
မိမိရဲ႕ ဦးတည္ခ်က္ ရည္႐ြယ္ခ်က္ကို ေဝဖန္မႈေတြေၾကာင့္ အေပ်ာက္ဆုံးမခံပါနဲ႔
တစ္ခါတုန္းက အင္မတန္ေတာ္တဲ့ စက္မႈလက္မႈ ကြၽမ္းက်င္ တဲ့သူ တစ္ေယာက္ ရွိတယ္။ တစ္ေန႔ေတာ့ သူက လူေတြေျပာစ မွတ္ျဖစ္ ေလာက္ မယ့္
သူ႔ကိုအားလုံး ဝိုင္းၿပီး ခ်ီးက်ဴးမယ့္ အလုပ္ တစ္ခုကို လုပ္ျပခ်င္ စိတ္ျဖစ္ လာတယ္။ အဲ့ဒါနဲ႔ သူက ႀကိဳးၾကာ ဌက္႐ုပ္တစ္ခုကို ေဆာက္ပါေလေရာ။
ပထမဆုံး သူက ေကာင္းမြန္တဲ့ သစ္သားအၾကမ္ းကိုရွာၿပီး ႀကိဳးၾကာ ႐ုပ္တစ္ခု ထုလုပ္ရတာေပါ့။ ပုံၾကမ္းေလးေပၚ လာတယ္ ဆိုရင္ပဲ သူ႔အိမ္ေရွ႕က ျဖတ္သြားၾကတဲ့
လူေတြကဝင္ဝင္လာၾကည့္ၿပီး အမ်ိဳးမ်ိဳး ကဲ့ရဲ႕ သတဲ့။ ပန္းပုဆရာေတြ ကလည္း ဒီလိုထု တာ နည္းစနစ္မမွန္ဘူး။ ပန္းခ်ီနည္း နည္းဆြဲ တတ္တဲ့ လူေတြ ကလည္း ႐ုပ္ဆိုး လြန္းတယ္။
ႏြားေက်ာင္း သားေတြ ကအစ ကြၽန္ေတာ္ တို႔ ျမင္ဖူး တဲ့ ႀကိဳးၾကာဌက္ပုံနဲ႔လဲမတူဘူး စသျဖင့္ေပါ့။ ပညာရွင္ ကေတာ့ ဘာတစ္ခြန္းမွ ျပန္မေျပာ ပါဘူး။
ဘယ္သူေတြ ဘာေျပာေျပာ သူ႔ရဲ႕ ႀကိဳးၾကာဌက္ ႐ုပ္ကိုပဲ ဆက္ၿပီးလုပ္ေန တယ္။ ေဝဖန္တဲ့လူေတြ ကလည္း စက္ယႏၲရားထည့္သြင္းတဲ့ အခ်ိန္မွာလည္း လာေဝဖန္၊ ႀကိဳးၾကာ ႐ုပ္ ကိုေဆးခ်ယ္ေတာ့ လည္း လာေဝဖန္ၾက တာပါပဲ။
ေနာက္ဆုံးေတာ့ လအနည္းငယ္ၾကာတဲ့ အခါမွာ ႀကိဳးၾကာ႐ုပ္ လုံးဝၿပီးစီး သြားခဲ့ တယ္။ သူ႔ရဲ႕ ႀကိဳးၾကာ႐ုပ္ဟာ စက္နဲ႔ဖြင့္ၿပီး ပ်ံခိုင္းရင္ ငါးရက္တိတိ မနားဘဲ ပ်ံႏိုင္တယ္။ ႀကိဳးၾကာဌက္သံလဲ ထြက္ႏိုင္ တယ္။ လွလည္း လွတယ္။
အဲ့ဒီေတာ့မွ အရင္ေဝဖန္ ခဲ့တဲ့ လူေတြကပါ သူ႔ကို ဝိုင္းၿပီး ခ်ီးက်ဴးသလို အနယ္နယ္အရပ္ရပ္ကိုသတင္းေရာက္သြားၿပီး လာၾကည့္ၾက ရလို႔ နာမည္ေက်ာ္ တစ္ေယာက္ျဖစ္ သြားပါေတာ့တယ္။
ဒီဇာတ္လမ္းေလး ကေန တဆင့္ ေျပာျပ ခ်င္တဲ့ အဓိက သင္ခန္းစာကေတာ့ ကိုယ္က တစ္ခုခုလုပ္ေနတဲ့ အခ်ိန္မွာ လူေတြက သူတို႔ရဲ႕ ရႈေထာင့္ အမ်ိဳးမ်ိဳး ကေနေဝဖန္ ကဲ့ရဲ႕မွာပဲ။
အႀကံေပးတာနဲ႔ ေဝဖန္တာကို ကြဲကြဲျပားျပား သိၿပီး ကိုယ့္အလုပ္ကိုယ္ ေအာင္ျမင္ေအာင္ လုပ္ႏိုင္ရင္ ကိုယ့္ကိုေဝဖန္တဲ့ လူေတြ ကပါ ခ်ီးက်ဴးၾက ရလိမ့္ မယ္။ ဘယ္ေလာက္ပဲ တတ္ကြၽမ္း တဲ့ လူရဲ႕
အလုပ္ျဖစ္ျဖစ္ ေဝဖန္တဲ့ လူကေတာ့ ရွိမွာပဲ။ ဒါကို ေဝဖန္ေနတာ ကိုပဲ ၾကည့္ၿပီး အားငယ္ၿပီး အလုပ္ရပ္ ထားလို႔ မရ ပါဘူး။ ကိုယ္ လုပ္ရမယ့္ အလုပ္ကိုသာ အေကာင္းဆုံးဆက္လုပ္ဖို႔က အေရးအႀကီးဆုံး ပါပဲ။
Credit
Unicode
မိမိရဲ့ ဦးတည်ချက် ရည်ရွယ်ချက်ကို ဝေဖန်မှုတွေကြောင့် အပျောက်ဆုံးမခံပါနဲ့
တစ်ခါတုန်းက အင်မတန်တော်တဲ့ စက်မှုလက်မှု ကျွမ်းကျင် တဲ့သူ တစ်ယောက် ရှိတယ်။ တစ်နေ့တော့ သူက လူတွေပြောစ မှတ်ဖြစ် လောက် မယ့်
သူ့ကိုအားလုံး ဝိုင်းပြီး ချီးကျူးမယ့် အလုပ် တစ်ခုကို လုပ်ပြချင် စိတ်ဖြစ် လာတယ်။ အဲ့ဒါနဲ့ သူက ကြိုးကြာ ဌက်ရုပ်တစ်ခုကို ဆောက်ပါလေရော။
ပထမဆုံး သူက ကောင်းမွန်တဲ့ သစ်သားအကြမ် းကိုရှာပြီး ကြိုးကြာ ရုပ်တစ်ခု ထုလုပ်ရတာပေါ့။ ပုံကြမ်းလေးပေါ် လာတယ် ဆိုရင်ပဲ သူ့အိမ်ရှေ့က ဖြတ်သွားကြတဲ့
လူတွေကဝင်ဝင်လာကြည့်ပြီး အမျိုးမျိုး ကဲ့ရဲ့ သတဲ့။ ပန်းပုဆရာတွေ ကလည်း ဒီလိုထု တာ နည်းစနစ်မမှန်ဘူး။ ပန်းချီနည်း နည်းဆွဲ တတ်တဲ့ လူတွေ ကလည်း ရုပ်ဆိုး လွန်းတယ်။
နွားကျောင်း သားတွေ ကအစ ကျွန်တော် တို့ မြင်ဖူး တဲ့ ကြိုးကြာဌက်ပုံနဲ့လဲမတူဘူး စသဖြင့်ပေါ့။ ပညာရှင် ကတော့ ဘာတစ်ခွန်းမှ ပြန်မပြော ပါဘူး။
ဘယ်သူတွေ ဘာပြောပြော သူ့ရဲ့ ကြိုးကြာဌက် ရုပ်ကိုပဲ ဆက်ပြီးလုပ်နေ တယ်။ ဝေဖန်တဲ့လူတွေ ကလည်း စက်ယန္တရားထည့်သွင်းတဲ့ အချိန်မှာလည်း လာဝေဖန်၊ ကြိုးကြာ ရုပ် ကိုဆေးချယ်တော့ လည်း လာဝေဖန်ကြ တာပါပဲ။
နောက်ဆုံးတော့ လအနည်းငယ်ကြာတဲ့ အခါမှာ ကြိုးကြာရုပ် လုံးဝပြီးစီး သွားခဲ့ တယ်။ သူ့ရဲ့ ကြိုးကြာရုပ်ဟာ စက်နဲ့ဖွင့်ပြီး ပျံခိုင်းရင် ငါးရက်တိတိ မနားဘဲ ပျံနိုင်တယ်။ ကြိုးကြာဌက်သံလဲ ထွက်နိုင် တယ်။ လှလည်း လှတယ်။
အဲ့ဒီတော့မှ အရင်ဝေဖန် ခဲ့တဲ့ လူတွေကပါ သူ့ကို ဝိုင်းပြီး ချီးကျူးသလို အနယ်နယ်အရပ်ရပ်ကိုသတင်းရောက်သွားပြီး လာကြည့်ကြ ရလို့ နာမည်ကျော် တစ်ယောက်ဖြစ် သွားပါတော့တယ်။
ဒီဇာတ်လမ်းလေး ကနေ တဆင့် ပြောပြ ချင်တဲ့ အဓိက သင်ခန်းစာကတော့ ကိုယ်က တစ်ခုခုလုပ်နေတဲ့ အချိန်မှာ လူတွေက သူတို့ရဲ့ ရှုထောင့် အမျိုးမျိုး ကနေဝေဖန် ကဲ့ရဲ့မှာပဲ။
အကြံပေးတာနဲ့ ဝေဖန်တာကို ကွဲကွဲပြားပြား သိပြီး ကိုယ့်အလုပ်ကိုယ် အောင်မြင်အောင် လုပ်နိုင်ရင် ကိုယ့်ကိုဝေဖန်တဲ့ လူတွေ ကပါ ချီးကျူးကြ ရလိမ့် မယ်။ ဘယ်လောက်ပဲ တတ်ကျွမ်း တဲ့ လူရဲ့
အလုပ်ဖြစ်ဖြစ် ဝေဖန်တဲ့ လူကတော့ ရှိမှာပဲ။ ဒါကို ဝေဖန်နေတာ ကိုပဲ ကြည့်ပြီး အားငယ်ပြီး အလုပ်ရပ် ထားလို့ မရ ပါဘူး။ ကိုယ် လုပ်ရမယ့် အလုပ်ကိုသာ အကောင်းဆုံးဆက်လုပ်ဖို့က အရေးအကြီးဆုံး ပါပဲ။
No Comments