မသေဆုံးခင် တစ်သက်လုံး သန့်ရှင်းရေးလုပ်ပြီး ရလာတဲ့ ငွေတွေကို ဘုန်းကြီးကျောင်း လှူခဲ့တဲ့ လေးစားဖွယ် ဦးလေးကြီး - Amawpyay


News













Credit Jeeptoolay

Unicode

မသေဆုံးခင် တစ်သက်လုံး သန့်ရှင်းရေးလုပ်ပြီး ရလာတဲ့ ငွေတွေကို ဘုန်းကြီးကျောင်း လှူခဲ့တဲ့ လေးစားဖွယ် ဦးလေးကြီး

မရှိလို့ မလှူ မလှူလို့ မရှိ တဲ့နော်။ ဒါပေမဲ့လည်း ခုပြောပြမဲ့ ဦးလေးကြီးရဲ့ အလှူဟာ တကယ့်ကို ချီးကျူး သာဓု ခေါ်ဖွယ် အလှူတစ်ခုပါ။

မိမိကိုယ်တိုင်က ဆင်းရဲသူ ဖြစ်ပြီးတော့ နေစရာအိမ်တောင် မရှိတဲ့ သန့်ရှင်းရေးသမားတစ်ဦး ဖြစ်ပေမယ့်လည်း သူလှူခဲ့တဲ့ ငွေတွေကတော့ တကယ့်ကို များပြားလှပါတယ်။

ဒီလို ချီးကျူးလေးစားရမဲ့ အိမ်ရာမဲ့ ဦးလေးကြီးရဲ့ အလှူကိုတော့ ထိုင်းနိုင်ငံမှ အမျိုးသမီးတစ်ဦးက လူမှုကွန်ရက် စာမျက်နှာမှာ မျှဝေခဲ့တာပါနော်။

အဆိုပါ ဦးလေးကြီးက လမ်းတွေပေါ်မှာ သန့်ရှင်းရေးလုပ် ငွေရှာရသူ ဖြစ်ပြီးတော့ အိပ်တော့လည်း အိမ်မရှိလို့ Lob Puri က Seven Eleven ဆိုင်ရှေ့မှာပဲ အမြဲ အိပ်လေ့ ရှိ တယ်လို့ ဆို ပါ တယ်နော် ။

သနားစရာကောင်းတဲ့ ဦးလေးကြီး ကတော့ သူမကွယ်လွန် ခင်မှာ အမျိုးတွေကို ကိစ္စတစ်ခု လုပ်ပေးဖို့ တောင်းဆိုခဲ့ တာ ပါ ။

အဲတာကတော့ တစ်သက်လုံး သန့်ရှင်းရေးလုပ်ပြီး စုဆောင်းထားတဲ့ ငွေအကြွေစေ့လေးတွေ အကုန်လုံးကို ဘုန်းကြီးကျောင်းမှာ လှူပေးဖို့ တောင်းဆို ခဲ့တာ ပါတဲ့ ။ အမျိုးတွေကလည်း လှူပေးခဲ့ပြီး ငွေပမာ ဘယ်လောက် ရှိမှန်း မသိရပေမဲ့ လည်း အတော့်ကို များတယ်လို့ ဆိုပါတယ်။

ခုလို လူကိုယ်တိုင် မချမ်းသာပေမဲ့ ဆင်းရဲသူ တစ်ယောက် ဖြစ်ပေမဲ့ လည်း မသုံးရက်ဘဲ သန့်ရှင်းရေးလုပ်ပြီး တစ်သက်လုံး စုထားတဲ့ ငွေတွေကို လှူဒါန်း ခဲ့တဲ့ ဦးလေးကြီးရဲ့ လုပ်ရပ်က ချီးကျူး လေးစားဖွယ် ပါနော် ။

ဒါကြောင့် ကွယ်လွန် သွား တဲ့ ဦးလေးကြီး တစ်ယောက် ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေး ပါ တယ် နော် ။

Credit Jeeptoolay

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဖေကြီးဖေကြီး သားဖိနပ် မပျောက်တော့ဘူးတဲ့ ဖိနပ်လေးကိုင်ပြီး ပြောရှာတယ်
News
ဖေကြီးဖေကြီး သားဖိနပ် မပျောက်တော့ဘူးတဲ့ ဖိနပ်လေးကိုင်ပြီး ပြောရှာတယ်

ဖေကြီးဖေကြီး သားဖိနပ် မပျောက်တော့ဘူးတဲ့ ဖိနပ်လေးကိုင်ပြီး ပြောရှာတယ် သား ဖိနပ်မပျောက်တော့ဘူး ဖေကြီး (နောက်ဘဝဆက်တိုင်း ဒီလိုအဖြစ်မျိုး ဝေးပါစေ သားလေးရယ်)။ ဒီသားလေးကို မှတ်မိကြလား မသိဘူး အိတ်ခ်ျအိုင်ဗွီ ရောဂါသည် ဖခင်ကိုယ်တိုင် ဦးဇင်းထံ ပေးအပ်ပြီး လှည်ကူးကနေ ခေါ်လာခဲ့တဲ့ သားငယ်လေးပါ။ ပြီးခဲ့တဲ့ရက်ပိုင်ကပဲ သားငယ်လေးရဲ့ဖခင်ဟာ လူလောကကို လက်ပြနှုတ်ဆက်ပြီး အပြီးပိုင် ထွက်ခွါ သွားပါပြီ။ သားငယ်လေးမှာ အမေရှိပါသေးတယ် အမေရှိပေမယ့်လည်း အမေဖြစ်သူကလည်း ဒီရောဂါနဲ့ပါပဲ။ သားငယ်လေးရဲ့အဖေနဲ့ အမေက တကယ်တော့ ကွဲနေကြတာပါ။ သားငယ်လေးရဲ့ အဖေဆုံးသွားကြောင်းကို အမေဖြစ်သူ ကိုယ်တိုင် ကျောင်းကို လာရောက် ပြောကြားခဲ့တာပါ။ အမေဖြစ်သူ ကျောင်းရောက် လာတော့ သားနဲ့အမေဖြစ်သူရဲ့ …

Denko၊ PT Power၊ ရွှေဗျိုင်းဖြူ၊ Max Energy စက်သုံးဆီဆိုင်များတွင် လူနာတင်ယာဉ်များ စက်သုံးဆီအခမဲ့ ထုတ်ယူနိုင်ပြီ
News
Denko၊ PT Power၊ ရွှေဗျိုင်းဖြူ၊ Max Energy စက်သုံးဆီဆိုင်များတွင် လူနာတင်ယာဉ်များ စက်သုံးဆီအခမဲ့ ထုတ်ယူနိုင်ပြီ

Denko၊ PT Power၊ ရွှေဗျိုင်းဖြူ၊ Max Energy စက်သုံးဆီဆိုင်များတွင် လူနာတင်ယာဉ်များ စက်သုံးဆီအခမဲ့ ထုတ်ယူနိုင်ပြီ ယနေ့မှ စ၍ လူနာတင်ယာဉ်များ စက်သုံးဆီ အခမဲ့ ထုတ်ယူနိုင်ပြီ လူနာတင်ယာဉ်များ အခမဲ့ စက်သုံးဆီ ထုတ်ယူခွင့် ရယူနိုင်ရန် အတွက် Denko၊ PT Power၊ ရွှေဗျိုင်းဖြူ၊ Max Energy စက်သုံးဆီ ဆိုင်များနှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိရာ ဧရာဝတီဖောင်ဒေးရှင်း၏ စက်သုံးဆီ အခမဲ့ ထုတ်ယူခွင့်ကတ်နှင့် အတူ ယနေ့ နံနက်ပိုင်းမှ စတင်၍ တစ်ရက်လျှင် စက်သုံးဆီ (၂၅)လီတာ အောက်တိုဘာ လကုန်အထိ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရ သည်။ အခမဲ့ …

ဒေါက်ဖိနပ် လျှောက်သံ သီချင်းရဲ့ နောက်ကွယ်က အကြောင်းတရားများ
News
ဒေါက်ဖိနပ် လျှောက်သံ သီချင်းရဲ့ နောက်ကွယ်က အကြောင်းတရားများ

ဒေါက်ဖိနပ် လျှောက်သံ သီချင်းရဲ့ နောက်ကွယ်က အကြောင်းတရားများ အန်အယ်ဒီ အောင်မြင်ရခြင်း၏ အကြောင်းအရာ တစ်ခုထဲ တွင် ဒေါက်ဖိနပ်လျောက်သံသီချင်းသည် အထောက်အပံ့ ကောင်းတစ်ခု ဖြစ်သွားခဲ့သည်။ ဒေါက်ဖိနပ်လျောက်သံ သီချင်းကို ဂျပန်နိုင်ငံတွင် နေထိုင်သည့် ” ဗိုလ်သူရိန် ” ဟုအမည်ရသော မြန်မာလူငယ်တစ်ဦးမှ ရေးစပ်သီကုန်း ခဲ့တာဖြစ်ပြီး။ ” မိမိလေး ” ဟုအမည်ရသော မြန်မာမ လေးတစ်ဦးမှ သီဆိုခဲ့ခြင်း ဖြစ်ပါသည်။ ဂျပန်နိုင်ငံတွင် အလုပ်လုပ်နေကြသော မြန်မာလူငယ်လေးများ၏ နှလုံး သားမှပေါ်ထွန်းလာခဲ့သော အန်အယ်ဒီ အောင်နိုင်ရေးသီချင်း တစ်ပုဒ်ဟုပြောလျှင်လည်း မှားနိုင်မည်မဟုတ်ပါလား။ ဒေါက်ဖိနပ်လျောက်သံသီချင်းကို လေ့လာကြည့်မည်ဆိုပါလျင် သီချင်း၏ သံစဉ်များမှာ မြူးကြွသည် တက်ကြွ သည် ။ …