ဆေးရုံမတင်ဘဲ အိမ်မှာဘဲ ကုသရင်းနဲ့ ကိုဗစ်ကို အောင်နိုင်ခဲ့တဲ့ အသက် (၉၉) နှစ်အရွယ် အဘွား - Amawpyay
News
Crd Kyaw Kyaw Hlaing
Unicode
ဆေးရုံမတင်ဘဲ အိမ်မှာဘဲ ကုသရင်းနဲ့ ကိုဗစ်ကို အောင်နိုင်ခဲ့တဲ့ အသက် (၉၉) နှစ်အရွယ် အဘွား
ကတိပေးထားတဲ့ အတိုင်း တင်လိုက် ပါပြီ။ ကျွန်တော် အမေ ၉၉ နှစ် ကိုဗစ် အကူးခံရပြီး positive ဖြစ်လို့ ၁၀ ရက်တိတိ အဖျား တက်လိုက် ကျလိုက် ဖြစ်ပါတယ်။ ၁၁ ရက်မြောက်နေ့မှာ အဖျားကျပြီး နေကောင်းသွား ပါတယ်။
၉၉ နှစ်က ကိုဗစ် ကို ဘယ်လိုကျော်ဖြတ် ခဲ့သလဲ ဆိုတာ အံ့ဩ ဖို့ကောင်း ပါတယ်။ လေ့လာကြည့်တဲ့ အခါ အချက် ၃ ချက်တွေ့ ပါတယ်။
၁။ မာမီ ရဲ့ သူနာပြုက လည်း positive ဖြစ်လို့ သူနာပြုက အနီးကပ်ပြုစု ခွင့်ရ ပါတယ်။
အောက်ဆီဂျင်ကို တချိန်လုံး တိုင်းနေပြီး ၉၅ အောက် ရောက်တာနှင့် oxygen generator နှင့် ပေးပါတယ်။ သူ့ ကျေးဇူးက ကြီးပါတယ်။
၂။ ဆရာဝန် ဖြစ်တဲ့ ညီမလေး နှင့် ညီ (သြစတြေးလျ) က အဝေးကနေ အချိန် နှင့် တပြေးညီ လုပ်ဆောင် ရမှာတွေကို ညွှန်ကြားပေးပါတယ်။ သူနာပြုက လုပ် ပါတယ်။
၃။ အရေးကြီးဆုံး အချက်ပါ။ စိတ်ပိုင်းဆိုင်ရာ နှင့်ဆိုင် ပါတယ်။ Mummy ကို အခြေမပျက် အိမ်မှာပဲ ထားဖို့ Dr Pe Thet Khin နှင့် Dr Zaw Wai Soe တို့က ကူညီ ခဲ့ပါတယ်။
ဒီဆရာတွေကို အထူးကျေးဇူးတင် ပါတယ်။ Mummy က ကိုဗစ် ဆိုတာ ဘာမှန်းမသိသလို သူ ကိုဗစ် ဖြစ်နေမှန်းလည်း မသိတာက Mummy အသက်ကို ကယ်သွားတာပါ။
ဆေးရုံတက်ရလို့ အခြေပျက်သွားရင် Mummy ဘာဖြစ်မယ် မပြောနိုင် ပါ။ ကိုဗစ်ဖြစ်တဲ့ လူနာတွေ ဘေးမှာ အထူးသဖြင့် အသက်ကြီး သူတွေ အတွက် အနားမှာ အားပေး စောင့်ရှောက် မည့်သူတွေ လိုပါတယ်။
အခုတော့ ကျန်းမာရေး ဝန်ကြီးဌာန MOHS က ခွင့်ပြုပေးတယ် လို့ သိရပါတယ်။ သိပ်ကောင်းတဲ့ အစီ အစဉ်ပါ။ညကျွန်တော့်ရဲ့ မြန်မာ့ရေနံက မိတ်ဆွေ အသက် ၇၂ နှစ် ကိုဗစ် နှင့် ကွယ်လွန်သွားပါတယ်။ ဂေါက်သီးရိုက် အင်မတန် ကောင်းပြီး ကျန်းမာရေး နှင့်ပြည့်စုံ သူပါ။
ဆေးရုံကို တယောက်တည်းတက်ရတဲ့ အခါ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မထားရင် ထိခိုက်မှုတွေ များနိုင်ပါတယ်။ ကိုဗစ်က သင့်အနားမှာပါ။ ကြိုတင် ပြင်ဆင် ထားပါ။
Crd Kyaw Kyaw Hlaing
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
ပြည်သူတွေနဲ့ အတူ ဆန္ဒ ထုတ်ဖော်ကြတဲ့ ရုပ်ရှင် ၊ ဂီတ အနုပညာရှင်များ
News
ပြည်သူတွေနဲ့ အတူ ဆန္ဒ ထုတ်ဖော်ကြတဲ့ ရုပ်ရှင် ၊ ဂီတ အနုပညာရှင်များ
