
ဥပေတုံမေ”
Credit
Unicode
ငွေဝင်ကံကောင်းစေမယ့် သကြားပေါ် သစ်ကြားတင် လာဘ်ပွင့်အစီအရင်
မိတ်ဆွေများ အားလုံး မင်္ဂလာ ပါ ခုလို အချိန်ကာလမှာ အကြပ်အတည်း အခက်အခဲများအကြား အဆင်မပြေမှုများ ကံပိတ်လာဘ်ပိတ်ဖြစ်နေ သူများ အစစအရာရာ အဆင်မပြေမှုများလုပ် ထားသော အလုပ်များ အခိုက်အတန့် အဆင်မပြေမှုများ အတွက် ဆရာ ယတြာတခုမျှဝေ ပါရစေ
သောကြာနေ့ မနက် ၇နာရီမှ ၇နာရီ ၂၅မိနစ်အတွင်း မိမိအိမ်က ဘုရားကျောင်းဆောင်တွင်ပန်းကန် ပြားတချပ်ပေါ်၌ ဘေးပတ်ပတ်လည် တွင် ဝလုံးပုံ ဖြူးပေးပါ။
သကြားပေါ်တွင် သစ်ကြားသီး ၆လုံး (ပုံပါအတိုင်း)တင်ပြီး အလယ်တည့်တည့်တွင် ဖယောင်းတိုင် အဖြူ အသေး ၁တိုင်ထွန်းပြီး အောက်ပါ ဂါထာကို ၂၇ ခေါက် ရွတ်ဆိုကာ စီးပွားလာဘ်လာဘ အဆင်ပြေစေကြောင်း ဆုတောင်းပါ
” ဥုံပထဗျာ အာကာသေ ပဗ္ဗတေစေန ဥဒကေ
ဝနေ ယံယံ ပတ္တံပဝါဒေမိ သဗ္ဗလာဘသိဒ္ဓိ
ဥပေတုံမေ”
သောကြာနေ့ မှစ၍ ၆ရက်တိတိ ထို အချိန်အခါ အတိုင်း အစအဆုံး ပြုလုပ် ပါ။ ၆ရက်ပြည့်ပြီးနောက် ရက်တွင် သကြားနှင့် သစ်ကြားသီး များကို အိမ်က လူများစားသုံ းနိုင် ပါသည်။ .( စွန့် ပစ် လို့ လည်း ရ ပါ တယ်)
ဤယတြာပြုလုပ် ရခြင်း အကျိုးအားကြောင့် မိတ်ဆွေများအားလုံး စီးပွား လာဘ်လာဘများ တိုးတက်အောင်မြင် ကြပါစေ………
ဗေဒင်နှင့်လက္ခဏာ ပညာရှင် ဆရာကျော် M.Sc (bot)
09978031461 09764251903
No Comments