
ထုတ္မေျပာေပမဲ့ စိတ္ထဲမွာတကယ္မတၱာနဲ႔ ခ်စ္ေနၾကတဲ့ ေမာင္နွမသံေယာဇဥ္ရဲ႕ ေထြးမႈမ်ား
တကယ္ေတာ့ ညီအစ္ကိုေမာင္ႏွမ႐ွိတဲ့သူေတြဟာ ကံေကာင္းတဲ့သူေတြလုိ႔ ဆုိရပါမယ္။ တစ္ဦးတည္းေသာ သားသမီးေတြထက္ ေမာင္ႏွမ႐ွိတဲ့သူေတြက ေႏြးေထြးတဲ့ မိသားစုအရသာကို ပိုခံစားႏုိင္သလုိ
တစ္ခုခုဆုိလည္း တုိင္ပင္ေဖာ္တုိင္ပင္ဖက္ ေမာင္ႏွမေတြ႐ွိတဲ့အတြက္ ေကာင္းပါတယ္ေနာ္။ ဒီအခ်က္ေတြက ေမာင္ႏွမ႐ွိတဲ့သူေတြသာ ခံစားလို႔ရတဲ့ ေမာင္ႏွမေတြၾကား ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ အခ်က္ေလးေတြ ျဖစ္ၾကပါတယ္။
မတည့္အတူေနေတြ
ေမာင္ႏွမဆုိတာ ေတြ႔တာနဲ႔ ဘယ္လုိမ်ိဳး စေနာက္ရင္ေကာင္းမလဲ၊ ဘယ္လုိရန္ျဖစ္ရရင္ေကာင္းမလဲလုိ႔ အျမဲစဥ္းစားေနတတ္ ၾကသူေတြပါ။ ေတြ႔လုိက္တာနဲ႔ကို ဘယ္လုိ အေၾကာင္းအရာမ်ိဳးနဲ႔မဆုိ စစ္ေၾကညာဖုိ႔ အဆင္သင့္ျဖစ္ေနၾက သူေတြ ပါေနာ္။
ေမာင္ႏွမေတြဆုိတာ သင့္သင့္ျမတ္ျမတ္ေနတဲ့ အခ်ိန္ထက္ သတ္ပုတ္ရန္ျဖစ္ေနၾကတဲ့ အခ်ိန္ေတြက ပိုမ်ားတယ္ ဆုိတာ ေမာင္ႏွမ ႐ွိသူတုိင္း အသိပါေနာ္။
မျမင္ရရင္ မေနႏုိင္တဲ့သူေတြ
ေတြ႔တာနဲ႔ ရန္ျဖစ္စကားမ်ားတတ္ၾကသလုိ မေတြ႔ရျပန္ရင္လည္း မေနႏုိင္ၾကတဲ့ သူေတြက ေမာင္ႏွမေတြပါ။ ခဏေလာက္မေတြ႔တာနဲဲ႔ အိမ္ကလူေတြကို ဘယ္သြားေနလဲဲ၊ ဘာလုပ္ေနလဲ စသျဖင့္ လုိက္ေမးေန တတ္ပါတယ္။
ေနာက္ၿပီး ေမာင္ႏွမအခ်င္းခ်င္း မေတြ႔ရတဲ့အခ်ိန္ေတြကို တစ္ေယာက္တည္း ပ်င္းပ်င္းရိရိႀကီးျဖစ္ၿပီး တစ္ခုခုလိုေနသလို ခံစားေနတတ္ပါတယ္ေနာ္။
ခ်စ္ေပမယ့္ ဘယ္ေတာ့မွ ထုတ္မျပသူေတြ
ေမာင္ႏွမဆိုတာ ဘယ္ေလာက္ပဲ ရန္ျဖစ္စကားမ်ား သတ္ပုတ္ေနၾကပါေစ ခဏေလးေနတာနဲ႔ ျပန္အဆင္ေျပသင့္ျမတ္သြားၾကတဲ့ သူေတြပါ။ တကယ္တမ္းေတာ့ တစ္ေယာက္နဲ႔တစ္္ေယာက္ မုန္းေနလုိ႔ ရန္ျဖစ္တာမ်ိဳးမဟုတ္ပဲ
သူတုိ႔ရဲ႕ အခ်စ္ေတြကို ထုတ္မျပတတ္ၾကတာပဲ ျဖစ္ပါတယ္။ ခ်စ္ေပမယ့္ မခ်စ္ခ်င္ေယာင္ေဆာင္ေနတတ္ၾကၿပီး အျမဲတမ္း စေနာက္ရန္ျဖစ္ေနတတ္ၾကတာကိုက သူတု႔ိရဲ႕ ခ်စ္ျခင္းပံုစံတစ္မ်ိဳးလို႔ ေျပာရပါမယ္။
ျပႆနာျဖစ္တုိင္း ေ႐ွ႕ကမားမားမတ္မတ္ ကာကြယ္ေပးတတ္သူ
ေမာင္ႏွမအခ်င္းခ်င္း တကယ္ခ်စ္မခ်စ္ဆုိတာကို သူတုိ႔တစ္ခုခု ဒုကၡေရာက္ေနတဲ့အခ်ိ္န္၊ ျပသနာတစ္ခုခုျဖစ္တဲ့အခ်ိန္ေတြမွာ ေတြ႔ႏုိင္ပါတယ္။ တစ္ေယာက္ေယာက္ အႏုိ္င္က်င့္တာခံရလုိ႔ပဲျဖစ္ျဖစ္၊ ျပသနာတစ္ခုခုျဖစ္္လို႔ပဲျဖစ္ျဖစ္ ေ႐ွ႕ကေန မားမားမတ္မတ္နဲ႔ ကာကြယ္ေပးတတ္တာ ေမာင္ႏွမေတြပါပဲ။
ဒါေၾကာင့္ ေမာင္ႏွမေတြက တကယ့္ကို ရင္ဘတ္ခ်င္းနီးတဲ့ ေသြးသားေတြျဖစ္လို႔ တန္ဖိုးထားတတ္ဖို႔ကို မေမ့ပါနဲ႔။
ေလးစားစြာျဖင့္ ခရက္ဒစ္
