အဆင်ပြေနေတယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ ဒီလိုပဲ ပြေအောင်နေနေတာပါ - Amawpyay


Life Style













မိန်းမသားတို့အတွက်

သျှင်ယွန်း

ယူနီကုတ်

အဆင်ပြေနေတယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ ဒီလိုပဲ ပြေအောင်နေနေတာပါ

အဆင်ပြေနေတယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ ဒီလိုပဲ လဲကျလိုက် ပြန်ထလိုက်နဲ့ ဒဏ်ရာတွေကြားမှာ ပျော်အောင်နေနေ တာပါ ။

တစ်ခါတစ်လေ ဘာဆိုဘာမှ အဆင်မပြေ တတ်တဲ့ ရက်တွေတောင် ဘဝမှာ အများကြီးပဲ ။ ဒါပေမယ့် ထပ်ပြီး မညည်းညူ ချင်တော့ဘူး အဆင်ပြေသည် ဖြစ်စေ မပြေဘူးဖြစ်စေ ပြုံးနိုင်အောင် ပြုံးပါ တယ် ။

ဒုက္ခတွေကို မျက်နှာမှာ မပေါ်အောင် ထားတယ် ဒါကြောင့် ပြုံးနေတိုင်း ပျော်နေတယ်လို့တော့ တရားသေ မတွက်ထား ပါနဲ့ ။

ပျော်လာ မလား ဆိုပြီး ပြုံးကြည့် ရတဲ့ ရက်တွေလဲ ရှိပါတယ် ကိုယ့်ရဲ့ အဆင်ပြေခြင်း မပြေခြင်းဆိုတာ ကိုယ်ကိုယ်တိုင် နဲ့ပဲ ဆိုင်တာလေ ဟုတ်တယ် မလား

အဲ့ဒီအတွက် ဘယ်လို အပူမျိုးမှ ကိုယ့်ချစ်ရ ခင်ရတဲ့ သူတွေ မပေးချင်ဘူး အဆင်ပြေနေတဲ့အခါ အတူတူ ရယ်ကောင်း ရယ်ကြမယ် ။

ကိုယ်အဆင်မပြေတဲ့ အခါ အလှဆုံးပြုံး ထားပြီး ကိုယ်တစ်ယောက် တည်းသာ ငိုပါမယ် ကိုယ့်အပူ မကူးစက်စေ လိုတဲ့ တကယ့်စေတနာပါ ဟန်ဆောင်လိမ်ညာခြင်းလို့ ခေါင်းစဉ်မတပ်ပါနဲ့

လူတိုင်းမှာ မွေးဖွားလာ ကတည်းက သူ့ကံ ကိုယ့်ကံ ဆိုပြီး ပါလာပြီးသားပါ အဆင်မပြေလို့လဲ ဘယ်သူ့ကိုမှ အပြစ်တင် ပုံမချနဲ့

ကံဆိုတာ အမြဲတမ်း အဆိုးဘက်မှာကြီး ရှိနေတာ မဟုတ်ဘူး ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့်ပေါ့ ကောင်းတဲ့ကံတွေ ရောက်လာတဲ့ အထိ ခံနိုင်ရည် ရှိဖို့ လို့တယ်လေ

ကိုယ် ခံနိုင်ရည်လဲ ရှိသင့်သလောက်တော့ ရှိနေပါပြီ ဘဝမှာ အမြဲတမ်း အဆင်ပြေနေတယ်လို့လဲ ဘယ်ဟုတ်ပါ့မလဲ

ဒီလိုပဲ လဲကျလိုက် ပြန်ထလိုက်နဲ့ ဒဏ်ရာတွေ ကြားမှာ ပျော်အောင်နေနေ ရတာပါ ။

ကိုယ်မပျော်ရင် ကိုယ်ရဲ့ တစ်ရက် အလကား နစ်နာ သွားခဲ့ မှာလေ အတတ်နိုင်ဆုံးတော့ ပျော်အောင် နေနေရတာ ပါပဲ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

တောင်းစားလို့ ရလာတဲ့စားစရာတွေကို ညီမလေးအား ခွံ့ကျွေးရင်း ကျေနပ်ပီတိဖြစ်ပြီး ပြုံးပျော်နေခဲ့တဲ့ ကောင်လေး
Life Style
တောင်းစားလို့ ရလာတဲ့စားစရာတွေကို ညီမလေးအား ခွံ့ကျွေးရင်း ကျေနပ်ပီတိဖြစ်ပြီး ပြုံးပျော်နေခဲ့တဲ့ ကောင်လေး

တောင်းစားလို့ ရလာတဲ့စားစရာတွေကို ညီမလေးအား ခွံ့ကျွေးရင်း ကျေနပ်ပီတိဖြစ်ပြီး ပြုံးပျော်နေခဲ့တဲ့ ကောင်လေး ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းလာတဲ့ ကလေးငယ် တစ်ဦးဟာ လမ်းပေါ်မှာ အများပြည်သူတွေထံ တောင်းစားနေတာကို တွေ့ရခြင်းဟာ အဆန်း မဟုတ်တော့ ပါဘူး။ လမ်းပေါ်မှာ အဆိုပါကလေးငယ် များစွာကို နေရာတိုင်းမှာ တွေ့နိုင်ပြီး ကလေးအချို့ဟာ သူတို့အားငွေများပေးဖို့ အတင်းအကျပ် ဖိအားပေးပြီး လူအများကို နှောက်ယှက်ခြင်းကြောင့် မောင်းထုတ် ခံရတတ် ပါတယ်။ လမ်းပေါ်က ကလေးတွေဟာ ခိုးတာ လုတာတွေလည်း လုပ်တတ် ပါသေးတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က Geo Tolentino Ringor အမည်ရှိတဲ့ အမျိုးသမီးနှင့် သူမရဲ့ခင်ပွန်း John Benedict Ringor တို့ကတော့ …

