Unicode
၂၀၂၁ခုနှစ်အတွက်ဗုဒ္ဓဟူးသားသမီးများ၏(၁)နှစ်စာ ဟောစာတမ်းနှင့် ဆောင်ရန်/ရှောင်ရန်များ
၂၀၂၁ခုနှစ်အတွက်ဗုဒ္ဓဟူးသားသမီးများ၏(၁)နှစ်စာ ဟောစာတမ်းနှင့် ဆောင်ရန်/ရှောင်ရန်များ ဗုဒ္ဓဟူး သားသမီးများ ယခု နှစ်ပိုင်းခြားထဲမှာ နာမည်ဂုဏ် သတင်း မကောင်းပြောသူအပုတ်ချလို သူများတွေ့ရ တတ်တယ်။ ဝန်ထမ်းများ အနေနဲ့ မိမိမှန်မှန် မှားမှား ထုတ်ဖော်မပြောဆို သင့်တဲ့ အချိန်ပိုင်းခြားလဲဖြစ်ပါတယ်။မိမိဘက်က ဘယ်လောက်ပဲမှန်မှန် ကံကြမ္မာကမိမိကို မျက်နှာသာမပေးတဲ့အချိန်ဖြစ်ပါတယ်
လုပ်ငန်းကိစ္စများတွင် ထင်ထားသလို ဖြစ်မလာဘဲ မထင်မှတ် ထားတာတွေဖြစ် လာတတ်ပါတယ်။ ပူပင်စရာ စိတ်ရှုပ်ထွေး စရာများ ကြုံတွေ့ရပြီး အရာရာလွဲမှားမှု့| မပြီးမပြတ်မှု့တွေ ကြုံတွေ့နေရပြီး အများနဲ့ တစ်ယောက်ဖြစ်နေ ရတတ် ပါတယ်။ မိမိရဲ့အတွေးခေါ်ယူဆမှု့တွေဟာ လွဲမှားစရာများ ဖြစ်ပေါ်လာ တတ်လို့ ဒီအချိန်မှာ သေသေခြာခြာ စဉ်းစားပြီးမှ အစစအရာရာ လုပ်ကိုင် ပါ။
ပညာရေးမှာ တစ်ဝက် တစ်ပြတ်ဖြစ် တတ်တယ်။ ကျန်းမာရေးမှာ စိတ်ပိုင်းဆိုင်ရာအားနည်းမှု့များ လည်းဖြစ်ပေါ် လာတတ် တယ်| |ခြေထောက်ကိုက်|ခြေထောက်နာ|ခြေထောက်ထိခိုက်ဒဏ်ရာ ရတတ်တယ်။ အချစ်ရေးမှာ ဘေးပတ်ဝန်းကျင်၏ အနှောက်ယှက် များကြောင့် ပြိုကွဲပျက်ဆီးနိုင်တယ်။အိမ်ထောင်ရေး ဒီအချိန်မှာ စိတ်ဖိစီးမှု့များပြည့်နှက်နေတဲ့အချိန် ကျပ်တည်းမှု့မျာမပြေလည်မှု့များနေတဲ့ အချိန်
အခါဖြစ် ပါတယ်။ ယတြာ-မိမိမွေးနေ့တိုင်းမြတ်စွာ ဘုရားကို ကြက်သားပေါက်စီကပ်လှူပါ။ အလုပ်အကိုင်ယတြာ-တနင်္ဂနွေနံထောင့်မှာ တံခွန်|ရွှေထီး|ငွေထီးလှူပေးပါ။ ကျန်းမာရေး ယတြာ မိမိမွေးနေ့တွင် ရွက်လှရွက်မှ ာမိမိနာမည်ရေးပြီး| မိမိအိပ်ယာအောက်တွင် တစ်ညထားအိပ်ပြီး မိုးလင်းပါက ရေစီးသန်သောချောင်းတွင်|ငါ့ဒဏ်နင်ခံ ဟုပြောပြီးပြစ် လိုက်ပါ။
အိမ်ထောင်ရေး ယတြာမိမိ၏ ခင်ပွန်းသည်(သို့)ဇနီးသည်၏နေ့ရက် မနက်တွင် လင်ဗန်းထဲသို့ မိမိအိမ်ထောင်ဘက် ဓါတ်ပုံထည့်၍ ကွာစေ့ဖြင့်အုပ်ပေးပါ ။ ရာထူးတိုးယတြာ- နဂါးရုံဘုရားသို့သွားပြီး ထောပတ်ထ္မင်း ကပ်လှူဆုတောင်းပါ
ငွေရေးကြေးရေး အခက်ခဲရှိပါက သီးမွေးငှက်ပျောသီး(၃)လုံးကိုအခွံခွာပြီး သကြားဖြူးကာ မြတ်စွာဘုရားအားလှူပြီး ဆုတောင်းပါ။ ကံကောင်းစေသော အရောင်- အဖြူရောင်/အနီရောင် ကံကောင်းစေသော နေ့တနင်္လာနေ့နှင့် ဗုဒ္ဓဟုးနေ့ကံကောင်းစေသော အချိန်-
ဗုဒ္ဓဟူးနေ့ ၉နာရီမှာ ၁၀နာရီခွဲအချိန် ကံကောင်းစေသော ပန်း- ရွက်လှညွှန့်| အုန်းပန်းကံကောင်းစေသော အဆောင်ရုပ်-ရွှေချထားသော ဇော်ဂျီရုပ် ဗုဒ္ဓဟူသားသမီး အပေါင်းတစ်နှစ်တာလုံး ကြံစည် တိုင်းအောင်မြင်၍ တောင့် တဆန္ဒများပြည့်စုံကြပါစေ
တစ်ခါမေးပြီး တစ်သက်တာ မိတ်ဆွေဖြစ်ရမည် သင်ဆရာ မြင်ဆရာ ကြားဆရာများကို ဂါရဝပြုပါသည် မိမိ၏ ကံကြမ္မာဇာတာကို အသေးစိတ်မေးလို သူများ ဆရာ့ထံ ဖုန်းဖြင့်တိုက်ရိုက်မေးလို့ရပါပြီ မန္တလေးမြို့ရောက်လျှင် ဆရာ့ဟောခန်းမှာ ဗေဒင်အသေးစိတ် မေးနိုင်ပါသည်
ဆရာကျော်ဇောဟိန်း၃၄လမ်း-၇၃လမ်းနှင့်၇၄လမ်းကြား-မောရဂီဝါရပ်ကွက်-မန္တလေးမြို့Ph09256029906Ph09766470530
No Comments