အမှန်တရားကို မြတ်နိုးကြပြီး စိတ်ထားဖြူစင်တဲ့ ဗုဒ္ဓဟူး သားသမီးများအကြောင်း - Amawpyay


Astrology










Credit: ဒိဗ္ဗစက္ခု

Unicode

အမှန်တရားကို မြတ်နိုးကြပြီး စိတ်ထားဖြူစင်တဲ့ ဗုဒ္ဓဟူး သားသမီးများအကြောင်း

ဗုဒ္ဓဟူး သားသမီးများသည် ယေဘူယျ အားဖြင့် အမှန်တရားကို မြတ်နိုးကြပြီး တစ်ယောက်ထဲ နေထိုင်ရခြင်းကို နှစ်သက်တက် ကြပါတယ်။

ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ ကိုယ်ရဲ့ မိတ်ဆွေ သူငယ်ချင်းများ ပျော်ရွှင်လာအောင် အဆင်ပြေအောင် ကူညီပေးတတ် ပါတယ်။ တစ်ခါတလေမှာ သူငယ်ချင်းများ အပေါ် နွဲ့ဆိုး ဆိုးပေမဲ့ ရစ်တတ်ကြပေမဲ့ အနစ်အနာ အရမ်း ခံတတ်တဲ့ စိတ်ကြောင့် သူငယ်ချင်းများက အရမ်း ခင်မင်နေကြ ပါတယ်။

တခါ တစ်ခါ ရုပ်တည်နဲ့ ဆေးထိုးတတ် ကြပါတယ်။ ကိုယ်နဲ့ မသိတဲ့ လူတွေ ရှေ့မှာ တည်တည်တံ့တံ့ နေထိုင် တတ်ကြပေမဲ့ တကယ် ခင်မင်သူများနဲ့ဆိုရင် ရယ်မော ပြုံးပျော်စွာ နေထိုင်တတ်ကြပါတယ်။

စိတ်ခံစားရတာလည်း အရမ်း လွယ်သလို၊ စိတ်အပြောင်းအလဲ အရမ်းမြန်တဲ့ သူတွေပါ၊ ငိုလိုက် ရယ်လိုက်နဲ့ စိတ်ဆိုးလွယ်သလို စိတ်ပြေလည်း လွယ်ပါ တယ်။ ခု စိတ်ညစ်နေပေမယ့် ခဏနေ ဟန်ဆောင်ပြီးတော့ ပျော်ရွှင်နေသလို နေပြတတ် ပါတယ်။

ဗုဒ္ဓဟူး သားသမီးများဟာ ငယ်စဉ်ထဲက အခြား သူများအပေါ် ဂရုစိုက် အလေးထားပေမယ့် ကိုယ်အပေါ် အလေးအနက် မထားတဲ့ လူများကိုသာ တွေ့ကြုံလေ့ ရှိပါတယ်။ ကိုယ့်အထာနဲ့ကိုယ် နေတတ်လို့ တခြားလူများက အနေ အေးတယ် သွေးအေးတယ်လို့ ထင်မှတ်ကြပါတယ်။

တကယ်တော့ ဒေါသ ထွက်လာတဲ့ အခါမျိုးဆို ကိုယ်တိုင်တောင် ထိန်းချုပ်ရတာ ခက်ခဲကြပါတယ်။ ငယ်စဉ် ကလေး ဘဝထဲက ယနေ့အချိန်ထိ စိတ်နာအောင် ခံစား ရအောင် လုပ်တဲ့ သူများကို အခွင့်အခါ သင့်ရင် တုန့်ပြန် ဖို့အတွက် မှတ်သား ထားလေ့ ရှိကြပါတယ်။

ရွတ်တာ/ အရွဲ့တိုက်တာ တစ်ခုကလွဲလို့ သူတစ်ပါးကို စိတ်ညစ်စေမယ့် အလုပ်မျိုး လုံးဝ မလုပ်ကြပါဘူး၊ သံယောဇဉ် အရမ်းကြီး သလောက် စိတ်နာသွားရင် လှည့်မကြည့် တတ်တာကလဲ ဗုဒ္ဓဟူးရဲ့ ထူးဆန်းတဲ့ စိတ်နေသဘော ထားပါ။

ကဲ… ထုံးစံအတိုင်း ဗုဒ္ဓဟူး သားသမီးတွေကို မန်းရှင်းခေါ်ဗျာ..

Credit: ဒိဗ္ဗစက္ခု

 

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း (26.11.2020 မှ 2.12.2020အထိ)
Astrology
တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း (26.11.2020 မှ 2.12.2020အထိ)

တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း (26.11.2020 မှ 2.12.2020အထိ) 26.11.2020 မှ 2.12.2020 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း တနင်္ဂနွေ ဒီကာလအတွင်း လက်လွန်ထားတဲ့ ငွေတွေပြန်ရလိမ့်မယ်။ စပ်တူအလုပ်များ၊ ရှယ်ယာအလုပ်များ တိုးတတ်လာဖွယ်ရှိနေတတ်ပါတယ်။ ကျန်းမာရေး ကတော့အားနည်းညံ့ဖျင်းပါတယ်။ မိန်းကလေးများ ဓမ္မတာနဲ့ပတ်သက် သော ရောဂါတွေဖြစ်လွယ်ပါတယ်။ ရေချိုး မှာပြီးချွေးငုပ်၊သွေးငုပ်ဖြစ်ရတတ်ပါတယ်။ မိမိကိုယ်ကိုယုံကြည်မှုတွေ တိုးတတ်ပါလိမ့်မယ်။ မိမိရင်ဆိုင်နိုင်ပါ့မလားလို့ သံသယဖြစ်နေ တဲ့ကိစ္စတစ်ခုကိုအောင်မြင်စွာ ရင်ဆိုင်ကျော် ဖြတ်သွားနိုင်ပါလိမ့်မယ်။ အလုပ်ထဲမှာလဲ တာဝန်ကြီးလေ၊အောင်မြင် မှုကြီးလေပါပဲ။ တစ်ပါးသူ တွေဆီကအကူ အညီ ကောင်း၊ အကြံဉာဏ်ကောင်းတွေအလွန်ပဲရရှိပါလိမ့်မယ်။ မထင်မှတ်ဘဲ မိဘ၊ညီအကိုမောင်နှမတွေနဲ့ စိတ်ဝမ်းကွဲရတတ်ပါတယ်။ ရပ်ဝေးခရီးများခရီးရှည်များလဲစတင်ထွက်ခွာမယ်ဆိုအဆင်ပြေမဲ့ကာလပါပဲ။ အနုပညာ အလုပ်များ၊ အသံနှင့်ရင်းနှီးရသော အလုပ်များ၊ …

မှတ်ဖွယ်မှတ်ရာ လက္ခဏာပညာ…(အချစ်ရေး၊ အိမ်ထောင်ရေးဆိုင်ရာ လက္ခဏာများ)
Astrology
မှတ်ဖွယ်မှတ်ရာ လက္ခဏာပညာ…(အချစ်ရေး၊ အိမ်ထောင်ရေးဆိုင်ရာ လက္ခဏာများ)

မှတ်ဖွယ်မှတ်ရာ လက္ခဏာပညာ…(အချစ်ရေး၊ အိမ်ထောင်ရေးဆိုင်ရာ လက္ခဏာများ) (A) နှလုံးလမ်းကြောင်းမှ ဥာဏ်လမ်းကြောင်း ဆီသို့ ဦးတည်၍ ဆင်းလာသော အရေးအကြောင်းငယ် တစ်ခုမှာ မိမိမှ တစ်ဘက်သား အပေါ်ကို ချစ်ခင် နှစ်သက် စိတ်ဝင်စားမှု ရှိခြင်းကို ဖော်ပြ ပါတယ်။ ၎င်းလမ်းကြောင်းရှည်လျှင်ရှည်သလောက် မိမိမှ ချစ်ခင်စွဲလမ်းမှုပိုပါတယ်။ (B) ဥာဏ်လမ်းကြောင်း ထက်မှ နှလုံး လမ်းကြောင်း ဆီသို့ ဦးတည်၍ တက်လာသော လမ်းကြောင်းငယ် တစ်ခုမှာ တစ်ဘက်သားမှ မိမိအပေါ်ကို ချစ်ခင် နှစ်သက်စိတ်ဝင်စားမှုရှိခြင်းကို ဖော်ပြပါတယ်။ ၎င်းလမ်းကြောင်း ရှည်လျှင် ရှည်သလောက် တစ်ဘက်သားမှ ချစ်ခင် စွဲလမ်းမှု ပိုပါတယ်။ (C) နှလုံးလမ်းကြောင်းမှ ဆင်းလာသော လမ်းငယ်နဲ့ …

သင်ရွေးချယ်လိုက်တဲ့ ဦးထုပ်လေးကပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား ကဘာတွေလဲ ဖတ်ကြည့်လိုက်တော့
Astrology
သင်ရွေးချယ်လိုက်တဲ့ ဦးထုပ်လေးကပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား ကဘာတွေလဲ ဖတ်ကြည့်လိုက်တော့

သင်ရွေးချယ်လိုက်တဲ့ ဦးထုပ်လေးကပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား ကဘာတွေလဲ ဖတ်ကြည့်လိုက်တော့ သင်ရွေးချယ်လိုက်တဲ့ ဦးထုပ်လေးကပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား နံပါတ် ၁ သင်က ဉာဏ်ရည်ထက်မြက်တဲ့ လူတစ်ယောက်ပါ။ အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး ဘယ်လိုပြောဆို ဆက်ဆံရမယ် ဆိုတာ သိရှိထားတဲ့ အတွက် ဘာလုပ်လုပ် အမြဲအဆင်ပြေတတ် ပါတယ် ဒါအပြင် အကြံဉာဏ်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အတွက်လည်း အောင်မြင်တဲ့ ရလဒ်တွေကို အမြဲ ရယူနိုင် ပါတယ်။ နံပါတ် ၂ သင်က ရှုပ်ထွေးပွေလီစွာ နေထိုင် ရတာမျိုးကို မနှစ်သက်ဘဲ ဘဝကိုအမြဲ ရိုးရိုးရှင်းရှင်းနဲ့ နေထိုင်ဖြတ်သန်းလေ့ ရှိပါတယ်။ ကိုယ်တိုင်က ရိုးသားဖြောင့်မတ်စွာ ပြုမှုပြောဆိုနေထိုင်တက်တဲ့အတွက် သင့်ပတ်ဝန်းကျင်က လူတွေ ကိုလည်း ရိုးရိုးသားသား …