နဖူးပြောင်သူတွေရဲ့ သူများနဲ့မတူဘဲ ကွဲပြားတဲ့ စိတ်နေစိတ်ထားနဲ့ အားသာချက်တွေ
Life Style
နဖူးပြောင်သူတွေရဲ့ သူများနဲ့မတူဘဲ ကွဲပြားတဲ့ စိတ်နေစိတ်ထားနဲ့ အားသာချက်တွေ

နဖူးပြောင်သူတွေရဲ့ သူများနဲ့မတူဘဲ ကွဲပြားတဲ့ စိတ်နေစိတ်ထားနဲ့ အားသာချက်တွေ နဖူးကျယ်တဲ့ သူလေးတွေကို သူငယ်ချင်းတွေက ပြောင်ကြီးလို့ ခေါ်ပြီး စနောက်တတ်ကြတာကြောင့် အများစုက ဆံမြိတ်လေးတွေနဲ့ နဖူးကျယ်ကျယ်တွေကို ဖုံးအုပ် ထားတတ်ကြပါတယ်။ တကယ်တော့ နဖူးကျယ်တယ် ဆိုတာ ကောင်းတဲ့ လက္ခဏာရပ်ဖြစ်ပြီး နောက်ထပ် ဒီလိုထူးခြားချက်မျိုးတွေကိုလည်း ပိုင်ဆိုင် ထားတာပါနော် (၁) ကိုယ့်အားကိုယ်ကိုးတတ်တယ် ။ သူတို့တွေဟာ တခြားသူတွေကို မှီခိုတာထက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး ကိုယ့်အားကိုယ်ကိုးတတ်ကြတဲ့သူလေးတွေဖြစ်ပါတယ်။ အခက်အခဲနဲ့ကြုံတွေ့ရတဲ့ အချိန်မှာ ကိုယ်တိုင်ကြိတ်ဖြေရှင်း နေတတ်ပြီး တခြားလူတွေကိုအကူအညီတောင်းဖို့ ဝန်လေးတတ်တဲ့သူတွေပါ။ (၂) လွယ်လွယ်နဲ့မပြိုလဲတတ်ဘူး ။တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ပြီးရင် မရရအောင်လုပ်တတ်တယ်၊ ဘယ်လို အတိုက်အခိုက် မျိုးတွေနဲ့ပဲကြုံရပါစေ လွယ်လွယ်နဲ့ပြိုလဲမသွားဘဲ ကြံ့ကြံ့ခံနိုင်တဲ့၊ …

စိတ်ဓာတ် မဆုံးရှုံးစေနဲ့
Life Style
အရာရာ ဆုံးရှုံးခဲ့မယ် ဆိုရင်တောင် စိတ်ဓာတ် မဆုံးရှုံးစေနဲ့

အရာရာ ဆုံးရှုံးခဲ့မယ် ဆိုရင်တောင် စိတ်ဓာတ် မဆုံးရှုံးစေနဲ့ လောကကြီး တစ်ခုလုံးမှာ ကိုယ်ပိုင်ဆိုင်ထားသမျှ အားလုံး ဆုံးရှုံး သွားပြီလား။ ပိုင်ဆိုင်မှုဆိုရာမှာ ပစ္စည်းဥစ္စာ မှ မဟုတ်ပါဘူး။ မိဘ ၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ မျှော်လင့်ချက် ၊ အလုပ် အရာရာတိုင်း ပါဝင်နေပါတယ် ကံကြမ္မာ အလှည့်အပြောင်းတစ်ခုအောက်မှာ အရာအားလုံး မျက်လှည့် ပြလိုက်သလိုမျိုး ပျက်စီးဆုံးရှုံးပြီး ကိုယ်ပိုင်ဆိုင်ထားသမျှ လက်လွှတ်ခံလိုက်ရတဲ့အချိန်မျိုးတွေ ကြုံဖူးပါသလား။ ရှေ့တစ်လှမ်းတိုးဖို့တောင် အားအင်တွေ မရှိတော့တာမျိုး။ လောကကြီး ထဲကနေ ထွက်ပြေးသွားချင်တဲ့အချိန်မျိုးတွေ ကြုံနေပြီလား။ တစ်ခုခုလုပ်တဲ့အခါ တိုင်ပင်ဖို့ သူငယ်ချင်းတွေ.. ကိုယ်လဲကျတဲ့အခါ ထူပေးဖို့ မိတ်ဆွေတွေ.. မရှိတော့တဲ့အခါ တမ်းတမနေပါနဲ့။ ကိုယ်မွေးကတည်းက ကိုယ့်ဘေးနားမှာ …