
အျမဲ မျပင္မဆင္ေနတတ္တဲ့ ေကာင္မေလးေတြမွာပဲ ရွိတတ္ျကတဲ့ ဆြဲေဆာင္မွဳမ်ား
မိန္းကေလး ဆိုတာကို အလွအပနဲ႔ တြဲျမင္တတ္ ၾကၿပီး မိန္းကေလး ဆိုတာ အလွမက္တဲ့ အမ်ိဳးလို႔ ေျပာတတ္ ၾကပါ တယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕မိန္းကေလးေတြ ကေတာ့ အလွျပင္ ရတာကို မႀကိဳက္တတ္ ၾကပါဘူး
သူတို႔ေတြက မိတ္ကပ္ေတြ မႀကိဳက္ဘူး၊ အရမ္းႀကီး ျပင္ဆင္ ထားရ တာေတြကို မႀကိဳက္ဘူး။ ဒီလို မျပင္မဆင္ေန တတ္တဲ့ မိန္းကေလးေတြက ပိုဆြဲေဆာင္မႈ ရွိတဲ့ သူေတြအျဖစ္ သတ္မွတ္ခံရတဲ့ ေနာက္ကြယ္မွာ ဒီလို အခ်က္ေတြ ရွိလို႔ေန ပါတယ္။
ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ပိုရွိတဲ့ ပုံေပၚတယ္
မျပင္မဆင္ပဲ ေနတတ္တဲ့ မိန္းကေလးေတြ ဟာ တစ္ျခား သူေတြနဲ႔ ယွဥ္လိုက္ရင္ သူတို႔ကိုယ္သူတို႔ ယုံၾကည္မႈ ပိုျမင့္မားေန တယ္လို႔ ျမင္ရ တတ္ပါ တယ္။
ဘာေၾကာင့္လဲ ဆိုေတာ့ သူတို႔က သူတို႔ရဲ႕ ပုံစံအမွန္ကို ထုတ္ျပရမွာ မေၾကာက္ တတ္ဘူး၊ ဘာမွ မလိမ္းထား ပဲလည္း အျပင္ေတြ ဘာေတြ သြားတတ္ တယ္။ ဒါဟာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိတဲ့ ပုံစံေတြ ပါပဲ။
ပင္ကိုယ္အလွကို ျမင္ရတယ္
ဒီလို မိန္းကေလးေတြ ဆီမွာ သူတို႔ရဲ႕ ကိုယ္ပိုင္ အလွနဲ႔ စစ္မွန္တဲ့ လွပမႈကို ေတြ႕ႏိုင္တဲ့အတြက္ေၾကာင့္ပါ။ ဒါေၾကာင့္ပဲ ေယာက်ာ္းေလးေတြ က မိန္းကေလးေတြ မိတ္ကပ္ မလိမ္းထားတဲ့ အခ်ိန္ဆို ပိုႏွစ္သက္ တတ္ၾက ပါတယ္။
မိတ္ကပ္ ဆိုတာ ကေတာ့ အျပစ္ အနာအဆာေတြကို ဖုံးကြယ္ ဖို႔နဲ႔ ကိုယ့္ရဲ႕ နဂိုအလွကို ဖုံးကြယ္လိုက္တဲ့ မ်က္ႏွာဖုံး တစ္ခုလို ပါပဲ။
႐ိုးရွင္းတယ္
ဘယ္ေလာက္ပဲ ေခတ္မွီ ဆန္းျပားမႈေတြနဲ႔ အလွအပေတြ ေပါမ်ားတဲ့ ေခတ္ေရာက္ေနပါေစ ႐ိုးရွင္းမႈေလး ကေတာ့ အဖိုးမျဖတ္ႏိုင္တဲ့ လူတိုင္း တန္ဖိုး ထားေနရဆဲ အရာ တစ္ခုပါ။
ဒီလိုပဲ သိပ္မျပင္ဆင္ တတ္တဲ့ ႐ိုးရွင္းတဲ့ မိန္းကေလးေတြက ပိုဆြဲေဆာင္မႈ ရွိတာ မဆန္းပါဘူး။ သူတို႔ရဲ႕ မ်က္ႏွာမွာ ကာလာေတြ မျခယ္ သထားေပမယ့္ ေတာက္ပတဲ့ အၿပဳံးေတြ ရွိတယ္၊ ဆြဲေဆာင္မႈျပင္းတဲ့ မ်က္လုံးေတြ ရွိတယ္ ဒါဟာ ႐ိုးရွင္းမႈရဲ႕ အႏွစ္သာရတစ္ခုပါ။
ပြင့္လင္းတယ္
အရမ္းႀကီး ျပင္ျပင္ဆင္ဆင္ ေနရတာ မႀကိဳက္တတ္တဲ့ မိန္းကေလး အမ်ားစုက ပြင့္လင္းတဲ့ သူေတြျဖစ္ၾက ပါတယ္။ ဟန္မေဆာင္ တတ္ဘူး၊ မဖုံးကြယ္ တတ္ဘူး၊ စိတ္ထဲရွိတာကို ပြင့္ပြင့္လင္းလင္း ေျပာ တတ္တယ္။
ဒါကပဲ သူတို႔ကို ဆြဲေဆာင္မႈ ပိုေစတဲ့ အရာေတြပါ။ တကယ္ေတာ့ ႐ုပ္အလွကို ဦးစားေပးတာထက္ စိတ္အလွကို ဦးစားေပး တာက စစ္မွန္တဲ့ လွပျခင္း ဆိုတာကို လက္ခံ ထားတတ္ၾကတဲ့ သူေတြေပါ့။
