ ဆွမ်းဆက်ကပ် ကြပါတယ် အဖွားက ပြီးတော့ တိုးတိုးလေးကပ်လျောက် သွားသေးတယ် ငါးကျပ်သား ကျန်သေးတယ် လှူထား ခဲ့ပါမယ် တဲ့ အားလုံး ဝမ်းသာ၍ ချမ်းသာ ကြပါစေ။
Source, realthadin.
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
ခြိမ့်ကေကို ကိုထောင်ချမဲ့ကိစ္စ မတရားကြောင်း ပန်ဆယ်လိုပြောပြီ
News
ခြိမ့်ကေကို ကိုထောင်ချမဲ့ကိစ္စ မတရားကြောင်း ပန်ဆယ်လိုပြောပြီ
ခြိမ့်ကေကို ကိုထောင်ချမဲ့ကိစ္စ မတရားကြောင်း ပန်ဆယ်လိုပြောပြီ ပရိသတ်ကြီးရေ ဒီနေ့မှာတော့ ဖေ့ဘုတ် ဆယ်လီ ခြိမ့်ကေကို ဟာ ကိုဗစ်ကာလမှာ ဖျော်ဖြေခဲ့မှုကြောင့် တရားစွဲ ထားတာကို သွားရောက် အဖမ်းခံ ခဲ့တာပဲ ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ ရန်ကုန်က KTV တွေမှာ မိခဲ့တဲ့ လူတွေကျ အာမခံနဲ့ပြန်လွှတ်ခဲ့ပြီး ခြိမ့်ကေကိုမှ အဖမ်းခံရလို့ ပရိသတ်တွေက ပြောနေကြတာ ပဲဖြစ်ပါတယ်။ ခြိမ့်ကေကို အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ပန်ဆယ်လိုကလဲ ပြောလာခဲ့ ပါတယ်။ ပန်ဆယ်လိုက”ခြိမ့်ကေကို လာအဖမ်းခံ လိုက်ကိစ္စ ကြားတယ်။ တကယ် စိတ်ရင်းအတိုင်းပြောတာပါ။ လုံးဝကို စိတ်မကောင်းသလို မဖြစ်သင့်တဲ့ ကိစ္စလို့ ယူဆ ပါတယ်။ ကိုယ်က ဒီကောင်လေးကို …
“ ရှမ်းပြည်နယ်၊လွိုင်လင်ခရိုင် မှ ထူးဆန်းသောမျက်နှာရှိတဲ့ မျောက်ဝင်စား အမျိုးသမီး(ရုပ်သံ)
News
“ ရှမ်းပြည်နယ်၊လွိုင်လင်ခရိုင် မှ ထူးဆန်းသောမျက်နှာရှိတဲ့ မျောက်ဝင်စား အမျိုးသမီး(ရုပ်သံ)
“ ရှမ်းပြည်နယ်၊လွိုင်လင်ခရိုင် မှ ထူးဆန်းသောမျက်နှာရှိတဲ့ မျောက်ဝင်စား အမျိုးသမီး(ရုပ်သံ) ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နယ်ခွဲမှာ ထူးဆန်းတဲ့ မျက်နှာရှိ ရှမ်း အမျိုးသမီး တဦးကို ဘုရားဖူးတွေက တွေ့ရှိခဲ့ ပါတယ်။ တောင်ကြီးက ဘုရားဖူးတစုဟာ ကာလိမြို့နယ်ခွဲရှိ မွေတော်ဟိုလိန်း စေတီတော်ကို သွားရောက်ဖူးမြော်စဉ် လမ်းမှာ မျက်နှာ တခုလုံး မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတွေ ပြည့်နေတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦး ကိုတွေ့လို့ ခွင့်တောင်းပြီး ဗွီဒီယို ရိုက်ခဲ့တယ်လို့ စိုင်းနော် ခမ်းစင်က ဒီဗွီဘီကို ပြောပါတယ်။ “မနေ့တုန်းက ကျနော်တို့ မွေတော်ဟိုလိန်းစေတီကို သွားဖူးကြပါတယ်။ စေတီမရောက်ခင် ထမ်ကုမ့်ဂူနားရောက်တော့ မိုင်းဖုံး ဆရာတော်လည်း …
လမ်းမများပေါ်မှာ မီးသွေးခဲဖြင့် စာများ ရေးလေ့ ရှိ သော စိတ်မနှံ့သူ အောင်ဘာလေထီထိုးလိုက်သော်
News
လမ်းမများပေါ်မှာ မီးသွေးခဲဖြင့် စာများ ရေးလေ့ ရှိ သော စိတ်မနှံ့သူ အောင်ဘာလေထီထိုးလိုက်သော်
လမ်းမများပေါ်မှာ မီးသွေးခဲဖြင့် စာများ ရေးလေ့ ရှိ သော စိတ်မနှံ့သူ အောင်ဘာလေထီထိုးလိုက်သော်… မန္တလေး လမ်းတကာ လှည့်သွားနေတဲ့ စိတ်ဝေဒနာရှင် အောင်ဘာလေ ထီကံထူး ရှင်ကြီး “စိတ်ဝေဒနာရှင် ကိုဝေလင်းထွန်းသိန်း ၅၀၀ထီပေါက်” နှစ်သစ်ကူး 2021 ပထမရက်မှာ အံ့ဖွယ် စိတ်မနှံ့သူ သိန်း 500 ဆု ထီပေါက်ခြင်း မန္တလေး လမ်းမများပေါ် လမ်းတကာ လျောက်သွားနေသော “အရူး ဝေလင်းထွန်း” သိန်း 500 ထီပေါက်လို့ မန္တလေးပြည်သူများ အားလုံးက အံ့သြခဲ့ ကြရ ပါတယ်။ သူဟာ စိတ်မနှံ့ သူဖြစ်ပီး လမ်းမများပေါ်မှာ မီးသွေးခဲဖြင့် စာများ ရေးလေ့ ရှိကာ ခင်သူများဆီမှ …