ထားဝယ် တွင် မိုင်းထောင်သူမှာ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးဖြစ်နေ - Amawpyay


News















Tomorrow News Journal

Credit

Unicode

ထားဝယ် တွင် မိုင်းထောင်သူမှာ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးဖြစ်နေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ နေရာ ၂ နေရာတွင် မိုင်းထောင်ခဲ့သူကို ဖမ်းဆီးရမိခဲ့ပြီး အမှု ၂ မှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ပတ္တလားတံတားအနီး ချုံပုတ်အတွင်း၌ နိုဝင်ဘာ ၅ ရက်၊ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က လက်လုပ်မိုင်းဟု ယူဆရသော မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့ ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာပူးပေါင်းအဖွဲ့က စုံစမ်းခဲ့ရာမှ ပြစ်မှုကျူးလွန်သူ နေမင်းထွန်းကို လောင်းလုံးမြို့နယ်၊ ကမ်းပနီကျေးရွာနှင့် ကရင်ကြီးရွာကြားတွင် ဖမ်းဆီးရမိခဲ့ပြီး

၎င်းနေအိမ်အား ဝင်ရောက် ရှာဖွေရာ နေအိမ်အောက်ရှိ ကွပ်ပျစ်အောက်မှ အနက်ရောင်ကျောပိုးအိတ်အတွင်း ထည့်ထားသည့် ဖောက်ခွဲ ရေးသုံး ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“သူ့ကို မနေ့ညက ဖမ်းမိခဲ့တယ်။ သူက ၂ နေရာမှာ မိုင်းထောင်တာမို့ ၂ မှုဖွင့်ထားတာပါ” ဟု ထား ဝယ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Tomorrow သို့ ပြောသည်။

၎င်းအား ဆက်လက်စစ်ဆေးရာ ထားဝယ်မြို့နယ်၊ ထိန်သစ်ရပ်ကွက်၊ တဂူသိမ်ဘုန်းကြီးကျောင်းအနီး လမ်း ဘေးတွင် လက်လုပ်မိုင်း ၁ လုံး ထောင်ထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ဆက်လက်၍ ထားဝယ်မြို့နယ်၊ တလိုင်းမရပ်ကွက်၊ ပြည်သူ့အပန်းဖြေရင်ပြင် မြောက်ဘက်ထိပ် မြောင်းပုလဲချောင်းဘေးတွင် လက်လုပ်မိုင်း ၁ လုံး ထောင်ထားကြောင်း သိရှိရ၍ သွားရောက်ရှင်းလင်းခဲ့ရာ ပေါက်ကွဲထားပြီးဖြစ်သော မိုင်းအပိုင်းအစများအား တွေ့ရှိရကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နေမင်းထွန်း၊ (၂၈)နှစ်၊ သဘော့ဆိပ်ကျေးရွာ၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ လောင်း လုံးမြို့နယ်နေသူကို ထားဝယ်မြို့မရဲစခန်း၌ (ပ)၃၁၄၆/၃၁၄၇/၂၀၂၀၊ ဖောက်ကွဲ(၅) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Tomorrow News Journal

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ခြိမ့်ကေကို ကိုထောင်ချမဲ့ကိစ္စ မတရားကြောင်း ပန်ဆယ်လိုပြောပြီ
News
ခြိမ့်ကေကို ကိုထောင်ချမဲ့ကိစ္စ မတရားကြောင်း ပန်ဆယ်လိုပြောပြီ

ခြိမ့်ကေကို ကိုထောင်ချမဲ့ကိစ္စ မတရားကြောင်း ပန်ဆယ်လိုပြောပြီ ပရိသတ်ကြီးရေ ဒီနေ့မှာတော့ ဖေ့ဘုတ် ဆယ်လီ ခြိမ့်ကေကို ဟာ ကိုဗစ်ကာလမှာ ဖျော်ဖြေခဲ့မှုကြောင့် တရားစွဲ ထားတာကို သွားရောက် အဖမ်းခံ ခဲ့တာပဲ ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ ရန်ကုန်က KTV တွေမှာ မိခဲ့တဲ့ လူတွေကျ အာမခံနဲ့ပြန်လွှတ်ခဲ့ပြီး ခြိမ့်ကေကိုမှ အဖမ်းခံရလို့ ပရိသတ်တွေက ပြောနေကြတာ ပဲဖြစ်ပါတယ်။ ခြိမ့်ကေကို အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ပန်ဆယ်လိုကလဲ ပြောလာခဲ့ ပါတယ်။ ပန်ဆယ်လိုက”ခြိမ့်ကေကို လာအဖမ်းခံ လိုက်ကိစ္စ ကြားတယ်။ တကယ် စိတ်ရင်းအတိုင်းပြောတာပါ။ လုံးဝကို စိတ်မကောင်းသလို မဖြစ်သင့်တဲ့ ကိစ္စလို့ ယူဆ ပါတယ်။ ကိုယ်က ဒီကောင်လေးကို …

