ကိုယ့်ဘဝအတွက် ရွေးချယ်ရမယ့်သူ နှစ်ယောက်ရှိလာခဲ့ရင် ဘယ်သူ့ကို ရွေးချယ်သင့်သလဲ - Amawpyay


Knowledge
















Credit

Unicode

ကိုယ့်ဘဝအတွက် ရွေးချယ်ရမယ့်သူ နှစ်ယောက်ရှိလာခဲ့ရင် ဘယ်သူ့ကို ရွေးချယ်သင့်သလဲ

မိန်းကလေး ဆိုတာ ကိုယ့်ကိုယ် လာကြိုက်တဲ့ သူတွေကိုပဲ ရွေးချယ် ပိုင်ခွင့် ရှိတယ် ဆိုပေမယ့် အဲဒီ့ထဲက ကိုယ်အတွက် သေချာတဲ့၊ ကိုယ့်အတွက် စစ်မှန်တဲ့ လက်တွဲဖော်ကိုတော့ ရွေးချယ်ပိုင်ခွင့် အပြည့်အဝ ရှိ ပါတယ်။

ကိုယ်မကြိုက်ဘူး ဆိုရင်တော့ ပြတ်ပြတ် သားသား ငြင်းပိုင်ခွင့် လည်း ရှိပါ တယ်နော်။ ဒီတော့ ကိုယ့်ဘဝ အတွက် ရွေးချယ်စရာ နှစ်ယောက်ဖြစ်နေတဲ့ အခါ မှန်ကန်တဲ့ လူကို ရွေးချယ်နိုင်ဖို့ သိထား သင့်တဲ့ အချက်လေးတွေကို ဝေမျှပေး လိုက်ပါ တယ်။

နှစ်ယောက်လုံးရဲ့ စိတ်နေစိတ်ထားကို စဉ်းစားကြည့်ပါ

တစ်ယောက်စီရဲ့ စိတ်ဓာတ်ရေး ရာပိုင်းတွေကို ကြည့်ဖို့ လိုအပ် ပါတယ်။ ဥပမာ – သူ ဘယ်လောက် သင့်အပေါ်မှာ ပွင့်လင်းတယ်၊ ဘာတွေကို ဖုံးကွယ် ထားတတ် တယ်၊ သင့်ကို ဘယ်လောက် ပျော်ရွှင်အောင် ထားပေးတယ်၊

သူမှာ ဘယ်လောက် ယောကျာ်းမာန ရှိတယ် စသဖြင့် ဒါတွေက အရေးကြီးတဲ့အချက်တွေပါ။ တစ်ယောက်ချင်းစီရဲ့ ဒီအချက်တွေကို စဉ်းစားကြည့် ဖို့ လိုအပ် ပါတယ်။

သင့်ရဲ့ ခံစားချက်ကို တွေးပါ

ကိုယ့်ဘဝရဲ့ စစ်မှန်တဲ့ သူကို ရှာဖွေဖို့ နှစ်ယောက်ကြားမှာ ဒွိဟဖြစ်နေတဲ့ အခါ ကိုယ့်ရဲ့ ခံစားချက်ကို သတိထား သင့်ပါ တယ်။ သူက သင့်အပေါ် ဘယ်လို သက်ရောက်တယ်၊ သင်သူနဲ့ ပတ်သက်ပြီး ဘယ်လို ခံစား မိတယ် ဆိုတာကို စဉ်းစားသင့် ပါတယ်။

တစ်ခြားအရာတွေမှာ မကွဲပြား ရင်တောင် သင့်ရဲ့ ခံစားချက်တွေ ကိုတော့ သင်လိမ်လို့ ရမယ်မထင်ပါဘူး။ သင့်ရဲ့ခံစားချက်တွေက သင်တကယ် အလေးသာတဲ့ သူဘက်မှာ ရှိနေမှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို သံသယမဖြစ်ပါနဲ့

ကိုယ်ဆုံးဖြတ် လိုက်တဲ့ တစ်စုံတစ်ယောက် ကတော့ ကိုယ့်ဘဝအတွက် စစ်မှန်တဲ့ သူဖြစ်နေမှာပါ။ ငါဆုံးဖြတ် တာ မှန်ပါ့မလား၊ မှားသွား ရင်ကော ဆိုတဲ့ အတွေးမျိုး မဝင်ပါစေနဲ့။ စဉ်းစားနေစဉ် အတွင်းမှာ တစ်စုံတစ်ယောက်ရဲ့ ဆိုးဝါးမှုလေးတွေ ကိုတော့ သင်တွေ့လာ ရမှာပါ။ ဒါက သင့်ကို ဆုံးဖြတ်ချက် ချဖို့ ပိုလွယ်ကူစေ ပါလိမ့် မယ်။

သူငယ်ချင်းရဲ့ အမြင်ကို မေးပါ

ကိုယ်ယုံကြည်ရတဲ့၊ ကိုယ်နဲ့ အရမ်းကို ရင်းနှီးတဲ့ သူငယ်ချင်းဆီက ပွင့်လင်းတဲ့ ထင်မြင်ချက်ကို မေးကြည့်ပါ။ ဘယ်တစ်ယောက်က သင့်အပေါ် ပိုကောင်း တယ်လို့ ထင်တဲ့အကြောင်း၊

ဘယ် တစ်ယောက်က သင့်ကို တကယ် ချစ်မြတ်နိုး တယ်လို့ ထင်တဲ့ အကြောင်းကို သူငယ်ချင်းရဲ့ အမြင်ကို မေးကြည့်ပါ။ သူငယ်ချင်း ဆီက အကြံပေးစကားရတဲ့အခါ ကိုယ့်ရဲ့ ခံစားချက်နဲ့ တိုက်ကြည့်ဖို့ ကိုလည်း မမေ့ ပါနဲ့အုံး။

သူငယ်ချင်းပေးတဲ့ အကြံကိုပဲ ယူရမယ်လို့ဆိုလို တာမျိုး မဟုတ်ပဲ သူ့ရဲ့ အမြင်နဲ့ ကိုယ့်ရဲ့အမြင်ကို ယှဉ်ပြီး စဉ်းစားစေ ချင်တာ ပါ။ ဒါက သင့်အတွက် စစ်မှန်တဲ့ သူကို ရွေးချယ်ဖို့ ပိုလွယ်ကူစေ မှာပါနော်။

 

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …