သင္ေကာ အရြဲ႕တိုက္ဘူးသလား…ဘယ္လိုခံစားရလဲ…? - Amawpyay

သင္ေကာ အရြဲ႕တိုက္ဘူးသလား…ဘယ္လိုခံစားရလဲ…?

သင္ေကာ အရြဲ႕တိုက္ဘူးသလား…ဘယ္လိုခံစားရလဲ…?
Knowledge

သင္ေကာ အရြဲ႕တိုက္ဘူးသလား…ဘယ္လိုခံစားရလဲ…?

အ႐ြဲ႕တိုက္တာေကာင္းသလား ။ တစ္ခ်ိဳ႕လူငယ္ေလးေတြ အရမ္းအ႐ြဲ႕တိုက္တတ္ၾကပါတယ္။ မိဘကို မေက်နပ္လို႔ အ႐ြဲ႕တိုက္တာနဲ႔၊ ပတ္ဝန္းက်င္ ကိုအ႐ြဲ႕တိုက္တာနဲ႔၊ ခ်စ္သူကိုအ႐ြဲ႕တိုက္တာနဲ႔၊ ကဲ ဘာျဖစ္လဲ တမင္အ႐ြဲ႕တိုက္တယ္ကြာ ဆိုၿပီး လုပ္တဲ့ လုပ္ရပ္ ရဲ႕ေနာက္ကြယ္မွာ ဘယ္လို အက်ိဳးဆက္ေတြ ျဖစ္လာ တတ္သလဲ။

အ႐ြဲ႕တိုက္သူကိုယ္တိုင္ ပ်က္စီးသြားျခင္း ။သူမ်ားကိုအ႐ြဲ႕တိုက္ရင္း ကိုယ္တိုင္ပ်က္စီးသြားတာမ်ိဳး ပတ္ဝန္းက်င္မွာေရာ၊ ကိုယ့္အသိထဲ မွာေရာ ရွိေကာင္း ရွိႏိုင္ ပါတယ္။ မိဘ၊ ပတ္ဝန္းက်င္က လက္မခံတဲ့ လုပ္ရပ္မ်ိဳးကို လုပ္တယ္ ဆိုတကည္းက

အဲဒီရဲ႕ဆိုးက်ိဳးကိုျပဳလုပ္သူ ကိုယ္ကိုကိုယ္တိုင္ အရင္ဆုံး ခံစားရၿပီေလ။ မေကာင္းတာကိုသြားလုပ္ေတာ့ အရင္ဆုံး ကိုယ္တိုင္ ပ်က္စီးမႈကို ႀကဳံေတြ႕ၾက ရေတာ့တယ္။

မိဘေတြ စိတ္ႏွလုံး မခ်မ္းေျမ့ရျခင္း ။ ကိုယ္က မိဘေတြ မႀကိဳက္တာကို အ႐ြဲ႕တိုက္လုပ္ေတာ့ မိဘေတြရင္မွာ ခံစားၾက ရၿပီ။ ကိုယ့္ေၾကာင့္ မိဘေတြရင္ မွာ ေသာကေပြ ရၿပီ။ ကိုယ့္ေၾကာင့္ သူတစ္ဘက္သားကို စိတ္ထိခိုက္ ခံစားရၿပီ ဆိုကတည္းက အဲဒီရဲ႕ရလဒ္ကိုကိုယ္တိုင္ ခံစားရၿပီ။

ကိုယ့္ေၾကာင့္မိဘေတြ စိတ္ေသာကေရာက္ ရတာကို တကယ္ပဲ ကိုယ့္စိတ္ ထဲမွာေပ်ာ္ရဲ႕လား ဆိုေတာ့ မေပ်ာ္ပါဘူး။ မိဘေတြ ကိုယ့္ေၾကာင့္ မ်က္ရည္က်ေနၾက ရေတာ့ ကိုယ့္ရဲ႕ရင္ထဲမွာ

ဘယ္လိုမွ သာယာ ႏိုင္မွာ မဟုတ္ေတာ့ ပါဘူး။ ဒီအတြက္ ကိုယ္လည္းမေပ်ာ္၊မိဘလည္း စိတ္ဆင္းရဲတဲ့ အ႐ြဲ႕တိုက္ျခင္းမ်ိဳးက ေကာင္း ပါရဲ႕လား။

