မိမိတန်ဖိုးကိုမြှင့်တင်ပါ အရမ်းကောင်းတဲ့စာလေးမို့ ဖတ်စေချင်ပါတယ်.. - Amawpyay


Knowledge




နံပါတ် ( ၁ )



နံပါတ် ( ၂ )


နံပါတ် ( ၃ )



နံပါတ် ( ၄ )


နံပါတ် ( ၅ )




Unicode

မိမိတန်ဖိုးကိုမြှင့်တင်ပါ အရမ်းကောင်းတဲ့စာလေးမို့ ဖတ်စေချင်ပါတယ်..

မိမိတန်ဖိုးကိုမြှင့်တင်ပါ

အရမ်းကောင်းတဲ့စာလေးမို့ ဖတ်စေချင်ပါတယ်..

နံပါတ် ( ၁ )

ဘဝမှာ အကောင်းဆုံးတွေကို လိုချင်ရင် မိတ်ဆွေကိုယ်တိုင်က ကောင်းတာတွေကိုပဲ ရွေးချယ်ပြီးလုပ်နေဖို့ အရေးကြီးတယ် ။ အဆင်မပြေဘူးလို့ ညည်းတွားနေမယ့်အစား အကောင်းဆုံး နည်းလမ်းကို ရှာဖွေလုပ်ဆောင်ပါ ။

ပိုင်ဆိုင်ဖို့ကြိုးစားနေတဲ့ အရာတွေဟာ မိမိပေးဆပ် ခဲ့ရတာတွေနဲ့ တကယ်ရော ထိုက်တန်ရဲ့လားဆိုတာ မိတ်ဆွေကိုယ်တိုင် ပြန်ပြီး သုံးသပ်ဖို့ လိုအပ်ပါတယ် ။

နံပါတ် ( ၂ )

ဘယ်နေရာ ရောက်ရောက် အောင်မြင်ချင်တဲ့သူက ကြိုးစားတယ် ။ မတိုးတက်ဘူး တိုးတက်တယ်ဆိုတာ ရောက်နေတဲ့ နေရာနဲ့ မဆိုင်ဘူး ။ မိတ်ဆွေရဲ့ ရည်ရွယ်ချက်နဲ့ပဲ သက်ဆိုင်တယ် ။ ဘာမှ မလုပ်လို့ ဆင်းရဲနေမှာ ထက်စာရင် ကြိုးစားပြီး ဆင်းရဲနေတာက မိတ်ဆွေရဲ့ အနာဂတ်အတွက် ရလဒ်ကောင်းတွေ တွေ့စေမှာပါ ။

နံပါတ် ( ၃ )

စစ်မှန်တဲ့ချမ်းသာမှု့ကို လိုချင်ရင် ငွေလွယ်လွယ် ရချင်တဲ့စိတ်ကို ဖျောက်ပါ ။ မှန်ကန်တဲ့ နေရာတစ်ခုပိုင်ဆိုင်ဖို့အတွက် ထိုက်တန်တဲ့ ပေးဆပ်မှု့ဆိုတာ ရှိတယ်။

အနည်းဆုံးတော့ မိတ်ဆွေဟာ အချိန်ဆိုတဲ့ သမားတော် နဲ့ ရင်းနှီးဖို့လိုတယ် ။ လောကမှာ ဘယ်အရာမှ လွယ်လွယ်မရဘူး ။ အလွယ်ရတာဆိုလို့ မိဘဆီက မေတ္တာပဲရှိတယ် ။

နံပါတ် ( ၄ )

မိမိကိုယ်မိမိ တန်ဖိုးထား မြှင့်တင်ပါ ။ လူငယ်တွေနဲ့ ပေါင်းတဲ့အခါ မိတ်ဆွေဟာ လူကြီးဖြစ်ရဲ့လား စဉ်းစားပါ ။ လူကြီးတွေနဲ့ ဆက်ဆံတဲ့အခါ မိတ်ဆွေဟာ ရင့်ကျက်သူတစ်ယောက် ဖြစ်ရဲ့လားဆိုတာ စမ်းစစ်ပါ ။ ဒါဆို မိတ်ဆွေရဲ့ အရေးပါမှု့ကို လူတွေက အသိမှတ်ပြု ကြိုဆိုကြလိမ့်မယ် ။ ဒါဟာ မိတ်ဆွေရဲ့ တန်ဖိုးပါ ။

နံပါတ် ( ၅ )

အရေးကြီးတာက မိမိရဲ့ အနာဂတ်ဟာ မိမိရဲ့လက်ထဲမှာပဲ ရှိနေဖို့ အရေးကြီးတယ် ။ လူတွေပြောတဲ့ မျှော်လင့်ခြင်း အိပ်မက်ဆိုတာ ကြိုးစားနေရင်းနဲ့ မက်ရတာမျိုးပါ ။

ထိုင်နေရင်း မက်လို့တော့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး ။ ဒီနေ့ခေတ်ကြီးမှာ အချိန်ကုန်စေတဲ့ အရာတွေ အများကြီးပဲ။ ခေတ်ကြီးကတော့ တိုးတက်နေတာပဲ ။ တကယ်တမ်း မပြောင်းလဲတာကလူတွေရဲ့ စိတ်ဓာတ်ဆိုတာပါ ။

