သင့္ရဲ႕ ႐ုပ္ရည္သြင္ျပင္ျဖစ္တည္မႈနဲ႔ပတ္သတ္ၿပီး ကဲ့ရဲ႕ခံခဲ့ရဖူးလား?
- By : Lin htet
- Category : Life Style

သင့္ရဲ႕ ႐ုပ္ရည္သြင္ျပင္ျဖစ္တည္မႈနဲ႔ပတ္သတ္ၿပီး ကဲ့ရဲ႕ခံခဲ့ရဖူးလား?
တစ္နည္းအားျဖင့္ Body Shamingအလုပ္ခံခဲ့ရဖူးလား?
ဒါမွမဟုတ္ သင္ကိုယ္တို င္ကေရာ သူမ်ားရဲ႕ျဖစ္တည္မႈကို ေဝဖန္ရႈတ္ခ် တတ္တဲ့ သူမ်ိဳးလား?
Body Shaming လုပ္တယ္ ဆိုတာဟာ ပတ္၀န္းက်င္မွာ အၿမဲလိုလို ႀကဳံေတြ႕ေန ရတဲ့ ကိစၥတစ္ခု ပဲျဖစ္ ပါတယ္ ။ တစ္ခ်ိဳ႕ေတြဆို ေဝဖန္ခံ ရတာ မ်ားလြန္း လို႔ ေနသားက် သြားတာမ်ိဳးေတာင္ ရွိတတ္ ပါတယ္။
လူရယ္လို႔ျဖစ္ လာရင္ အားနည္းခ်က္ ကိုယ္စီ ရွိၾက တာ ပါပဲ။ ျပည့္စုံေနတဲ့ လူရယ္ လို႔မရွိပါ ဘူး။ ၀ခ်င္ ၀မယ္၊ ပိန္ခ်င္ ပိန္မယ္၊ ဆံပင္ပါး ရင္ပါး မယ္၊ သြားေခါ ရင္ေခါမယ္၊ အသားျဖဴ ခ်င္ျဖဴမယ္၊ မည္းခ်င္ မည္းမယ္ ဒါေတြဟာျဖစ္တည္မႈ တစ္ခု သက္သက္ ပါပဲ။
ဒီလို ျဖစ္တည္ လာတာဟာ ဘာမ်ား မွားသြား ပါသလဲ? ဒီလို ျဖစ္တည္မႈ ထဲမွာ ဘာမ်ားေဝဖန္စရာ ရွိေန ပါသလဲ?
Body Shamingလုပ္ တာဟာ ေန႔စဥ္ ဘဝထဲမွာ ကိုပဲ အၿမဲလိုလို ႀကဳံေတြ႕ေန ရပါတယ္။ ဥပမာ-မေတြ႕တာၾကာလို႔ ျပန္ေတြ႕တဲ့ သူငယ္ခ်င္းကို ႏႈတ္ဆက္ တဲ့အခါမွာ
(ဟယ္ နင္အရမ္း၀လာ တာပဲ၊ အသားေတြ မည္းသြား တယ္ေနာ္) စသည္ျဖင့္ ထမင္းစားေရေသာက္ သလိုမ်ိဳးနဲ႔ Body Shamingကို လြယ္လြယ္ ကူကူျပဳလုပ္ေန ၾကပါတယ္။
ဝဝတုတ္တုတ္ ကေလးငယ္ေလးေတြရဲ႕ အတန္းထဲက နာမည္ေျပာင္က ဝက္ႀကီး၊ နဖူးေျပာင္တဲ့ ကေလးမေလးရဲ႕အတန္းထဲက နာမည္ေျပာင္က ေျပာင္ႀကီး စသည္ျဖင့္
ကေလး ဘဝ ကတည္းက ကိုယ့္ရဲ႕ ႐ုပ္ရွည္သြင္ျပင္ျဖစ္တည္မႈနဲ ႔ပက္သက္ၿပီး ေန႔စဥ္နဲ႔အမွ် BodyShaming လုပ္ခံေ နရပါတယ္။
ဒါဟာ အေျပာင္အျပက္ သေဘာ ပဲျဖစ္ေစ၊ တမင္ရည္႐ြယ္ၿပီးျဖစ္ေစ လုံး၀ကို မျပဳလုပ္သင့္တဲ့ ကိစၥပါ။ ကိုယ္ကေတာ့ စကားေလး တစ္ခြန္းနဲ ႔မထင္မွတ္ ဘဲေျပာလိုက္ တယ္ဆိုေပမယ့္လို႔ တစ္ေယာက္ တစ္ခြန္းေဝဖန္ ရင္းကေန ၾကားရတာ မ်ားလာတဲ့အခါမွာ –
