
ေဖႀကီးေဖႀကီး သားဖိနပ္ မေပ်ာက္ေတာ့ဘူးတဲ့ ဖိနပ္ေလးကိုင္ၿပီး ေျပာရွာတယ္
သား ဖိနပ္မေပ်ာက္ေတာ့ဘူး ေဖႀကီး (ေနာက္ဘဝဆက္တိုင္း ဒီလိုအျဖစ္မ်ိဳး ေဝးပါေစ သားေလးရယ္)။ ဒီသားေလးကို မွတ္မိၾကလား မသိဘူး အိတ္ခ်္အိုင္ဗြီ ေရာဂါသည္ ဖခင္ကိုယ္တိုင္ ဦးဇင္းထံ ေပးအပ္ၿပီး လွည္ကူးကေန ေခၚလာခဲ့တဲ့ သားငယ္ေလးပါ။
ၿပီးခဲ့တဲ့ရက္ပိုင္ကပဲ သားငယ္ေလးရဲ႕ဖခင္ဟာ လူေလာကကို လက္ျပႏႈတ္ဆက္ၿပီး အၿပီးပိုင္ ထြက္ခြါ သြားပါၿပီ။ သားငယ္ေလးမွာ အေမရွိပါေသးတယ္ အေမရွိေပမယ့္လည္း အေမျဖစ္သူကလည္း ဒီေရာဂါနဲ႔ပါပဲ။
သားငယ္ေလးရဲ႕အေဖနဲ႔ အေမက တကယ္ေတာ့ ကြဲေနၾကတာပါ။ သားငယ္ေလးရဲ႕ အေဖဆုံးသြားေၾကာင္းကို အေမျဖစ္သူ ကိုယ္တိုင္ ေက်ာင္းကို လာေရာက္ ေျပာၾကားခဲ့တာပါ။
အေမျဖစ္သူ ေက်ာင္းေရာက္ လာေတာ့ သားနဲ႔အေမျဖစ္သူရဲ႕ ခဏတာ ေတြ႕ဆုံခန္းေလးက ခုထိဦးဇင္းရဲ႕ မ်က္လုံးထဲ ထင္က်န္ေနဆဲပါပဲ။
ေက်ာင္းၿခံထဲကို လူတစ္ေယာက္ဝင္လာရင္ ေက်ာင္းအတြင္း ထဲကေန ေက်ာင္းၿခံဝကို လွမ္းၾကည့္ ဘယ္သူဘယ္ဝါ ဆိုတာ သဲသဲကြဲကြဲ မျမင္ရပါဘူး။ အဲ့ဒီေန႔က ေန႔လယ္ ၂ နာရီဝန္းက်င္ေလာက္ ျဖစ္မယ္ ဦးဇင္းလည္း အမည္မရွိတဲ့ အရာေတြနဲ႔ပဲ အလုပ္ရႈပ္ေနတယ္။
သားငယ္က ဦးဇင္းနားမွာ အ႐ုပ္ေတြနဲ႔ ေဆာ့ကစားေနတာေပါ့ ေက်ာင္းဝန္းထဲကို လူတစ္ေယာက္ ဝင္လာတာကို ဦးဇင္းျမင္တယ္။ ဦးဇင္းသိတာက လူတစ္ေယာက္ဆိုတာ ေလာက္ပဲျမင္တာ ေယာက်ာ္းလား မိန္းမလာ ဆိုတာေတာင္ ဦးဇင္း မသဲကြဲဘူး။
ဒါေပမယ့္ အနားမွာေဆာ့ေနတဲ့ သားငယ္က လွမ္းၾကည့္ၿပီး ပါးစပ္ကလည္း ေမေမလို႔ေခၚၿပီး ေက်ာင္းထဲဝင္လာတဲ့ လူဆီကို ေျပးသြားတယ္ ဦးဇင္း အံ့ၾသသြားတယ္။ ဦးဇင္း ေသခ်ာၾကည္ တာေတာင္ ေယာက်ာ္း မိန္းမ မကြဲဘူး သားငယ္က သူရဲ႕အေမဆိုတာ ေသခ်ာသိေနတယ္။
ဪ သားနဲ႔အမိရဲ႕ ေမတၱာတရားက ဘယ္လိုပင္ ေဝးကြာေနေပမယ့္ အရိပ္တစ္ခုနဲ႔လည္း အေမနဲ႔ သားရယ္လို႔ ခံစားသိႏိုင္ တယ္။ အနံံ့တစ္ခု နဲ႔လည္း အေမနဲ႔ သားရယ္လို႔ ခံစားသိႏိုင္တယ္ အသံတစ္ခုနဲ႔လည္း အေမနဲ႔ သားရယ္လို႔ ခံစားသိႏိုင္တယ္။
ေမတၱာတရားရဲ႕ စြမ္းအားက အံ့ဖြယ္ရွိေပစြ သားအမိႏွစ္ေယာက္ ေပြ႕ဖက္ငိုယိုၿပီး ေက်ာင္းထဲ ဝင္လာၾကတယ္။ သားလည္းငို အေမလည္း ငိုေပါ့ ဦးဇင္းလည္း ဘာမွမေျပာပဲ နားလည္စြာပဲ သားအမိ ႏွစ္ေယာက္ကိုၾကည့္ေန လိုက္တယ္။
အတန္ၾကာသည္အထိ တင္းၾကပ္စြာ ေပြ႕ဖက္ ငိုေနလိုက္ၾကတာ ငိုလို႔အားရမွ ဦးဇင္းကို သတိရဟန္ တူပါရဲ႕ ဦးဇင္းထံမ်က္ႏွာမူလာၿပီး တပည့္ေတာ္က သားေလးရဲ႕ အေမပါဘုရား သူအေဖနဲ႔ တပည့္ေတာ္က ကြဲေနတာပါဘုရား သားေလးကို ဆရာေတာ္ဆီ သူအေဖ ပို႔လိုက္တယ္ဆိုတာ ၾကားပါတယ္။
ခုတပည့္ေတာ္ ဒီကိုလာတာ သားေလးကို ေတြ႕ခ်င္တာေရာ ေနာက္တစ္ခုက သူအေဖ ဆုံးသြားၿပီဘုရား အဲဒါကိုလာၿပီး အသိေပးတာပါ ဘုရားတဲ့။ တပည့္ေတာ္ သားကိုေခၚဘို႔လာတာ မဟုတ္ပါဘူးဘုရား တပည့္ေတာ္လည္း သိပ္မေနရေတာ့ဘူး ဘုရားတဲ့ ေျပာလည္းေျပာ ငိုလည္းငို ဆရာေတာ္ကိုလည္း တပည့္ေတာ္ ေနာက္ဘဝေပါင္း မ်ားစြာအထိ ေက်းဇူးတင္ေနမွာပါ ဘုရားတဲ့။
သားေလးကိုလည္း လိမ္လိမ္မာမာေနဘို႔ တဖြဖြမွာ ဆရာေတာ္စကား ကိုလည္း နားေထာင္ေနာ္ သားဆိုၿပီ မွာေနတဲ့ အေမရဲ႕ေမတၱာ ဘယ္အရာနဲ႔ ေဖာ္ၾကဴးရမွန္းေတာင္ မသိေလာက္ေအာင္ပါပဲ ခဏေနေတာ့ အိတ္ထဲကေန သားငယ္ေလးကို ဖိနပ္ေလးတစ္ရံ ထုတ္ၿပီးေပးတယ္။
တပည့္ေတာ္သားက ဖိနပ္မၿမဲဘူးဘုရား ခဏခဏေပ်ာက္တယ္။ (ဟုတ္ပါတယ္ သားငယ္ကို ေက်ာင္းေရာက္တဲ့ ေန႔ကစၿပီး တစ္ေန႔တစ္ရံနီးပါ ဖိနပ္ထုတ္ေပးရပါတယ္ ဖိနပ္မေပ်ာက္ဖို႔လည္း ခဏခဏမွာရတယ္) သားျဖစ္သူကို အေမျဖစ္သူက ဖိနပ္ကေလးထုတ္ေပးၿပီး သားငယ္ကို စိတ္မခ်စြာ မွာရွာတယ္။
