
မနက္စာကို ဘာေၾကာင့္ေသခ်ာ စားသင့္တာလဲ
က်န္းမာေပ်ာ္႐ႊင္ၿပီး ကိုယ့္ရဲ႕တစ္ေန႔တာ လုပ္ငန္းေဆာင္ တာေတြကို လွ်င္ျမန္ သြက္လက္စြာ ေဆာင္႐ြက္ ခ်င္တယ္ ဆိုရင္ေတာ့ မနက္စာ ကိုေသခ်ာစားဖို ႔လိုအပ္ ပါတယ္။ လူအမ်ားစုဟာ
အိပ္ရာ ထေနာက္က်လို႔၊ ႐ုံးေနာက္က်ေနလို႔၊ ေက်ာင္းေနာက္က်လို႔ စတဲ့အေၾကာင္းျပခ်က္ေတြနဲ႔ မနက္စာကိုေသခ်ာ မစားျဖစ္ ၾက ပါဘူး။ ဒါေၾကာင့္ မနက္စာကဘာလို႔ အေရးႀကီးတာလဲ ဘာလို႔ေသခ်ာ စားသင့္လဲ ဆိုတာကို ေျပာျပေပး ပါမယ္။
လူအမ်ားစုက မနက္စာ ဆိုရင္ေသခ်ာ မစားျဖစ္ဘဲ ေကာ္ဖီတခြက္၊ ေပါင္မုန႔္တခ်ပ္နဲ႔ၿပီးလိုက္ၾကတာ မ်ားပါ တယ္။ မနက္စာဆိုတာ အာဟာရ ျပည့္ျပည့္၀၀ ပါဝင္တဲ့ ကယ္လ္ဆီယမ္၊
သံဓာတ္၊ ဗီတာမင္အုပ္စု၊ အသားဓာတ္၊ အမွ်င္ဓာတ္ပါတာေတြကို စားေပးရပါမယ္။ ဒီလိုမနက္စာကို အာဟာရျပည့္ဝ တာေတြ စားေပးရင္ ႏွလုံးေရာဂါ၊ ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာဂါ ျဖစ္ႏိုင္ေျခေတြကို ေလ်ာ့ခ်ေပး ႏိုင္ပါတယ္
မနက္စာမစားျခင္းက ကိုယ္အေလးခ်ိန္ကို မေလ်ာ့ခ်ေပးႏိုင္ပါဘူ
း
ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ဖို႔ မနက္စာကိုေလ်ာ့စားမယ္ဆိုတဲ့အေတြးရွိရင္ ရပ္တန္းကရပ္သင့္ပါတယ္။ မနက္စာစား ခ်ိန္မွာ စားလိုက္တဲ့ ပ႐ိုတင္းနဲ႔ အမွ်င္ဓာတ္က
ဆာေလာင္ျခင္းကို ေလ်ာ့ခ်ေပးႏိုင္ ပါတယ္။ ဗိုက္ဆာတဲ့ အခ်ိန္မွာ မစားလိုက္ တဲ့အခါ တေနကုန္ ဆာေလာင္ေစၿပီး လိုအပ္တဲ့ ကယ္လိုရီ ပမာဏထက္ ပိုမိုစား မိေစႏိုင္ ပါတယ္။
မွတ္ဉာဏ္စြမ္းရည္ေတြကိုလဲ ေလ်ာ့က်ေစ ႏိုင္ပါတယ္
မနက္မိုးလင္းတာနဲ႔ စၿပီး အလုပ္လုပ္ ရတာက ဦးေဏွာက္ျဖစ္ တယ္။ ဦးေဏွာက္ရဲ႕ပုံမွန္လုပ္ငန္းေဆာင္တာေတြကို ေဆာင္႐ြက္ႏိုင္ဖို႔ အတြက္ ဆိုရင္ ေသြးတြင္းသၾကား အလုံအေလာက္ရွိ ရပါ မယ္။
မနက္စာပုံမွန္ မစားျဖစ္တဲ့အခါ ေသြးတြင္း ပမာဏေတြ ကေမာက္က မျဖစ္ၿပီး ဦးေဏွာက္အတြက္ လိုအပ္တဲ့ အာဟာရေတြ မရရွိ ႏိုင္ေတာ့လို႔ မနက္စာ မစားတာၾကာလာရင္ မွတ္ဉာဏ္နဲ႔ အာ႐ုံစူးစိုက္ ႏိုင္မႈ အားနည္း လာတာကို ေတြ႕ရ ပါတယ္။
စိတ္ဖိစီးမႈေတြ ပိုျဖစ္လာေစႏိုင္ပါတယ္
မနက္စာ မစားတဲ့ လူေတြမွာ Cortisol လို႔ေခၚတဲ့ စိတိဖိစီးမႈ ကိုျဖစ္ေစတဲ့ ေဟာ္မုန္းတမ်ိဳးပိုထြက္ ပါတယ္။ ဒီလိုနဲ႔ မနက္စာ မစားတာၾကာ လာရင္ Cortisolဓာတ္ေတြ ပိုထြက္လာၿပီး စိတ္ဖိစီးမႈေတြ မ်ားလာတဲ့ အခါ စိတ္ဓာတ္ က်တာေတြ ကိုပါ ျဖစ္လာေစ ႏိုင္တာမို႔ သတိျပဳသင့္ပါ တယ္ေနာ္။
ဆီးခ်ိဳျဖစ္ဖို႔ အလားအလာပိုမ်ားေစႏိုင္ပါတယ္
မနက္စာမစားဘဲ ေနတာၾကာ လာတဲ့ အခါ ကိုယ္တြင္းသၾကားဓာတ္ေတြလဲ ကေမာက္ကမ ျဖစ္ကုန္တဲ့အျပင္ ေန႔ခင္းဘက္ ကိုယ္ အမ်ားႀကီ းစားတဲ့ အခါ ဝင္လာတဲ့ သၾကားဓာတ္အလုံးအရင္းကို အင္ဆူလင္ က မထိန္းႏိုင္တဲ့ အခါ ဆီးခ်ိဳျဖစ္ လာေစႏိုင္ ပါတယ္။
ႏွလုံးေရာဂါျဖစ္ႏိုင္ေျခမ်ားလာပါတယ္
ညဘက္ အိပ္တဲ့ အခ်ိန္နဲ႔ မနက္စာ မစားရေသးတဲ့ အခ်ိန္ ႏွစ္ခုကိုေပါင္းလိုက္လို႔ ၁၂နာရီေက်ာ္သြားၿပီ ဆိုရင္ ကိုယ့္ရဲ႕ခႏၶာကိုယ္က အစာကို လိုအပ္ေန ပါၿပီ။ ဒီအခ်ိန္မွာ မနက္စာကို အလြတ္ခံ လိုက္ရင္
ကိုယ္တြင္း စိတ္ဖိစီးမႈေတြ တက္လာၿပီး ေဟာ္မုန္းဓာတ္ေတြ အေျပာင္းအလဲ ျဖစ္လာေစပါတယ္။ ဒီလိုနဲ႔ ႏွလုံးႂကြက္သားေတြကလဲ အလုပ္ပို လုပ္ရလို႔ မနက္စာ မစားတဲ့ သူေတြက ပိုၿပီး ႏွလုံးေရာဂါျဖစ္ႏိုင္ေခ် ပိုမ်ားတာ ကိုေတြ႕ရ ပါတယ္။
ကဲ…. ဒီေလာက္ဆိုရင္ မနက္စာက ဘယ္ေလာက္ အေရးႀကီးလဲ ဆိုတာ သိသြားေလာက္ၿပီထင္ ပါတယ္။ က်န္းမာေရးနဲ႔ ညီၫႊတ္ၿပီး အာဟာရျပည့္ဝတဲ့ မနက္စာေတြကို ပုံမွန္စားေပးပါလို႔္ တိုက္တြန္း ခ်င္ပါတယ္ရွင္။
#Chelmo #ChelmoTeam
Credit
Unicode
မနက်စာကို ဘာကြောင့်သေချာ စားသင့်တာလဲ
ကျန်းမာပျော်ရွှင်ပြီး ကိုယ့်ရဲ့တစ်နေ့တာ လုပ်ငန်းဆောင် တာတွေကို လျှင်မြန် သွက်လက်စွာ ဆောင်ရွက် ချင်တယ် ဆိုရင်တော့ မနက်စာ ကိုသေချာစားဖို့လိုအပ် ပါတယ်။ လူအများစုဟာ
အိပ်ရာ ထနောက်ကျလို့၊ ရုံးနောက်ကျနေလို့၊ ကျောင်းနောက်ကျလို့ စတဲ့အကြောင်းပြချက်တွေနဲ့ မနက်စာကိုသေချာ မစားဖြစ် ကြ ပါဘူး။ ဒါကြောင့် မနက်စာကဘာလို့ အရေးကြီးတာလဲ ဘာလို့သေချာ စားသင့်လဲ ဆိုတာကို ပြောပြပေး ပါမယ်။
လူအများစုက မနက်စာ ဆိုရင်သေချာ မစားဖြစ်ဘဲ ကော်ဖီတခွက်၊ ပေါင်မုန့်တချပ်နဲ့ပြီးလိုက်ကြတာ များပါ တယ်။ မနက်စာဆိုတာ အာဟာရ ပြည့်ပြည့်၀၀ ပါဝင်တဲ့ ကယ်လ်ဆီယမ်၊
သံဓာတ်၊ ဗီတာမင်အုပ်စု၊ အသားဓာတ်၊ အမျှင်ဓာတ်ပါတာတွေကို စားပေးရပါမယ်။ ဒီလိုမနက်စာကို အာဟာရပြည့်ဝ တာတွေ စားပေးရင် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ဖြစ်နိုင်ခြေတွေကို လျော့ချပေး နိုင်ပါတယ်
မနက်စာမစားခြင်းက ကိုယ်အလေးချိန်ကို မလျော့ချပေးနိုင်ပါဘူ
း
ကိုယ်အလေးချိန်လျော့ချဖို့ မနက်စာကိုလျော့စားမယ်ဆိုတဲ့အတွေးရှိရင် ရပ်တန်းကရပ်သင့်ပါတယ်။ မနက်စာစား ချိန်မှာ စားလိုက်တဲ့ ပရိုတင်းနဲ့ အမျှင်ဓာတ်က
ဆာလောင်ခြင်းကို လျော့ချပေးနိုင် ပါတယ်။ ဗိုက်ဆာတဲ့ အချိန်မှာ မစားလိုက် တဲ့အခါ တနေကုန် ဆာလောင်စေပြီး လိုအပ်တဲ့ ကယ်လိုရီ ပမာဏထက် ပိုမိုစား မိစေနိုင် ပါတယ်။
မှတ်ဉာဏ်စွမ်းရည်တွေကိုလဲ လျော့ကျစေ နိုင်ပါတယ်
မနက်မိုးလင်းတာနဲ့ စပြီး အလုပ်လုပ် ရတာက ဦးဏှောက်ဖြစ် တယ်။ ဦးဏှောက်ရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်ဖို့ အတွက် ဆိုရင် သွေးတွင်းသကြား အလုံအလောက်ရှိ ရပါ မယ်။
မနက်စာပုံမှန် မစားဖြစ်တဲ့အခါ သွေးတွင်း ပမာဏတွေ ကမောက်က မဖြစ်ပြီး ဦးဏှောက်အတွက် လိုအပ်တဲ့ အာဟာရတွေ မရရှိ နိုင်တော့လို့ မနက်စာ မစားတာကြာလာရင် မှတ်ဉာဏ်နဲ့ အာရုံစူးစိုက် နိုင်မှု အားနည်း လာတာကို တွေ့ရ ပါတယ်။
စိတ်ဖိစီးမှုတွေ ပိုဖြစ်လာစေနိုင်ပါတယ်
မနက်စာ မစားတဲ့ လူတွေမှာ Cortisol လို့ခေါ်တဲ့ စိတိဖိစီးမှု ကိုဖြစ်စေတဲ့ ဟော်မုန်းတမျိုးပိုထွက် ပါတယ်။ ဒီလိုနဲ့ မနက်စာ မစားတာကြာ လာရင် Cortisolဓာတ်တွေ ပိုထွက်လာပြီး စိတ်ဖိစီးမှုတွေ များလာတဲ့ အခါ စိတ်ဓာတ် ကျတာတွေ ကိုပါ ဖြစ်လာစေ နိုင်တာမို့ သတိပြုသင့်ပါ တယ်နော်။
ဆီးချိုဖြစ်ဖို့ အလားအလာပိုများစေနိုင်ပါတယ်
မနက်စာမစားဘဲ နေတာကြာ လာတဲ့ အခါ ကိုယ်တွင်းသကြားဓာတ်တွေလဲ ကမောက်ကမ ဖြစ်ကုန်တဲ့အပြင် နေ့ခင်းဘက် ကိုယ် အများကြီ းစားတဲ့ အခါ ဝင်လာတဲ့ သကြားဓာတ်အလုံးအရင်းကို အင်ဆူလင် က မထိန်းနိုင်တဲ့ အခါ ဆီးချိုဖြစ် လာစေနိုင် ပါတယ်။
နှလုံးရောဂါဖြစ်နိုင်ခြေများလာပါတယ်
ညဘက် အိပ်တဲ့ အချိန်နဲ့ မနက်စာ မစားရသေးတဲ့ အချိန် နှစ်ခုကိုပေါင်းလိုက်လို့ ၁၂နာရီကျော်သွားပြီ ဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ်က အစာကို လိုအပ်နေ ပါပြီ။ ဒီအချိန်မှာ မနက်စာကို အလွတ်ခံ လိုက်ရင်
ကိုယ်တွင်း စိတ်ဖိစီးမှုတွေ တက်လာပြီး ဟော်မုန်းဓာတ်တွေ အပြောင်းအလဲ ဖြစ်လာစေပါတယ်။ ဒီလိုနဲ့ နှလုံးကြွက်သားတွေကလဲ အလုပ်ပို လုပ်ရလို့ မနက်စာ မစားတဲ့ သူတွေက ပိုပြီး နှလုံးရောဂါဖြစ်နိုင်ချေ ပိုများတာ ကိုတွေ့ရ ပါတယ်။
ကဲ…. ဒီလောက်ဆိုရင် မနက်စာက ဘယ်လောက် အရေးကြီးလဲ ဆိုတာ သိသွားလောက်ပြီထင် ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရပြည့်ဝတဲ့ မနက်စာတွေကို ပုံမှန်စားပေးပါလို့် တိုက်တွန်း ချင်ပါတယ်ရှင်။
#Chelmo #ChelmoTeam
No Comments