
မကျော်သင့်သော စည်း
လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ စည်းလေး တစ်ခုတော့ ထားပေးပါ သူငယ်ချင်းပဲဖြစ်ဖြစ် ချစ်သူ ချင်းပဲဖြစ်ဖြစ် မောင်နှမကြား မှာပဲဖြစ်ဖြစ် နောက်ဆုံး မိဘနဲ့ သားသမီးကြား မှာတောင် စည်းလေး တစ်ခုရှိ ရပါမယ် ။ လိုတာထက် ပိုမဝင်မိစေဖို့… သူ့ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက် ကိုယ်ပိုင် ခံယူချက် သူ့ရဲ့လွတ်လပ်ခွင့် သူ့ရဲ့ရည်မှန်းချက်
သူ့ရဲ့ပြင်လို့ မရတဲ့ ဗီဇနဲ့ စရိုက်တွေ အတွက် ကိုယ်က ဝင်ရောက် သင့်တဲ့ အတိုင်းအတာထက် ပိုပြီး မဝင် မိစေဖို့…. မေးသင့်မေး ထိုက် တာထက် ပြောသင့်ပြောထိုက် တာထက်ပိုပြီး
ဘောင်တွေ မကျော်ဖို့ အတွက် စည်းတစ်ခု ထားကို ထားရ ပါမယ် အရမ်းချစ်ကြ တဲ့သူတွေ ဘာလို့ မုန်းသွားကြ သလဲ? အရမ်းခင်ကြတဲ့ မိတ်ဆွေတွေက ဘာလို့ အမုန်းဆုံး ရန်သူတွေ ဖြစ် သွားကြ သလဲ? အရင်က
အရမ်းအဖွဲ့ကျ စားအတူသွား အတူပျော် ခဲ့ကြတဲ့ BFF တွေ ဘာလို့ ခပ်တန်းတန်းတွေ ဖြစ်ကုန်ကြ သလဲ? ဘာလို့ တစ်ယောက်နဲ့ တစ်ယောက် အထင်မကြီး မလေးစား ကြတော့ တာလဲ…? ပြဿနာ အများစုရဲ့ အဖြေကတော့ လိုတာ ထက်ပိုပြီး စည်းတွေကျော် ဘောင်တွေ နင်းခဲ့ ကြလို့ပါ အရမ်းခင်
အရမ်းချစ်နေကြ ဆဲကာလ မှာတော့ အယုံကြည် ရဆုံးလို့ ထင်မိပြီး မိမိ ဘဝ အကြောင်း မိမိစိတ်ဓာတ် အကြောင်း မိမိရဲ့မိသားစု အကြောင်း အိတ်သွန်ဖာမှောက်ပြောပြ ကြသလို မိမိ ကလည်း သူတပါးရဲ့အတွင်းရေးတွေကို
အကြံပြု ဝေဖန်ဆုံးဖြတ် ကြပါ တယ် အဆင်ပြေ နေတုန်းတော့ အဆင်ပြေနေ တာပေါ့ အဲဒီက တစ်ဆင့်တက် သူ့ရဲ့ဘဝ ကိုယ့်ရဲ့ဘဝ သူ့ရဲ့အတွင်းရေး ကိုယ့်ရဲ့အတွင်းရေးထိ ဝင်ရောက်လာကြတယ် စည်းလွတ်
ဝါးလွတ်တွေပြော လာကြတယ် ကိုယ့်အတွေး ကိုယ့်အမြင်တွေကို သူက လက်မခံတဲ့အခါ ရန်တွေဖြစ် လာကြ တယ် သူ့ရဲ့စည်းလွတ်ဘောင်လွတ် နယ်ချဲ့ပြီး မိမိ အတွင်းရေး အထိ ပါဝင် လာတာ ကိုလည်း ကိုယ်တိုင်က အရင်လို
မနှစ်သက် နိုင်တော့ ပါဘူး
အဲဒီ အခါမှာတော့ သူ့အပေါ် ကိုယ်မြင် ခဲ့တဲ့ ကိုယ်အထင်ကြီးခဲ့တဲ့ အားသာချက်တွေ အပြင် ကိုယ်လက်ခံလို့ မရတဲ့ ကိုယ်မကြိုက် နှစ်သက်တဲ့ သူ့ရဲ့ character တွေပါ သိလာ ရတဲ့အချိန်မှ
ာ စည်းတွေတော်တော်ကျော်နေ ပါပြီ… အကောင်းမြင် တာတွေ မှေးမှိန်ပြီး မကောင်းမြင်ချက်တွေ အားသာ လာတဲ့ အချိန်မှာတော့ လူနှစ်ဦးရဲ့ဆက်ဆံရေးဟာ အရင်ကလို မနွေးထွေးနိုင်တော့ ပါဘူး
သူက ငါထင်သလို မဟုတ်ဘူး ဆိုတာတွေ သူက မိတ်ဆွေကောင်း မဟုတ်ဘူး ဆိုတာတွေ တွေးမိ လာကြ ပါတယ် တကယ်တော့ လူတိုင်းရဲ့အတွင်းစိတ်မှာ weak point တွေ ရှိနေ ပါတယ် မရင့်ကျက်မှုတွေရှိတယ်
မပြည့်ဝ တာတွေလည်း ရှိနေ ပါတယ် အပေါ်ယံ ကသာ လူတွေနဲ့ အဆင်ပြေဖို့ လူအထင်ကြီးဖို့ ရုပ်ဝတ္ထုပစ္စည်းတွေ အပြုံးတုတွေနဲ့ ဖုံးကွယ် ထားကြ တာပါ ခက်တာက လူတွေက ကိုယ်တိုင်သာ ကောင်းအောင်မနေနိုင် ကြတယ်
သူများကိုတော့ကောင်းတဲ့ အရာကိုပဲ မြင်ချင်ကြ တာမျိုး ကြုံချင် ကြတာမျိုးပါ ဒါ့ကြောင့် သူတပါးရဲ့ weak point တွေနဲ့ ကြုံတွေ့ရတဲ့ အခါ စည်းလွတ်ဝါးလွတ်တွေ ပြောဆိုကြ ပြင်ဖို့ ကြိုးစားကြ မရတဲ့အခါ လှောင်ပြောင်ရှူံ့ချကြ ကဲ့ရဲ့အတင်းပြော ကြရင်း စိုသော လက်တွေ ခြောက်လာကြတာ
ကြုံဖူးကြမှာပါ ဒါ့ကြောင့် လူနှစ်ဦး အနေနဲ့ လူတစ်စု အနေနဲ့ ရေရှည်လက်တွဲသွားဖို့ ရည်ရွယ်တယ် ဆိုရင် နေသင့်တဲ့ နေရာမှာ ပဲနေပါ မမေးသင့်တဲ့ အရာတွေကို မမေးပါနဲ့ မသိသင့်တဲ့ အကြောင်းတွေကို မသိချင် ပါနဲ့
သူ့ရည်မှန်းချက်တွေ သူ့ခံယူချက်တွေ သူ့မှာ မူလထဲကရှိနေတဲ့ စရိုက်တွေ ဗီဇတွေကို သင့်အမြင် သင့်ခံစားချက်တစ်ခု ထဲနဲ့ ပြုပြင်ဖို့ မကြိုးစား ပါနဲ့ ကိစ္စတစ်ခု ပြဿနာ တစ်ခုကို သင်နဲ့ထပ်တူကျဖို့ ဘယ်တော့မှ အတင်းအကြပ် မကြိုးစား ပါနဲ့ ကောင်းဖို့ အတွက် စေတနာနဲ့ပြောတာရယ် ဝင်ရောက်စွတ်ဖက် တာရယ်က
မတူဘူးဆိုတာ သိပါ… မိတ်ဆွေကောင်း ဆိုတာ ရိုးသားရပါမယ် ဒါ့အပြင် အကင်းလဲပါးရပါမယ် သူ့စည်းကိုယ့်စည်း ၂ခုစလုံးကို မပြောဘဲနဲ့ အလိုလို နားလည်ရပါမယ်… လူနှစ်ယောက်ဟာ လူတစ်စုဟာ ဘယ်သော အခါမှ အရာရာ အတွက် ထပ်တူကျ နိုင်မယ် မဟုတ်ဘူး ဆိုတာလည်း သိရပါမယ်
ကောင်းတာတွေကို လက်ခံ နိုင်သလို မကောင်းတာတွေ အတွက်လည်း စည်းမကျော်စေဘဲ လက်ခံပေးနိုင်မှသာ ဘယ်သူနဲ့မဆို လက်တွဲနိုင်မယ်ဆိုတာလည်း သိရပါမယ် ဒါ့ကြောင့်မချစ်ခင်က မမုန်းဖို့အတွက် ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်
Credit
Unicode
No Comments