အသဲကွဲပြီးနောက် အချစ်သစ်ကို ဘယ်လိုရှာမလဲ …? - Amawpyay
အချစ်ရေး
(၁) စိတ်သစ်လူသစ်နဲ့ စပါ
Myo Myo
source : lovepanky.com
Unicode
အသဲကွဲပြီးနောက် အချစ်သစ်ကို ဘယ်လိုရှာမလဲ …?
ကိုယ့်ချစ်သူက ထားခဲ့လို့ စိတ်ညစ်နေ တဲ့သူ auntymay ပရိသတ်ကြီးထဲမှာ ရှိမယ်ထင်ပါတယ်။ ကြေကွဲ ပူဆွေးနေစရာ မလိုပါဘူး။ ကိုယ့်ကို မချစ်တဲ့ သူတစ်ယောက်ကို ရင်ဘတ်ထဲကနေ အချိန်အကြာကြီး
တန်ဖိုးထားဖို့ဆိုတာ အတ္တ အရတော့ လုံး၀ မဖြစ်နိုင် ပါဘူး။ ဒီတော့ အသဲကွဲပြီးနောက် အချစ်သစ်ကို ရှာလိုသူတွေ အောက်ပါနည်းလမ်းတွေ ကြိုးစားကြည့် ကြဖို့ တိုက်တွန်းလို ပါတယ်။
(၁) စိတ်သစ်လူသစ်နဲ့ စပါ
အသစ် တစ်ယောက်နောက်ကို လိုက်မယ် ဆိုရင် အတိတ်မှာ ရခဲ့ ဒဏ်ရာတွေကို အရင်မေ့ပစ်အောင် လုပ်ရ ပါမယ်။ ဒါမှသာ အသစ် ချစ်သူအပေါ်မှာ စိတ်နှစ် နိုင်မှာပါ။ ကိုယ့်စိတ်ကို နိုင်မှ အသစ်ကို ကြိုးစားပါ။
အသစ်နဲ့တွဲကာမှ အဟောင်းကို သတိ ရနေတယ် ဆိုတာမျိုး ဆိုရင် နောက်ထပ် နောက်ထပ် အသစ်တွေ နဲ့တွေ့ရင်လည်း သင့်စိတ်က အကျင့်ပါနေ ပါလိမ့်မယ်။
(၂) အတိတ်ကို နည်းနည်းလေးမှ သတိမရပါနဲ့
ငယ်ချစ်တွေ၊ ငယ်ဟောင်းတွေ မေ့ပစ်လိုက်။ စာရင်းထဲကကို ထုတ်ပစ်လိုက်။ ကိုယ့်ကို မချစ်လို့ထား သွားသူ တစ်ယောက် ကို ရင်ဘက်ထဲမှာ နေရာ တစ်နေရာပေး ထားရအောင် ကိုယ်က ရူးနေတဲ့ လူမှ မဟုတ်တာ။
ပြတ်သား လိုက်။ မပြတ်သားဘူး ဆိုရင် သင် အလွမ်းဆိုတဲ့ ဇာတ်ကားထဲမှာ လူမွေးလူတောင်မပြောင်ဘဲ ပြားနေမှာပဲ။
(၃) တစ်ယောက်ယောက်နဲ့ Date လုပ်ဖို့ ပြင်ဆင်ပါ
တစ်ယောက်ယောက်နဲ့ Date လုပ်ဖို့ ပြင်ဆင်ပါ။ ကိုယ်တစ်ကယ် မြတ်နိုးနိုင် မယ့်သူပေါ့။ အရေးပေါ် ကောက် ရှာလိုက်တာ မျိုး မကြိုးစား ပါနဲ့။ အလွယ်ကြိုက်ရင် အလွယ်ပဲရမယ်။ တစ်နည်းပြော ရရင် တစ်သိန်းတန် မဝယ် နိုင်လို့ တစ်ထောင်တန် ဝယ်ကိုင် ရတဲ့ သူနဲ့ ဘာမှ မထူးဘူး။
(၄) ဇာတ်လမ်းဟောင်းက သင်္ခန်းစာယူစရာအချို့ကို ဆင်ခြင်အောင့်မေ့ပါ
အဆက်ဟောင်းနဲ့ တုန်းက ကိုယ် ဘာမှားခဲ့သလဲ … ဘာတွေ လိုအပ်ချက် ရှိခဲ့လဲ … ဘာတွေပြင်ဆင်ဖို့လိုသလဲ ဆ.. ဆို တာ သင်္ခန်းစာ ယူပါ။ သင်္ခန်းစာ မယူတတ်ရင်တော့ သင်ဟာ အသဲကွဲဖို့ ထိုက်တန်သူ၊ ရည်းစားများဖို့ ထိုက်တန် သူသာ ဖြစ်ပါတယ်။
(၅) ယုံကြည်မှုအပြည့်ရှိပါ
ယုံကြည်မှု အပြည့်ရှိပါ။ ယုံကြည်မှု မရှိဘူးဆိုရင် ဇာတ်လမ်းကို စကို မစပါနဲ့။ ဒါ ရှင်းနေတာပဲ။
(၆) စိတ်ထဲက နှစ်နှစ်ကာကာရှိပါစေ
ကိုယ်တစ်ကယ်လက်တွဲနိုင်မယ့်သူ ဖြစ်ဖို့ လိုပါတယ်။ လက်တည့်စမ်းပြီး အသစ်တွဲချင်တာမျိုးက ခပ်ပေါပေါ စိတ်ဓာတ် သမားတွေရဲ့ ဂွင်တွေပါ။ ကိုယ်က ခပ်ညံ့ညံ့လူလား/ တကယ့် သန့်သန့်လေးနဲ့ ထိုက်တန်တဲ့ သူလား ကိုယ့်အဆင့်အတန်း ကို ကိုယ့် ဘာသာ စဉ်းစားပေါ့။
(၇) အမှားတွေ မကျူးလွန်မိစေနဲ့
အဆက်ဟောင်းနဲ့တုန်းက ကျူးလွန်ခဲ့တဲ့ အမှားမျိုး မကျူးလွန် မိပါစေနဲ့။ သိသိကြီးနဲ့ ကျူးလွန် တယ် ဆိုရင်တော့ သင်ဟာ ရည်းစားထည်လဲ တွဲလိုသူ၊ စိတ်ဓာတ်အရ နိမ့်ကျသူ၊
ယုံကြည်လေးစားမှုနဲ့ မထိုက်တန်သူ၊ သစ္စာတရားကို တန်ဖိုးမထား သူဆိုတာ သေချာပါတယ်။ အချစ်ကို ရှာဖွေတဲ့ အခါ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရိုးသားဖို့ တာဝန်ရှိ ပါတယ်။
No Comments
Leave a Reply
Your email address will not be published.
အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …
အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …
အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …