မျက်နှာ ပြောင်တဲ့ ချစ်သူ မိန်းခလေးကို ပိုင်ဆိုင်ထားတဲ့ ကောင်လေးတွေရဲ့ အားသာချက် ( 5 ) ချက် - Amawpyay


အချစ်ရေး





ဉာဏ်ကောင်း တတ်ကြတယ်


ပဲ မများတတ်ကြဘူး











Credit

Unicode

မျက်နှာ ပြောင်တဲ့ ချစ်သူ မိန်းခလေးကို ပိုင်ဆိုင်ထားတဲ့ ကောင်လေးတွေရဲ့ အားသာချက် ( 5 ) ချက်

သင့်ချစ်သူ ကောင်မလေးဟာ အမြဲတမ်း ရယ်စရာ ဟာသတွေ ပြောပြီးမျက်နှာပြောင် တတ်သူတစ်ယောက် ဟုတ်တယ် ဆိုရင်တော့ သင်ဟာ ကံအကောင်းဆုံး လူသား တစ်ယောက်ပါ။

ယောင်္ကျားလေး ဆန်ပြီး ဟာသဉာဏ် ထူးကဲတဲ့ ကောင်မလေးတွေဟာ သူတို့ရဲ့ချစ်သူ အပေါ်မှာယုံကြည်စိတ် အပြည့်အ၀ ရှိတဲ့ အပြင် ဘဝ ခရီး တစ်ခုလုံး ကိုပါ သင်နှင့်အတူ ဖြတ်သန်းဖို့ ဆုံးဖြတ် ထားပြီးသား ဖြစ်ကြ ပါတယ် ။

ဒါကြောင့်ဒီလို ကောင်မလေး တွေကို ပိုင်ဆိုင် ထားခွင့် ရတဲ့ ဘော်ဒါတို့ အတွက် ဘယ်အချက်တွေဟာ ကံကောင်းစေလဲ ဆိုတာဖော်ပြ လိုက် ရပါတယ် ။

ဉာဏ်ကောင်း တတ်ကြတယ်

ဒီလို ကောင်မလေးတွေဟာ သာမန်ထက် ထက်မြက်ထူး ကဲတဲ့ဉာဏ်ရည် ဉာဏ်သွေးကိုပိုင်ဆိုင်တတ် ကြပါ တယ် ။ သူတို့ဟာပတ်ဝန်းကျင် တစ်ခုလုံးကို ဘယ်လို ပျော်ရွှင်အောင်လုပ်မလဲ ဆိုတာ အမြဲ တွေးတောနေ တတ်ကြ သူမျိုးဖြစ်ပြီး ဖြူစင် ရိုးသားမှုကို အရမ်းခုံမင် တတ်ကြ ပါတယ်။

ပဲ မများတတ်ကြဘူး

အချို့သော ကောင်မလေး တွေဟာ ရုပ်ပိုင်းဆိုင်ရာ အလှအပတွေကို အထူးအာရုံစိုက် ပြီး တစ်ဖက်သားက မိမိအပေါ် တစ်မျိုး မြင်မှာ စိုးလို့ တမင်လုပ်ယူ ထားတဲ့ အမူအယာတွေနဲ့ ဟန်ဆောင်တတ်လေ့ ရှိပါတယ် ။

မျက်နှာပြောင်တဲ့ ကောင်မလေးတွေ ကတော့ဒါတွေကို နိုးပါ ။ ပွင့်ပွင့်လင်းလင်းနဲ့ အားလုံးကို အရင်းအတိုင်း ပြောဆို ဆက်ဆံပြီးရုပ်ပိုင်း ဆိုင်ရာအလှအပတွေကိုလည်း လိုတာထက်ပိုပြီး ဂရုမစိုက်တတ်ကြပါဘူး။

