
Singleေတြအေၾကာက္ဆုံး ေမးခြန္းမ်ား
ဘယ္သူပဲ ျဖစ္ျဖစ္ အေၾကာက္ဆုံး ေမးခြန္းေတြဆုိတာ ရွိပါတယ္။ ဥပမာ သူခုိးေပါ့။ မင္း ခုိးသလား-ဆုိတာမ်ိဳး။ မီးဖုိေခ်ာင္ ထဲက လက္မွာ အုိးမည္းေတြေပၿပီး ထြက္လာတဲ့ လူကုိ မင္း ဟင္းခုိးစားသလား-ဆုိတာမ်ိဳး။
အဲဒီလုိပဲ ကိုယ္ မေျဖခ်င္တဲ့ ေမးခြန္းမ်ိဳးေတြ ေမးလာရင္ အေမးခံ ရသူမွာ စိတ္ၾကဥ္းၾကပ္မႈေတြျဖစ္ၿပီး ေဇာေခၽြးေတြ ၿပိဳက္ကနဲ ၿပိဳက္ကနဲ က်တဲ့ အထိ ျဖစ္ေစႏုိ င္ပါ တယ္။
အခု လည္း single ေတြ ဟာ ဘယ္လုိေမးခြန္းေတြကို အေၾကာက္ဆုံးလဲဆုိတာ ေဖာ္ျပေပးလိုက္ပါ တယ္။
1. မစြံေသးဘူးလား/ဘယ္ေတာ့စားရမွာလဲ၊
ဘယ္ေတာ့ စားရမွာလဲ ေမးလာရင္ (ငါတုိ႕ေကၽြးမွ စားရမယ့္ဘ၀ေပါ့)လုိ႕ ျပန္ကြန္႕ရင္ ျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕က် ေတာ့ ထင္မွတ္ မထားတဲ့ အေျခအေနမွာ ဒီလုိ ေမးခြန္းမ်ိဳး အေမးခံ ရရင္ ပလက္ေပါက္ ကိုပဲ လက္နဲ႕ ထႏႈိက္ရေတာ မလုိလုိ ေၾကာင္ေတာင္ေတာင္ ျဖစ္တတ္ ပါတယ္။
2. နည္းနည္းအုိစာသြားသလုိပဲေနာ္။
ဒီလို ေျပာရင္ သင္ေရာ ကၽြန္ေတာ္ေရာ တင္းတာပဲ။ မ်ားေသာအားျဖင့္ ကုိယ္နဲ႕ သက္တူရြယ္တူ သူငယ္ခ်င္းေတြက ေျပာတာ ပုိ အခံ ရခက္ ပါတယ္။ လူေတြကလည္း သူတုိ႕နဲ႕ ပုဂၢိဳလ္ေရးအရ သိထားတဲ့ လူေတြထဲမွာ အသက္(25)ႏွစ္
ေလာက္နဲ႕ အိမ္ေထာင္က်သြားတဲ့လူေတြနဲ႕ ယွဥ္ရင္ ကုိယ္ လက္ရွိ အသက္(25)ႏွစ္ေလာက္ကပ ပုိၿပီး အုိစာေနသ လုိမ်ိဳး ေျပာတတ္ပါတယ္။
3. အထီးမက်န္ဘူးလား။
ရည္းစားတုိ႕ အိမ္ေထာင္ ဘက္တုိ႕ မရွိတာနဲ႕ အထီးက်န္ျဖစ္မွ ာပဲလုိ႕ သာမာန္ယူဆတဲ့ အေတြးခပ္ေခ်ာင္ေခ်ာင္လူေတြ က အဲဒီလုိ ေမးခြန္းေတြ ေမးတတ္ ပါတယ္။ အဲဒီလုိ လူေတြကို ကုိယ္က အထီးမက်န္ပါဘူး၊ မိဘေတြ၊
ညီအစ္ကို ေမာင္ႏွမေတြ ရွိသားပဲ-ဆုိၿပီး ျပန္ေျခပတဲ့အခါမွာ သူတုိ႕က မဟုတ္ဖူးေလ … ငါတုိ႕ ဆုိလုိ တာက အိမ္ေထာင္ဘက္ ရဲ႕ ျပဳစုယု ရမႈကို မခံစား ရတဲ့ မင္းရဲ႕ ေျခာက္ကပ္ကပ္ ဘ၀ကုိ ေျပာတာ-ဆုိၿပီး ျပန္ ေျဖၾက ပါ့လိမ့္မယ္။
4. ငါ ေအာင္သြယ္ေပးရမလား
ဒါက သင့္ကို အိမ္ေထာင္ဘက္/ရည္စားေတာင္ သူမ်ားလုိ ျဖစ္ျဖစ္ေျမာက္ေျမာက္ ရွာႏုိင္တာ မဟုတ္ဖူး-ဆုိတဲ့ အဓိပၸါယ္ ပါ။ အမွန္က သူတုိ႕လည္း တစ္ေယာက္နဲ႕ တစ္ေယာက္ လက္တည့္စမ္းၿပီး ရထား တာလည္း ျဖစ္ႏုိင္ ေကာင္းတယ္။
တကယ္လုိ႕ သင္က လုပ္ပါဦး ကူညီႏုိင္ရင္ ကူညီပါဦး-လုိ႕ ေျပာမိတဲ့ အခါ မင္း႐ုပ္ မင္းရည္နဲ႕ ဘယ္လုိ ေကာင္မေလးက ႀကိဳက္မွာ လဲလုိ႕ ပိတ္ေျပာ လုိက္ကာမွ သင္ ပုိရွက္ေနရမယ္။
5. ခ်ိန္ပါႀကီး
ဒါကေတာ့ အမ်ိဳးသားေတြအတြက္ ဆုိလုိ ပါတယ္။ ခ်ိန္လုိက္တုိင္း ပါပါ သြားလုိ႕။ ဟုိး ေရွးေရွးတုန္း ကေတာ့ အခ်ိန္တန္တဲ့ အထိ ေယာက္်ား မရေသးတဲ့ အမ်ိဳးသမီးေတြကုိ “ဗုိင္းတာမ”လုိ႕ ေခၚၾကတယ္-တဲ့။
အမွန္က “ဗိုင္းနာမ”ပါ။ ဘာေၾကာင့္ အဲသလုိ ေခၚသလဲဆုိတာ့ ပုိးမယ္လူပ်ိဳက မရွိေတာ့ “ဗုိင္းကုိပဲ နာနာ ငင္ရလုိ႕- ဗုိင္းနာမ”လုိ႕ ေခၚတယ္လုိ႕ သိရ ပါတယ္။
အခုေခတ္က အဲဒီလုိ အေခၚခံရရင္ကို ဆဲတယ္လုိ႕ထင္တဲ့ သူေတြ လည္း ရွိမယ္ထင္ပါတယ္။ ဗုိင္းငင္တာလည္း သိသူနည္းမယ္ထင္တယ္။ ခ်ည္ငင္-တာကို ဆုိလုိပါတယ္။ ခ်ိန္ပါ ဆုိတာလဲ ဗုိင္းတာမနဲ႕ အတူတူပါဘဲ။
Si Si
Ref: eharmony
ယူနီကုတ္
Singleတွေအကြောက်ဆုံး မေးခွန်းများ
ဘယ်သူပဲ ဖြစ်ဖြစ် အကြောက်ဆုံး မေးခွန်းတွေဆိုတာ ရှိပါတယ်။ ဥပမာ သူခိုးပေါ့။ မင်း ခိုးသလား-ဆိုတာမျိုး။ မီးဖိုချောင် ထဲက လက်မှာ အိုးမည်းတွေပေပြီး ထွက်လာတဲ့ လူကို မင်း ဟင်းခိုးစားသလား-ဆိုတာမျိုး။
အဲဒီလိုပဲ ကိုယ် မဖြေချင်တဲ့ မေးခွန်းမျိုးတွေ မေးလာရင် အမေးခံ ရသူမှာ စိတ်ကြဉ်းကြပ်မှုတွေဖြစ်ပြီး ဇောချွေးတွေ ပြိုက်ကနဲ ပြိုက်ကနဲ ကျတဲ့ အထိ ဖြစ်စေနို င်ပါ တယ်။
အခု လည်း single တွေ ဟာ ဘယ်လိုမေးခွန်းတွေကို အကြောက်ဆုံးလဲဆိုတာ ဖော်ပြပေးလိုက်ပါ တယ်။
1. မစွံသေးဘူးလား/ဘယ်တော့စားရမှာလဲ၊
ဘယ်တော့ စားရမှာလဲ မေးလာရင် (ငါတို့ကျွေးမှ စားရမယ့်ဘဝပေါ့)လို့ ပြန်ကွန့်ရင် ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ကျ တော့ ထင်မှတ် မထားတဲ့ အခြေအနေမှာ ဒီလို မေးခွန်းမျိုး အမေးခံ ရရင် ပလက်ပေါက် ကိုပဲ လက်နဲ့ ထနှိုက်ရတော မလိုလို ကြောင်တောင်တောင် ဖြစ်တတ် ပါတယ်။
2. နည်းနည်းအိုစာသွားသလိုပဲနော်။
ဒီလို ပြောရင် သင်ရော ကျွန်တော်ရော တင်းတာပဲ။ များသောအားဖြင့် ကိုယ်နဲ့ သက်တူရွယ်တူ သူငယ်ချင်းတွေက ပြောတာ ပို အခံ ရခက် ပါတယ်။ လူတွေကလည်း သူတို့နဲ့ ပုဂ္ဂိုလ်ရေးအရ သိထားတဲ့ လူတွေထဲမှာ အသက်(25)နှစ်
လောက်နဲ့ အိမ်ထောင်ကျသွားတဲ့လူတွေနဲ့ ယှဉ်ရင် ကိုယ် လက်ရှိ အသက်(25)နှစ်လောက်ကပ ပိုပြီး အိုစာနေသ လိုမျိုး ပြောတတ်ပါတယ်။
3. အထီးမကျန်ဘူးလား။
ရည်းစားတို့ အိမ်ထောင် ဘက်တို့ မရှိတာနဲ့ အထီးကျန်ဖြစ်မှ ာပဲလို့ သာမာန်ယူဆတဲ့ အတွေးခပ်ချောင်ချောင်လူတွေ က အဲဒီလို မေးခွန်းတွေ မေးတတ် ပါတယ်။ အဲဒီလို လူတွေကို ကိုယ်က အထီးမကျန်ပါဘူး၊ မိဘတွေ၊
ညီအစ်ကို မောင်နှမတွေ ရှိသားပဲ-ဆိုပြီး ပြန်ခြေပတဲ့အခါမှာ သူတို့က မဟုတ်ဖူးလေ … ငါတို့ ဆိုလို တာက အိမ်ထောင်ဘက် ရဲ့ ပြုစုယု ရမှုကို မခံစား ရတဲ့ မင်းရဲ့ ခြောက်ကပ်ကပ် ဘဝကို ပြောတာ-ဆိုပြီး ပြန် ဖြေကြ ပါ့လိမ့်မယ်။
4. ငါ အောင်သွယ်ပေးရမလား
ဒါက သင့်ကို အိမ်ထောင်ဘက်/ရည်စားတောင် သူများလို ဖြစ်ဖြစ်မြောက်မြောက် ရှာနိုင်တာ မဟုတ်ဖူး-ဆိုတဲ့ အဓိပ္ပါယ် ပါ။ အမှန်က သူတို့လည်း တစ်ယောက်နဲ့ တစ်ယောက် လက်တည့်စမ်းပြီး ရထား တာလည်း ဖြစ်နိုင် ကောင်းတယ်။
တကယ်လို့ သင်က လုပ်ပါဦး ကူညီနိုင်ရင် ကူညီပါဦး-လို့ ပြောမိတဲ့ အခါ မင်းရုပ် မင်းရည်နဲ့ ဘယ်လို ကောင်မလေးက ကြိုက်မှာ လဲလို့ ပိတ်ပြော လိုက်ကာမှ သင် ပိုရှက်နေရမယ်။
5. ချိန်ပါကြီး
ဒါကတော့ အမျိုးသားတွေအတွက် ဆိုလို ပါတယ်။ ချိန်လိုက်တိုင်း ပါပါ သွားလို့။ ဟိုး ရှေးရှေးတုန်း ကတော့ အချိန်တန်တဲ့ အထိ ယောက်ျား မရသေးတဲ့ အမျိုးသမီးတွေကို “ဗိုင်းတာမ”လို့ ခေါ်ကြတယ်-တဲ့။
အမှန်က “ဗိုင်းနာမ”ပါ။ ဘာကြောင့် အဲသလို ခေါ်သလဲဆိုတာ့ ပိုးမယ်လူပျိုက မရှိတော့ “ဗိုင်းကိုပဲ နာနာ ငင်ရလို့- ဗိုင်းနာမ”လို့ ခေါ်တယ်လို့ သိရ ပါတယ်။
အခုခေတ်က အဲဒီလို အခေါ်ခံရရင်ကို ဆဲတယ်လို့ထင်တဲ့ သူတွေ လည်း ရှိမယ်ထင်ပါတယ်။ ဗိုင်းငင်တာလည်း သိသူနည်းမယ်ထင်တယ်။ ချည်ငင်-တာကို ဆိုလိုပါတယ်။ ချိန်ပါ ဆိုတာလဲ ဗိုင်းတာမနဲ့ အတူတူပါဘဲ။
Si Si
Ref: eharmony
No Comments