
Credit- PPA (တွံတေး)
Unicode
မိန်းမလှတွေက ရတနာ တစ်ပါးဆို မိန်းမကောင်းကတော့ ရတနာသိုက် ပဲ
သိက္ခာရှိတဲ့ မိန်းမဆိုတာ ဘယ်ယောကျာ်း ကိုမှ တစ်ဖက်သက် လိုက် မကြိုက်ဘူး ။
မြင့်မြတ်တဲ့ မိန်းမဆိုတာ ဘယ်ယောကျာ်း ကိုမှ တစ်ခြားမိန်းမနဲ့ ယှဉ်မလှုဘူး ။
ထက်မြတ်တဲ့ မိန်းမဆိုတာ ဘယ်ယောကျာ်းကိုမှ အီစီကလီ လုပ်မချစ် တတ်ဘူး ။
ရိုးသားဖြူစင်တဲ့ မိန်းမကောင်း ဆိုတာ ဘယ်ယောကျာ်းကို မှမလှည့်စား ဘူး ။
ချစ်သူ ရည်းစားများတိုင်း အပေါစား မိန်းမ မဟုတ်ပါဘူး ။
ဒါပေမယ့် မိန်းမကောင်းပီသ သူတိုင်း ကတော့ ပန်းကောင်းတစ်ကာ ပွင့်ပဲ ပန်တယ်။
မိန်းမကောင်းရဲ့တန်ဖိုးဆိုတာ သူ့လက်ထဲ မှာ…မိန်းကလေး တစ်ယောက်ရဲ့ စာရိတ္တ ဆိုတာ သူ့လက်ထဲမှာ ။
ရေအိုင် အဆင့်လောက် ရှိရင် တွေ့သမျှလူတိုင်းက ခြေဆေးကြ မှာပဲ ။
ဇရပ် အဆင့်လောက် ရှိရင် သူတောင်းစားလည်း လာအိပ် နိုင်တယ် ။
အနင်းခံ ဖိနပ် တန်ဖိုးလောက် ရှိရင် ခြေထောင့် မှာပဲ နေရာမယ် ။
အမြင့် မှာနေတဲ့ ဦးထုပ်လောက် တန်ဖိုးရှိရင် လူတိုင်းက ခေါင်းပေါ်တင် ထားကြ မှာပဲ ။
လူမိုက်များလေလေ ပညာရှိ တန်ဖိုးတက်လေလေ ပဲ ။
မိန်းမပျက် များလေလေ မိန်းမကောင်းတွေ တန်ဖိုး တတ်လေလေပဲ ။
ပန်းတွေ လွယ်လွယ်ပွင့်ရင် လူတိုင်းက နမ်းရှိုက်လို့ နွမ်းသွားရင် စွန့်ပစ်ကြ မှာပဲ ။
လှတဲ့ မိန်းကလေးက မျက်နှာနဲ့ ခန္ဓာကိုယ် ပဲ အဓိက ဂရုစိုက်တယ် ။
မိန်းမကောင်းတွေ က စိတ်နှလုံးနဲ့ အကျင်းစရိုက် ကို အဓိက ဂရုစိုက်တယ် …။ မိန်းမလှတွေ က မျက်စိ ကိုအေးစေ တယ် ငယ်စဉ်မှာ လှတယ် ။
မိန်းမကောင်း ကတော့ စိတ်နှလုံး ကိုအေးစေ တယ် အိုသည့်တိုင်အောင်လှ တယ် ။ မိန်းမလှတွေက ရတနာ တစ်ပါးဆို မိန်းမကောင်း ကတော့ ရတနာသိုက် ပါ ပဲ။
Credit- PPA (တွံတေး)
No Comments