ပတ္ဝန္းက်င္မွာ နာမည္ဆို းတြင္ျခင္း ။ လူတစ္ေယာက္ အတြက္ နာမည္ဆိုတာအေရးႀကီးတဲ့ ဂုဏ္သိကၡာ အျဖစ္ သတ္မွတ္ ၾကပါတယ္။ ဘယ္သူ ကျဖင့္ ဘယ္လိုေနထိုင္ခဲ့တယ္ဆိုတာမ်ိဳးက ပတ္ဝန္းက်င္ မွာလူေတြက သိရွိၿပီးျဖစ္သလို ပတ္ဝန္းက်င္ ဆိုတာလည္း ဂ႐ု မစိုက္လို႔မရတဲ့ လူမႈဝန္းက်င္ တစ္ခု ျဖစ္ပါတယ္။

လူတစ္ေယာက္ေကာင္း မေကာင္းကို သူေနတဲ့ ပတ္ဝန္းက်င္မွာ စုံ စမ္းၾကည့္ လိုက္ပါဆိုတာမ်ိဳးက ရွိတဲ့ အခါ ပတ္ဝန္းက်င္ကို အ႐ြဲ႕တိုက္ျခင္းမ်ိဳး ကလည္း ကိုယ့္ကိုကိုယ္ထိခိုက္ေစ တာပဲ ျဖစ္ပါတယ္။

ေနာင္တ တရားရင္ဝယ္ ပိုက္ရျခင္း။ အ႐ြဲ႕တိုက္ျခင္းရဲ႕ေနာက္ကြယ္မွာ ျဖစ္ေပၚလာတဲ့ ရလဒ္က ေနာင္တရားပဲ ျဖစ္ပါတယ္။ ေနာင္တဆိုတာ ေနာင္မွ တတဲ့ အရာမ်ိဳးျဖစ္ရာ ဘယ္ေနာင္တရားမွ မေကာင္းပါဘူး။

တစ္ခ်ိဳ႕ ဘဝ တစ္သက္တာမွာ ငါမွားခဲ့မိေလျခင္းဆို ၿပီးေနာင္ တရားရင္ဝယ္ပိုက္ၿပီး တစ္သက္တာဒဏ္ ခံစားသြား ရသူေတြ ရွိပါတယ္။

ကိုယ္ကားအဲလို အျဖစ္ခံ ႏိုင္ပါ သလား။ အ႐ြဲ႕တိုက္ျခင္းရဲ႕ေနာက္ကြယ္မွာ ျဖစ္ေပၚလာႏိုင္တဲ့အက်ိဳး ဆက္ကို ဆင္ျခင္ စဥ္းစားႏိုင္ဖို ႔လိုပါတယ္။ Source,atm

Unicode

သင်ကော အရွဲ့တိုက်ဘူးသလား…ဘယ်လိုခံစားရလဲ…?

အရွဲ့တိုက်တာကောင်းသလား ။ တစ်ချို့လူငယ်လေးတွေ အရမ်းအရွဲ့တိုက်တတ်ကြပါတယ်။ မိဘကို မကျေနပ်လို့ အရွဲ့တိုက်တာနဲ့၊ ပတ်ဝန်းကျင် ကိုအရွဲ့တိုက်တာနဲ့၊ ချစ်သူကိုအရွဲ့တိုက်တာနဲ့၊ ကဲ ဘာဖြစ်လဲ တမင်အရွဲ့တိုက်တယ်ကွာ ဆိုပြီး လုပ်တဲ့ လုပ်ရပ် ရဲ့နောက်ကွယ်မှာ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာ တတ်သလဲ။

အရွဲ့တိုက်သူကိုယ်တိုင် ပျက်စီးသွားခြင်း ။သူများကိုအရွဲ့တိုက်ရင်း ကိုယ်တိုင်ပျက်စီးသွားတာမျိုး ပတ်ဝန်းကျင်မှာရော၊ ကိုယ့်အသိထဲ မှာရော ရှိကောင်း ရှိနိုင် ပါတယ်။ မိဘ၊ ပတ်ဝန်းကျင်က လက်မခံတဲ့ လုပ်ရပ်မျိုးကို လုပ်တယ် ဆိုတကည်းက

အဲဒီရဲ့ဆိုးကျိုးကိုပြုလုပ်သူ ကိုယ်ကိုကိုယ်တိုင် အရင်ဆုံး ခံစားရပြီလေ။ မကောင်းတာကိုသွားလုပ်တော့ အရင်ဆုံး ကိုယ်တိုင် ပျက်စီးမှုကို ကြုံတွေ့ကြ ရတော့တယ်။

မိဘတွေ စိတ်နှလုံး မချမ်းမြေ့ရခြင်း ။ ကိုယ်က မိဘတွေ မကြိုက်တာကို အရွဲ့တိုက်လုပ်တော့ မိဘတွေရင်မှာ ခံစားကြ ရပြီ။ ကိုယ့်ကြောင့် မိဘတွေရင် မှာ သောကပွေ ရပြီ။ ကိုယ့်ကြောင့် သူတစ်ဘက်သားကို စိတ်ထိခိုက် ခံစားရပြီ ဆိုကတည်းက အဲဒီရဲ့ရလဒ်ကိုကိုယ်တိုင် ခံစားရပြီ။

ကိုယ့်ကြောင့်မိဘတွေ စိတ်သောကရောက် ရတာကို တကယ်ပဲ ကိုယ့်စိတ် ထဲမှာပျော်ရဲ့လား ဆိုတော့ မပျော်ပါဘူး။ မိဘတွေ ကိုယ့်ကြောင့် မျက်ရည်ကျနေကြ ရတော့ ကိုယ့်ရဲ့ရင်ထဲမှာ

ဘယ်လိုမှ သာယာ နိုင်မှာ မဟုတ်တော့ ပါဘူး။ ဒီအတွက် ကိုယ်လည်းမပျော်၊မိဘလည်း စိတ်ဆင်းရဲတဲ့ အရွဲ့တိုက်ခြင်းမျိုးက ကောင်း ပါရဲ့လား။

ပတ်ဝန်းကျင်မှာ နာမည်ဆို းတွင်ခြင်း ။ လူတစ်ယောက် အတွက် နာမည်ဆိုတာအရေးကြီးတဲ့ ဂုဏ်သိက္ခာ အဖြစ် သတ်မှတ် ကြပါတယ်။ ဘယ်သူ ကဖြင့် ဘယ်လိုနေထိုင်ခဲ့တယ်ဆိုတာမျိုးက ပတ်ဝန်းကျင် မှာလူတွေက သိရှိပြီးဖြစ်သလို ပတ်ဝန်းကျင် ဆိုတာလည်း ဂရု မစိုက်လို့မရတဲ့ လူမှုဝန်းကျင် တစ်ခု ဖြစ်ပါတယ်။

လူတစ်ယောက်ကောင်း မကောင်းကို သူနေတဲ့ ပတ်ဝန်းကျင်မှာ စုံ စမ်းကြည့် လိုက်ပါဆိုတာမျိုးက ရှိတဲ့ အခါ ပတ်ဝန်းကျင်ကို အရွဲ့တိုက်ခြင်းမျိုး ကလည်း ကိုယ့်ကိုကိုယ်ထိခိုက်စေ တာပဲ ဖြစ်ပါတယ်။

နောင်တ တရားရင်ဝယ် ပိုက်ရခြင်း။ အရွဲ့တိုက်ခြင်းရဲ့နောက်ကွယ်မှာ ဖြစ်ပေါ်လာတဲ့ ရလဒ်က နောင်တရားပဲ ဖြစ်ပါတယ်။ နောင်တဆိုတာ နောင်မှ တတဲ့ အရာမျိုးဖြစ်ရာ ဘယ်နောင်တရားမှ မကောင်းပါဘူး။

တစ်ချို့ ဘဝ တစ်သက်တာမှာ ငါမှားခဲ့မိလေခြင်းဆို ပြီးနောင် တရားရင်ဝယ်ပိုက်ပြီး တစ်သက်တာဒဏ် ခံစားသွား ရသူတွေ ရှိပါတယ်။

ကိုယ်ကားအဲလို အဖြစ်ခံ နိုင်ပါ သလား။ အရွဲ့တိုက်ခြင်းရဲ့နောက်ကွယ်မှာ ဖြစ်ပေါ်လာနိုင်တဲ့အကျိုး ဆက်ကို ဆင်ခြင် စဉ်းစားနိုင်ဖို့လိုပါတယ်။ Source,atm

 

 

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

သူေဌး ျဖစ္ခ်င္သူနွင့္ သာမန္ေနထိုင္သူတို႕အေႀကာင္း
Knowledge
သူေဌး ျဖစ္ခ်င္သူနွင့္ သာမန္ေနထိုင္သူတို႕အေႀကာင္း

