
Credit
Unicode
ကိုယ်တိုင် မွေးစား ထားပြီး ဆေးကုသပေးနေ တဲ့ သမီးလေး ဆုံးသွားပြီဖြစ်လို့ စိတ်မကောင်းဖြစ်နေတဲ့ ခိုင်နှင်းဝေ
ခိုင်နှင်းဝေ ကတော့ ပရဟိတ အလုပ်တွေကို တစ်ဦးတည်း ကြိုးစား လုပ်ကိုင်လျှက် ရှိတာ တွေ့ရ ပါတယ်။ ခိုင်နှင်းဝေ ကတော့ Covid ကာလ အတွင်းမှာ လည်း ပရဟိတ အလုပ်တွေ ဆက်တိုက် ဆောင်ရွက်နေ တာကို တွေ့ရ ပါ တယ်။ အဲဒီနောက် သူမရဲ့ ရင်သွေးလေးတွေရဲ့ ဂေဟာမှာလည်း ကလေးတွေကို ကိုယ်တိုင်စောင့်ရှောက်ပေး နေတယ်လို့ သိရ ပါတယ်။
ဒီနေ့မှာတော့ ခိုင်နှင်းဝေဟာ HIV ကူးစက်ခံ နှစ်လ သားကလေးငယ်လေးဆုံးပါး သွားလို့ စိတ်မကောင်းဖြစ်နေ ပါတယ်။ ခိုင်နှင်းဝေက “သမီးလေး ဆုံး သွားပါ ပီရှင်.😞😞 မွေးရာပါ တီဘီရောဂါ ၊
HIVရောဂါ ကြောင့် မနေ့ညက (၁၁:၂၇)မိနှစ်မှာပဲ ရန်ကင်း ကလေးဆေးရုံ ကြီးမှာ ဆုံး သွား ပါ တယ်..သမီးလေး အတွက်
သက်ပျောက်ဆွမ်း ကပ်ပေး ပြီး ရေစက်ချ အမျှဝေပေး ခဲ့ပါတယ်..ကောင်းရာ မွန်ရာ ရောက်ရှိ ပါစေ
နောင် သံသရာမှာ ပြန်တွေ့ခဲ့ရင် ဒီလို အဖြစ် မျိုးနဲ့ မတွေ့ရ ပါ စေနဲ့ လို့ ဆု တောင်း ပါ တယ် သမီးရေ…အမျှ အမျှ အမျှ 🙏🏼🙏🏼🙏🏼” ဆိုပြီး တင် ထား တာ ပဲဖြစ် ပါ တယ် ။
ခိုင်နှင်းဝေက သမီးလေး အတွက် သက်ပျောက် ဆွမ်း ကပ် ပြီး အမျှဝေပေး ခဲ့တာ ပဲဖြစ် ပါ တယ် ။ သမီးလေးနောက် ဘဝမှာ ဒီ လို အဖြစ်မျိုး နဲ့ မတွေ့ပါစေနဲ့လို့ဆုတောင်းပေး လိုက် ပါ တယ် ။
No Comments