အလှအပ ရေးရာ
ဒု – သခွားသီး
တ – ခရမ်းချဉ်
စတု – ရှာစောင်းလက်ပတ်
Htun Thiri
Unicode
အရေးပေါ် ပေါင်းတင်နည်းအကြောင်း ဝေမျှပေးမယ်ရှင့် ။
အလှပြင်ဖို့ အချိန်သီးသန့်လည်း မပေးဖြစ် အပျင်း ကလည်းထူ အစပ်လည်းလျော့ မစားနိုင် ဒါပေမဲ့ အချိန်တန် မှန်ကြည့်တဲ့ အခါ မျက်နှာပေါ်က အရေးကြောင်း အမဲစက် အဖုပိမ့်တွေ ထွက်လာရင် စိတ်အရမ်း ညစ်တတ်တဲ့ ကိုယ့်လို လူမျိုးတွေ အတွက် ရည်ရွယ်ပါတယ်
ခရမ်းချဉ် – ဝက်ခြံလျော့ပါး
အာလူး – အဖုပိမ့် ချိုင့်ခွက် အသားပြန်ပြည့်
ရှားစောင်းလက်ပတ် – အသားချောမွေ့
ဆန်ဆေးရည် – အရေးကြောင်းလျော့နည်းစေ
သံပုရာ – အဆီပြန် သက်သာ (ဆိုးကျိုး အသားပါးလာစေတတ်
ဝက်ခြံပေါက်နေသူများ မပြုလုပ်သင့် အရမ်းစပ်စေလို့ပါ )
အောင်မဲညိုအရည် – အသားအေးစေ
သခွားသီး – အသားရေကြည်လင်
မန်ကျီးသီးအရည် – အမဲစက်လျော့ပါး
ကြက်ဥ/ဘဲဥ အကာအရည် – ဆဲလ်သေတွေကွာ အသားရေချောမွေ့
တကယ်ဆို ဆနွင်းလည်း ပါ ပါသေးတယ် ဒါပေမဲ့ ခုခေတ် ဆနွင်းစစ်စစ်ဆိုတာ ရှာဝယ်ရခက်လို့ တွေ့ကရာ ဆနွင်းရေဖျော်လူးမိပြီး မျက်နှာမှိုစွဲ ခရုသင်းဖြစ် တာတို့လည်း ကြားသိဖူးတော့ ဆနွင်းအကြောင်း ချန်ထား ပါရစေ ။
အရေးပေါ် ပေါင်းတင်နည်း
ပထမဆုံး အာလူး ကို ပါးပါးလှီးပြီး အာလူးနဲ့ မျက်နှာကိုပွတ်ပါ ၃ မိနစ်ခန့် ထားပြီး ရေဆေးချပါ
ဒု – သခွားသီး
တ – ခရမ်းချဉ်
စတု – ရှာစောင်းလက်ပတ်
နောက်ဆုံးမှ ကြက်ဥ အကာရည်လေး ပွတ်ပြီး ၅မိနစ်ခန့် ထားပြီး ရေဆေးချ မျက်နှာသစ်လိုက်ပါ
ဓာတ်စုံနေအောင် အာနိသင် ရထားတဲ့ မျက်နှာဖြူဖြူဖွေးဖွေးလေးရပါလိမ့်မယ် တစ်ခါလုပ်ရင် အာနိသင်စုံအောင် လေးခု ငါးခုလောက် လုပ်ပေးရင်ရပါပြီ ခဏခဏမလုပ်ရပါ တစ်ခါလုပ်ရင် ၂ပတ်လောက်ထိ မှန်ကြည့်တိုင်း စိတ်ချမ်းသာစေ မှာပါ
သဘာဝပစ္စည်းတွေနဲ့ မို့ငွေ ကုန်ကြေးကျ သက်သာစေတယ် ပြီးတော့ ရေများများသောက်ဖို့ ညအိပ်ချိန်မှန်ဖို့လည်း လိုအပ်ပါတယ် နောက်လည်း ဗဟုသုတလေးတွေဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင့်
Htun Thiri
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
မျက်နှာကို ရေခဲပွတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး ၆ ခု
အလှအပ ရေးရာ
မျက်နှာကို ရေခဲပွတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး ၆ ခု
မျက်နှာကို ရေခဲပွတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး ၆ ခု မျက်နှာကို ကုသပုံ ကုသနည်း အမျိုးမျိုး ရှိသည့်အနက်မှ ဒီတစ်ခါ မှာတော့ ရေခဲဖြင့် ကုသနည်းလေးကို တင်ပြပေး လိုက် ပါ တယ် ။ ဒီနည်းလေးဟာ လူတိုင်းလည်း အလွယ်တကူ လုပ်နိုင်ပြီး အချိန်နှင့် ငွေလည်း များစွာ မကုန်စေတဲ့ နည်းလေးပင် ဖြစ်ပါတယ် လိုအပ်တာ ကတော့ ရေခဲတုံးပင် ဖြစ်ပါတယ် ။ (၁) အသားအရည်ကို ကြည်လင်စေနိုင်ပါတယ် ရေခဲတုံးဖြင့် မျက်နှာကို ပွတ်တိုက်ပေးခြင်း အားဖြင့် သွေးလည်ပတ်မူကို အထောက် အကူပြုစေမှာ ဖြစ်ပြီး မျက်နှာကို သိသိသာသာ ကြည်လင် လာစေမှာ …
တင်းတိတ် ပျောက်ချင်လား သံပုရာသီးနဲ့ အုန်းမုတ်ခွက် သွေးလိမ်းပါ လက်တွေ့ပါ
အလှအပ ရေးရာ
တင်းတိတ် ပျောက်ချင်လား သံပုရာသီးနဲ့ အုန်းမုတ်ခွက် သွေးလိမ်းပါ လက်တွေ့ပါ
တင်းတိတ် ပျောက်ချင်လား သံပုရာသီးနဲ့ အုန်းမုတ်ခွက် သွေးလိမ်းပါ လက်တွေ့ပါ တင်းတိတ်ပျောက်ချင်လား သံပုရာသီးနဲ့ အုန်းမုတ်ခွက်သွေးလိမ်းပါ လက်တွေ့ပါ အုန်းမုတ်ခွက်သာ သက်သေကြည့်တော့ ။သံပုရာသီးမသုံးပဲ အုန်းမုတ်ခွက် ပဲသွေးလူးပါ ကသုံးခါလောက်လူးပြီး မျက်နာပြင်ချောမွေ့လာမည်ကို လက်တွေ့ သိရပါလိမ့်မည် လူသိနည်းသော အုန်းမှုတ်ခွက်ဆေးနည်းများ အခုပြောပြမယ့် ခွက်ကလေးက အုန်းမှုတ်ခွက်လေး အကြောင်းပါ။ ဖတ်ဘူးသမျှနဲ့ ကိုယ်တွေ့ဆေးဖက်ဝင်တဲ့ အုန်းမှုတ်ခွက် အကြောင်းလေးပါ။ အညာဒေသရဲ့ရွာတွင်းရွာပြင် ပြယုဒ်တစ်ခုဖြစ်တဲ့ ချစ့်စရာ့ဓလေ့တွေ ဟာပျောက်ကွယ်လုနီးပါးဖြစ်နေ ပါပြီ ရေချမ်းစင်မှာသောက်ရေခွက် အဖြစ် အများအားဖြင့် အသုံးပြုကြတာကတော့ အုန်းမှုတ်ခွက်ပါ။ အိုးမှုတ်ခွက် ကိုအသေချာအချောကိုင်၊ ခွက်နားစွန်းတဖက် တချက်မှာ အပေါက်ပြီး လက်ကိုင်ရိုးကို တတ်ထား ပါတယ်။ အခွံမပါ၊အမွှေးမပါ ခွဲထားပြီး၊ အသား၊ …
ထူထဲရှည်လျားတဲ့ မျက်တောင်မွှေးလေးတွေ ပိုင်ဆိုင်နိုင်လိုလျှင်
အလှအပ ရေးရာ
ထူထဲရှည်လျားတဲ့ မျက်တောင်မွှေးလေးတွေ ပိုင်ဆိုင်နိုင်လိုလျှင်
ထူထဲရှည်လျားတဲ့ မျက်တောင်မွှေးလေးတွေ ပိုင်ဆိုင်နိုင်လိုလျှင် မျက်ဝန်းလေးကို ကြည့်လိုက်တာနဲ့ မျက်တောင်မွှေးလေး ထူထဲ ရှည်လျားနေတာမျိုး မဖြစ်ချင်ကြ ဘူးလားရှင့်။ သူများတွေ မျက်တောင်မွှေးလေး ထူထဲ လှပနေတာမြင်တော့ ကိုယ့်ဆီမှာလည်း အဲ့လို ထူထဲရှည်လျားတဲ့ မျက်တောင်မွှေးလေးတွေရှိရင် ကောင်းမှာပဲလို့ စိတ်ကူးယဉ်တတ် ကြတဲ့ ပျိုပျိုမေတို့ရဲ့ စိတ်ကူးအိပ်မက်ကို အမှန်တကယ် အကောင်အထည်ဖော်ဖို့ အချိန် ကျရောက်လို့ လာပါပြီနော်။ ဘယ်လိုနည်းလမ်းလေးတွေနဲ့ အကောင်အထည်ဖော်လို့ ရမလဲ ဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။ အုန်းဆီ အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဝါဂွမ်းစလေးတို့ပဲ လိုအပ်ပါတယ်။ အရင်ဦးဆုံး မျက်တောင်မွှေးကို သန့်စင်အောင် ဆေးကြောထားပါ။ ဝါဂွမ်းစလေးကို အုန်းဆီထဲထည့်နှစ်လိုက်ပြီး အပေါ်မျက်တောင်မွှေးနဲ့ အောက်မျက်တောင်မွှေးလေးတွေကို သုတ်လိမ်းပေး လိုက်ပါ။ မျက်လုံးထဲ …