ဘာေၾကာင့္အသက္ရွင္ေနရတာလဲ ဆုိတဲ႕အေတြးေတြနဲ႕ လမ္းေလွ်ာက္ရင္း လမ္းေပ်ာက္ေနပီလား? - Amawpyay

ဘာေၾကာင့္အသက္ရွင္ေနရတာလဲ ဆုိတဲ႕အေတြးေတြနဲ႕ လမ္းေလွ်ာက္ရင္း လမ္းေပ်ာက္ေနပီလား?

ဘာေၾကာင့္အသက္ရွင္ေနရတာလဲ ဆုိတဲ႕အေတြးေတြနဲ႕ လမ္းေလွ်ာက္ရင္း လမ္းေပ်ာက္ေနပီလား?
Knowledge

ဘာေၾကာင့္အသက္ရွင္ေနရတာလဲ ဆုိတဲ႕အေတြးေတြနဲ႕ လမ္းေလွ်ာက္ရင္း လမ္းေပ်ာက္ေနပီလား?

အသက္ရွင္ေနရတဲ့ ရည္ရြယ္ခ်က္က ဘာမွန္း မသိေတာ့ တဲ့အခါ၊ ျဖစ္ခ်င္လွ ပါခ်ည္ရဲ့ဆိုတဲ့ အိမ္မက္ေတြ ေဝဝါးလာ တဲ့အခါ၊ ကိုယ့္ကိုယ္ကို တန္ဖိုး မရွိေတာ့သလို ခံစားလာရတတ္ ပါတယ္။ ဒါဟာ ဘဝမွာ လမ္းေပ်ာက္ျခင္းရဲ့ အစပါပဲ။

အျမင့္ကိုေရာက္ေနတဲ့သူေတြကို ၾကည့္ၿပီး အားငယ္ေန မိတယ္။ ပန္းတိုင္ကို ေရွးရွုေလွာ္ခတ္ေနတဲ့သူေတြကို ေငးၿပီး သိမ္ငယ္ေနမိတယ္။

လူတိုင္း လူတိုင္း ရည္ရြယ္ခ်က္ကိုယ္စီနဲ႔ တက္ႂကြလွုပ္ရွားေနတဲ့အခိုက္မွာ ကိုယ့္ရဲ့ ရည္ရြယ္ခ်က္ကေရာ ဘာလဲဆိုတာကို အေျဖရွာရင္း..ေပ်ာက္ဆုံးရင္း အဓိပၸာယ္မဲ့ေနမိေတာ့တယ္။

ဒီအေျခအေနမ်ိဳးကို သင္တစ္ေယာက္တည္း ၾကဳံဖူးတယ္လို့ ထင္ေနရင္ေတာ့ ေတာ္ေတာ္မွားယြင္းပါလိမ့္မယ္။ ဒီလို လမ္းေပ်ာက္ျခင္းမ်ိဳးဟာ ထိပ္တန္းအဆင့္ ေအာင္ျမင္တဲ့သူေတြလည္း ၾကဳံဖူးတယ္။
သာမန္အဆင့္ ေအာင္ျမင္တဲ့သူေတြလည္း ၾကဳံဖူးတယ္။ မေအာင္ျမင္တဲ့သူေတြလည္း ၾကဳံဖူးတယ္။ အရွုံးသမားေတြလည္း ၾကဳံဖူးတယ္။

သူတို့ေတြၾကား ကြာသြားတာက တစ္ခ်ိဳ့က လမ္းေပ်ာက္တယ္လို့ ခံစားရရင္ ရည္မွန္းခ်က္ပန္းတိုင္ကို မေတြ႕ ေတြ႕ေအာင္ ျပန္ရွာၾကတယ္။ လမ္းေၾကာင္းမွန္ေပၚေရာက္ေအာင္ ျပန္အားထုတ္ၾကတယ္။

တစ္ခ်ိဳ့ကေတာ့ လမ္းေပ်ာက္ရက္သားနဲ႔ ၾကဳံသလို ဆက္လွမ္းၾကတယ္။ တစ္ခ်ိဳ့ကေတာ့ လမ္းေပ်ာက္လို့ ေပ်ာက္ေနမွန္းေတာင္ မသိဘဲ တစ္ခ်ိန္က် ကမ္းပါးအစြန္းကေန ျပဳတ္က်သြားတတ္ၾကတယ္။

တကယ္လို့ သင္လည္းပဲ လမ္းေပ်ာက္ေနၿပီလို့ ခံစားရရင္ သင့္ဘဝလမ္းေၾကာင္းကို အခ်ိန္မွီ ျပန္ရွာဖို့လိုပါတယ္။