1.ကိုယ့္ရဲ႕ျဖစ္တည္မႈကို မႏွစ္ၿမိဳ႕ေတာ့တာ
2.ကိုယ့္ကိုကိုယ္ယုံၾကည္မႈမရွိတာ
3.လူၾကားထဲမတိုးရဲေတာ့တာ
4.စိတ္ဓာတ္က်တာ
5.အဆိုးျမင္ စိတ္ျဖစ္ေပၚတာ စတဲ့အရာေတြ ကန အဆိုးဆုံး အေျခအေနေတြ အထိပါ စိတ္ေဖာက္ျပန္မႈေတြျဖစ္ သြားတတ္ ပါတယ္။
တကယ္ေတာ့ Body Shamingအလုပ္ခံရတဲ့ သူဟာ လုံး၀ ရွက္ေနဖို႔ မလိုပါဘူး။ လူရယ္လိုျဖစ္လာတဲ့ အတြက္ျဖဴျဖဴ၊ မည္းမည္း၊ ပုပု၊ ဝ၀၊ ပိန္ပိန္ ဘယ္လို ပဲျဖစ္ေန ပါေစ ကိုယ္ရဲ႕ျဖစ္တည္မႈ သာလွ်င္ အေကာင္းဆုံးပါပဲ။ ကိုယ့္ကို ကိုယ္ခ်စ္တတ္ ဖို႔ပဲ လိုတာပါ။
Body Shamingလုပ္တဲ့ သူေတြ ကသာ ရွက္ရမွာပါ။ ကိုယ္က သူမ်ားရဲ႕႐ုပ္ရည္ကို သြားေဝဖန္ေနလို႔လည္းကိုယ့္အတြက္ ဘာအက်ိဳးမွ ထူးမလာ ပါဘူး။
ၿပီးျပည့္စုံတဲ့ လူဆိုတာ မရွိလို ႔ႏွစ္ဦးႏွစ္ဖက္ အက်ိဳးမရွိတဲ့ Body Shamingကို ရပ္တန႔္လိုက္ၾကဖို႔ ေတာင္းဆိုခ်င္ ပါတယ္။
Credit
Unicode
သင့်ရဲ့ ရုပ်ရည်သွင်ပြင်ဖြစ်တည်မှုနဲ့ပတ်သတ်ပြီး ကဲ့ရဲ့ခံခဲ့ရဖူးလား?
တစ်နည်းအားဖြင့် Body Shamingအလုပ်ခံခဲ့ရဖူးလား?
ဒါမှမဟုတ် သင်ကိုယ်တို င်ကရော သူများရဲ့ဖြစ်တည်မှုကို ဝေဖန်ရှုတ်ချ တတ်တဲ့ သူမျိုးလား?
Body Shaming လုပ်တယ် ဆိုတာဟာ ပတ်ဝန်းကျင်မှာ အမြဲလိုလို ကြုံတွေ့နေ ရတဲ့ ကိစ္စတစ်ခု ပဲဖြစ် ပါတယ် ။ တစ်ချို့တွေဆို ဝေဖန်ခံ ရတာ များလွန်း လို့ နေသားကျ သွားတာမျိုးတောင် ရှိတတ် ပါတယ်။
လူရယ်လို့ဖြစ် လာရင် အားနည်းချက် ကိုယ်စီ ရှိကြ တာ ပါပဲ။ ပြည့်စုံနေတဲ့ လူရယ် လို့မရှိပါ ဘူး။ ဝချင် ဝမယ်၊ ပိန်ချင် ပိန်မယ်၊ ဆံပင်ပါး ရင်ပါး မယ်၊ သွားခေါ ရင်ခေါမယ်၊ အသားဖြူ ချင်ဖြူမယ်၊ မည်းချင် မည်းမယ် ဒါတွေဟာဖြစ်တည်မှု တစ်ခု သက်သက် ပါပဲ။
ဒီလို ဖြစ်တည် လာတာဟာ ဘာများ မှားသွား ပါသလဲ? ဒီလို ဖြစ်တည်မှု ထဲမှာ ဘာများဝေဖန်စရာ ရှိနေ ပါသလဲ?