Credit
Unicode
အမြဲ မပြင်မဆင်နေတတ်တဲ့ ကောင်မလေးတွေမှာပဲ ရှိတတ်ကြတဲ့ ဆွဲဆောင်မှုများ…
မိန်းကလေး ဆိုတာကို အလှအပနဲ့ တွဲမြင်တတ် ကြပြီး မိန်းကလေး ဆိုတာ အလှမက်တဲ့ အမျိုးလို့ ပြောတတ် ကြပါ တယ်။ ဒါပေမယ့် တစ်ချို့မိန်းကလေးတွေ ကတော့ အလှပြင် ရတာကို မကြိုက်တတ် ကြပါဘူး
သူတို့တွေက မိတ်ကပ်တွေ မကြိုက်ဘူး၊ အရမ်းကြီး ပြင်ဆင် ထားရ တာတွေကို မကြိုက်ဘူး။ ဒီလို မပြင်မဆင်နေ တတ်တဲ့ မိန်းကလေးတွေက ပိုဆွဲဆောင်မှု ရှိတဲ့ သူတွေအဖြစ် သတ်မှတ်ခံရတဲ့ နောက်ကွယ်မှာ ဒီလို အချက်တွေ ရှိလို့နေ ပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိတဲ့ ပုံပေါ်တယ်
မပြင်မဆင်ပဲ နေတတ်တဲ့ မိန်းကလေးတွေ ဟာ တစ်ခြား သူတွေနဲ့ ယှဉ်လိုက်ရင် သူတို့ကိုယ်သူတို့ ယုံကြည်မှု ပိုမြင့်မားနေ တယ်လို့ မြင်ရ တတ်ပါ တယ်။
ဘာကြောင့်လဲ ဆိုတော့ သူတို့က သူတို့ရဲ့ ပုံစံအမှန်ကို ထုတ်ပြရမှာ မကြောက် တတ်ဘူး၊ ဘာမှ မလိမ်းထား ပဲလည်း အပြင်တွေ ဘာတွေ သွားတတ် တယ်။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ပုံစံတွေ ပါပဲ။
ပင်ကိုယ်အလှကို မြင်ရတယ်
ဒီလို မိန်းကလေးတွေ ဆီမှာ သူတို့ရဲ့ ကိုယ်ပိုင် အလှနဲ့ စစ်မှန်တဲ့ လှပမှုကို တွေ့နိုင်တဲ့အတွက်ကြောင့်ပါ။ ဒါကြောင့်ပဲ ယောကျာ်းလေးတွေ က မိန်းကလေးတွေ မိတ်ကပ် မလိမ်းထားတဲ့ အချိန်ဆို ပိုနှစ်သက် တတ်ကြ ပါတယ်။
မိတ်ကပ် ဆိုတာ ကတော့ အပြစ် အနာအဆာတွေကို ဖုံးကွယ် ဖို့နဲ့ ကိုယ့်ရဲ့ နဂိုအလှကို ဖုံးကွယ်လိုက်တဲ့ မျက်နှာဖုံး တစ်ခုလို ပါပဲ။
ရိုးရှင်းတယ်
ဘယ်လောက်ပဲ ခေတ်မှီ ဆန်းပြားမှုတွေနဲ့ အလှအပတွေ ပေါများတဲ့ ခေတ်ရောက်နေပါစေ ရိုးရှင်းမှုလေး ကတော့ အဖိုးမဖြတ်နိုင်တဲ့ လူတိုင်း တန်ဖိုး ထားနေရဆဲ အရာ တစ်ခုပါ။
ဒီလိုပဲ သိပ်မပြင်ဆင် တတ်တဲ့ ရိုးရှင်းတဲ့ မိန်းကလေးတွေက ပိုဆွဲဆောင်မှု ရှိတာ မဆန်းပါဘူး။ သူတို့ရဲ့ မျက်နှာမှာ ကာလာတွေ မခြယ် သထားပေမယ့် တောက်ပတဲ့ အပြုံးတွေ ရှိတယ်၊ ဆွဲဆောင်မှုပြင်းတဲ့ မျက်လုံးတွေ ရှိတယ် ဒါဟာ ရိုးရှင်းမှုရဲ့ အနှစ်သာရတစ်ခုပါ။
ပွင့်လင်းတယ်
အရမ်းကြီး ပြင်ပြင်ဆင်ဆင် နေရတာ မကြိုက်တတ်တဲ့ မိန်းကလေး အများစုက ပွင့်လင်းတဲ့ သူတွေဖြစ်ကြ ပါတယ်။ ဟန်မဆောင် တတ်ဘူး၊ မဖုံးကွယ် တတ်ဘူး၊ စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြော တတ်တယ်။
ဒါကပဲ သူတို့ကို ဆွဲဆောင်မှု ပိုစေတဲ့ အရာတွေပါ။ တကယ်တော့ ရုပ်အလှကို ဦးစားပေးတာထက် စိတ်အလှကို ဦးစားပေး တာက စစ်မှန်တဲ့ လှပခြင်း ဆိုတာကို လက်ခံ ထားတတ်ကြတဲ့ သူတွေပေါ့။
No Comments