က်န္းမာေရးဂ႐ုစိုက္ဖို႔ ဖိနပ္စီးဘို႔ ေနာက္ဆို ဘိနပ္မေပ်ာက္ဘို႔ တဖြဖြမွာရင္း ညေန၄နာရီေလာက္ သားငယ္ေလးကို ႏႈတ္ဆက္ၿပီးေက်ာင္းကေန ျပန္သြားတယ္။
ေနာက္ေန႔မနက္ၾကေတာ့ ေက်ာင္းဆရာတစ္ေယာက္က ဦးဇင္းကို လာေျပာတယ္ ဦးဇင္းတဲ့ ေကာင္းဆက္မ်ိဳးဆက္က ဘာျဖစ္တာလည္း မသိဘူးတဲ့။ ညအိပ္ရင္ သူဖိနပ္ကေလးကို ဖက္ဖက္ၿပီး အိပ္တာတဲ့ ရင္ထဲမွာ စိတ္မေကာင္း ျဖစ္သြားမိတယ္။
ထူးျခားစြာပဲ ဦးဇင္းကိုလည္း လာေျပာတယ္၊ ေဖႀကီးေဖႀကီးတဲ့ ဖိနပ္ကေလးကို ကိုင္ၿပီး လာျပတယ္ သားဖိနပ္ မေပ်ာက္ေတာ့ဘူးေနာ္တဲ့။
ရင္ထဲက ခံစားခ်က္ကို သူ႔ခင္မ်ာ မေျပာတတ္ ရွာေပမယ့္ ဒီဘိနပ္ကေလးဟာ အေမေပးခဲ့တဲ့ တစ္ခုတည္းေသာ အေမြပစၥည္းေလး ပါလားဆိုတဲ့ အသိနဲ႔ သားငယ္ေလး တစ္ယုတယ ရွိေနတာျဖစ္မယ္။ ေအးခ်မ္းပါေစ သားငယ္ေလးရယ္။
အရွင္ဇနာနႏၵ
YGW ရန္ကုန္မႏၲေလးအျမန္လမ္းသစ္ေဘး ၈၉မိုင္ ၅ဖာလုံ (YGW ပရဟိတမိဘမဲ့ေက်ာင္း)
ဖုန္း 09780000085။
ေလးစားစြာျဖင့္ ခရက္ဒစ္
ဖေကြီးဖေကြီး သားဖိနပ် မပျောက်တော့ဘူးတဲ့ ဖိနပ်လေးကိုင်ပြီး ပြောရှာတယ်
သား ဖိနပ်မပျောက်တော့ဘူး ဖေကြီး (နောက်ဘဝဆက်တိုင်း ဒီလိုအဖြစ်မျိုး ဝေးပါစေ သားလေးရယ်)။ ဒီသားလေးကို မှတ်မိကြလား မသိဘူး အိတ်ချ်အိုင်ဗွီ ရောဂါသည် ဖခင်ကိုယ်တိုင် ဦးဇင်းထံ ပေးအပ်ပြီး လှည်ကူးကနေ ခေါ်လာခဲ့တဲ့ သားငယ်လေးပါ။
ပြီးခဲ့တဲ့ရက်ပိုင်ကပဲ သားငယ်လေးရဲ့ဖခင်ဟာ လူလောကကို လက်ပြနှုတ်ဆက်ပြီး အပြီးပိုင် ထွက်ခွါ သွားပါပြီ။ သားငယ်လေးမှာ အမေရှိပါသေးတယ် အမေရှိပေမယ့်လည်း အမေဖြစ်သူကလည်း ဒီရောဂါနဲ့ပါပဲ။
သားငယ်လေးရဲ့အဖေနဲ့ အမေက တကယ်တော့ ကွဲနေကြတာပါ။ သားငယ်လေးရဲ့ အဖေဆုံးသွားကြောင်းကို အမေဖြစ်သူ ကိုယ်တိုင် ကျောင်းကို လာရောက် ပြောကြားခဲ့တာပါ။
အမေဖြစ်သူ ကျောင်းရောက် လာတော့ သားနဲ့အမေဖြစ်သူရဲ့ ခဏတာ တွေ့ဆုံခန်းလေးက ခုထိဦးဇင်းရဲ့ မျက်လုံးထဲ ထင်ကျန်နေဆဲပါပဲ။
ကျောင်းခြံထဲကို လူတစ်ယောက်ဝင်လာရင် ကျောင်းအတွင်း ထဲကနေ ကျောင်းခြံဝကို လှမ်းကြည့် ဘယ်သူဘယ်ဝါ ဆိုတာ သဲသဲကွဲကွဲ မမြင်ရပါဘူး။ အဲ့ဒီနေ့က နေ့လယ် ၂ နာရီဝန်းကျင်လောက် ဖြစ်မယ် ဦးဇင်းလည်း အမည်မရှိတဲ့ အရာတွေနဲ့ပဲ အလုပ်ရှုပ်နေတယ်။
သားငယ်က ဦးဇင်းနားမှာ အရုပ်တွေနဲ့ ဆော့ကစားနေတာပေါ့ ကျောင်းဝန်းထဲကို လူတစ်ယောက် ဝင်လာတာကို ဦးဇင်းမြင်တယ်။ ဦးဇင်းသိတာက လူတစ်ယောက်ဆိုတာ လောက်ပဲမြင်တာ ယောကျာ်းလား မိန်းမလာ ဆိုတာတောင် ဦးဇင်း မသဲကွဲဘူး။
ဒါပေမယ့် အနားမှာဆော့နေတဲ့ သားငယ်က လှမ်းကြည့်ပြီး ပါးစပ်ကလည်း မေမေလို့ခေါ်ပြီး ကျောင်းထဲဝင်လာတဲ့ လူဆီကို ပြေးသွားတယ် ဦးဇင်း အံ့သြသွားတယ်။ ဦးဇင်း သေချာကြည် တာတောင် ယောကျာ်း မိန်းမ မကွဲဘူး သားငယ်က သူရဲ့အမေဆိုတာ သေချာသိနေတယ်။
ဪ သားနဲ့အမိရဲ့ မေတ္တာတရားက ဘယ်လိုပင် ဝေးကွာနေပေမယ့် အရိပ်တစ်ခုနဲ့လည်း အမေနဲ့ သားရယ်လို့ ခံစားသိနိုင် တယ်။ အနံံ့တစ်ခု နဲ့လည်း အမေနဲ့ သားရယ်လို့ ခံစားသိနိုင်တယ် အသံတစ်ခုနဲ့လည်း အမေနဲ့ သားရယ်လို့ ခံစားသိနိုင်တယ်။
မေတ္တာတရားရဲ့ စွမ်းအားက အံ့ဖွယ်ရှိပေစွ သားအမိနှစ်ယောက် ပွေ့ဖက်ငိုယိုပြီး ကျောင်းထဲ ဝင်လာကြတယ်။ သားလည်းငို အမေလည်း ငိုပေါ့ ဦးဇင်းလည်း ဘာမှမပြောပဲ နားလည်စွာပဲ သားအမိ နှစ်ယောက်ကိုကြည့်နေ လိုက်တယ်။
အတန်ကြာသည်အထိ တင်းကြပ်စွာ ပွေ့ဖက် ငိုနေလိုက်ကြတာ ငိုလို့အားရမှ ဦးဇင်းကို သတိရဟန် တူပါရဲ့ ဦးဇင်းထံမျက်နှာမူလာပြီး တပည့်တော်က သားလေးရဲ့ အမေပါဘုရား သူအဖေနဲ့ တပည့်တော်က ကွဲနေတာပါဘုရား သားလေးကို ဆရာတော်ဆီ သူအဖေ ပို့လိုက်တယ်ဆိုတာ ကြားပါတယ်။