Credit….to သင်စိတ်အားငယ်တိုင်းဖတ်ဖို့ စိတ်ဓာတ် ခွန်အားဖြည့် စာစုများ

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

သူဌေး ဖြစ်ချင်သူနှင့် သာမန်နေထိုင်သူတို့အကြောင်း
Knowledge
သူဌေး ဖြစ်ချင်သူနှင့် သာမန်နေထိုင်သူတို့အကြောင်း

သူဌေး ဖြစ်ချင်သူနှင့် သာမန်နေထိုင်သူတို့အကြောင်း မရှိခြင်းကို အကြောင်းပြ ငြီးထွားနေတတ်သူ သည် မချမ်းသာ နိုင်ပေ။ ရှိတာလေးကို မကွယ်မဝှတ် သူနေရာနှင့် သူ အသုံးချတတ် သူသည် တိုးတတ် ကြီးပွား ပေ သည်။ ( ၁ ) ချမ်းသာချင်သူ ကတော့ စိတ်ကို လွတ်လပ်စွာ နေထိုင်ခိုင်းသည် ရင်းနှီးသင့် တာကို ရင်းနှီးသင့်စေ၏ သာမန်သူ တစ်ယောက် ကတော့နောင်ရေးကို တွေး၍ ပိုက်ဆံစုတတ်သည်။ ( ၂ )ချမ်းသာချင်သူ ကတော့ ကျေးဇူးတရား ကို လက်ကိုင် ထားသည် မမေ့မလျော့ မတွန့်မတို နှမြောခြင်းကင်းစေ၏ သာမန်သူ တစ်ယောက်ကတော့ ကျေးဇူးတရား ကို …

ဗိုက်ခေါက်ထွက်လို့ စိတ်ပျက်နေလား၊ အဆီတက် လို့စိတ် ဓာတ်ကျနေလား ဒီနည်းလေးစမ်းကြည့်ပါ
Knowledge
ဗိုက်ခေါက်ထွက်လို့ စိတ်ပျက်နေလား၊ အဆီတက် လို့စိတ် ဓာတ်ကျနေလား ဒီနည်းလေးစမ်းကြည့်ပါ

ဗိုက်ခေါက်ထွက်လို့ စိတ်ပျက်နေလား၊ အဆီတက် လို့စိတ် ဓာတ်ကျနေလား ဒီနည်းလေးစမ်းကြည့်ပါ ဝတဲ့သူ ဗိုက်ပူတဲ့ သူတွေ အတွက် ဗိုက်ကျစေမည့် ရှားစောင်း လက်ပတ်ယို လုပ်နည်း… ဝတဲ့သူတွေ ဒါမှမဟုတ် ဗိုက်ပူတဲ့ သူတွေ အတွက် အရမ်း အဆင်ပြေတယ်။ အိမ်ရှင်မ တော်တော် များများရဲ့ ဒုက္ခက ဗိုက်ပူ တာပါပဲ။ ကဲနည်းလမ်းလေးကို ကြည့်ရအောင် ရှားစောင်း လက်ပတ် ငါးတက်လောက် ကိုဘေးက စူးသွားတွေကို ဓားနဲ့ခွာပီး လက်တစ်ဆစ်လောက်လေး တွေကို လှီးပါ (အခွံမနွှာတော့ ထုပ် ထုပ်ထုပ် နဲ့ စားလို့ကောင်းသလို ပိုဆေးဖက် ဝင်တာပေါ့) ထန်းလျက်(အညို) ငါးကျပ်သားလောက်ကို ဆီ ၅ ကျပ်သားလောက် …

မိန်းမလှတွေက ရတနာ တစ်ပါးဆိုမိန်းမကောင်းကတော့ ရတနာသိုက်ပါပဲ…
Knowledge
မိန်းမလှတွေက ရတနာ တစ်ပါးဆို မိန်းမကောင်းကတော့ ရတနာသိုက် ပဲ

မိန်းမလှတွေက ရတနာ တစ်ပါးဆို မိန်းမကောင်းကတော့ ရတနာသိုက် ပဲ သိက္ခာရှိတဲ့ မိန်းမဆိုတာ ဘယ်ယောကျာ်း ကိုမှ တစ်ဖက်သက် လိုက် မကြိုက်ဘူး ။ မြင့်မြတ်တဲ့ မိန်းမဆိုတာ ဘယ်ယောကျာ်း ကိုမှ တစ်ခြားမိန်းမနဲ့ ယှဉ်မလှုဘူး ။ ထက်မြတ်တဲ့ မိန်းမဆိုတာ ဘယ်ယောကျာ်းကိုမှ အီစီကလီ လုပ်မချစ် တတ်ဘူး ။ ရိုးသားဖြူစင်တဲ့ မိန်းမကောင်း ဆိုတာ ဘယ်ယောကျာ်းကို မှမလှည့်စား ဘူး ။ ချစ်သူ ရည်းစားများတိုင်း အပေါစား မိန်းမ မဟုတ်ပါဘူး ။ ဒါပေမယ့် မိန်းမကောင်းပီသ သူတိုင်း ကတော့ ပန်းကောင်းတစ်ကာ ပွင့်ပဲ ပန်တယ်။ မိန်းမကောင်းရဲ့တန်ဖိုးဆိုတာ သူ့လက်ထဲ …