“ ရှမ်းပြည်နယ်၊လွိုင်လင်ခရိုင် မှ ထူးဆန်းသောမျက်နှာရှိတဲ့ မျောက်ဝင်စား အမျိုးသမီး(ရုပ်သံ)
News
“ ရှမ်းပြည်နယ်၊လွိုင်လင်ခရိုင် မှ ထူးဆန်းသောမျက်နှာရှိတဲ့ မျောက်ဝင်စား အမျိုးသမီး(ရုပ်သံ)

“ ရှမ်းပြည်နယ်၊လွိုင်လင်ခရိုင် မှ ထူးဆန်းသောမျက်နှာရှိတဲ့ မျောက်ဝင်စား အမျိုးသမီး(ရုပ်သံ) ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နယ်ခွဲမှာ ထူးဆန်းတဲ့ မျက်နှာရှိ ရှမ်း အမျိုးသမီး တဦးကို ဘုရားဖူးတွေက တွေ့ရှိခဲ့ ပါတယ်။ တောင်ကြီးက ဘုရားဖူးတစုဟာ ကာလိမြို့နယ်ခွဲရှိ မွေတော်ဟိုလိန်း စေတီတော်ကို သွားရောက်ဖူးမြော်စဉ် လမ်းမှာ မျက်နှာ တခုလုံး မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတွေ ပြည့်နေတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦး ကိုတွေ့လို့ ခွင့်တောင်းပြီး ဗွီဒီယို ရိုက်ခဲ့တယ်လို့ စိုင်းနော် ခမ်းစင်က ဒီဗွီဘီကို ပြောပါတယ်။ “မနေ့တုန်းက ကျနော်တို့ မွေတော်ဟိုလိန်းစေတီကို သွားဖူးကြပါတယ်။ စေတီမရောက်ခင် ထမ်ကုမ့်ဂူနားရောက်တော့ မိုင်းဖုံး ဆရာတော်လည်း …

ဉီးပဉ္ဇင်းမှာ ကျောင်းမရှိလို့ အဖွားရဲ့ ရတနာတွေကိုရောင်းပြီးလှူမယ် ဆိုတဲ့အဖွာ
News
ဉီးပဉ္ဇင်းမှာ ကျောင်းမရှိလို့ အဖွားရဲ့ ရတနာတွေကိုရောင်းပြီးလှူမယ် ဆိုတဲ့အဖွာ

ဉီးပဉ္ဇင်းမှာ ကျောင်းမရှိလို့ အဖွားရဲ့ ရတနာတွေကိုရောင်းပြီးလှူမယ် ဆိုတဲ့အဖွာ အင်းစိန်က သိက္ခာထပ် ထားတဲ့ ရဟန်းဒါယိကာ မကြီး ဒေါ်စောနွဲ့က တိုးတိုးလေးကပ်ပြီး ပြောပါတယ် ‘မောင်ပဉ္ဇင်း အဖွားလည်း အသက် ၈၀ကျော်ပြီ အဖွားရဲ့ နောက်ဆုံးအချိန်ကျရင် လာဖြစ်အောင် လာနော်’ ဆိုတော့ လာမှာပေါ့ လို့ပဲ ပြန်ပြောလိုက် ပါတယ်။ အဖွားက ဆက်ပြောတယ် ‘မောင်ပဉ္ဇင်းနေဖို့ ကျောင်းမရှိလို့ အဖွားရဲ့ လက်ဝတ်ရတနာတွေကို မောင်ပဉ္ဇင်းကို လှူဖို့ စာရေးထားခဲ့မှ အဲဒါဆိုရင်တော့ မလာချင်ဘူး အဖွားမရှိရင် မိဘပစ္စည်း သားသမီးပိုင်ရမှာ သူတို့ စိတ်ထဲတစ်မျိုးဖြစ်နေရင် မကောင်းဘူး အဖွားရဲ့သားသမီးတွေ သဘောအတိုင်း လုပ်ပါစေ လို့ ပြောလိုက်တော့ အေးပါ အေးပါ …