သူေဌး ျဖစ္ခ်င္သူနွင့္ သာမန္ေနထိုင္သူတို႕အေႀကာင္း မရွိျခင္းကို အေႀကာင္းျပ ျငီးထြားေနတတ္သူ သည္ မခ်မ္းသာ နိုင္ေပ။ ရွိတာေလးကို မကြယ္မဝွတ္ သူေနရာနွင့္ သူ အသံုးခ်တတ္ သူသည္ တိုးတတ္ ႀကီးပြား ေပ သည္။ ( ၁ ) ခ်မ္းသာခ်င္သူ ကေတာ့ စိတ္ကုိ လြတ္လပ္စြာ ေနထိုင္ခိုင္းသည္ ရင္းနွီးသင့္ တာကို ရင္းနွီးသင့္ေစ၏ သာမန္သူ တစ္ေယာက္ ကေတာ့ေနာင္ေရးကို ေတြး၍ ပိုက္ဆံစုတတ္သည္။ ( ၂ )ခ်မ္းသာခ်င္သူ ကေတာ့ ေက်းဇူးတရား ကို လက္ကိုင္ ထားသည္ မေမ့မေလ်ာ့ မတြန္႕မတို နွေၿမာျခင္းကင္းေစ၏ သာမန္သူ တစ္ေယာက္ကေတာ့ ေက်းဇူးတရား ကို …

ဗိုက္ေခါက္ထြက္လို ႔စိတ္ပ်က္ေနလား၊ အဆီတက္ လို႔စိတ္ ဓာတ္က်ေနလား ဒီနည္းေလးစမ္းၾကည့္ပါ
Knowledge
ဗိုက္ေခါက္ထြက္လို ႔စိတ္ပ်က္ေနလား၊ အဆီတက္ လို႔စိတ္ ဓာတ္က်ေနလား ဒီနည္းေလးစမ္းၾကည့္ပါ

ဗိုက္ေခါက္ထြက္လို ႔စိတ္ပ်က္ေနလား၊ အဆီတက္ လို႔စိတ္ ဓာတ္က်ေနလား ဒီနည္းေလးစမ္းၾကည့္ပါ ဝတဲ့သူ ဗိုက္ပူတဲ့ သူေတြ အတြက္ ဗိုက္က်ေစမည့္ ရွားေစာင္း လက္ပတ္ယို လုပ္နည္း… ဝတဲ့သူေတြ ဒါမွမဟုတ္ ဗိုက္ပူတဲ့ သူေတြ အတြက္ အရမ္း အဆင္ေျပတယ္။ အိမ္ရွင္မ ေတာ္ေတာ္ မ်ားမ်ားရဲ႕ ဒုကၡက ဗိုက္ပူ တာပါပဲ။ ကဲနည္းလမ္းေလးကို ၾကည့္ရေအာင္ ရွားေစာင္း လက္ပတ္ ငါးတက္ေလာက္ ကိုေဘးက စူးသြားေတြကို ဓားနဲ႔ခြာပီး လက္တစ္ဆစ္ေလာက္ေလး ေတြကို လွီးပါ (အခြံမႏႊာေတာ့ ထုပ္ ထုပ္ထုပ္ နဲ႔ စားလို႔ေကာင္းသလို ပိုေဆးဖက္ ဝင္တာေပါ့) ထန္းလ်က္(အညိဳ) ငါးက်ပ္သားေလာက္ကို ဆီ ၅ က်ပ္သားေလာက္ …

မိန္းမလွေတြက ရတနာ တစ္ပါးဆိုမိန္းမေကာင္းကေတာ့ ရတနာသိုက္ပါပဲ…
Knowledge
မိန္းမလွေတြက ရတနာ တစ္ပါးဆို မိန္းမေကာင္းကေတာ့ ရတနာသိုက္ ပဲ

မိန္းမလွေတြက ရတနာ တစ္ပါးဆို မိန္းမေကာင္းကေတာ့ ရတနာသိုက္ ပဲ သိကၡာရွိတဲ့ မိန္းမဆိုတာ ဘယ္ေယာက်ာ္း ကိုမွ တစ္ဖက္သက္ လိုက္ မႀကိဳက္ဘူး ။ ျမင့္ျမတ္တဲ့ မိန္းမဆိုတာ ဘယ္ေယာက်ာ္း ကိုမွ တစ္ျခားမိန္းမနဲ႔ ယွဥ္မလႈဘူး ။ ထက္ျမတ္တဲ့ မိန္းမဆိုတာ ဘယ္ေယာက်ာ္းကိုမွ အီစီကလီ လုပ္မခ်စ္ တတ္ဘူး ။ ႐ိုးသားျဖဴစင္တဲ့ မိန္းမေကာင္း ဆိုတာ ဘယ္ေယာက်ာ္းကို မွမလွည့္စား ဘူး ။ ခ်စ္သူ ရည္းစားမ်ားတိုင္း အေပါစား မိန္းမ မဟုတ္ပါဘူး ။ ဒါေပမယ့္ မိန္းမေကာင္းပီသ သူတိုင္း ကေတာ့ ပန္းေကာင္းတစ္ကာ ပြင့္ပဲ ပန္တယ္။ မိန္းမေကာင္းရဲ႕တန္ဖိုးဆိုတာ သူ႔လက္ထဲ …