ပြည်သူတွေနဲ့ အတူ ဆန္ဒ ထုတ်ဖော်ကြတဲ့ ရုပ်ရှင် ၊ ဂီတ အနုပညာရှင်များ သရုပ်ဆောင် လူမင်း ၊ ဇင်ဝိုင်း ၊ ခါရာ ၊ အောင်မြင့်မြတ်၊ ဖွေးဖွေး ၊ ပိုင်ဖြိုးသု၊ အိမ်ဂျယ်လမုန် ၊ မြတ်နိုးအေး ၊ အောဆိုင်း ၊ မေမြတ်နိုး၊ ရွှေသမီး ၊ အဆိုတော် Rဇာနည် ၊ ရန်ရန်ချမ်း ၊ ဘင်ဂျမင်ဆုမ်း ၊ ဒါရိုက်တာ ဏကြီး နှင့် ဂီတ ရုပ်ရှင် အနုပညာရှင်များ စုပေါင်းပြီး ဒီကနေ့ ၊ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ပြည်သူတွေနဲ့ အတူ ငြိမ်းချမ်းစွာ …
ခြိမ့်ကေကို ကိုထောင်ချမဲ့ကိစ္စ မတရားကြောင်း ပန်ဆယ်လိုပြောပြီ
News
ခြိမ့်ကေကို ကိုထောင်ချမဲ့ကိစ္စ မတရားကြောင်း ပန်ဆယ်လိုပြောပြီ
ခြိမ့်ကေကို ကိုထောင်ချမဲ့ကိစ္စ မတရားကြောင်း ပန်ဆယ်လိုပြောပြီ ပရိသတ်ကြီးရေ ဒီနေ့မှာတော့ ဖေ့ဘုတ် ဆယ်လီ ခြိမ့်ကေကို ဟာ ကိုဗစ်ကာလမှာ ဖျော်ဖြေခဲ့မှုကြောင့် တရားစွဲ ထားတာကို သွားရောက် အဖမ်းခံ ခဲ့တာပဲ ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ ရန်ကုန်က KTV တွေမှာ မိခဲ့တဲ့ လူတွေကျ အာမခံနဲ့ပြန်လွှတ်ခဲ့ပြီး ခြိမ့်ကေကိုမှ အဖမ်းခံရလို့ ပရိသတ်တွေက ပြောနေကြတာ ပဲဖြစ်ပါတယ်။ ခြိမ့်ကေကို အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ပန်ဆယ်လိုကလဲ ပြောလာခဲ့ ပါတယ်။ ပန်ဆယ်လိုက”ခြိမ့်ကေကို လာအဖမ်းခံ လိုက်ကိစ္စ ကြားတယ်။ တကယ် စိတ်ရင်းအတိုင်းပြောတာပါ။ လုံးဝကို စိတ်မကောင်းသလို မဖြစ်သင့်တဲ့ ကိစ္စလို့ ယူဆ ပါတယ်။ ကိုယ်က ဒီကောင်လေးကို …
“ ရှမ်းပြည်နယ်၊လွိုင်လင်ခရိုင် မှ ထူးဆန်းသောမျက်နှာရှိတဲ့ မျောက်ဝင်စား အမျိုးသမီး(ရုပ်သံ)
News
“ ရှမ်းပြည်နယ်၊လွိုင်လင်ခရိုင် မှ ထူးဆန်းသောမျက်နှာရှိတဲ့ မျောက်ဝင်စား အမျိုးသမီး(ရုပ်သံ)
“ ရှမ်းပြည်နယ်၊လွိုင်လင်ခရိုင် မှ ထူးဆန်းသောမျက်နှာရှိတဲ့ မျောက်ဝင်စား အမျိုးသမီး(ရုပ်သံ) ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နယ်ခွဲမှာ ထူးဆန်းတဲ့ မျက်နှာရှိ ရှမ်း အမျိုးသမီး တဦးကို ဘုရားဖူးတွေက တွေ့ရှိခဲ့ ပါတယ်။ တောင်ကြီးက ဘုရားဖူးတစုဟာ ကာလိမြို့နယ်ခွဲရှိ မွေတော်ဟိုလိန်း စေတီတော်ကို သွားရောက်ဖူးမြော်စဉ် လမ်းမှာ မျက်နှာ တခုလုံး မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတွေ ပြည့်နေတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦး ကိုတွေ့လို့ ခွင့်တောင်းပြီး ဗွီဒီယို ရိုက်ခဲ့တယ်လို့ စိုင်းနော် ခမ်းစင်က ဒီဗွီဘီကို ပြောပါတယ်။ “မနေ့တုန်းက ကျနော်တို့ မွေတော်ဟိုလိန်းစေတီကို သွားဖူးကြပါတယ်။ စေတီမရောက်ခင် ထမ်ကုမ့်ဂူနားရောက်တော့ မိုင်းဖုံး ဆရာတော်လည်း …