Body Shamingလုပ် တာဟာ နေ့စဉ် ဘဝထဲမှာ ကိုပဲ အမြဲလိုလို ကြုံတွေ့နေ ရပါတယ်။ ဥပမာ-မတွေ့တာကြာလို့ ပြန်တွေ့တဲ့ သူငယ်ချင်းကို နှုတ်ဆက် တဲ့အခါမှာ
(ဟယ် နင်အရမ်းဝလာ တာပဲ၊ အသားတွေ မည်းသွား တယ်နော်) စသည်ဖြင့် ထမင်းစားရေသောက် သလိုမျိုးနဲ့ Body Shamingကို လွယ်လွယ် ကူကူပြုလုပ်နေ ကြပါတယ်။
ဝဝတုတ်တုတ် ကလေးငယ်လေးတွေရဲ့ အတန်းထဲက နာမည်ပြောင်က ဝက်ကြီး၊ နဖူးပြောင်တဲ့ ကလေးမလေးရဲ့အတန်းထဲက နာမည်ပြောင်က ပြောင်ကြီး စသည်ဖြင့်
ကလေး ဘဝ ကတည်းက ကိုယ့်ရဲ့ ရုပ်ရှည်သွင်ပြင်ဖြစ်တည်မှုနဲ့ပက်သက်ပြီး နေ့စဉ်နဲ့အမျှ BodyShaming လုပ်ခံေ နရပါတယ်။
ဒါဟာ အပြောင်အပြက် သဘော ပဲဖြစ်စေ၊ တမင်ရည်ရွယ်ပြီးဖြစ်စေ လုံးဝကို မပြုလုပ်သင့်တဲ့ ကိစ္စပါ။ ကိုယ်ကတော့ စကားလေး တစ်ခွန်းနဲ့မထင်မှတ် ဘဲပြောလိုက် တယ်ဆိုပေမယ့်လို့ တစ်ယောက် တစ်ခွန်းဝေဖန် ရင်းကနေ ကြားရတာ များလာတဲ့အခါမှာ –
1.ကိုယ့်ရဲ့ဖြစ်တည်မှုကို မနှစ်မြို့တော့တာ
2.ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတာ
3.လူကြားထဲမတိုးရဲတော့တာ
4.စိတ်ဓာတ်ကျတာ
5.အဆိုးမြင် စိတ်ဖြစ်ပေါ်တာ စတဲ့အရာတွေ ကန အဆိုးဆုံး အခြေအနေတွေ အထိပါ စိတ်ဖောက်ပြန်မှုတွေဖြစ် သွားတတ် ပါတယ်။
တကယ်တော့ Body Shamingအလုပ်ခံရတဲ့ သူဟာ လုံး၀ ရှက်နေဖို့ မလိုပါဘူး။ လူရယ်လိုဖြစ်လာတဲ့ အတွက်ဖြူဖြူ၊ မည်းမည်း၊ ပုပု၊ ဝဝ၊ ပိန်ပိန် ဘယ်လို ပဲဖြစ်နေ ပါစေ ကိုယ်ရဲ့ဖြစ်တည်မှု သာလျှင် အကောင်းဆုံးပါပဲ။ ကိုယ့်ကို ကိုယ်ချစ်တတ် ဖို့ပဲ လိုတာပါ။
Body Shamingလုပ်တဲ့ သူတွေ ကသာ ရှက်ရမှာပါ။ ကိုယ်က သူများရဲ့ရုပ်ရည်ကို သွားဝေဖန်နေလို့လည်းကိုယ့်အတွက် ဘာအကျိုးမှ ထူးမလာ ပါဘူး။
ပြီးပြည့်စုံတဲ့ လူဆိုတာ မရှိလို့နှစ်ဦးနှစ်ဖက် အကျိုးမရှိတဲ့ Body Shamingကို ရပ်တန့်လိုက်ကြဖို့ တောင်းဆိုချင် ပါတယ်။
No Comments