🔹၁.အနားယူလိုက္ပါ

လမ္းေပ်ာက္ျခင္းေၾကာင့္ ျဖစ္လာတတ္တဲ့ စိတ္ဖိစီးမွုေတြ၊ အားငယ္မွုေတြ၊ အေၾကာက္တရားေတြ အားလုံးကို ေမ့လိုက္ပါ။ သင့္စိတ္ကို လြတ္လပ္ေပါ့ပါးစြာ အနားေပးဖို့လိုပါတယ္။

စိတ္ဒဏ္ရာေတြေပးမယ့္ အေတြးေတြအစား သင့္စိတ္ကို ေပ်ာ္ရႊင္ေစမယ့္အရာေတြနဲ႔ စိတ္ဓါတ္ႀကံ့ခိုင္မွုကို တည္ေဆာက္လိုက္ပါ။

🔹2. စိတ္ဓါတ္ခြန္အားေတြတည္ေဆာက္ပါ

စိတ္ေတြလန္းဆန္းေပါ့ပါးသြားၿပီလို့ ခံစားရရင္ ကိုယ့္ရဲ့ စိတ္ခြန္အားေတြသန္မာလာေအာင္ တည္ေဆာက္ရပါမယ္။ စိတ္ခြန္အားျဖည့္ စာအုပ္ေတြဖတ္တာ၊ ေဟာေျပာပြဲေတြ နားေထာင္တာ၊

ရည္ရြယ္ခ်က္ႀကီးတဲ့ သူေတြနဲ႔ ေပါင္းသင္း ဆက္ဆံ တာေတြကေန စိတ္ခြန္အားေတြ ရနိုင္ပါတယ္။ (တက္က်မ္းစာအုပ္ေတြ ဟာ ခဏတာ စိတ္ဓါတ္ျမႇင့္ တင္ရာမွာ အသုံးဝင္ဆဲျဖစ္လို့ ဒီလို အေျခအေနေတြ မွာေတာ့ စာအုပ္ေတြကေနတစ္ဆင့္ စိတ္ဓါတ္ခြန္အားေတြ ျမႇင့္တင္နိုင္ပါတယ္။)

၃.ထက္သန္စိတ္ကို ျပန္ရွာပါ

လမ္းေပ်ာက္ေနတဲ့ ကာလတစ္ေလၽွာက္လုံး ေပ်ာက္ဆုံးေနတဲ့ ထက္သန္စိတ္ကို ျပန္ရွာရပါမယ္။ ထက္သန္စိတ္ ဆိုတာ ကေတာ့ အလြယ္ေျပာရရင္ လုပ္ခ်င္၊ကိုင္ခ်င္စိတ္ပါပဲ။ ႀကိဳးစားလုပ္ကိုင္လိုတဲ့စိတ္၊ အားထုတ္လိုတဲ့စိတ္၊ ေအာင္ျမင္ခ်င္တဲ့စိတ္ကို ဒီအခ်ိန္မွာ ျပန္ရွာရင္ ျပန္ေတြ႕နိုင္ပါလိမ့္မယ္။

🔹4. အိမ္မက္ေတြကို တည္ေဆာက္ပါ

လမ္းေပ်ာက္ေနခ်ိန္မွာ ဘာလုပ္ရမွန္းမသိေပမယ့္ ဒီ အဆင့္ထိေရာက္လာၿပီဆိုရင္ေတာ့ ကိုယ္ဘာျဖစ္ခ်င္တာလဲဆိုတဲ့ ေမးခြန္းနဲ႔အတူ ကိုယ့္အလုပ္ရမယ့္အရာကို သိေအာင္ လုပ္ရပါေတာ့မယ္။

ကိုယ့္ရဲ့ အိမ္မက္ခရီးလမ္းကို စနစ္တက်တည္ေဆာက္ရပါမယ္။ အဲဒီ့လမ္းေၾကာင္းအတိုင္းလည္း ေအာင္ျမင္မွုလမ္းမေပၚကို နင္းရင္း ပန္းတိုင္ကိုေရာက္ေအာင္သြားမယ္လို့ ခံယူခ်က္ျပင္းျပင္းရွိဖို့လည္း လိုပါမယ္။

🔹5. ၿပိဳလဲတိုင္း ျပန္ထပါ

ဘယ္အရာမွေတာ့ အလြယ္တကူျဖစ္လာမွာမဟုတ္ပါဘူး။ တကယ္တမ္း ေအာင္ျမင္ဖို့ ႀကိဳးစားတဲ့အခါမွာ လမ္းေပ်ာက္တတ္႐ုံမကဘဲ ခလုတ္လည္းတိုက္တတ္တယ္ဆိုတာ သိလာပါမယ္။

ဘယ္လိုပဲ လဲၿပိဳက်ဦးေတာ့ ျပန္ထဖို့ လိုပါမယ္။ ဘယ္ႏွစ္ႀကိမ္လဲက် တယ္ဆိုတာ အေရးမႀကီးပါဘူး။ ဘယ္ႏွစ္ႀကိမ္ ျပန္ထခဲ့ သလဲဆို တာပဲ အေရးႀကီးပါ တယ္။
Find your passion and run with them!❣️

ခရက္ဒစ္

ယူနီကုတ္

ဘာကြောင့်အသက်ရှင်နေရတာလဲ ဆိုတဲ့အတွေးတွေနဲ့ လမ်းလျှောက်ရင်း လမ်းပျောက်နေပီလား?

အသက်ရှင်နေရတဲ့ ရည်ရွယ်ချက်က ဘာမှန်း မသိတော့ တဲ့အခါ၊ ဖြစ်ချင်လှ ပါချည်ရဲ့ဆိုတဲ့ အိမ်မက်တွေ ဝေဝါးလာ တဲ့အခါ၊ ကိုယ့်ကိုယ်ကို တန်ဖိုး မရှိတော့သလို ခံစားလာရတတ် ပါတယ်။ ဒါဟာ ဘဝမှာ လမ်းပျောက်ခြင်းရဲ့ အစပါပဲ။

အမြင့်ကိုရောက်နေတဲ့သူတွေကို ကြည့်ပြီး အားငယ်နေ မိတယ်။ ပန်းတိုင်ကို ရှေးရှုလှော်ခတ်နေတဲ့သူတွေကို ငေးပြီး သိမ်ငယ်နေမိတယ်။

လူတိုင်း လူတိုင်း ရည်ရွယ်ချက်ကိုယ်စီနဲ့ တက်ကြွလှုပ်ရှားနေတဲ့အခိုက်မှာ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကရော ဘာလဲဆိုတာကို အဖြေရှာရင်း..ပျောက်ဆုံးရင်း အဓိပ္ပာယ်မဲ့နေမိတော့တယ်။

ဒီအခြေအနေမျိုးကို သင်တစ်ယောက်တည်း ကြုံဖူးတယ်လို့ ထင်နေရင်တော့ တော်တော်မှားယွင်းပါလိမ့်မယ်။ ဒီလို လမ်းပျောက်ခြင်းမျိုးဟာ ထိပ်တန်းအဆင့် အောင်မြင်တဲ့သူတွေလည်း ကြုံဖူးတယ်။
သာမန်အဆင့် အောင်မြင်တဲ့သူတွေလည်း ကြုံဖူးတယ်။ မအောင်မြင်တဲ့သူတွေလည်း ကြုံဖူးတယ်။ အရှုံးသမားတွေလည်း ကြုံဖူးတယ်။

သူတို့တွေကြား ကွာသွားတာက တစ်ချို့က လမ်းပျောက်တယ်လို့ ခံစားရရင် ရည်မှန်းချက်ပန်းတိုင်ကို မတွေ့ တွေ့အောင် ပြန်ရှာကြတယ်။ လမ်းကြောင်းမှန်ပေါ်ရောက်အောင် ပြန်အားထုတ်ကြတယ်။

တစ်ချို့ကတော့ လမ်းပျောက်ရက်သားနဲ့ ကြုံသလို ဆက်လှမ်းကြတယ်။ တစ်ချို့ကတော့ လမ်းပျောက်လို့ ပျောက်နေမှန်းတောင် မသိဘဲ တစ်ချိန်ကျ ကမ်းပါးအစွန်းကနေ ပြုတ်ကျသွားတတ်ကြတယ်။

တကယ်လို့ သင်လည်းပဲ လမ်းပျောက်နေပြီလို့ ခံစားရရင် သင့်ဘဝလမ်းကြောင်းကို အချိန်မှီ ပြန်ရှာဖို့လိုပါတယ်။

🔹၁.အနားယူလိုက်ပါ

လမ်းပျောက်ခြင်းကြောင့် ဖြစ်လာတတ်တဲ့ စိတ်ဖိစီးမှုတွေ၊ အားငယ်မှုတွေ၊ အကြောက်တရားတွေ အားလုံးကို မေ့လိုက်ပါ။ သင့်စိတ်ကို လွတ်လပ်ပေါ့ပါးစွာ အနားပေးဖို့လိုပါတယ်။

စိတ်ဒဏ်ရာတွေပေးမယ့် အတွေးတွေအစား သင့်စိတ်ကို ပျော်ရွှင်စေမယ့်အရာတွေနဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုကို တည်ဆောက်လိုက်ပါ။

🔹2. စိတ်ဓါတ်ခွန်အားတွေတည်ဆောက်ပါ

စိတ်တွေလန်းဆန်းပေါ့ပါးသွားပြီလို့ ခံစားရရင် ကိုယ့်ရဲ့ စိတ်ခွန်အားတွေသန်မာလာအောင် တည်ဆောက်ရပါမယ်။ စိတ်ခွန်အားဖြည့် စာအုပ်တွေဖတ်တာ၊ ဟောပြောပွဲတွေ နားထောင်တာ၊

ရည်ရွယ်ချက်ကြီးတဲ့ သူတွေနဲ့ ပေါင်းသင်း ဆက်ဆံ တာတွေကနေ စိတ်ခွန်အားတွေ ရနိုင်ပါတယ်။ (တက်ကျမ်းစာအုပ်တွေ ဟာ ခဏတာ စိတ်ဓါတ်မြှင့် တင်ရာမှာ အသုံးဝင်ဆဲဖြစ်လို့ ဒီလို အခြေအနေတွေ မှာတော့ စာအုပ်တွေကနေတစ်ဆင့် စိတ်ဓါတ်ခွန်အားတွေ မြှင့်တင်နိုင်ပါတယ်။)

၃.ထက်သန်စိတ်ကို ပြန်ရှာပါ

လမ်းပျောက်နေတဲ့ ကာလတစ်လျှောက်လုံး ပျောက်ဆုံးနေတဲ့ ထက်သန်စိတ်ကို ပြန်ရှာရပါမယ်။ ထက်သန်စိတ် ဆိုတာ ကတော့ အလွယ်ပြောရရင် လုပ်ချင်၊ကိုင်ချင်စိတ်ပါပဲ။ ကြိုးစားလုပ်ကိုင်လိုတဲ့စိတ်၊ အားထုတ်လိုတဲ့စိတ်၊ အောင်မြင်ချင်တဲ့စိတ်ကို ဒီအချိန်မှာ ပြန်ရှာရင် ပြန်တွေ့နိုင်ပါလိမ့်မယ်။

🔹4. အိမ်မက်တွေကို တည်ဆောက်ပါ

လမ်းပျောက်နေချိန်မှာ ဘာလုပ်ရမှန်းမသိပေမယ့် ဒီ အဆင့်ထိရောက်လာပြီဆိုရင်တော့ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတဲ့ မေးခွန်းနဲ့အတူ ကိုယ့်အလုပ်ရမယ့်အရာကို သိအောင် လုပ်ရပါတော့မယ်။

ကိုယ့်ရဲ့ အိမ်မက်ခရီးလမ်းကို စနစ်တကျတည်ဆောက်ရပါမယ်။ အဲဒီ့လမ်းကြောင်းအတိုင်းလည်း အောင်မြင်မှုလမ်းမပေါ်ကို နင်းရင်း ပန်းတိုင်ကိုရောက်အောင်သွားမယ်လို့ ခံယူချက်ပြင်းပြင်းရှိဖို့လည်း လိုပါမယ်။

🔹5. ပြိုလဲတိုင်း ပြန်ထပါ

ဘယ်အရာမှတော့ အလွယ်တကူဖြစ်လာမှာမဟုတ်ပါဘူး။ တကယ်တမ်း အောင်မြင်ဖို့ ကြိုးစားတဲ့အခါမှာ လမ်းပျောက်တတ်ရုံမကဘဲ ခလုတ်လည်းတိုက်တတ်တယ်ဆိုတာ သိလာပါမယ်။

ဘယ်လိုပဲ လဲပြိုကျဦးတော့ ပြန်ထဖို့ လိုပါမယ်။ ဘယ်နှစ်ကြိမ်လဲကျ တယ်ဆိုတာ အရေးမကြီးပါဘူး။ ဘယ်နှစ်ကြိမ် ပြန်ထခဲ့ သလဲဆို တာပဲ အရေးကြီးပါ တယ်။
Find your passion and run with them!❣️

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …