ခပ္ေခ်ာေခ်ာ မိန္းမလွေလးတြ ေန႔စဥ္ ၾကံဳေတြ႔ရေလ့ရွိတဲ့ အခက္အခဲေလးမ်ား
- By : Lin htet
- Category : Life Style

ခပ္ေခ်ာေခ်ာ မိန္းမလွေလးတြ ေန႔စဥ္ ၾကံဳေတြ႔ရေလ့ရွိတဲ့ အခက္အခဲေလးမ်ား
ရုပ္ေခ်ာတာ ေကာင္းတဲ့ အခ်က္ပဲ လို႔ ေျပာၾက ပါတယ္။ တကယ္ေတာ့ ဘယ္အရာမဆို မေကာင္းတဲ့အခ်က္ေတြက ရွိေနတာ ပါပဲ။ ဒါေၾကာင့္ ရုပ္ေခ်ာတဲ့ ေကာင္မေလးေတြမွာလည္း သူ႔အခက္အခဲနဲ႔ သူ ေနေနၾက ရတာ ပါ။
ရုပ္ေခ်ာေတာ့ ေကာင္းတာေပါ့လုိ႔ ေျပာတာကို ခံၾက ရသလို ဒီလိုမ်ိဳး အခက္အခဲေတြကိုလည္း သူတို႔က ၾကံဳေနၾကရ ပါေသး တယ္။
(၁) ရုပ္ေခ်ာတာကို အျပစ္ေျပာခံရတယ္
ရုပ္ေခ်ာတဲ့သူေတြမွာ မျဖစ္မေန ၾကံဳေန ရတာက ထစ္ခနဲရွိ ရုပ္ကို ခလုတ္တိုက္ၿပီး အေျပာခံရတာပါ။ ရုပ္ကေလးက ေခ်ာေနတာ ကိုး၊ ရုပ္ကေလး ေခ်ာတာပဲ ရွိတယ္ ဘာမွအသံုးမက်ဘူး၊ ရုပ္ေခ်ာေနေတာ့
စိတ္က ဘယ္ကို ေရာက္ေနတာ၊ ရုပ္ကေလးကို ဗန္းျပၿပီး.. စသျဖင့္ တိုးတိုးတစ္မ်ိဳး၊ က်ယ္က်ယ္တစ္မ်ိဳး အေျပာခံေနရတာက ရုပ္ေခ်ာတဲ့သူေတြပဲ ခံစားရတာမ်ိဳးပါ။
(၂) အရည္အခ်င္းကို ေနာက္မွ ျမင္တယ္
ရုပ္ေခ်ာတဲ့သူေတြကို အရည္အခ်င္းထက္ ရုပ္ကို ပိုၿပီး လူသိမ်ားခံၾကရတတ္ပါတယ္။ ရုပ္ေခ်ာၿပီး စာေတာ္တယ္ ဆိုတာ မ်ိဳးက ေက်ာင္းတုန္းက ျဖစ္ၿပီး လက္ေတြ ႔ဘဝထဲမွာဆုိရင္
ကိုယ့္အရည္အခ်င္းထက္ ကိုယ့္ရုပ္ကိုပဲ ဦးစားေပးေျပာဆိုခံရတဲ့အခါ နည္းနည္းေတာ့ ေအာင့္သက္သက္ ျဖစ္ၾကရပါတယ္။
(၃) လြတ္လပ္မႈ မရွိဘူး
ရုပ္ေခ်ာတဲ့ သူေတြက လမ္းသြားရင္ေတာင္ လြတ္လြတ္လပ္လပ္ မသြားၾက ရတဲ့ သူေတြ ျဖစ္ပါတယ္။ ရုပ္ေခ်ာလို႔ ေဘးကလူ မွန္သမွ်က လိုက္ႀကည့္ သလို၊
ရုပ္ေခ်ာလို႔ နာမည္ႀကီးၿပီး လူသိမ်ား လြန္းတာ မ်ိဳးလည္း ျဖစ္တတ္ ၾကပါေသးတယ္။ ရုပ္ေခ်ာတာေၾကာင့္ ကိုယ့္လြတ္လပ္ခြင့္ပါ ဆံုးရံႈးေနရတာ သူတို႔ပါပဲ။
(၄) အေၾကာင္ခံရမယ္
ရုပ္ေခ်ာတဲ့ ေကာင္မေလးေတြက လူႀကိဳက္မ်ားပါတယ္။ ဒါေၾကာင့္ ခ်ဴခ်င္သူေတြ ေပါလြန္းလွပါတယ္။ တကယ္ေတာ့ ရုပ္ရည္ေၾကာင့္ လာႀကိဳက္ခံ ၾကရတာ ျဖစ္ပါတယ္။
တကယ္ ခ်စ္တာမ်ိဳး မဟုတ္ဘဲ ရုပ္ေခ်ာလို႔ လာၿပီး ရည္းစားစကား ေျပာတာကိုလည္း ခံေနၾကရတာ ျဖစ္ပါတယ္။ သိပ္ကို စိတ္အေႏွာင့္အယွက္ ျဖစ္ေနၾကရတဲ့ ကိစၥပါပဲေနာ္။
(၅) အမုန္းခံရမယ္
ရုပ္ေခ်ာတဲ့သူ အမ်ားစုက လူခ်စ္လူခင္ ေပါတယ္ ဆိုေပမယ့္လည္း ရုပ္ေခ်ာတာကို အေၾကာင္းျပဳၿပီး မုန္းၾက တာလည္း ရွိပါ တယ္။ ဘာအေၾကာင္းျပ ခ်က္မွ ေရေရရာရာ မရွိပါဘဲ ကိုယ့္ရုပ္ေခ်ာ တာကို ၾကည့္ၿပီး ၾကည့္မရ ျဖစ္ေနတဲ့ သူေတြ ကလည္း အမ်ားအျပားပါပဲ။
Credit
Unicode
ခပ်ချောချော မိန်းမလှလေးတွ နေ့စဉ် ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲလေးများ
ရုပ်ချောတာ ကောင်းတဲ့ အချက်ပဲ လို့ ပြောကြ ပါတယ်။ တကယ်တော့ ဘယ်အရာမဆို မကောင်းတဲ့အချက်တွေက ရှိနေတာ ပါပဲ။ ဒါကြောင့် ရုပ်ချောတဲ့ ကောင်မလေးတွေမှာလည်း သူ့အခက်အခဲနဲ့ သူ နေနေကြ ရတာ ပါ။
ရုပ်ချောတော့ ကောင်းတာပေါ့လို့ ပြောတာကို ခံကြ ရသလို ဒီလိုမျိုး အခက်အခဲတွေကိုလည်း သူတို့က ကြုံနေကြရ ပါသေး တယ်။
(၁) ရုပ်ချောတာကို အပြစ်ပြောခံရတယ်
ရုပ်ချောတဲ့သူတွေမှာ မဖြစ်မနေ ကြုံနေ ရတာက ထစ်ခနဲရှိ ရုပ်ကို ခလုတ်တိုက်ပြီး အပြောခံရတာပါ။ ရုပ်ကလေးက ချောနေတာ ကိုး၊ ရုပ်ကလေး ချောတာပဲ ရှိတယ် ဘာမှအသုံးမကျဘူး၊ ရုပ်ချောနေတော့
စိတ်က ဘယ်ကို ရောက်နေတာ၊ ရုပ်ကလေးကို ဗန်းပြပြီး.. စသဖြင့် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး အပြောခံနေရတာက ရုပ်ချောတဲ့သူတွေပဲ ခံစားရတာမျိုးပါ။
(၂) အရည်အချင်းကို နောက်မှ မြင်တယ်
ရုပ်ချောတဲ့သူတွေကို အရည်အချင်းထက် ရုပ်ကို ပိုပြီး လူသိများခံကြရတတ်ပါတယ်။ ရုပ်ချောပြီး စာတော်တယ် ဆိုတာ မျိုးက ကျောင်းတုန်းက ဖြစ်ပြီး လက်တွေ့ဘဝထဲမှာဆိုရင်
ကိုယ့်အရည်အချင်းထက် ကိုယ့်ရုပ်ကိုပဲ ဦးစားပေးပြောဆိုခံရတဲ့အခါ နည်းနည်းတော့ အောင့်သက်သက် ဖြစ်ကြရပါတယ်။
(၃) လွတ်လပ်မှု မရှိဘူး
ရုပ်ချောတဲ့ သူတွေက လမ်းသွားရင်တောင် လွတ်လွတ်လပ်လပ် မသွားကြ ရတဲ့ သူတွေ ဖြစ်ပါတယ်။ ရုပ်ချောလို့ ဘေးကလူ မှန်သမျှက လိုက်ကြည့် သလို၊
ရုပ်ချောလို့ နာမည်ကြီးပြီး လူသိများ လွန်းတာ မျိုးလည်း ဖြစ်တတ် ကြပါသေးတယ်။ ရုပ်ချောတာကြောင့် ကိုယ့်လွတ်လပ်ခွင့်ပါ ဆုံးရှုံးနေရတာ သူတို့ပါပဲ။
(၄) အကြောင်ခံရမယ်
ရုပ်ချောတဲ့ ကောင်မလေးတွေက လူကြိုက်များပါတယ်။ ဒါကြောင့် ချူချင်သူတွေ ပေါလွန်းလှပါတယ်။ တကယ်တော့ ရုပ်ရည်ကြောင့် လာကြိုက်ခံ ကြရတာ ဖြစ်ပါတယ်။
တကယ် ချစ်တာမျိုး မဟုတ်ဘဲ ရုပ်ချောလို့ လာပြီး ရည်းစားစကား ပြောတာကိုလည်း ခံနေကြရတာ ဖြစ်ပါတယ်။ သိပ်ကို စိတ်အနှောင့်အယှက် ဖြစ်နေကြရတဲ့ ကိစ္စပါပဲနော်။
(၅) အမုန်းခံရမယ်
ရုပ်ချောတဲ့သူ အများစုက လူချစ်လူခင် ပေါတယ် ဆိုပေမယ့်လည်း ရုပ်ချောတာကို အကြောင်းပြုပြီး မုန်းကြ တာလည်း ရှိပါ တယ်။ ဘာအကြောင်းပြ ချက်မှ ရေရေရာရာ မရှိပါဘဲ ကိုယ့်ရုပ်ချော တာကို ကြည့်ပြီး ကြည့်မရ ဖြစ်နေတဲ့ သူတွေ ကလည်း အများအပြားပါပဲ။
No Comments