ယုံကြည်မှု ပြည့်ဝကြတယ်

လူအများ ကြားထဲမှာ ရှက်ရွံ ကြောက်ရွံ့ တာမျိုးလုံးဝ မရှိပဲ ပြောဆိုလုပ်ကိုင် စရာရှိတာတွေကို ရဲရဲဝံ့ဝံ့ လုပ်ဆောင် တတ်ကြ ပါတယ် ။ သူမရဲ့ချစ်သူ ၊ သူငယ်ချင်းတွေအပေါ်လည်း ယုံကြည်မှု အပြည့်အ၀ ထားတတ်ပြီး အရင်းနှီးဆုံး အဖြစ် နွေးထွေးစွာ ဆက်ဆံတတ် ကြပါတယ်။

တန်းတူညီမျှ အခွင့်အရေးကို လေးစားတယ်

သူမဟာ ကောင်မလေး ဖြစ်လို့ သူ့ချစ်သူ ကောင်လေး အပေါ်မှာ အမြဲချွဲနွဲ့မှီခို နေတတ်မယ့်လူမျိုး မဟုတ်ပါဘူး ။ ပြသနာ အခက်အခဲ မှန်သမျှကို အတူတကွ

ရင်ဆိုင်ကျော်ဖြတ်ဖို့ ဆုံးဖြတ်ထား တတ်ပြီး သင်လိုအပ်တဲ့ အကြံဉာဏ်တွေ၊အကူအညီတွေ ကိုတောင်သူမဆီက ပြန်လည် ရရှိ နိုင်ပါသေး တယ်။

ဘော်ဒါလိုပါ ပေါင်းလို့ရတယ်

သင့်အတွက် ချစ်သူ တစ်ယောက် လိုသာမက ဘော်ဒါတစ်ယောက်လိုပါ အမြဲတမ်း အသင့်ရှိနေတတ် ပါတယ် ။ ဒါကြောင့် တစ်ဦးအပေါ် တစ်ဦး ချစ်သူသမီး ရည်းစားခံစားချက် ထက်ရဲဘော် ရဲဘက် လိုစိတ်ခံစား မှုကို

ဒီလို ကောင်မလေးတွေနဲ့ သာ ခံစား ရရှိ နိင်မှာ ဖြစ် ပါတယ် ။ ဘော်ဒါတို့ ထဲမှာလည်း ဒီလို ကောင်မလေးမျိုးတွေ ရှိမှာ ပါနော် ။ သူတို့ကိုပါ mention ခေါ်ပြီး ဒီစာလေးကို ဖတ်ခိုင်းလိုက်ပါအုံး ။

Credit

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

သင့်ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ အချစ်ကိုရှာဖွေသင့်တဲ့ အကြောင်းရင်း(၅)ချက်
အချစ်ရေး
သင့်ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ အချစ်ကိုရှာဖွေသင့်တဲ့ အကြောင်းရင်း(၅)ချက်

သင့်ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ အချစ်ကိုရှာဖွေသင့်တဲ့ အကြောင်းရင်း(၅)ချက် အချစ်ဟာ ပူလောင်တယ်၊ လူကို ဒုက္ခပေး တယ်၊ အသည်း ကွဲစေတယ်၊ ဘဝပျက်သည်အထိတောင်ဖြစ်စေ နိုင်တယ် စသဖြင့် အချစ်ကြောင့် နာကျင် ခံစားရဖူးသူတွေ ကမှတ်ချက်ပေးကြ ပါတယ်။ အချစ်ကြောင့် နာကျင်ရဖူးလို့ အချစ်နဲ့မတွေ့ချင်သူတွေ လည်းရှိသလို၊ မကောင်းတာတွေပဲကြုံရတယ် လို့ပြောတဲ့ စကားတွေ ကိုကြားပြီး အချစ်နဲ့မတွေ့ချင်ဘူး၊ အချစ်ကိုမရှာချင်ဘူးလို့ ငြင်းနေတဲ့ သူတွေလည်း ရှိပါတယ်။ တကယ်တော့ လူတိုင်းဘဝမှာ အချစ်ကိုရှာဖွေသင့် ပါတယ်။ ဘာလို့လဲ ဆိုတော့…. ၁။ ပေးဆပ်ခြင်းနဲ့ရယူခြင်းအကြောင်း သင်ယူနိုင်တယ် အချစ်မှာ ကိုယ်ကချည်း ပဲပေးနေလို့ အဆင်မပြေ သလို၊ ကိုယ်ကချည်းပဲ ရယူချင်နေလို့လည်းမဖြစ် ပါဘူး။ …