ခုတပည့်တော် ဒီကိုလာတာ သားလေးကို တွေ့ချင်တာရော နောက်တစ်ခုက သူအဖေ ဆုံးသွားပြီဘုရား အဲဒါကိုလာပြီး အသိပေးတာပါ ဘုရားတဲ့။ တပည့်တော် သားကိုခေါ်ဘို့လာတာ မဟုတ်ပါဘူးဘုရား တပည့်တော်လည်း သိပ်မနေရတော့ဘူး ဘုရားတဲ့ ပြောလည်းပြော ငိုလည်းငို ဆရာတော်ကိုလည်း တပည့်တော် နောက်ဘဝပေါင်း များစွာအထိ ကျေးဇူးတင်နေမှာပါ ဘုရားတဲ့။
သားလေးကိုလည်း လိမ်လိမ်မာမာနေဘို့ တဖွဖွမှာ ဆရာတော်စကား ကိုလည်း နားထောင်နော် သားဆိုပြီ မှာနေတဲ့ အမေရဲ့မေတ္တာ ဘယ်အရာနဲ့ ဖော်ကြူးရမှန်းတောင် မသိလောက်အောင်ပါပဲ ခဏနေတော့ အိတ်ထဲကနေ သားငယ်လေးကို ဖိနပ်လေးတစ်ရံ ထုတ်ပြီးပေးတယ်။
တပည့်တော်သားက ဖိနပ်မမြဲဘူးဘုရား ခဏခဏပျောက်တယ်။ (ဟုတ်ပါတယ် သားငယ်ကို ကျောင်းရောက်တဲ့ နေ့ကစပြီး တစ်နေ့တစ်ရံနီးပါ ဖိနပ်ထုတ်ပေးရပါတယ် ဖိနပ်မပျောက်ဖို့လည်း ခဏခဏမှာရတယ်) သားဖြစ်သူကို အမေဖြစ်သူက ဖိနပ်ကလေးထုတ်ပေးပြီး သားငယ်ကို စိတ်မချစွာ မှာရှာတယ်။
ကျန်းမာရေးဂရုစိုက်ဖို့ ဖိနပ်စီးဘို့ နောက်ဆို ဘိနပ်မပျောက်ဘို့ တဖွဖွမှာရင်း ညနေ၄နာရီလောက် သားငယ်လေးကို နှုတ်ဆက်ပြီးကျောင်းကနေ ပြန်သွားတယ်။
နောက်နေ့မနက်ကြတော့ ကျောင်းဆရာတစ်ယောက်က ဦးဇင်းကို လာပြောတယ် ဦးဇင်းတဲ့ ကောင်းဆက်မျိုးဆက်က ဘာဖြစ်တာလည်း မသိဘူးတဲ့။ ညအိပ်ရင် သူဖိနပ်ကလေးကို ဖက်ဖက်ပြီး အိပ်တာတဲ့ ရင်ထဲမှာ စိတ်မကောင်း ဖြစ်သွားမိတယ်။
ထူးခြားစွာပဲ ဦးဇင်းကိုလည်း လာပြောတယ်၊ ဖေကြီးဖေကြီးတဲ့ ဖိနပ်ကလေးကို ကိုင်ပြီး လာပြတယ် သားဖိနပ် မပျောက်တော့ဘူးနော်တဲ့။
ရင်ထဲက ခံစားချက်ကို သူ့ခင်မျာ မပြောတတ် ရှာပေမယ့် ဒီဘိနပ်ကလေးဟာ အမေပေးခဲ့တဲ့ တစ်ခုတည်းသော အမွေပစ္စည်းလေး ပါလားဆိုတဲ့ အသိနဲ့ သားငယ်လေး တစ်ယုတယ ရှိနေတာဖြစ်မယ်။ အေးချမ်းပါစေ သားငယ်လေးရယ်။
အရှင်ဇနာနန္ဒ
YGW ရန်ကုန်မန္တလေးအမြန်လမ်းသစ်ဘေး ၈၉မိုင် ၅ဖာလုံ (YGW ပရဟိတမိဘမဲ့ကျောင်း)
ဖုန်း 09780000085။
No Comments