ယူနီကုတ္
ထုတ်မပြောပေမဲ့ စိတ်ထဲမှာတကယ်မေတ္တာနဲ့ ချစ်နေကြတဲ့ မောင်နှမသံယောဇဉ်ရဲ့ နွေးထွေးမှုများ
တကယ်တော့ ညီအစ်ကိုမောင်နှမရှိတဲ့သူတွေဟာ ကံကောင်းတဲ့သူတွေလို့ ဆိုရပါမယ်။ တစ်ဦးတည်းသော သားသမီးတွေထက် မောင်နှမရှိတဲ့သူတွေက နွေးထွေးတဲ့ မိသားစုအရသာကို ပိုခံစားနိုင်သလို တစ်ခုခုဆိုလည်း
တိုင်ပင်ဖော်တိုင်ပင်ဖက် မောင်နှမတွေရှိတဲ့အတွက် ကောင်းပါတယ်နော်။ ဒီအချက်တွေက မောင်နှမရှိတဲ့သူတွေသာ ခံစားလို့ရတဲ့ မောင်နှမတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ အချက်လေးတွေ ဖြစ်ကြပါတယ်။
မတည့်အတူနေတွေ
မောင်နှမဆိုတာ တွေ့တာနဲ့ ဘယ်လိုမျိုး စနောက်ရင်ကောင်းမလဲ၊ ဘယ်လိုရန်ဖြစ်ရရင်ကောင်းမလဲလို့ အမြဲစဉ်းစားနေတတ် ကြသူတွေပါ။ တွေ့လိုက်တာနဲ့ကို ဘယ်လို အကြောင်းအရာမျိုးနဲ့မဆို စစ်ကြေညာဖို့ အဆင်သင့်ဖြစ်နေကြ သူတွေ ပါနော်။
မောင်နှမတွေဆိုတာ သင့်သင့်မြတ်မြတ်နေတဲ့ အချိန်ထက် သတ်ပုတ်ရန်ဖြစ်နေကြတဲ့ အချိန်တွေက ပိုများတယ် ဆိုတာ မောင်နှမ ရှိသူတိုင်း အသိပါနော်။
မမြင်ရရင် မနေနိုင်တဲ့သူတွေ
တွေ့တာနဲ့ ရန်ဖြစ်စကားများတတ်ကြသလို မတွေ့ရပြန်ရင်လည်း မနေနိုင်ကြတဲ့ သူတွေက မောင်နှမတွေပါ။ ခဏလောက်မတွေ့တာနဲ့ အိမ်ကလူတွေကို ဘယ်သွားနေလဲ၊ ဘာလုပ်နေလဲ စသဖြင့် လိုက်မေးနေ တတ်ပါတယ်။
နောက်ပြီး မောင်နှမအချင်းချင်း မတွေ့ရတဲ့အချိန်တွေကို တစ်ယောက်တည်း ပျင်းပျင်းရိရိကြီးဖြစ်ပြီး တစ်ခုခုလိုနေသလို ခံစားနေတတ်ပါတယ်နော်။
ချစ်ပေမယ့် ဘယ်တော့မှ ထုတ်မပြသူတွေ
မောင်နှမဆိုတာ ဘယ်လောက်ပဲ ရန်ဖြစ်စကားများ သတ်ပုတ်နေကြပါစေ ခဏလေးနေတာနဲ့ ပြန်အဆင်ပြေသင့်မြတ်သွားကြတဲ့ သူတွေပါ။ တကယ်တမ်းတော့ တစ်ယောက်နဲ့တစ်ယောက် မုန်းနေလို့ ရန်ဖြစ်တာမျိုးမဟုတ်ပဲ
သူတို့ရဲ့ အချစ်တွေကို ထုတ်မပြတတ်ကြတာပဲ ဖြစ်ပါတယ်။ ချစ်ပေမယ့် မချစ်ချင်ယောင်ဆောင်နေတတ်ကြပြီး အမြဲတမ်း စနောက်ရန်ဖြစ်နေတတ်ကြတာကိုက သူတု့ိရဲ့ ချစ်ခြင်းပုံစံတစ်မျိုးလို့ ပြောရပါမယ်။
ပြဿနာဖြစ်တိုင်း ရှေ့ကမားမားမတ်မတ် ကာကွယ်ပေးတတ်သူ
မောင်နှမအချင်းချင်း တကယ်ချစ်မချစ်ဆိုတာကို သူတို့တစ်ခုခု ဒုက္ခရောက်နေတဲ့အချိန်၊ ပြသနာတစ်ခုခုဖြစ်တဲ့အချိန်တွေမှာ တွေ့နိုင်ပါတယ်။ တစ်ယောက်ယောက် အနိုင်ကျင့်တာခံရလို့ပဲဖြစ်ဖြစ်၊ ပြသနာတစ်ခုခုဖြစ်လို့ပဲဖြစ်ဖြစ် ရှေ့ကနေ မားမားမတ်မတ်နဲ့ ကာကွယ်ပေးတတ်တာ မောင်နှမတွေပါပဲ။
ဒါကြောင့် မောင်နှမတွေက တကယ့်ကို ရင်ဘတ်ချင်းနီးတဲ့ သွေးသားတွေဖြစ်လို့ တန်ဖိုးထားတတ်ဖို့ကို မမေ့ပါနဲ့။
No Comments