
လူျဖစ္ရႈံးတဲ့ လူအမ်ိဳးအစားမ်ား (ဘယ္ေတာ့မွ စိတ္ေအးခ်မ္းသာ ေနရမွာမဟုတ္သူမ်ား )
လူအျဖစ္ေမြးဖြား အသက္ရွင္ လာခဲ့ေပမယ့္ စိတ္ထား မမွန္မကန္ ရပ္တည္အသက္ရွင္ ေျပာဆိုေနထိုင္ တာေၾကာင့္ လူျဖစ္ရႈံးၾက သူမ်ား အမွန္တကယ္ ရွိပါတယ္ ။
မိမိ အတြက္သာမက လူ႔ပတ္ဝန္က်င္ အတြက္ပါ အမႈိက္ျဖစ္ေန တတ္သူေတြ ပါ။ ဘယ္လို လူေတြက လူျဖစ္ရႈံးလဲ ဘယ္ေလာက္ ပူေလာင္ သူမ်ားလဲ ဆိုတာ ၾကည့္လိုက္ ရေအာင္ ။
” လူျဖစ္ရႈံးၾကသူမ်ား ”
( ၁ ) လူတစ္ေယာက္ရဲ႕ အေၾကာင္းကို ကြယ္ရာမွာ အုပ္စုလိုက္ အတင္းတုပ္ၿပီး အပုပ္ခ် အေၾကာင္းမရွိ အေၾကာင္းရွာ ႏွိမ့္ခ်ေျပာဆို ဆက္ဆံ တတ္သူ ၊သူတပါး ပ်က္ဆီးရာပ်က္္္စီးေၾကာင္း မဟုတ္မမွန္ သတင္းလႊင့္ ၊
အတင္းအဖ်င္း ေျပာတတ္သူ( ၂ ) ဘုရားတရား မရွိ ပရဟိတ စိတ္ဓာတ္ မရွိ မုဒိတာမပြားႏိုင္သူ( ၃ ) သူတပါး အေပၚတြင္ အၿမဲအႏိုင္ယူ အမွီအခို လိုခ်င္ေနသူ ။ သူတပါး မ်က္ရည္ စက္လက္
အရႈံးႀကီး ရႈံးနိမ့္မႈ အေပၚတြင္ ဝမ္းသာ အားရ ေအာင္ပြဲခံတတ္သူ( ၄ ) ကိုယ့္လက္ေအာက္ ငယ္သားအေပၚတြင္ ညႇာတာမႈ မရွိပဲ အၿမဲလိုလို အကာအကြယ္ မေပးပဲ ကိုယ္လြတ္ ႐ုန္း၍ ကိုယ့္အတြက္ သာ ၾကည့္တတ္သူ
( ၅ ) ေနရာတကာ လူတတ္ႀကီး လုပ္၍ မိမိသာလွ်င္ ပညာေတြျပည့္ ဝေနသူ မိမိသာလွ်င္ အသိဆုံး အတတ္ဆုံးဟု မာန္မာနေထာင္ လႊား၍ ေမာက္မာတတ္သူ( ၆ ) မိဘစည္းစိမ္ အေပၚတြင္
သာယာ ယစ္မူးေနၿပီး ကိုယ္ကိုယ္တိုင္ ကိုယ့္အရည္အခ်င္းႏွင့္ တစ္ျပားတစ္ခ်ပ္မွ မရွာႏိုင္ပဲ အထက္စီးမွ အၿမဲေန ခ်င္ေနသူ ( ၇ ) ဘဝင္ေလဟပ္ – ကားေပၚေရာက္သည္ႏွင့္ လမ္းေလွ်ာက္ေန
သူမ်ား အေၾကာင္းမသိသူ ၊ ေလယဥ္ေပၚေရာက္ သည္ႏွင့္ ေျမႀကီးေပၚက လူေတြ အေၾကာင္းမသိသူ ၊ ခ်မ္းသာ သြားသည္ႏွင့္ ဆင္းရဲျခင္း ဒုကၡ မ်ားကိုေမ့ သြားၿပီးေအာက္ေျခ လြတ္သူ
( ၈ ) ေျမနိမ့္ရာ လွံစိုက္ – သူတစ္ပါ ဒုကၡေရာက္ေနရင္ လက္ကမ္းမကူညီတဲ့အျပင္ အျပစ္တင္ရႈတ္ခ် အထက္စီးက အႏိုင္ယူ အထင္အျမင္လြဲမွားေအာင္ လုပ္ေဆာင္တတ္သူေတြ( ၉ ) တစ္ခုခုဆိုလွ်င္ မွန္သည္ မွားသည္ မစဥ္းစားပဲ
“ငါလည္းဆြမ္းႀကီးဝင္ေလာင္းလိုက္မယ္ ” လို႔ ေတြးၿပီး လူအမ်ားႏွင့္ ဘက္လိုက္ေရာေႏွာလုပ္ေဆာင္တတ္သူ ( ျပင္ပေလာက ၊ ေဖ့ဘုတ္ ႏွင့္ ေနရာအမ်ိဳးမ်ိဳးတြင္
အဲလိုလူေတြ ကို ေတြ႕ႏိုင္ပါတယ္) ( ၁၀ ) ကိုယ္ကိုယ္ တိုင္က မည္သည့္ အရည္အခ်င္းမွ မရွိပဲ သူတပါး ေအာင္ျမင္မႈအား မုဒိတာ မပြားႏိုင္သူ မနာလို မရႉစိမ့္ျဖစ္ၿပီး အၿမဲေဒါသ ပြားေနသူ ။
စဥ္းစားၾကည့္ပါ ဒီလို လူစားမ်ိဳး ကိုယ္ကိုယ္ တိုင္လည္း မျဖစ္ခ်င္ သလို ကိုယ့္လူမႈ ဝန္းက်င္မွာေတြ႕ျမင္ ရရင္လည္း စိတ္ခ်မ္းသာမွာ မဟုတ္ ပါဘူး ။ ဒါေၾကာင့္ အျပဳအမူကို လုပ္ေနမိတယ္ဆိုရင္ ျပင္ဆင္ ႏိုင္ၾက ပါေစ ။
Credit
Unicode
လူဖြစ်ရှုံးတဲ့ လူအမျိုးအစားများ (ဘယ်တော့မှ စိတ်အေးချမ်းသာ နေရမှာမဟုတ်သူများ )
လူအဖြစ်မွေးဖွား အသက်ရှင် လာခဲ့ပေမယ့် စိတ်ထား မမှန်မကန် ရပ်တည်အသက်ရှင် ပြောဆိုနေထိုင် တာကြောင့် လူဖြစ်ရှုံးကြ သူများ အမှန်တကယ် ရှိပါတယ် ။
မိမိ အတွက်သာမက လူ့ပတ်ဝန်ကျင် အတွက်ပါ အမှိုက်ဖြစ်နေ တတ်သူတွေ ပါ။ ဘယ်လို လူတွေက လူဖြစ်ရှုံးလဲ ဘယ်လောက် ပူလောင် သူများလဲ ဆိုတာ ကြည့်လိုက် ရအောင် ။
” လူဖြစ်ရှုံးကြသူများ ”
( ၁ ) လူတစ်ယောက်ရဲ့ အကြောင်းကို ကွယ်ရာမှာ အုပ်စုလိုက် အတင်းတုပ်ပြီး အပုပ်ချ အကြောင်းမရှိ အကြောင်းရှာ နှိမ့်ချပြောဆို ဆက်ဆံ တတ်သူ ၊သူတပါး ပျက်ဆီးရာပျက်စီးကြောင်း မဟုတ်မမှန် သတင်းလွှင့် ၊
အတင်းအဖျင်း ပြောတတ်သူ( ၂ ) ဘုရားတရား မရှိ ပရဟိတ စိတ်ဓာတ် မရှိ မုဒိတာမပွားနိုင်သူ( ၃ ) သူတပါး အပေါ်တွင် အမြဲအနိုင်ယူ အမှီအခို လိုချင်နေသူ ။ သူတပါး မျက်ရည် စက်လက်
အရှုံးကြီး ရှုံးနိမ့်မှု အပေါ်တွင် ဝမ်းသာ အားရ အောင်ပွဲခံတတ်သူ( ၄ ) ကိုယ့်လက်အောက် ငယ်သားအပေါ်တွင် ညှာတာမှု မရှိပဲ အမြဲလိုလို အကာအကွယ် မပေးပဲ ကိုယ်လွတ် ရုန်း၍ ကိုယ့်အတွက် သာ ကြည့်တတ်သူ
( ၅ ) နေရာတကာ လူတတ်ကြီး လုပ်၍ မိမိသာလျှင် ပညာတွေပြည့် ဝနေသူ မိမိသာလျှင် အသိဆုံး အတတ်ဆုံးဟု မာန်မာနထောင် လွှား၍ မောက်မာတတ်သူ( ၆ ) မိဘစည်းစိမ် အပေါ်တွင်
သာယာ ယစ်မူးနေပြီး ကိုယ်ကိုယ်တိုင် ကိုယ့်အရည်အချင်းနှင့် တစ်ပြားတစ်ချပ်မှ မရှာနိုင်ပဲ အထက်စီးမှ အမြဲနေ ချင်နေသူ ( ၇ ) ဘဝင်လေဟပ် – ကားပေါ်ရောက်သည်နှင့် လမ်းလျှောက်နေ
သူများ အကြောင်းမသိသူ ၊ လေယဉ်ပေါ်ရောက် သည်နှင့် မြေကြီးပေါ်က လူတွေ အကြောင်းမသိသူ ၊ ချမ်းသာ သွားသည်နှင့် ဆင်းရဲခြင်း ဒုက္ခ များကိုမေ့ သွားပြီးအောက်ခြေ လွတ်သူ
( ၈ ) မြေနိမ့်ရာ လှံစိုက် – သူတစ်ပါ ဒုက္ခရောက်နေရင် လက်ကမ်းမကူညီတဲ့အပြင် အပြစ်တင်ရှုတ်ချ အထက်စီးက အနိုင်ယူ အထင်အမြင်လွဲမှားအောင် လုပ်ဆောင်တတ်သူတွေ( ၉ ) တစ်ခုခုဆိုလျှင် မှန်သည် မှားသည် မစဉ်းစားပဲ
“ငါလည်းဆွမ်းကြီးဝင်လောင်းလိုက်မယ် ” လို့ တွေးပြီး လူအများနှင့် ဘက်လိုက်ရောနှောလုပ်ဆောင်တတ်သူ ( ပြင်ပလောက ၊ ဖေ့ဘုတ် နှင့် နေရာအမျိုးမျိုးတွင်
အဲလိုလူတွေ ကို တွေ့နိုင်ပါတယ်) ( ၁၀ ) ကိုယ်ကိုယ် တိုင်က မည်သည့် အရည်အချင်းမှ မရှိပဲ သူတပါး အောင်မြင်မှုအား မုဒိတာ မပွားနိုင်သူ မနာလို မရှူစိမ့်ဖြစ်ပြီး အမြဲဒေါသ ပွားနေသူ ။
စဉ်းစားကြည့်ပါ ဒီလို လူစားမျိုး ကိုယ်ကိုယ် တိုင်လည်း မဖြစ်ချင် သလို ကိုယ့်လူမှု ဝန်းကျင်မှာတွေ့မြင် ရရင်လည်း စိတ်ချမ်းသာမှာ မဟုတ် ပါဘူး ။ ဒါကြောင့် အပြုအမူကို လုပ်နေမိတယ်ဆိုရင် ပြင်ဆင် နိုင်ကြ ပါစေ ။
No Comments