ရုပ်ပုံ တွေကပြောပြမယ့် သင်တို့စုံတွဲ ရဲ့အချစ်ရေး
အချစ်ရေး
ရုပ်ပုံ တွေကပြောပြမယ့် သင်တို့စုံတွဲ ရဲ့အချစ်ရေး

ရုပ်ပုံ တွေကပြောပြမယ့် သင်တို့စုံတွဲ ရဲ့အချစ်ရေး သင်တို့ရဲ့ပျော်ရွင်စရာကောင်းတဲ့ အချစ်ရေး ကို ရုပ်ပုံ တွေက ဆင့်ပြောပြတာဟာ နည်းနည်းတော့ ထူးဆန်း သလိုဖြစ်နိုင် ပါတယ်။ အဆိုပါ ရုပ်ပုံ တွေဟာ လူမှု စိတ်ပညာရှင် တွေရဲ့ ခန့်မှန်းချက်ဖြစ် တာကြောင့် သင်တို့စုံတွဲ နဲ့ ဆင်တူတဲ့ ရုပ်ပုံ ကိုလက်နဲ့ ထိပြီး သင်တို့ရဲ့အချစ်ရေး အခြေအနေကို ဖတ်ရှုနိုင် ပါတယ်။ ( 1 )သင်တို့စုံတွဲ လိုပါပဲ အမျိုးသမီး လေးဟာ သူမရဲ့ချစ်သူ အတွက် ဂုဏ်ယူနေပြီးတော့ အဲဒီ့အကြောင်းကို တစ်ကမ္ဘာလုံးသိအောင် ပြောပြချင်နေ ပါတယ်။ သူမ ကအရမ်းကို လွတ်လပ် ပျော်ရွင်နေပြီးတော့ …

သင့်ရဲ့ အနာဂတ် အတွက် ဒီလို မိန်းကလေးမျိုးကိုသာ ဇနီးလောင်းအဖြစ် ရွေးချယ်ပါ….။
အချစ်ရေး
သင့်ရဲ့ အနာဂတ် အတွက် ဒီလို မိန်းကလေးမျိုးကိုသာ ဇနီးလောင်းအဖြစ် ရွေးချယ်ပါ….။

သင့်ရဲ့ အနာဂတ် အတွက် ဒီလို မိန်းကလေးမျိုးကိုသာ ဇနီးလောင်းအဖြစ် ရွေးချယ်ပါ….။ အခုခေတ်မှာ လူတွေက ကိုယ်နဲ့ လိုက်ဖက်ညီတဲ့ လက်တွဲဖော်တွေ ရှာနေကြ ပါတယ်။ ဒီလို ချစ်သူ ကောင်မလေးမျိုးကို ပိုင်ဆိုင် ထားရင်တော့ လက်ထပ် လိုက်ပါတော့..၊ ၁။ သူမက မင်းကို ယုံကြည် အားကိုးရင်..၊ အချစ်ဆိုတဲ့အရာက လူတွေကိုတောင် ရူးသွပ်စေ တတ်ပါတယ်။ တစ်စုံ တစ်ယောက်ရဲ့ အချစ်ကို ရရှိထားတာဟာ အလွန်ကောင်းမွန်တဲ့ အရာပဲဖြစ်ပါတယ်။ ဒါပေမဲ့ မင်းက မင်းကို ချစ်နေတဲ့ ချစ်သူရထားရင် ကံကောင်းနေပြီလို့ ထင်ပါ လိမ့်မယ်.။ အချစ်ဆိုတာဟာ အစွန်းနှစ်ဖက်ကို ရောက်တတ် ပါတယ်။ ဒါကြောင့် မင်းရဲ့ …