ချစ်ပြီဆိုရင် အမျိုးသားတွေ လိုချင်တဲ့ အရာ(၆)ခု - Amawpyay
အချစ်ရေး
(၁) လေးစားမှု”
(၂) ချီးကျူးမှု”
(၄) ကိုယ်ပိုင် အချိန်
(၅) ရုပ်ပိုင်းဆိုင်ရာ”
(၆) လုံခြုံမှု”
Credit : Duwun
Unicode
ချစ်ပြီဆိုရင် အမျိုးသားတွေ လိုချင်တဲ့ အရာ(၆)ခု
အစပိုင်းမှာ မသိသာပေမဲ့ နောက်ပိုင်းမှာတော့ ဒီအရာတွေ မရတာကြောင့် ပြဿနာ ဖြစ်လာတတ် ပါတယ်။ နှစ်ဦးသား ချစ်မိပြီ ဆိုရင် အမျိုးသားတွေ သူတို့ လက်တွဲဖော်ဆီက မျှော်လင့်တဲ့ အရာမျိုးတွေ ရှိပါတယ် ။
စစတွဲချင်းမှာ ဒီအရာတွေ မရလို့ ဘာမှမဖြစ်ပေမဲ့ အချိန်ကြာ လာရင်တော့ ပြဿနာ ရှိလာနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မဝေးနိုင်တဲ့ အခါ နှစ်ဦးသား ပြဿနာ က တအုံ့နွေးနွေး ဖြစ်နေတတ် ပါတယ် ။
ဒီ့အတွက် ယေဘုယျ အားဖြင့် ယောကျာ်း တစ်ယောက် မျှော်လင့်တတ် တာတွေကို ဖော်ပြ ပေးလိုက် ပါတယ်နော် ။
(၁) လေးစားမှု”
လေးစားမှု နဲ့ လူအထင်ကြီးခံ ချင်တာမျိုး မဟုတ်ပါဘူး။ အမျိုးသား တွေဟာ သူတို့လက်တွဲဖော် က လေးစားတဲ့ အပြုအမူမျိုးပြ တဲ့အခါ အဆိုပါ လေးစားမှု ကို လေးနက်တဲ့အချစ်အဖြစ် မှတ်ယူလေ့ ရှိကြတာကြောင့် ဖြစ်ပါတယ် ။
ဒီလိုလေးစားမှု မပြနိုင်ရင်တောင် သူတို့အလေးအနက်ထားတဲ့ အရာတွေ၊ သူတို့နေ့စဉ် ပတ်သက်နေတဲ့ အရာတွေကို အထင်သေးတဲ့ အပြုအမူမျိုးတော့ မပြ ပါနဲ့ ။ ဒီအပြုအမူတွေဟာ စချစ်တဲ့ အချိန်တွေမှာ မသိသာပေမဲ့ အချိန်ကြာ လာတာနဲ့ အမျှ ဒုက္ခ ပေးလာပါ လိမ့်မယ် ။
(၂) ချီးကျူးမှု”
ပါးစပ် ကနေ တော်တယ်၊ တတ်တယ်လို့ ထုတ်ဖော်ပြောဆိုတာမျိုး မဟုတ်ပါဘူး။ သူတို့လုပ်ရပ်ကြောင့် သင်ပျော်ရွှင်ရတယ် ၊ သင်နှစ်သက် သဘောကျ ရတယ်ဆိုတာမျိုး သူ့ဘက်က သိရုံ ပါပဲ။ ရုပ်ပိုင်းဆိုင်ရာတွေထက် ညဏပိုင်းဆိုင်ရာ ကိစ္စတွေမှာ ပိုမို အလေးပေး ဂရုပြုသင့် ပါတယ်နော် ။
(၃) စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု”
နှစ်တွေကြာလာတာနဲ့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု ကို လိုချင် ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုဆိုတာ ထုတ်ဖော်ပြောပြဖို့ ခက်ပေမဲ့ တစ်ဦးကို တစ်ဦး နားလည် တာမျိုး ဖြစ်ပါတယ် ..။
ဘယ်သူမှ နားမလည် နိုင်တဲ့ ပုံစံမျိုးနဲ့ တစ်ဦးကိုတစ်ဦး နားလည် နေတာမျိုးပဲ ဖြစ်ပါတယ် ။
(၄) ကိုယ်ပိုင် အချိန်
တစ်ဦးနဲ့ တစ်ဦး ဘယ်လောက်ပဲ ချစ်ပါစေ ကိုယ်ပိုင် အချိန် ကိုတော့ တောင့်တတတ်ကြပါတယ်။ သူငယ်ချင်း တွေနဲ့ အချိန်ဖြုန်း ချင်တာ၊ တစ်ယောက်တည်းနေ ချင်တာ ၊
ကိုယ်နှစ်သက်တဲ့ ဝါသနာတစ်ခုလုပ်နေချင်တာ စတဲ့ပုဂ္ဂလိက အချိန်လေးတွေ ရှိပါတယ်။ ဒါမျိုးတွေ ပျောက်ဆုံး တာမျိုးကြောင့် နှစ်ဦးသားဆက်ဆံရေးကို စိတ်ညစ်လာစေနိုင်ပါတယ် ။
(၅) ရုပ်ပိုင်းဆိုင်ရာ”
လက်တွေ့ကျကျ ပြောရရင်တော့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ကိုလည်း အမျိုးသား တွေ လိုချင်ကြ ပါတယ် ။
(၆) လုံခြုံမှု”
အချိန်ကြာလာတဲ့အခါ ဘယ်သူ့ကိုမှ မတိုင်ပင်တာတွေ တိုင်ပင်ပါမယ်၊ ဘယ်သူ့ကိုမှ မပြောတာတွေ ပြောပြ ပါမယ် ။
ဒီလိုဖြစ်လာ တာဟာ သူတို့ တွဲနေတဲ့ မိန်းကလေးက သူတို့အတွက် အလုံခြုံဆုံး ပုဂ္ဂိုလ်လို့ ခံစားရတာကြောင့် ဖြစ်ပါ တယ်။ ဒီလို လုံခြုံမှု မျိုး မရတဲ့အခါ အဆိုပါ ဆက်ဆံရေးဟာ အချိန်ကြာတဲ့အခါ နီးလျက်နဲ့ ဝေးသလို ဖြစ်လာတတ် ပါတယ်နော် …။ ။
Credit : Duwun
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
အတူရှိတဲ့ အချိန်တွေများလွန်းရင် Relationship အတွက် ပြဿနာရှိနိုင်တာ သင်သိပါသလား
အချစ်ရေး
အတူရှိတဲ့ အချိန်တွေများလွန်းရင် Relationship အတွက် ပြဿနာရှိနိုင်တာ သင်သိပါသလား
အတူရှိတဲ့ အချိန်တွေများလွန်းရင် Relationship အတွက် ပြဿနာရှိနိုင်တာ သင်သိပါသလား ချစ်သူ(သို့)အိမ်ထောင်သည် ဘဝမှာ တစ်ဦးနဲ့တစ်ဦးမခွဲ အတူရှိနေတာ ဟာ ပျော် စရာကောင်းတယ်ဆိုပေမယ့်လည်း အမြဲတမ်း အချိန်ပြည့် အတူ ရှိနေလွန်းပြန်ရင် လည်း မကောင်းပါဘူး။ အိမ်ထောင်သည်ဘဝ ဆိုရင်တော့ မနက်မိုးလင်းတည်းက ဒီမျက်နှာ ၊မနက်စာစားလည်း အတူ၊ရေချိုးလည်း အတူ၊ထမင်းစားလည်းအတူ အဲ့ဒီ လိုအချိန်ပြည့်တစ်တွဲတွဲဖြစ်နေတာဟာလည်း အဲ့ဒီ Relationship အတွက် အန္တရာယ်ရှိ လာနိုင် ပါတယ်။ တစ်အိမ်တည်းအတူနေတဲ့ လင်မယားတွေဆိုရင် လည်း အလုပ်ကနေ အိမ်၊အိမ်ကနေ အလုပ်ဖြစ်နေပြီး၊အားလပ်ရက်မှာလည်း သူငယ်ချင်းတွေနဲ့မတွေ့ဖြစ်ပဲ နှစ်ယောက်တည်းပဲ အတူနေတာကြာ လာရင် တခြားအရာတွေ မဆိုထားနဲ့ ကိုယ့်ကမ္ဘာဟာ နှစ်ယောက်တည်း ရှိတာလားလို့  …
အချစ်ဆိုတာ အဆိပ် မဟုတ်ဘူး.. ယုံပါ .. စုံလုံးမကန်းစေနဲ့
အချစ်ရေး
အချစ်ဆိုတာ အဆိပ် မဟုတ်ဘူး.. ယုံပါ .. စုံလုံးမကန်းစေနဲ့
အချစ်ဆိုတာ အဆိပ် မဟုတ်ဘူး.. ယုံပါ .. စုံလုံးမကန်းစေနဲ့ လောကမှာ နှလုံးသား ပါလာတဲ့ လူတိုင်း ချစ်တတ် ကြပါတယ် မချစ်နဲ့ မဟုတ်ဘူး ချစ်ပါ မလွမ်းနဲ့ မပြောဘူး လွမ်းပါ ဒါပေမယ့် ကိုယ့်ဦးနှောက်လေးနဲ့ ချင့်ချိန်ပါ မျက်လုံး စုံမှိတ်ပြီး နှလုံးသား အလိုလိုက်တဲ့ အထိ မရူးမိုက် သင့်ဘူး။ အချစ်ဆိုတာ အဆိပ် မဟုတ်ဘူး ဒါပေမယ့် ဘေးဥပါဒ် အရမ်းများ တယ် ဒါ . . . မချစ်တတ်တဲ့ အခါ ဖြစ်တတ်တဲ့ သဘောပါ ယုံပါ စုံလုံး မကန်းစေနဲ့ အနဲဆုံးတော့ မျက်လုံးလေး ဖွင့် ထား …
ချစ်သူကကိုယ့်ကို တစ်နေ့တစ်ခြားပိုချစ်လာအောင် ဒီလိုမက်ဆေ့ခ်ျလေးတွေပို့ကြစို့
အချစ်ရေး
ချစ်သူကကိုယ့်ကို တစ်နေ့တစ်ခြားပိုချစ်လာအောင် ဒီလိုမက်ဆေ့ခ်ျလေးတွေပို့ကြစို့
ချစ်သူကကိုယ့်ကို တစ်နေ့တစ်ခြားပိုချစ်လာအောင် ဒီလိုမက်ဆေ့ခ်ျလေးတွေပို့ကြစို့ … တာဝန်ကိုယ်စီ အလုပ်ကိုယ်စီနဲ့ ခေတ်ထဲမှာ ချစ်သူစုံတွဲတွေ လည်း အမြဲ တွေ့ဆုံနေဖို့ မလွယ်ကူပါဘူး။ ဒါပေမဲ့ ဆိုရှယ် မီဒီယာတွေ အသုံးပြုတာ များလာတဲ့ အလျောက် တစ်ယောက်ကို တစ်ယောက် အချိန်မရွေး နေရာမရွေး အဆက်အသွယ် ပြုလုပ် နိုင်နေကြ ပါပြီ။ ဒါကြောင့် ချစ်သူတွေ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် စကားပြောကြတဲ့ အခါ သင့်ချစ်သူက သင့်ကို ချစ်သထက် ချစ်သွားစေမယ့် မက်ဆေ့ပို့နည်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်နော်။ (၁) Morning (အချိန်မှန် နှုတ်ဆက်တာ) ထူးအိမ်သင်ရဲ့ သီချင်းထဲကလို “မနက်ခင်းမှာ နိုးလာခဲ့ အရင်ဆုံးလွမ်းပါတယ်” ဆိုသလို မနက်နိုးလို့ …